The Log

Call Directions

The Log founded since 02-02-16 and Pre-finish at 02-11-16.
(671)

Stay quiet!!!
02/10/2026

Stay quiet!!!

“Private Promo Package“ -Only 3 Pax Available-Check In: 03-Oct-26Check Out: 06-Oct-26Stay: 3 nights at the logTransport:...
20/09/2026

“Private Promo Package“
-Only 3 Pax Available-

Check In: 03-Oct-26
Check Out: 06-Oct-26

Stay: 3 nights at the log
Transport: Private Auto
(YGN-The Log-YGN )
Meals: 3Bf+2L+3D
Price: 950,000/pax
Room:
*Shellog
*Nesterlog
*Panolog

စိတ်ပါလက်ပါ ရှိတဲ့နေ့မှာ အိပ်ယာခင်းတွေကို အဖြူရောင်တွေမထားတော့ဘူးခန်းစီး အနီရောင်တွေ ဖြုတ်ချပြီး အဝါရောင် ခန်းစီးတွေ ပြန...
18/09/2026

စိတ်ပါလက်ပါ ရှိတဲ့နေ့မှာ
အိပ်ယာခင်းတွေကို
အဖြူရောင်တွေမထားတော့ဘူး
ခန်းစီး အနီရောင်တွေ ဖြုတ်ချပြီး
အဝါရောင် ခန်းစီးတွေ ပြန်တပ်ထားမယ်
ပန်းများ ပွင့်ပါစေ
တိုက်တဲ့လေဟာ ညင်သာပါစေ
သက်သာသော စိတ်နဲ့ခန္ဓာ ရှိပါစေ
နေတွေသာနေရင်ပဲ ဖြစ်ဖြစ်
မိုးတွေရွာနေရင်ပဲ ဖြစ်ဖြစ်။ ။

ပင်လယ်
14/09/2026

ပင်လယ်

ကောင်းကင်ဘုံမှာ အိပ်မပျော်ချင်ပါဘူး ဒီလောက ဒီမြေကြီးပေါ်မှာဘဲ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်ချင်ပါတယ်  ။ #မောင်ချောန...
12/09/2026

ကောင်းကင်ဘုံမှာ
အိပ်မပျော်ချင်ပါဘူး
ဒီလောက
ဒီမြေကြီးပေါ်မှာဘဲ
နှစ်နှစ်ခြိုက်ခြိုက်ကြီး
အိပ်ပျော်ချင်ပါတယ် ။

#မောင်ချောနွယ်

ပြုသောကံတွေ မုန်တိုင်းလို တိုက်နေချိန်ပေါ့ငါတို့ စိုက်ခဲ့တာ ချစ်ခြင်းမေတ္တာပါပဲလာပါ အချစ်ရေရိတ်သိမ်းနေသူတွေကို ထိုင်ကြည့...
03/09/2026

ပြုသောကံတွေ မုန်တိုင်းလို တိုက်နေချိန်ပေါ့
ငါတို့ စိုက်ခဲ့တာ ချစ်ခြင်းမေတ္တာပါပဲ
လာပါ အချစ်ရေ
ရိတ်သိမ်းနေသူတွေကို ထိုင်ကြည့်ကျစို့
ပြီးတော့ ငါတို့
အနောက်တောင် မုတ်သုန်နဲ့ အတူ
အရှေ့ဘက်က တောင်တန်းတွေဆီ သွားကြစို့။ ။

ပွင့်ဖတ်တွေကိုသာမကအချစ်ဆိုတာ လှပတဲ့အရာတွေကိုသာ ချစ်ခြင်းမဟုတ်ပါဘူး။ ချစ်ဖို့မလွယ်တဲ့ အစိတ်အပိုင်းတွေ အပါအဝင် လူတစ်ယောက်ရ...
01/09/2026

ပွင့်ဖတ်တွေကိုသာမက

အချစ်ဆိုတာ လှပတဲ့အရာတွေကိုသာ ချစ်ခြင်းမဟုတ်ပါဘူး။ ချစ်ဖို့မလွယ်တဲ့ အစိတ်အပိုင်းတွေ အပါအဝင် လူတစ်ယောက်ရဲ့ ဖြစ်တည်မှုတစ်ခုလုံးကို လက်ခံရွေးချယ်ခြင်းပါ။

အစပိုင်းမှာတော့ ကျွန်တော်တို့ဟာ ပန်းတစ်ပွင့်ရဲ့ ပွင့်ဖတ်တွေကို အရင်ဆုံး စွဲမက်တတ်ကြတယ်။ သူ့ရဲ့အလှ၊ သူ့ရဲ့ဆွဲဆောင်မှု၊ ကိုယ့်စိတ်ကို ပေါ့ပါးလန်းဆန်းစေတဲ့ အရာတွေကိုပေါ့။ အဲဒီအရာတွေက ဆွဲဆောင်မှုစတင်ရာ ပထမဆုံးမီးပွားလေးတွေနဲ့ တူပါတယ်။

ဒါပေမဲ့ အချိန်ကြာလာတဲ့အခါ အရွက်တွေကိုပါ မြင်လာရတယ်။ ရိုးရိုးသာမန် အရာလေးတွေ၊ နေ့စဉ်အလေ့အထလေးတွေ၊ တခြားသူတွေ သတိမထားမိနိုင်တဲ့ အသေးအဖွဲလေးတွေကိုပေါ့။

နှင်းဆီတစ်ပွင့် ရှင်သန်ဖို့ အရွက်တွေ လိုအပ်သလို၊ လူတစ်ယောက်ကိုလည်း သူ့ရဲ့ နေ့စဉ်ဘဝအသေးစိတ်လေးတွေက ဖွဲ့စည်းထားပါတယ်။ သူ့ရဲ့လုပ်ရိုးလုပ်စဉ်တွေ၊ ထူးခြားတဲ့အမူအကျင့်လေးတွေ၊ တိတ်ဆိတ်နူးညံ့နေတတ်တဲ့ အခိုက်အတန့်လေးတွေပါ။ အဲဒီအရာတွေက ပွင့်ဖတ်တွေလို မျက်စိကျစရာ မဟုတ်နိုင်ပေမဲ့၊ လူတစ်ယောက်ကို သူဖြစ်စေတဲ့ အရာတွေကတော့ အဲဒီသာမန်အရာလေးတွေပါပဲ။ ချစ်ခြင်းကို တည်ငြိမ်စေပြီး စစ်မှန်လာစေတာလည်း အဲဒီအရာလေးတွေပါ။

ပြီးတော့ ဆူးတွေရှိတယ်။

ချွန်ထက်တဲ့စိတ်သဘောတွေ၊ အပြစ်အနာအဆာတွေ၊ တစ်ခါတစ်ရံ ကိုယ့်ကို နာကျင်စေတတ်တဲ့ အမှားတွေပေါ့။ နှင်းဆီမှာ ဆူးမပါဘဲ မဖြစ်နိုင်သလို၊ လူသားတစ်ယောက်မှာလည်း မပြည့်စုံမှုကင်းပြီး မဖြစ်နိုင်ပါဘူး။

သူ နူးညံ့ပြီး ကောင်းမွန်နေတဲ့အချိန်မှာ ချစ်ဖို့က လွယ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မလုံခြုံမှုတွေ ပေါ်လာတဲ့အခါ၊ ကြောက်ရွံ့မှုတွေ ထွက်ပေါ်လာတဲ့အခါ၊ ကြမ်းတမ်းတဲ့ဘက်ခြမ်းကို မြင်တွေ့ရတဲ့အခါမှာတောင် သူ့အနားမှာ ဆက်ရှိနေပေးနိုင်တဲ့အခါ အဲဒီနေရာမှာပဲ ချစ်ခြင်းရဲ့ အစစ်အမှန်ကို မြင်ရပါတယ်။

ဆူးတွေကိုပါ လက်ခံတယ်ဆိုတာ လူတစ်ယောက်ကို ပြည့်စုံသူတစ်ယောက်အဖြစ် မဟုတ်ဘဲ၊ အနာတရတွေနဲ့ အပြစ်အနာအဆာတွေပါရှိတဲ့ သာမန်လူသားတစ်ယောက်အဖြစ် သူ့ရဲ့ဖြစ်တည်မှုတစ်ခုလုံးကို လက်ခံထွေးပွေ့ခြင်းပါပဲ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့အလှတရားလိုပဲ အဲဒီမပြည့်စုံမှုတွေကလည်း သူ့ရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်နေလို့ပါ။

နောက်ဆုံးမှာတော့ စစ်မှန်တဲ့ချစ်ခြင်းဆိုတာ အရာအားလုံးကို ရွေးချယ်ခြင်းပါပဲ .... ပွင့်ဖတ်တွေကို၊ အရွက်တွေကို၊ ဆူးတွေကိုတောင်မှပေါ့။

အလှတရားကိုသာ လက်ခံတဲ့ချစ်ခြင်းက တိမ်ကောတတ်ပေမဲ့၊ လူတစ်ယောက်ရဲ့ ဖြစ်တည်မှုတစ်ခုလုံးကို ထွေးပွေ့လက်ခံနိုင်တဲ့ ချစ်ခြင်းကတော့ အချိန်ကို ကျော်လွန်ပြီး တည်တံ့နိုင်ပါတယ်။

#ဒေါက်တာစိုးသန်း

“Private Package“ {Just 3 Pax)Check In: 03-Sep-26Check Out: 05-Sep-26Stay: 2 nights at the logTransport: Private Auto (Y...
28/08/2026

“Private Package“
{Just 3 Pax)

Check In: 03-Sep-26
Check Out: 05-Sep-26

Stay: 2 nights at the log
Transport: Private Auto
(YGN-The Log-YGN )
Meals: 2Bf+2L+2D
Room:
*Shellog
*Nesterlog

“Private Package“Check In: 09-Sep-26Check Out: 14-Sep-26Stay: 5 nights at the logTransport: Private Auto (YGN-The Log-YG...
26/08/2026

“Private Package“

Check In: 09-Sep-26
Check Out: 14-Sep-26

Stay: 5 nights at the log
Transport: Private Auto
(YGN-The Log-YGN )
Meals: 4Bf+4L+5D
Activities: Group trekking along the gawyangyi
Room:
*Shellog
*Nesterlog

ငိုချင်လာတဲ့အခါ အလွယ်တကူ မျက်ရည်ကျဖို့အရင် ရီခဲ့ရပါတယ် ရီနေတဲ့အချိန်မှာ မင်းကို မြင်ခဲ့ရပြီးမျက်ရည်ကျတော့ မင်းဟာ ဝေဝါးသွ...
25/08/2026

ငိုချင်လာတဲ့အခါ
အလွယ်တကူ မျက်ရည်ကျဖို့
အရင် ရီခဲ့ရပါတယ်
ရီနေတဲ့အချိန်မှာ မင်းကို မြင်ခဲ့ရပြီး
မျက်ရည်ကျတော့ မင်းဟာ ဝေဝါးသွားခဲ့
အချစ်ရေ
လွမ်းနေတဲ့ကမ္ဘာမှာ
လေတိုက်တာကနေစလို့
သစ်ရွက်လေး လေထဲလွင့်ပါသွားတာအဆုံး
လွမ်းစရာတွေ ချည့်ပဲဖြစ်လို့
ကျန်သေးတဲ့မျက်ရည် ခန်းအောင်
ထပ်ခါ ထပ်ခါ ရီခဲ့ရပါတယ်။

Address

The LOG (Lodge Of Goyangyi)
Ngayokkaung
111111

Telephone

+959442076609

Website

Alerts

Be the first to know and let us send you an email when The Log posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share