KO YE Putao

Call Directions Contact the business

KO YE Putao (Trekking In Myanmar)

(အားလုံးပဲ မဂ်လာပါခဗျား)မသိသေးတဲ့ အသစ်အသစ်သော မြန်မာပြည်ရေခဲတောင်တက်ဝါသနာရှင်များအတွက် အချိန်ကာလ ရွေးချယ်နိုင်ရန် လေ့လာထ...
09/10/2026

(အားလုံးပဲ မဂ်လာပါခဗျား)
မသိသေးတဲ့ အသစ်အသစ်သော မြန်မာပြည်ရေခဲတောင်တက်ဝါသနာရှင်များအတွက် အချိန်ကာလ ရွေးချယ်နိုင်ရန် လေ့လာထားလို့ အဆင်ပြေအောင် ပြန်လည်မျှဝေပေးသွားခြင်း ဖြစ်ပါတယ်ခဗျား

ရေခဲတောင် တက်ချင်သူများ အနေဖြင့် အချိန်ကာလ ရွေးချယ်နိင်ရန် လစဉ် ရေခဲတောင် အခြေအနေများ တင်ပြလိုက်ပါသည်။

၁ ။ ။ (January) - ရေခဲဆီးနှင်းများ မတည်ငြိမ်သေးသော ကာလဖြစ်ပြီး လမ်းခရီး ခြောက်သွေ့သော ကာလဖြစ်ပါသည်။ ရေခဲတောင်တန်းများတွင် လဆန်းပိုင်းတွင် ရေခဲ အနည်းငယ်သာ ရှိတက်ပြီး လကုန်ပိုင်းတွင် ရေခဲ ထူထပ်ပါသည်။ ရေခဲတောင်တန်းများပေါ်တွင် မိုးတိမ်ကင်းစင်တက်ပြီး ရာသီဥတု ကောင်းမွန်သော ကာလလည်းဖြစ်ပါသည်။ လမ်းလျှောက်ရ အကောင်းဆုံး လတစ်လလည်း ဖြစ်ပါသည်။ November ၊ December ၊ January ဒီလသည် ပူတာအို နှင့် ရေခဲတောင်တန်းများတွင် အအေးဆုံးကာလထဲတွင် ပါ၀င်ပါသည်။ ရေခဲတောင်တက်ချင်သူများ အနေဖြင့် ရေခဲတောင်တက်ရန် ရွေးချယ်သင့်သော အကောင်းဆုံး ကာလဖြစ်ပါသည်။ ရေခဲ ဆီး နှင်းများ တွေ့ဖူးချင်သူများ နှင့် တောင်ထိပ်ရောက်ချင်သူများ အတွက် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ရေခဲတောင် တက်ရောက်သင့်သော ကာလ တစ်ခု လည်းဖြစ်ပါသည်။

၂ ။ ။ (February) - လမ်းခရီးများ ခြောက်သွေ့ပြီး ရေခဲ ထူပွသောကာလတစ်ခု ဖြစ်ပါသည် ။ ရံဖန်ရံခါ ရေခဲ အဆက်မပြက် ကျတက်ပြီး ၊ ရေခဲတောင်ပေါ်တွင် ရာသီဥတု အကောင်း အဆိုးဖြစ်တက်သော ကာလဖြစ်ပါသည်။ ရေခဲတောင် တက်မည့် သူများအတွက် ရေခဲ အလွန်များမှာဖြစ်ပြီး ရေခဲ တွေ့ဖူးချင်သူများ နှင့် တောင်ထိပ် ရောက်ဖူးချင်သူများ အားလုံးအတွက် ကောင်းမွန်သော ကာလဖြစ်ပါသည် ။ ရေခဲဆီးနှင်းများစွာ မြင်တွေ့ရနိင်ပြီး လမ်းလျှောက်ရ အကောင်းဆုံး လဖြစ်သည်။ ယခုလတွင် ရေခဲ အဆက်မပျက်ရွာကျတက်ကာ မိုးရေများလည်းရွာကျတက်တာကြောင့် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ရေခဲတောင်ကိုသာ ရောက်ရှိနိင်ပြီး လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊မဒွယ်ရာဇီ ရေခဲတောင် များကို တက်ရောက်ရန် အလွန် ခက်ခဲသော ကာလ တစ်ခုဖြစ်ပါသည်။

၃ ။ ။ (March) - ရေခဲဆီးနှင်း များစွာ အဆက်မပျက် ရွာကျတက်ပြီး ရေခဲအရမ်းပွသော လဖြစ်ပါသည်။ (March) လ တွင်လည်း ရေခဲ အဆက်မပျက်ရွာကျတက်ကာ မိုးရေများလည်းရွာကျတက်တာကြောင့် တောင်ထိပ်ရောက်ဖူးချင်သူများ အနေဖြင့် ဖုန်ကန်ရာဇီ ရေခဲတောင်သာ ရောက်ရှိနိင်ပြီး ဖုန်ရင်ရာဇီ ရေခဲတောင်သည် ရေခဲ ထူသောကြောင့် တောင်ထိပ်ရောက်နိင်ရန် မသေခြာသော ကာလ ဖြစ်ပါသည်။ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊မဒွယ်ရာဇီ ရေခဲတောင်ထိပ်များကိုတော့ ရောက်ရှိနိင်ရန် အရမ်းကို ခက်ခဲသော ကာလတစ်ခုဖြစ်ပါသည်။

၄ ။ ။ (April) - - ရေခဲဆီးနှင်းများ ကျစ်လစ်ခိုင်မာပြီး တောင်တန်း အားလုံးတွင် ရေခဲများစွာ ရှိပါသည်။(April) လတွင် ရေခဲ နှင့် မိုးရေများ ရွာကျတက်ကာ ရေခဲ ကျစ်လစ်ခိုင်မာသောကြောင့် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ၊ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊မဒွယ်ရာဇီ ရေခဲတောင် များကို တက်ရောက်နိင်သော ကာလ တစ်ခုဖြစ်ပါသည်။

၅ ။ ။ (May ) - ရေခဲဆီးနှင်းများ ကျောက်တုန်းကဲ့သို့ ကျစ်လစ်ခိုင်မာပြီး မိုးစတင်သော လဖြစ်ပါသည် ။
(May ) လဆန်းပိုင်းတွင် မိုးရေများ ရွာကျတက်ကာ ရေခဲ ကျစ်လစ်ခိုင်မာသောကြောင့် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ၊ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊မဒွယ်ရာဇီ ရေခဲတောင် များကို တက်ရောက်နိင်သော ကာလ တစ်ခုဖြစ်ပါသည်။ (May )လ လကုန်ပိုင်းတွင် ရေခဲများ အရည်ပျော်ကျတက်ပြီး မိုးနှင့် အတူ ရေခဲများ စီးမျောသွားသော ကာလတစ်ခုဖြစ်ပါသည်။

၆ ။ ။ (June )- ရေခဲဆီးနှင်းများ အရည်ပျော်ကျလျှက် မြေပြင်မှာ အပင်များ စတင်မြင်ရပြီး အပင်မှ ပန်းအဖူးများ စတင်ဖူးသော လဖြစ်ပါသည် ။ ရေခဲတောင်တန်းများ အားလုံးတွင် ပန်းများ ဖူးပွင့်ကြပြီး ရေခဲ နှင်းများ မရှိတော့သည့် ကာလ တစ်ခုဖြစ်ပါသည်။ (June )၊ (July) ၊ (August ) ၊( September) လများတွင် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ၊ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊မဒွယ်ရာဇီ ရေခဲတောင် တန်းများပေါ်တွင် ရေခဲနှင်းများ မရှိတော့ပဲ ရေခဲတောင် ပန်းများနှင့် ဆေးဖက်၀င်အပင်များသာ ပေါက်ရောက်သော ကာလတစ်ခုဖြစ်ပါသည်။ယခုလများတွင် သစ်ပင် ပန်းမန်များနှင့် သားငှက်တရိစ္ဆာန်များ လေ့လာချင်သူများအတွက်သာ အကောင်းဆုံးဖြစ်ပြီး ရေခဲ နှင်းများတော့ တွေ့ရတော့မည် မဟုတ်ပါ။

၇ ။ ။ (July) - ရေခဲတောင်ပေါ်များတွင် ရေခဲဆီးနှင်းများ မရှိတော့ပဲ မြေပြင်မှအပင်များ အားလုံး ပန်းများဖူးပွင့်လျှက် ရှိသော လ ဖြစ်ပါသည်။

၈ ။ ။ August - ရေခဲတောင်ပေါ်များတွင် မိုးရွာလိုက် နေပူလိုက်ဖြင့် မြေပြင်မှအပင်များ အားလုံး ပန်းများဖူးပွင့်လျှက် ပန်းပွင့်များ ကြွေချိန်ဖြစ်ပါသည် ။

၉ ။ ။ ( September) - ရေခဲတောင်ပေါ်များတွင် အအေးတန်းများ စတင်၀င်ရောက်ပြီး မိုးနှင့် အတူ မြူနှင်းများ ကျကာ အအေးဓာတ်စပြုသော လဖြစ်ပါသည်။ ။ တောင်တက်ချင်သူများ အနေဖြင့် ရေခဲလုံး၀ မရှိသောကြောင့် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ၊ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊မဒွယ်ရာဇီ ရေခဲတောင် အားလုံးကို တောင်ထိပ်ရောက်ရှိနိင်မှာ ဖြစ်ပါသည်။

၁၀ ။ ။ (October) - ရေခဲတောင်ပေါ်များတွင် အအေးတန်းများ ပိုမို၀င်ရောက်လာပြီး မိုးနှင့် အတူ ရေခဲ ဆီးနှင်းများ စတင်ကျတက်သော လဖြစ်ပြီး ရေခဲဆီးနှင်းများ ကျလိုက် အရည်ပျော်သွားလိုက် ဖြစ်တက်သောလဖြစ်ပါသည် ။ ရေခဲ ဆီး နှင်းများ တွေ့ဖူးချင်သူများ အနေဖြင့် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ၊ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ရေခဲတောင်များတွင် ရေခဲ မရှိနိင်ပဲ မဒွယ်ရာဇီ ရေခဲတောင်တွင်သာ ရေခဲရှိနိင်ပါသည်။ ရေခဲ နှင်းများ သေခြာပေါက် တွေ့ရမည်တော့ မဟုတ်ပါ ။ တောင်ထိပ်ရောက်ဖူးချင်သူများ အနေဖြင့်သာ ရေခဲ မရှိသောကြောင့် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ၊ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊မဒွယ်ရာဇီ ရေခဲတောင် အားလုံးကို တောင်ထိပ်ရောက်နိင်မှာ ဖြစ်ပါသည်။

၁၁ ။ ။ (November) - ရေခဲဆီးနှင်းများ အနည်းငယ် ရွာကျလျှက် အအေးဓာတ်များလာသော လဖြစ်ပါသည်။ ရေခဲ ဆီးနှင်းများ ကျလာသော ကာလတစ်ခုဖြစ်ပြီး ရေခဲတောင် တက်ရန် အကောင်းဆုံး အချိန်တစ်ခု ဖြစ်ပါသည်။ November ၊ December ၊ January ဒီလများသည် ပူတာအို နှင့် ရေခဲတောင်တန်းများတွင် အအေးဆုံးကာလထဲတွင် ပါ၀င်ပါသည်။ ရေခဲတောင်တက်ချင်သူများ အနေဖြင့် ရေခဲတောင်တက်ရန် ရွေးချယ်သင့်သော ကာလဖြစ်ပါသည်။ ရေခဲ ဆီး နှင်းများ တွေ့ဖူးချင်သူများ နှင့် တောင်ထိပ်ရောက်ချင်သူများအနေဖြင့် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ၊ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊မဒွယ်ရာဇီ ရေခဲတောင် အားလုံး တက်ရောက်နိင်သော ကာလလည်းဖြစ်ပါသည်။

၁၂ ။ ။ ( December ) - အအေးဓာတ်များပြီး မြူနှင်းများ မှောင်မိုက်အောင်ကျလျှက် ရေခဲဆီးနှင်းများ အရည်ပျော်ကျလိုက် ပြန်ကျလိုက်ဖြင့် ရေခဲဆီးနှင်း အနေအထား မူမမှန်သေးသော လဖြစ်ပါသည် ။ November ၊ December ၊ January ဒီလများသည် ပူတာအို နှင့် ရေခဲတောင်တန်းများတွင် အအေးဆုံးကာလထဲတွင် ပါ၀င်ပါသည်။ ရေခဲတောင်တက်ချင်သူများ အနေဖြင့် ရေခဲတောင်တက်ရန် ရွေးချယ်သင့်သော ကာလဖြစ်ပါသည်။ ရေခဲ ဆီး နှင်းများ တွေ့ဖူးချင်သူများ နှင့် တောင်ထိပ်ရောက်ချင်သူများအနေဖြင့် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ရေခဲတောင် တက်ရောက်နိင်သော ကာလလည်းဖြစ်ပါသည်။

ကချင်ပြည်နယ် ပူတာအိုမြို့တွင် ရေခဲတောင်များကို နှစ်ပိုင်း ခွဲထားလျှက်ရှိပါသည် ။ ( ပထမပိုင်း ) ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ၊ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊မဒွယ်ရာဇီ ရေခဲတောင်များသည် နှင်းဖုံးတောင်တန်းများ ဖြစ်တာကြောင့် ( November ၊ December ၊ January ၊ February ၊ March ၊ April ၊ May ) ထိသာ ရေခဲ ဆီးနှင်းများရှိပြီး (June ၊ July ၊ August ၊ September ၊ October ) လများတွင် ရေခဲ ဆီးနှင်းများ မတွေ့ရနိင်ပါ ။
( ဒုတိယပိုင်း ) အနေဖြင့် ခါကာဘိုရာဇီ ရေခဲတောင်ပိုင်းများသည် ရေခဲတောင် အစစ်များဖြစ်ကြပြီး တစ်နစ်ပတ်လုံး ရေခဲသော တောင်တန်းများ ဖြစ်ကြပါသည်။
ခါကာဘိုရာဇီ ရေခဲတောင်ပိုင်းဖက်သို့ တက်ရောက်မည်ဆိုလျှင် ရေခဲပါးသောကာလ July ၊ August ၊ September ၊ October တွင်သာ တက်ရောက်ရန်သင့်သော်ပြီး November ၊ December ၊ January ၊ February ၊ March ၊ April ၊ May ၊ June ) လများတွင် ရေခဲ အလွန်များပြီး ထူတာကြောင့် မတက်သင့်သော ကာလများဖြစ်ကြပါသည်။ ထို့ကြောင့် ခါကာဘိုရာဇီ ရေခဲတောင် တက်ရောက်ကြသူများသည် ရေခဲပါးသော မိုးတွင်း ကာလ July ၊ August ၊ September ၊ October ကိုသာ ရွေးချယ်ပြီး တက်ရောက်ကြတာဖြစ်ပါသည်။

ရေခဲတောင် တက်ရောက်လိုသူများ အားလုံး မိမိကြိုက်နစ်သက်သော အချိန်ကာလများကို ရွေးချယ်ပြီး တက်ရောက်နိင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခဗျား
KOYEPutao
09797217606 (Putao)
09972900004 (Putao)

(ဖုန်ကန်ရာဇီရေခဲတောင်ခရီးစဉ် အသေးစိတ်)
https://www.facebook.com/share/p/1FyeZ3MrXE/

 #မြောက်ဖျား ပြည်မြန်မာက ဖုန်ကန်ရာဇီ‌ ရေခဲတောင် အကြောင်း သိကောင်းစရာနှင့် ခရီးစဉ် အသေးစိတ်။ (၂၀၂၆-၂၀၂၇) နိုဝင်ဘာလမှ မေလ ...
22/09/2026

#မြောက်ဖျား ပြည်မြန်မာက ဖုန်ကန်ရာဇီ‌ ရေခဲတောင် အကြောင်း သိကောင်းစရာနှင့် ခရီးစဉ် အသေးစိတ်။ (၂၀၂၆-၂၀၂၇) နိုဝင်ဘာလမှ မေလ အတွင်း။

#ဖုန်ကန်ရာဇီရေခဲတောင်ကို မရောက်ဖူးသေးကြတဲ့ အသစ်အသစ်သော မိတ်ဆွေတို့ရေ၊ ဖုန်ကန်ရာဇီရေခဲတောင်ကို တက်ရောက်ဖို့ စိတ်ကူးထားပါပြီလား? ဖုန်ကန်ရာဇီ ရေခဲတောင်ရဲ့ အနေ အထား လေးတွေကို ဖတ်ရှုထားဖို့ ပြန်လည် မျှဝေလိုက်ပါတယ်နော်။

ဖုန်ကန်ရာဇီ ရေခဲတောင်တက်ခရီးသည် သာမာန် သူများ အနေဖြင့် ပူတာအိုမှ ဖုန်ကန်ရာဇီ ရေခဲတောင်သို့ ပုံမှန် လမ်းလျှောက် သွားလျှင် ၄ ညအိပ် ၅ ရက် ကြာမြင့်မှာ ဖြစ်ပြီး၊ ဆိုင်ကယ် (၂)ရက်၊ ရန်ကုန် မန္တလေး မြစ်ကြီးနားမှ လာလျှင် လေယာဉ်ဖြင့် လာရပြီး ပူတာအို ရောက်ရှိသောနေ့ နှင့် ပူတာအိုမှ မိမိနေရပ်သို့ ပြန်သောနေ့ နစ်ရက် ပိုမှာ ဖြစ်သောကြောင့် ဖုန်ကန်ရာဇီ ခရီးစဉ်သည် ရန်ကုန် မန်းလေး မြစ်ကြီးနားမှ လာလျှင် ၈ ညအိပ် ၉ ရက် ကြာမြင့်သွားမှာ ဖြစ်ပါသည် ။

ပူတာအိုမှ ဖုန်ကန်ရာဇီရေခဲတောင်သို့ လမ်းလျှောက်ရမည့်ရက်ပေါင်းမှာ သာမှန်သူများ အနေဖြင့် ပုံမှန် (၅) ရက် ကြာမြင့်မှာဖြစ်ပါသည်။ ဖုန်ကန်ရာဇီ ရေခဲတောင်သည် အမြင့်ပေ - ၁၁၉၂၀ ပေရှိပြီး ပူတာအိုမြို့မှ မိုင်ပေါင်း ၅၃ မိုင်ကွာဝေးကာ သွားပြန် ၁၀၆ မိုင် ရှိပါသည်။ ဖုန်ကန်ရာဇီရေခဲတောင်သို့ လမ်းလျှောက်ရမည့် မိုင်ပေါင်းမှာ (၅၀) မိုင်ခန့် ရှိပြီး ဖုန်ကန်ရာဇီ ရေခဲတောင်ခရီးစဉ်အတွင်း လမ်းခရီး နေ့အပူချိန် ၁၅ံ C မှ ၂၀ံC ရှိနိင်ပြီး ညအပူချိန် ရေခဲတောင်ပေါ်တွင် ၅ံ C မှ - ဝံ C အထိရှိနိင်ပါသည်။ ရာသီဥတု ဆိုးပြီး ရေခဲမိုးကျလျှင် - ဝံ C မှ - ၅ံ C အများဆုံး ရှိနိင်ပါသည်။

ဖုန်ကန်ရာဇီရေခဲတောင်တွင် နို၀င်ဘာလ မှ စတင်ကာ ရေခဲများ တွေ့ရှိရနိင်ပြီး မေလကုန် ဂျွန်လအထိ ရေခဲများ တွေ့ရှိရနိင်ပါသည်။
ပူတာအိုမှ ဖုန်ကန်ရာဇီရေခဲတောင်ခရီးသည် လမ်းတစ်လျှောက်လုံး မြေသားတောင်တွေသာ ဖြတ်လျှောက်ရပြီး ဖုန်ကန်ရာဇီရေခဲတောင် တောင်ခြေကနေ ဖုန်ကန်ရာဇီတောင်ထိပ်တက်တဲ့ရက် တစ်ရက်သာ ရေခဲပေါ်မှာ နင်းလျှောက်ရတာဖြစ်ပါသည်။ တောင်ခြေ(ရေခဲစပ် ) စခန်းတွင် ဖေဖော်ရီလ မှ မေလအထိ ရေခဲများ အလွန် ရှိနိင်ပြီး ရေခဲကျသည့် ရက်နှင့်ကြုံခဲ့လျှင် ရေခဲပြင်ပေါ်မှာ (၂) ညခန့် အိပ်ရမှာဖြစ်ပါသည် ။

ဖုန်ကန်ရာဇီ ရေခဲတောင်မှာ ဖေဖော်ဝါရီ လမှ မတ် ဧပြီ မေ လထိ ရေခဲဆက်တိုက်ကျတက်ပြီး မေလ အကုန် နဲ့ ဂျွန်လတွေမှာတော့ ရေခဲတွေ ပြန်ပျော်သွားတက်ပါသည်။ ဖုန်ကန်ရာဇီရဲ့ ရေခဲအထူဆုံးကာလဟာ မတ် ဧပြီ မေ မှာ အထူဆုံးဖြစ်တက်ပြီး ရာသီဥတု အနေအထားအရ ရေခဲမိုး ရွာကျနေတက်ပါသည်။

ဖုန်ကန်ရာဇီ ရေခဲတောင်သို့ တက်ရောက်ရန် အကောင်းဆုံး အချိန်ဟာ နို၀င်ဘာလမှ ဧပြီလကုန်ထိသာ တက်ရောက်လို့ အကောင်းဆုံးဖြစ်ပါသည် ။ ဖုန်ကန်ရာဇီ ရေခဲတောင်သို့ တက်ရောက်မည်ဆိုလျှင် အအေးကြိုက်သူများ အနေဖြင့် နို၀င်ဘာ ၊ ဒီဇင်ဘာ ၊ ဇန်နဝါရီ လများသည် အအေးများပြီး ဖော်ဝါရီ ၊ မတ် ၊ ဧပြီလသည် အအေးပေါ့သောကာလဖြစ်သောကြောင့် မိမိကြိုက်နစ်သက်သော ကာလကို ရွေးချယ်တက်လို့ရမှာ ဖြစ်ပါသည်။

ဖုန်ကန်ရာဇီ ရေခဲတောင် လမ်းခရီးမှာတော့ ဇီယာဒမ်းရွာကျော်ပြီး တောစခန်းစပြီဆိုတာနဲ့ သောက်ရေ ချိုးရေ အရမ်းကို ရှားပါးသွားပြီး ညအိပ် စခန်းတွင်သာ သောက်ရေ ရရှိမှာ ဖြစ်ပါသည် ။ ဒါကြောင့် သောက်ရေအတွက်သာ စိမ့်ရေကို ကြိုချက် အသုံးပြုရမှာဖြစ်ပါသည်။

ဖုန်ကန်ရာဇီ ရေခဲတောင်သို့ တက်ရောက်ရန် တစ်နစ်ပတ်လုံး တက်ရောက်လို့ ရပေမယ့် နို၀င်ဘာ ၊ ဒီဇင်ဘာ ၊ ဇန်နဝါရီ ၊ ဖေဖော်ဝါရီ ၊ မတ် ၊ ဧပြီ ၊ မေ လတွေမှာသာ ရာသီဥတု ကောင်းမွန်နိင်ပြီး ရေခဲ နှင်းများ တွေ့ရှိရနိင်မည်ဖြစ်ပါသည်။ တောင်ထိပ်ကို အဓိက ရည်ရွယ်ထားသူများ အနေဖြင့် အကောင်းဆုံးအချိန်ဟာဆိုရင် နို၀င်ဘာ ၊ ဒီဇင်ဘာ ၊ ဇန်နဝါရီ လတွေဟာ ရေခဲပါးသောကြောင့် တောင်ထိပ်သို့ အလွယ်တကူ တက်ရောက်နိင်ပါသည်။ ရေခဲ ထူထူ မြင်ဖူးချင်သူများ ရေခဲ နှင်းရွာကျတာ မြင်ချင်သူများ အနေဖြင့် ဖေဖော်ဝါရီ ၊ မတ် လတွေမှာ တက်ရောက်လျှင် ရေခဲ အထူဆုံးကို မြင်တွေ့ရမှာဖြစ်ပါသည်။
ဧပြီ ၊ မေ လတွေမှာ ဆိုရင် ရေခဲ နှင်းအရမ်းမကျတော့ပဲ ရေခဲ ကျစ်လစ်ကာ ရေခဲ ထု အထူဆုံးသော ကာလ ဖြစ်ပါသည်။ ဧပြီ ၊ မေ လတွေမှာ မိုးအနည်းငယ်ရွာတက်ပြီး အအေး ပေါ့သော ကာလဖြစ်တက်ပါသည်။

ရေခဲတောင်တန်းတွေ အားလုံးဟာဆိုရင် ရေခဲ ရွာလိုက် ပြန်ပျော်ပြီး တိမ်ခိုး တိမ်ငွေ့ဖြစ်လိုက် နှင့် သံသရာ လည်နေသော နေရာတွေ ဖြစ်ပါသောကြောင့် တစ်နစ်ပတ်လုံး မိုးရွာလိုက် နေပူလိုက်ဖြစ်တက်ပါသည် ။
ထို့ကြောင့် ရေခဲတောင် တက်မည်ဆိုလျှင် ဆိုင်ကယ်စီး မိုးကာ (သို့မဟုတ်) မိုးကာအကြည် အမြဲ ဆောင်ထားရမှာဖြစ်ပါသည်။

ဖုန်ကန်ရာဇီ ရေခဲတောင်သည် ရေခဲတောင်များ အားလုံးထဲမှ ပူတာအိုနှင့် အနီးဆုံး ဖြစ်ပြီး သာမှန်သူများ အနေဖြင့် ရေခဲတောင်များကို တက်ရောက်မည်ဆိုလျှင် ဖုန်ကန်ရာဇီ ရေခဲတောင်ကို ပထမဦးဆုံး တက်ရောက် လေ့လာသင့်သော တောင်တစ်လုံး ဖြစ်ပါသည်။

#မြန်မာ့ခရီးသွား ရေခဲတောင်တက်ဝါသနာရှင်များအတွက် ၂၀၂၆-၂၀၂၇ ခုနှစ် ဖုန်ကန်ရာဇီ ရေခဲတောင်သို့ ထွက်ခွါမည့် ဈေးနှုန်းများ၊ ကြိုတင်ပြင်ဆင်မှုများ၊ လိုအပ်သော ပစ္စည်းစာရင်းများ တို့ကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ လိုက်ပါမည့် မြန်မာ့ခရီးသွား ဧည့်သည်တော်များ စာရင်း ပေးထားလို့ရပါပြီခဗျား။

အသစ်အသစ်သော မိတ်ဆွေများအနေဖြင့် ရေခဲတောင်တွေကို တက်ရောက်မည်ဆိုပါက လ နဲ့ချီ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရမှာ ဖြစ်တာမို့ အမှန်တကယ် စိတ်ဝင်စား၍ တက်ရောက်မည့်မိတ်ဆွေများအနေဖြင့် ယခုခရီးစဉ် အသေးစိတ်ကို ဖတ်ရှုပြီး ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နိုင်ကြပါစေခဗျား။

ယခုခရီးစဉ်ကို တောင်တက်သမားများ မဟုတ်သည့် သာမာန် တောင်တက် ဝါသနာရှင်များနဲ့ ရေခဲ ထိတွေ့ကိုင်တွယ်ချင်သူများ လျှောက်လှမ်းနိုင်ရန်အတွက် ရေးဆွဲထားသော ခရီးစဉ် ဖြစ်ပါတယ်။
(၈)တန်းကျောင်းသား အရွယ်မှ အသက် (၆၇) နှစ် အန်ကယ်ကြီးတို့အပါအဝင် ခန္ဓာကိုယ် အလေးချိန် (၂၃၀)ပေါင် ရှိသော မိတ်ဆွေများလည်း တက်ရောက် အောင်မြင်ခဲ့သော ခရီးစဉ် ဖြစ်ပါတယ်။

#လိုအပ်သော ပစ္စည်းစာရင်းများ

• ရေခဲတောင်ပေါ်တွင် ဝတ်ရန် အနွေးသားပါသော မိုးကာအင်္ကျီအထူ ၁ ထည်၊
• လမ်းလျှောက်ချိန် ဝတ်ရန် မိုးကာသား အင်းကျီ လက်ရှည်အပါး ၁ ထည် ၊
• လက်အိပ်အထူ ၂ စုံ၊ အပါး ၂ စုံ ။
• ခြေအိပ်အထူ ၃ စုံ၊ အပါး ၅ စုံ
• လျှာထိုးဦးထုပ် (သို့) နေကာ ဦးထုပ် ၁ လုံး၊
• စွယ်တာ အနွေး ဦးထုပ် ၁ လုံး၊
• နားအုပ် ၁ စုံ၊
• ရိုးရိုး ဆွယ်တာလက်ရှည် အင်ကျီ ၂ ထည်၊
• ရိုးရိုး အင်ကျီ င်္လက်ရှည်အပါး ၂ ထည်၊
• ရိုးရိုး ဆွယ်တာဘောင်းဘီ ၂ ထည်၊
• မိုးကာသား(သို့မဟုတ်) ဆွဲသား လမ်းလျှောက်ဘောင်းဘီ ၂ ထည်၊
• နေကာမျက်မှန် ၁ လက်၊
• ပွိုင့်ကောင်းသော တောင်တက်ဖိနပ် (သို့မဟုတ်) စစ်ဖိနပ် ၁ စုံ ၊
• စခန်းချ နားချိန် စီးရန် ညှပ်ဖိနပ် တစ်ရံ၊
• မိုးရေလုံသော ဆိုင်ကယ်စီး မိုးကာ အရှည် ၁ ထည်၊
• မိမိတစ်ကိုယ်ရေသုံး သောက်ရေဘူး ၁ ဘူး၊
• ခေါင်းစွတ် ဓါတ်မီး ၁ လက်နှင့်ဓါတ်ခဲ ၃ စုံ၊
• မိမိအဝတ်အစားများထည့်၍ အထမ်းသို့ အပ်ရန် လက်ဆွဲအိတ် အပျော့ ပေါ့ပေါ့ပါးပါး တစ်လုံး နှင့် မိမိ သယ်ယူရမည့် ရေဗူး ၊ ဆိုင်ကယ်စီး မိုးကာ ၊ ဓာတ်မီး ၊ မိုးကာအင်ကျီအပါး နှင့် သရေဆာ မုန့်များထည့်ပြီး လွယ်ရန် ပေါ့ပေါ့ပါးပါး ကျောပိုးအိပ် အသေး တစ်လုံး

#မိမိအသုံးအဆောင် ဆေးဝါးများနှင့် အခြား အသုံးအဆောင် ပစ္စည်းများ

( အားဆေး၊ လိမ်းဆေး၊ သောက်ဆေး၊ ခြင်ဖြန်းဆေး၊ ဓာတ်ဆား၊ အကိုက်အခဲပျောက်ဆေး၊ ဝမ်းပိတ်ဆေး၊နာစီးချောင်းဆိုးပျောက်ဆေး၊ အနာလိမ်းဆေး၊ ခေါင်းကိုက်ပျောက်ဆေး၊ သွားတိုက်တံ ၊ သွားတိုက်ဆေး၊ ဝိုက်သစ်ရှူး ၊ ဒူးစွတ်၊ နူတ်ခမ်းနီအဆီ၊ )၊
• အားသွင်းရန် ပါဝါပန့် ၊
• မိမိကြိုက်နစ်သက်သော သရေစာမုန့် အနည်းငယ်၊
• ဖေဖော်ရီလ မှ မေလအထိ ရေခဲကျစ်သောကြောင့် ဘိုးဖိနပ်အောက်ခြေတွင် သပ်ရသော သံဆူး ။
• လမ်းလျှောက် တုတ်ချောင်း ၊

#ကြိုတင်လေ့ကျင့်ခန်းများ ပြုလုပ်ထားရန်

ရေခဲတောင်တက် ခရီးစဉ်မစမှီ (၁၀) ရက် လောက် အလိုမှာတော့ တစ်ရက်ကို (၁) မိုင်နူန်းနဲ့ အပြေးလေ့ကျင့်ရင်တော့ ပိုပြီး အဆင် ပြေနိင်ပါတယ်။ တစ်ရက်ကို (၃) မိုင်လောက် လမ်းလျှောက်ကျင့်တာမျိုး တစ်နေ့ အကြိမ် (၃၀) မှ (၄၀) ကြား ထိုင်ထလုပ်တာမျိုး စက်ဘီးစီးခြင်း ၊ ကြိုးခုံခြင်း၊ အပြေးလေ့ကျင့်ခြင်း၊ ကာယလေ့ကျင့်ခန်းများ ပုံမှန်လေ့ကျင့်ထားရင် ပိုပြီး အဆင်ပြေပါလိမ့်မယ်။
ရေခဲတောင်တက်အတွေ့ အကြုံ မရှိသေးသူများအနေနဲ့ ပုံမှန် လမ်းလျှောက်ထားဖို့လိုအပ်ပါတယ်။ အိပ်ယာစောစောထနိင်အောင်လည်း လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်‌နော်။
လမ်းခရီးမှာ ပုံမှန် မနက် ၆ နာရီ အိပ်ယာထပြီး ပြင်ဆင်ရမှာဖြစ်ပါတယ်။ တောင်တက်လမ်းခရီးမှာ ကိုယ်လွှတ်လမ်းလျှောက်ရတာဆို‌ပေမယ့်လည်း မိမိကိုယ်တိုင်က အပင်ပန်းခံနိင်အောင် လေ့ကျင့် ထားရမှာ ဖြစ်ပါတယ်။
မိမိရဲ့ကျန်းမာရေး အခြေအနေများကိုလည်း စစ်ဆေးချက်များ ပြုလုပ်ထားရင်တော့ ပိုပြီး အဆင်ပြေမှာ ဖြစ်ပါတယ်။

#ဖုန်ကန်ရာဇီရေခဲတောင် ခရီးစဉ်

Day(1) အနယ်နယ်အရပ်ရပ်မှ ပူတာအိုတွင်စုရပ်
Day(2) ပူတာအို-ဇီယာဒမ်း
Day(3) ဇီယာဒမ်း-အောက်သစ်ပင်ကြီးစခန်း
Day(4) အောက်သစ်ပင်ကြီး-ခမ်းတောက်မြစ်
Day(5) ခမ်းတောက်မြစ်-ရေခဲစပ်စခန်း
Day(6) ရေခဲစပ်-တောင်ထိပ်-ခမ်းတောက်မြစ်
Day(7) ခမ်းတောက်မြစ်-ဇီယာဒမ်း
Day(8) ဇီယာဒမ်း-ပူတာအို
Day(9) ပူတာအိုမှ မိမိနေရပ်သို့ပြန်လည်ထွက်ခွါ

#ခရီးစဉ် အသေးစိတ်

Day(1)- အနယ်နယ်အရပ်ရပ်မှ ပူတာအိုမြို့သို့ ရောက်ရှိလာကြရမှာ ဖြစ်ပြီး မိမိ နှစ်သက်သော တည်းခိုခန်း၊ ဟိုတယ်တို့မှာ အိပ်စက် အနားယူရမှာ ဖြစ်ပါတယ်။ ပူတာအိုမြို့သို့ ရောက်ရှိလာတဲ့ ပထမနေ့မှာတော့ မိတ်ဆွေတို့ရဲ့ ပစ္စည်းများကို စီစစ်ပြင်ဆင်ပေးသွားမှာဖြစ်ပြီး လိုအပ်ချက်များရှိပါက ပူတာအိုမြို့တွင် ထပ်မံ ဝယ်ယူရန်အတွက် အသေးစိတ် ပြင်ဆင်ပေးသွားမှာ ဖြစ်ပါတယ်ခဗျား။ ၎င်း ပထမနေ့အတွက် မိမိစရိတ်ဖြင့်သာ အသုံးပြုရမှာဖြစ်ပါတယ်။

Day(2)ပူတာအို-ဇီယာဒမ်း
-မိမိနှစ်သက်ရာ နံနက်စာ သုံးဆောင်ပြီး ပူတာအိုမှ ဇီယာဒမ်းသို့ ဆိုင်ကယ်ဖြင့် စတင် ထွက်ခွါပြီး ဇီယာဒမ်းတွင် ညအိပ်အနားယူမည် ဖြစ်ပါတယ်။

Day(3)-ဇီယာ-အောက်သစ်ပင်ကြီး
ဇီယာဒမ်းကျေးရွာတွင် မနက်စာ စားသုံးပြီး နေ့လည်စာကို ချောင်းဆုံတွင် စားသုံးကာ အောက် သစ်ပင်ကြီးစခန်းတွင် အနားယူ အိပ်စက်မှာဖြစ်ပြီး ယနေ့သည် မြေပြန့် (၆)မိုင်ခန့်နဲ့ တောင်တက် (၃)မိုင်ခန့်တည်ရှိပါတယ်။ အောက်သစ်ပင်ကြီးစခန်း အမြင့်ပေ ၆၅၀၀ ခန့်ဖြစ်ပါတယ်။

Day(4)အောက်သစ်ပင်ကြီး-ခမ်းတောက်မြစ်
အောက်သစ်ပင်ကြီးစခန်းတွင် မနက်စာ သုံးဆောင်ပြီး ခမ်းတောက်မြစ် စခန်းသို့(၆)မိုင်ခန့် ခြေလျင်တောင်တက်ရမှာ ဖြစ်ပါတယ်။ ယနေ့သည် နေ့တစ်ပိုင်းခန့် နားချိန်ရမှာ ဖြစ်ကာ မိမိတို့ရဲ့ ကျန်းမာရေး စီစစ်ချိန် ကာယ လေ့ကျင့်ခန်းပြန်လည်ပြုလုပ်ချိန်၊ အိပ်စက်အနားယူချိန် တို့ ပိုမိုရရှိမည့် နေ့လေးတစ်နေ့ ဖြစ်ပါတယ်။အမြင့်ပေကတော့ ၈၀၀၀ ပေခန့်တည်ရှိပါတယ်

Day(5)ခမ်းတောက်မြစ်-ရေခဲစပ်စခန်း
ခမ်းတောက်မြစ် စခန်းတွင် မနက်စာ
စားသုံးကာ ရေခဲစပ် စခန်းသို့ တောင်တက် တောင်ဆင်း (၇)မိုင်ခန့် တည်ရှိပြီး အမြင့်ပေ
(၁၀၀၀၀)တွင် စောလျှင်စွာ ရောက်ရှိကြမှာဖြစ်ပြီး အနားယူကာ တောင်ထိပ်တက်ရန် အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရမှာဖြစ်ပါတယ်။ ၎င်း‌နေ့သည်လည်း ရေခဲ အထူ အပါး ရာသီဥတု အခြေအနေပေါ်မူတည်၍ နေ့တစ်ပိုင်းခန့် အနားယူချိန် ရရှိမှာဖြစ်ပါတယ်။

Day(6)-ရေခဲစပ်-တောင်ထိပ်-ခမ်းတောက်မြစ်
ယနေ့ကတော့ဖြင့် မနက် ရာသီဥတု အခြေအနေပေါ်မူတည်ပြီး မနက်စာ စားသုံးချိန် နံနက် (၆)နာရီ သို့မဟုတ် နံနက်(၇)နာရီချိန်ခန့်တွင် စားသုံးကာ တောင်ထိပ်သို့ (၃)မိုင်ခန့် တက်ရောက်ရမှာဖြစ်ပါတယ်။ တောင်ထိပ်တွင် (၁)နာရီခန့် အနားယူ မှတ်တမ်းတင်ပြီး ရေခဲစပ်စခန်းသို့ ပြန်ဆင်းကာ နေ့လည်စာ စားသုံးပြီး ခမ်းတောက်မြစ်စခန်းသို့ ပြန်လည် ထွက်ခွါ အနားယူ အိပ်စက်သွားမည် ဖြစ်ပါတယ်။ ၎င်းနေ့သည် တောင်တက် တောင်ဆင်း (၁၂)မိုင်ခန့်ရှိပြီး ပုံမှန်နေ့တွေထက် ပို၍ ပင်ပန်းသော နေ့လေး တစ်နေ့ဖြစ်ပါတယ်။ဖုန်ကန်ရာဇီ‌ရေခဲတောင် အမြင့်ပေ- ၁၁,၉၂၀ ပေ။

Day-(7)ခမ်းတောက်မြစ်-ဇီယာဒမ်း
ခမ်းတောက်မြစ်စခန်းတွင် မနက်စာ
သုံးဆောင်ပြီး ရေခဲတောင်ခြေ ရွာလေးဖြစ်တဲ့ ဇီယာဒမ်းကျေးရွာလေးသို့ ခရီးဆက်ကာ
နေ့လည်းစာကို ကြားစခန်းဖြစ်တဲ့ ချောင်းဆုံတွင် စားသုံးကြမှာ ဖြစ်ပါတယ်။
၎င်းနေ့သည်လည်း သာမာန်သူများအတွက်
ပင်ပန်းမှာဖြစ်ပြီး အနည်းငယ် မိုးချုပ်သွားနိုင်ပါတယ်။

Day(8)ဇီယာဒမ်း-ပူတာအို
ဇီယာဒမ်းကျေးရွာတွင် မနက်စာ သုံးဆောင်ကာ ပူတာအိုသို့ စွန့်စား ဆိုင်ကယ် စီးနှင်းပြီး
စောလျှင်စွာ ရောက်ရှိမှာ ဖြစ်ပါတယ်။

Day(9) ပူတာအိုမြို့မှ မိမိနေရပ်သို့ ပြန်လည်ထွက်ခွါကာ ခရီးစဉ် ပြီးဆုံးသွားပြီဖြစ်ပါတယ်။

( ရေခဲတောင်ခရီးစဉ်အတွင်း (၀န်ဆောင်မှုများ)

၁ ။ စတင်ရောက်ရှိသောနေ့တွင် မိမိယူဆောင်လာသောပစ္စည်းများကို စစ်ဆေးပေးပြီး လိုအပ်တာ စီစဉ်ပေးမှာဖြစ်ပါသည်။
၂ ။ အစား အသောက် ၆ ညအိပ် ၇ ရက်စာ ။
၃။ သောက်ရေများကို လမ်းခရီးတွင် အခက်အခဲ ရှိနိင်ပါသောကြောင့် စိမ့်ရေများကို ရေကျက်အေးများ နှင့် ရေစိမ်းရအောင် စီစဉ်ပေးသွားမည်ဖြစ်ပါသည် ၊
၄ ။ လမ်းခရီးတွင် ချက်ပြုတ်ကျွေးမွေးမည့် ထမင်းချက် အဖွဲ့ ။
၅ ။ အဖွဲ့ခေါင်းဆောင် တစ်ဦးလိုက်ပါမည်ဖြစ်ပါသည် ၊
၆။ခရီးစဉ်အတွင်း လုံခြုံ စိတ်ချရမှု ရှိစေရန် ကျွမ်းကျင်သော အထမ်းများ နှင့် ဧည့်လမ်းညွန်များကိုသာ အသုံဲးပြုသွားမှာ ဖြစ်ပါသည်။
၇။ (မိုးကာရွက်ဖျင်တဲ) Tent ၊ (လေမွေ့ရာ) Air Mattness ၊ (အိပ်ယာလိပ်) Sleeping Bag များကို ငှားရမ်းပေးသွားမှာ ဖြစ်ပါသော်လည်း မိမိ စိတ်ကြိုက် မိမိမှာ ရှိပါက သယ်ယူလာနိင်ပါသည်။
၈ ။ တစ်ဖွဲ့လုံး ညအိပ်မည့် ကျေးရွာအတွင်း နေအိမ်များ ။
၉ ။ လမ်းခရီးတွင် လိုအပ်နိင်သော ရှေ့ဦးသူနာပြု ဆေးသေတ္တာ
၁၀ ။ ခရီးစဉ် အစဆုံးလိုက်ပါမည့် အထမ်းများ နှင့် စားဖို အဖွဲ့၀င်များ၏ အခကြေးငွေ အကုန်ပါ၀င်မှာဖြစ်ပါသည်။

(၀န်ဆောင်မှုမပေးသော အရာများ)

• လေယာဉ်လက်မှတ် ။ လေယာဉ်လက်မှတ်များကို မိမိအစီအစဉ်ဖြင့် ၀ယ်ယူရပါမည် ။
• မိမိကိုယ်ပိုင် အသုံးအဆောင်ဆေးဝါးများ နှင့် တောင်တက် ပစ္စည်းများ ။
• ခရီးစဉ်နှင့် မသက်ဆိုင်သော အပိုကုန်ကျမှုများ၊ အရက်၊ ဘီယာ၊ဆေးလိပ် ။

(ရေခဲတောင်တက် ခရီးစဉ်များတွင် တန်ဖိုးကြီး ပစ္စည်းများ မယူလာရန် နှင့် အပို ပစ္စည်းများ မယူဆောင်လာရန်)

မိမိတန်ဖိုးကြီးပစ္စည်းများကို မိမိဖာသာ သယ်ယူ စောင့်လျှောက်ရမည်ဖြစ်ပါသည်။ တန်ဖိုးကြီး ရွှေငွေ ရတနာများ မယူဆောင်လာသင့်ပါ။

#ဖုန်ကန်ရာဇီ ခရီးစဉ် ဈေးနှုန်းများ

ယခု ထွက်ခွါမည့် ခရီးစဉ်များအတွက်
မြန်မာ့ခရီးသွား ဧည့်သည်တော် တစ်ဦးလျှင်
(၃၀) သိန်း ကျပ် ဖြစ်ပါတယ်။

နိုဝင်ဘာလမှ မေလ အတွင်း မိမိနှစ်သက်ရာ ရက်၊ လ ကို ရွေးချယ်ပြီး ပြင်ဆင်မှုများ ပြုလုပ်ထားရန်အတွက် ကြိုတင် ငွေ (၁၅)သိန်းကျပ် လွှဲ ၍ စာရင်း ပေးသွင်းထားနိုင်ပါပြီခဗျား။

(ပူတာအိုမှ စတင်ထွက်ခွါချိန်မှစ၍ ပူတာအိုသို့ ပြန်လည် ရောက်ရှိလာတဲ့ အချိန်ထိ ဖြစ်ပါတယ်ခဗျား)

ထပ်မံပြီး အသေးစိတ် သိရှိလိုပါက အောက်က ကျွန်တော့် ဖုန်းကို ခေါ်ဆို၍လည်း မေးမြန်းနိုင်ပါတယ်ခဗျား။

အားလုံးကို အထူးပင် လေးစား ကျေးဇူးတင်ရှိလျှက်
Ko Ye Putao
09 797 217 606 (Putao)
09 972 900 004 (Putao)

၂၀၂၆-၂၀၂၇ ဖုန်ကန်၊ ဖုန်ရင်။  #အားလုံးပဲ မဂ်လာပါနော်။အသစ်အသစ်သော မြန်မာ့ ခရီးသွား ရေခဲတောင်တက် ဝါသနာရှင်များအတွက်၊ ၂၀၂၆-၂...
11/09/2026

၂၀၂၆-၂၀၂၇ ဖုန်ကန်၊ ဖုန်ရင်။ #အားလုံးပဲ မဂ်လာပါနော်။အသစ်အသစ်သော မြန်မာ့ ခရီးသွား ရေခဲတောင်တက် ဝါသနာရှင်များအတွက်၊ ၂၀၂၆-၂၀၂၇ ခုနှစ် ဖုန်ကန်၊ ဖုန်ရင်ရာဇီ ရေခဲတောင်များ ခရီးစဉ် အသေးစိတ်ဖြစ်ပါတယ်။

#ဖုန်ကန်ရာဇီရေခဲတောင်
ဖုန်ကန်ရာဇီရေခဲတောင် ခရီးစဉ်ဆိုရင်ဖြင့် ကလေးငယ်များနဲ့ သက်ကြီးရွယ်အိုတွေလည်း စွန့်စား တက်ရောက်အောင်မြင်ခဲ့ကြတဲ့ တောင် တစ်တောင်ဖြစ်ပြီး ပုံမှန်အားဖြင့် နိုဝင်ဘာ လဆန်းမှ ရေခဲများ စတင် တည်ရှိပြီး မေလ အထိ ရေခဲများ တည်ရှိပါသောကြောင့် ရေခဲ ထိတွေ့ ကိုင်တွယ်ချင်သူများနဲ့ သဘာဝ အလှတရားတွေ ခံစားချင်ကြသော မြန်မာ့ ခရီးသွား ရေခဲတောင်တက် ဝါသနာရှင်များအတွက် အကောင်းဆုံး ကာလတွေ ဖြစ်ပါတယ်။
တောင်တက်သမားတွေ မဟုတ်ပဲ သာမာန် တောင်တက်ဝါသနာရှင်၊ စစ်မှန်သော သဘာဝအလှ တရားတွေကို ခံစားချင်တဲ့ မြန်မာ့ ခရီးသွား ဧည့်သည်တော်များ အတွက် ကြိုတင် ပြင်ဆင် လေ့လာထား၍ စာရင်းပေးသွင်းထားနိုင်ပါပြီခဗျား။

#လိုအပ်သော ပစ္စည်းစာရင်းများ
• ရေခဲတောင်ပေါ်တွင် ဝတ်ရန် အနွေးသားပါသော မိုးကာအင်္ကျီအထူ ၁ ထည်၊
• လမ်းလျှောက်ချိန် ဝတ်ရန် မိုးကာသား အင်းကျီ လက်ရှည်အပါး ၁ ထည် ၊
• လက်အိပ်အထူ ၂ စုံ၊ အပါး ၂ စုံ ။
• ခြေအိပ်အထူ ၃ စုံ၊ အပါး ၅ စုံ
• လျှာထိုးဦးထုပ် (သို့) နေကာ ဦးထုပ် ၁ လုံး၊
• စွယ်တာ အနွေး ဦးထုပ် ၁ လုံး၊
• နားအုပ် ၁ စုံ၊
• ရိုးရိုး ဆွယ်တာလက်ရှည် အင်ကျီ ၂ ထည်၊
• ရိုးရိုး အင်းကျီ လက်ရှည်အပါး ၂ ထည်၊
• ရိုးရိုး ဆွယ်တာဘောင်းဘီ ၂ ထည်၊
• မိုးကာသား(သို့မဟုတ်) ဆွဲသား လမ်းလျှောက်ဘောင်းဘီ ၂ ထည်၊
• နေကာမျက်မှန် ၁ လက်၊
• ပွိုင့်ကောင်းသော တောင်တက်ဖိနပ် (သို့မဟုတ်) စစ်ဖိနပ် ၁ စုံ ၊
• စခန်းချ နားချိန် စီးရန် ညှပ်ဖိနပ် တစ်ရံ၊
• မိုးရေလုံသော ဆိုင်ကယ်စီး မိုးကာ အရှည် ၁ ထည်၊
• မိမိတစ်ကိုယ်ရေသုံး သောက်ရေဘူး ၁ ဘူး၊
• ခေါင်းစွတ် ဓါတ်မီး ၁ လက်နှင့်ဓါတ်ခဲ ၃ စုံ၊
• အားသွင်းရန် ပါဝါပန့် ၊
• မိမိကြိုက်နစ်သက်သော အားဖြည့် သရေစာမုန့်
• ဖေဖော်ရီလ မှ မေလအထိ ရေခဲကျစ်သောကြောင့် ဘိုးဖိနပ်အောက်ခြေတွင် သပ်ရသော သံဆူး ။
• လမ်းလျှောက် တုတ်ချောင်း ၊
• မိမိအဝတ်အစားများထည့်၍ အထမ်းသို့ အပ်ရန် လက်ဆွဲအိတ် အပျော့ ပေါ့ပေါ့ပါးပါး တစ်လုံး နှင့် မိမိ သယ်ယူရမည့် ရေဗူး ၊ ဆိုင်ကယ်စီး မိုးကာ ၊ ဓာတ်မီး ၊ မိုးကာအင်ကျီအပါး နှင့် သရေဆာ မုန့်များထည့်ပြီး လွယ်ရန် ပေါ့ပေါ့ပါးပါး ကျောပိုးအိတ် အသေး တစ်လုံး။

#မိမိအသုံးအဆောင် ဆေးဝါးများနှင့် အခြား အသုံးအဆောင် ပစ္စည်းများ။
( အားဆေး၊ လိမ်းဆေး၊ သောက်ဆေး၊ ခြင်ဖြန်းဆေး၊ ဓာတ်ဆား၊ အကိုက်အခဲပျောက်ဆေး၊ ဝမ်းပိတ်ဆေး၊နာစီးချောင်းဆိုးပျောက်ဆေး၊ အနာလိမ်းဆေး၊ ခေါင်းကိုက်ပျောက်ဆေး၊ သွားတိုက်တံ ၊ သွားတိုက်ဆေး၊ ဝှက်သစ်ရှူး ၊ ဒူးစွတ်၊ နူတ်ခမ်းနီအဆီ၊ )၊

#ကြိုတင်လေ့ကျင့်ခန်းများ ပြုလုပ်ထားရန်
ရေခဲတောင်တက် ခရီးစဉ်မစမှီ (၁၀) ရက် လောက် အလိုမှာတော့ တစ်ရက်ကို (၁) မိုင်နူန်းနဲ့ အပြေးလေ့ကျင့်ရင်တော့ ပိုပြီး အဆင် ပြေနိင်ပါတယ်။ တစ်ရက်ကို (၃) မိုင်လောက် လမ်းလျှောက်ကျင့်တာမျိုး၊ တစ်နေ့ အကြိမ် (၃၀) မှ (၄၀) ကြား ထိုင်ထလုပ်တာမျိုး၊ စက်ဘီးစီးခြင်း ၊ ကြိုးခုံခြင်း၊ အပြေးလေ့ကျင့်ခြင်း၊ ကာယလေ့ကျင့်ခန်းများ ပုံမှန်လေ့ကျင့်ထားရင် ပိုပြီး အဆင်ပြေပါလိမ့်မယ်။
ရေခဲတောင်တက်အတွေ့ အကြုံ မရှိသေးသူများအနေနဲ့ ပုံမှန် လမ်းလျှောက်ထားဖို့ လိုအပ်ပါတယ်။ အိပ်ယာစောစောထနိင်အောင်လည်း လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်‌နော်။
လမ်းခရီးမှာ ပုံမှန် မနက် ၆ နာရီ အိပ်ယာထပြီး ပြင်ဆင်ရမှာဖြစ်ပါတယ်။ တောင်တက်လမ်းခရီးမှာ ကိုယ်လွှတ်လမ်းလျှောက်ရတာဆို‌ပေမယ့်လည်း မိမိကိုယ်တိုင်က အပင်ပန်းခံနိင်အောင် လေ့ကျင့် ထားရမှာ ဖြစ်ပါတယ်။
မိမိရဲ့ကျန်းမာရေး အခြေအနေများကိုလည်း စစ်ဆေးချက်များ ပြုလုပ်ထားရင်တော့ ပိုပြီး အဆင်ပြေမှာ ဖြစ်ပါတယ်။

#ဖုန်ကန်ရာဇီရေခဲတောင် ခရီးစဉ်
Day(1) အနယ်နယ်အရပ်ရပ်မှ ပူတာအိုတွင်စုရပ်
Day(2) ပူတာအို-ဇီယာဒမ်း
Day(3) ဇီယာဒမ်း-အောက်သစ်ပင်ကြီးစခန်း
Day(4) အောက်သစ်ပင်ကြီး-ခမ်းတောက်မြစ်
Day(5) ခမ်းတောက်မြစ်-ရေခဲစပ်စခန်း
Day(6) ရေခဲစပ်-တောင်ထိပ်-ခမ်းတောက်မြစ်
Day(7) ခမ်းတောက်မြစ်-ဇီယာဒမ်း
Day(8) ဇီယာဒမ်း-ပူတာအို
Day(9) ပူတာအိုမှ မိမိနေရပ်သို့ပြန်လည်ထွက်ခွါ

#ခရီးစဉ် အသေးစိတ်
Day(1)- အနယ်နယ်အရပ်ရပ်မှ ပူတာအိုမြို့သို့ ရောက်ရှိလာကြရမှာ ဖြစ်ပြီး မိမိ နှစ်သက်သော တည်းခိုခန်း၊ ဟိုတယ်တို့မှာ အိပ်စက် အနားယူရမှာ ဖြစ်ပါတယ်။ ပူတာအိုမြို့သို့ ရောက်ရှိလာတဲ့ ပထမနေ့မှာတော့ မိတ်ဆွေတို့ရဲ့ ပစ္စည်းများကို စီစစ်ပြင်ဆင်ပေးသွားမှာဖြစ်ပြီး လိုအပ်ချက်များရှိပါက ပူတာအိုမြို့တွင် ထပ်မံ ဝယ်ယူရန်အတွက် အသေးစိတ် ပြင်ဆင်ပေးသွားမှာ ဖြစ်ပါတယ်ခဗျား။ ၎င်း ပထမနေ့အတွက် မိမိစရိတ်ဖြင့်သာ အသုံးပြုရမှာဖြစ်ပါတယ်။

Day(2)ပူတာအို-ဇီယာဒမ်း
-ဟိုတယ်(သို့)မနက်ဈေးတွင် နံနက်စာ သုံးဆောင်ပြီး ပူတာအိုမှ ဇီယာဒမ်းသို့ ဆိုင်ကယ်ဖြင့် စတင် ထွက်ခွါပြီး ဇီယာဒမ်းတွင် ညအိပ်အနားယူမည် ဖြစ်ပါတယ်။

Day(3)-ဇီယာ-အောက်သစ်ပင်ကြီး
ဇီယာဒမ်းကျေးရွာတွင် မနက်စာ စားသုံးပြီး နေ့လည်စာကို ချောင်းဆုံတွင် စားသုံးကာ အောက် သစ်ပင်ကြီးစခန်းတွင် အနားယူ အိပ်စက်မှာဖြစ်ပြီး ယနေ့သည် မြေပြန့် (၆)မိုင်ခန့်နဲ့ တောင်တက် (၃)မိုင်ခန့်တည်ရှိပါတယ်။ အောက်သစ်ပင်ကြီးစခန်း အမြင့်ပေ ၆၅၀၀ ခန့်ဖြစ်ပါတယ်။

Day(4)အောက်သစ်ပင်ကြီး-ခမ်းတောက်မြစ်
အောက်သစ်ပင်ကြီးစခန်းတွင် မနက်စာ သုံးဆောင်ပြီး ခမ်းတောက်မြစ် စခန်းသို့(၆)မိုင်ခန့် ခြေလျင်တောင်တက်ရမှာ ဖြစ်ပါတယ်။ ယနေ့သည် နေ့တစ်ပိုင်းခန့် နားချိန်ရမှာ ဖြစ်ကာ မိမိတို့ရဲ့ ကျန်းမာရေး စီစစ်ချိန် ကာယ လေ့ကျင့်ခန်းပြန်လည်ပြုလုပ်ချိန်၊ အိပ်စက်အနားယူချိန် တို့ ပိုမိုရရှိမည့် နေ့လေးတစ်နေ့ ဖြစ်ပါတယ်။အမြင့်ပေကတော့ (၈၀၀၀) ပေ ခန့်တည်ရှိပါတယ်။

Day(5)ခမ်းတောက်မြစ်-ရေခဲစပ်စခန်း
ခမ်းတောက်မြစ် စခန်းတွင် မနက်စာ
စားသုံးကာ ရေခဲစပ် စခန်းသို့ တောင်တက် တောင်ဆင်း (၆)မိုင်ခန့် တည်ရှိပြီး အမြင့်ပေ
(၁၀၀၀၀)တွင် စောလျှင်စွာ ရောက်ရှိကြမှာဖြစ်ပြီး အနားယူကာ တောင်ထိပ်တက်ရန် အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရမှာဖြစ်ပါတယ်။ ၎င်း‌နေ့ သည်လည်း ရေခဲ အထူ အပါး ရာသီဥတု အခြေအနေပေါ်မူတည်၍ နေ့တစ်ပိုင်းခန့် အနားယူချိန် ရရှိမှာဖြစ်ပါတယ်။

Day(6)-ရေခဲစပ်-တောင်ထိပ်-ခမ်းတောက်မြစ်
ယနေ့ကတော့ဖြင့် မနက် ရာသီဥတု အခြေအနေပေါ်မူတည်ပြီး မနက်စာ စားသုံးချိန် နံနက် (၆)နာရီ သို့မဟုတ် နံနက်(၇)နာရီချိန်ခန့်တွင် စားသုံးကာ တောင်ထိပ်သို့ (၃)မိုင်ခန့် တက်ရောက်ရမှာဖြစ်ပါတယ်။ တောင်ထိပ်တွင် (၁)နာရီခန့် အနားယူ မှတ်တမ်းတင်ပြီး ရေခဲစပ်စခန်းသို့ ပြန်ဆင်းကာ နေ့လည်စာ စားသုံးပြီး ခမ်းတောက်မြစ်စခန်းသို့ ပြန်လည် ထွက်ခွါ အနားယူ အိပ်စက်သွားမည် ဖြစ်ပါတယ်။ ၎င်းနေ့သည် တောင်တက် တောင်ဆင်း (၁၂)မိုင်ခန့်ရှိပြီး ပုံမှန်နေ့တွေထက် ပို၍ ပင်ပန်းသော နေ့လေး တစ်နေ့ဖြစ်ပါတယ်။ဖုန်ကန်ရာဇီ‌ရေခဲတောင် အမြင့်ပေ- ၁၁,၉၂၀ ပေ။

Day-(7)ခမ်းတောက်မြစ်-ဇီယာဒမ်း
ခမ်းတောက်မြစ်စခန်းတွင် မနက်စာ
သုံးဆောင်ပြီး ရေခဲတောင်ခြေ ရွာလေးဖြစ်တဲ့ ဇီယာဒမ်းကျေးရွာလေးသို့ ခရီးဆက်ကာ
နေ့လည်းစာကို ကြားစခန်းဖြစ်တဲ့ ချောင်းဆုံတွင် စားသုံးကြမှာ ဖြစ်ပါတယ်။
၎င်းနေ့သည်လည်း သာမာန်သူများအတွက်
ပင်ပန်းမှာဖြစ်ပြီး အနည်းငယ် မိုးချုပ်သွားနိုင်ပါတယ်။

Day(8)ဇီယာဒမ်း-ပူတာအို
ဇီယာဒမ်းကျေးရွာတွင် မနက်စာ သုံးဆောင်ကာ ပူတာအိုသို့ ဆိုင်ကယ် စီးနှင်းပြီး စောလျှင်စွာ ရောက်ရှိမှာ ဖြစ်ပါတယ်။

Day(9) ပူတာအိုမြို့မှ မိမိနေရပ်သို့ ပြန်လည်ထွက်ခွါကာ ခရီးစဉ် ပြီးဆုံးသွားပြီဖြစ်ပါတယ်။

( ဖုန်ကန်ရာဇီ ရေခဲတောင် အနေအထား )

ဖုန်ကန်ရာဇီ ရေခဲတောင်သည် အမြင့်ပေ - ၁၁၉၂၀ ပေရှိပြီး ပူတာအိုမြို့မှ မိုင်ပေါင်း ၅၃ မိုင်ကွာဝေးကာ သွားပြန် ၁၀၆ မိုင် ရှိပါသည်။ ဖုန်ကန်ရာဇီရေခဲတောင်သို့ သွား/ပြန် လမ်းလျှောက်ရမည့် မိုင်ပေါင်းမှာ ၆၀ မိုင် ရှိပြီး ဖုန်ကန်ရာဇီ ရေခဲတောင်ခရီးစဉ်အတွင်း လမ်းခရီး နေ့အပူချိန် ၁၅ံ C မှ ၂ဝံ C ရှိနိင်ပြီး ညအပူချိန် ရေခဲတောင်ပေါ်တွင် ၅ံ C မှ - ဝံ C အထိရှိနိင်ပါသည် ၊ ရာသီဥတု ဆိုးပြီး ရေခဲမိုးကျလျှင် - ဝံ C မှ - ၅ံ C အများဆုံး ရှိနိင်ပါသည်။

ဖုန်ကန်ရာဇီရေခဲတောင်တွင် နို၀င်ဘာလ မှ စတင်ကာ ရေခဲများ တွေ့ရှိရနိင်ပြီး မေလကုန် အထိ ရေခဲများ တွေ့ရှိရနိင်ပါသည်။
ပူတာအိုမှ ဖုန်ကန်ရာဇီရေခဲတောင်ခရီးသည် လမ်းတစ်လျှောက်လုံး မြေသားတောင်တွေသာ ဖြတ်လျှောက်ရပြီး ဖုန်ကန်ရာဇီရေခဲတောင် တောင်ခြေကနေ ဖုန်ကန်ရာဇီတောင်ထိပ်တက်တဲ့ရက် တစ်ရက်သာ ရေခဲပေါ်မှာ နင်းလျှောက်ရတာဖြစ်ပါသည်၊ တောင်ခြေ(ရေခဲစပ် ) စခန်းတွင် ဖေဖော်ရီလ မှ မေလအထိ ရေခဲများ အလွန် ရှိနိင်ပြီး ရေခဲကျသည့် ရက်နှင့်ကြုံခဲ့လျှင် ရေခဲပြင်ပေါ်မှာ ၂ ညခန့် အိပ်ရမှာဖြစ်ပါသည် ။

ဖုန်ကန်ရာဇီ ရေခဲတောင်မှာ ဖေဖော်ဝါရီ လမှ မတ် ဧပြီ မေ လထိ ရေခဲဆက်တိုက်ကျတက်ပြီး မေလ အကုန် နဲ့ ဂျွန်လတွေမှာတော့ ရေခဲတွေ ပြန်ပျော်သွားတက်ပါသည် ၊ ဖုန်ကန်ရာဇီရဲ့ ရေခဲအထူဆုံးကာလဟာ မတ် ဧပြီ မေ မှာ အထူဆုံးဖြစ်ပါတယ်။ ရာသီဥတု အနေအထားအရ ရေခဲတောင်မှာတော့ ရေခဲ အဆက်မပျက် ရွာကျနေတက်ပါသည်။

ဖုန်ကန်ရာဇီ ရေခဲတောင်သို့ တက်ရောက်ရန် အကောင်းဆုံး အချိန်ဟာ နို၀င်ဘာလမှ မေလ အထိသာ တက်ရောက်လို့ အကောင်းဆုံးဖြစ်ပါသည် ။ ဖုန်ကန်ရာဇီ ရေခဲတောင်သို့ တက်ရောက်မည်ဆိုလျှင် အအေးကြိုက်သူများ အနေဖြင့် နို၀င်ဘာ ၊ ဒီဇင်ဘာ ၊ ဇန်နဝါရီ လများသည် အအေးများပြီး ဖော်ဝါရီ ၊ မတ် ၊ ဧပြီလသည် အအေးပေါ့သောကာလဖြစ်သောကြောင့် မိမိကြိုက်နစ်သက်သော ကာလကို ရွေးချယ်တက်လို့ရမှာ ဖြစ်ပါသည်။

ဖုန်ကန်ရာဇီ ရေခဲတောင် လမ်းခရီးမှာတော့ ဇီယာဒမ်းရွာကျော်ပြီး တောစခန်းစပြီဆိုတာနဲ့ သောက်ရေ ချိုးရေ အရမ်းကို ရှားပါးသွားပြီး ညအိပ် စခန်းတွင်သာ သောက်ရေ ရရှိမှာ ဖြစ်ပါသည် ။ ဒါကြောင့် သောက်ရေအတွက်သာ စိမ့်ရေကို အသုံးပြုရမှာဖြစ်ပါသည်။

ဖုန်ကန်ရာဇီ ရေခဲတောင်သို့ တက်ရောက်ရန် တစ်နစ်ပတ်လုံး တက်ရောက်လို့ ရပေမယ့် နို၀င်ဘာ ၊ ဒီဇင်ဘာ ၊ ဇန်နဝါရီ ၊ ဖေဖော်ဝါရီ ၊ မတ် ၊ ဧပြီ ၊ မေ လတွေမှာသာ ရာသီဥတု ကောင်းမွန်နိင်ပြီး ရေခဲ နှင်းများ တွေ့ရှိရနိင်မည်ဖြစ်ပါသည်။ တောင်ထိပ်ကို အဓိက ရည်ရွယ်ထားသူများ အနေဖြင့် အကောင်းဆုံးအချိန်ဟာဆိုရင် နို၀င်ဘာ ၊ ဒီဇင်ဘာ ၊ ဇန်နဝါရီ လတွေဟာ ရေခဲပါးသောကြောင့် တောင်ထိပ်သို့ အလွယ်တကူ တက်ရောက်နိင်ပါသည်။ ရေခဲ ထူထူ မြင်ဖူးချင်သူများ ရေခဲ နှင်းရွာကျတာ မြင်ချင်သူများ အနေဖြင့် ဖေဖော်ဝါရီ ၊ မတ် ၊လတွေမှာ တက်ရောက်လျှင် ရေခဲ အထူဆုံးကို မြင်တွေ့ရမှာဖြစ်ပါသည်။ ဧပြီ ၊ မေ လတွေမှာ ဆိုရင် ရေခဲ နှင်းအရမ်းမကျတော့ပဲ ရေခဲ ကျစ်လစ်ကာ ရေခဲ ထု အထူဆုံးသော ကာလ ဖြစ်ပါသည်။ ဧပြီ ၊ မေ လတွေမှာ မိုးအနည်းငယ်ရွာတက်ပြီး အအေး ပေါ့သော ကာလဖြစ်တက်ပါသည်။

ဖုန်ကန်ရာဇီ ရေခဲတောင်သည် ရေခဲတောင်များ အားလုံးထဲမှ ပူတာအိုနှင့် အနီးဆုံး ဖြစ်ပြီး သာမှန်သူများ အနေဖြင့် ရေခဲတောင်များကို တက်ရောက်မည်ဆိုလျှင် ဖုန်ကန်ရာဇီ ရေခဲတောင်ကို ပထမဦးဆုံး တက်ရောက် လေ့လာသင့်သော တောင်တစ်လုံး ဖြစ်ပါသည်။

ခရီးသွား ဧည့်သည်များအား အစစအရာရာ စိတ်ချ လုံခြံမှုများ ရရှိစေရန် တောင်တက် ကျွမ်းကျင်သူများကိုသာ အသုံးပြုသွားမှာ ဖြစ်ပါသည်။

( ရေခဲတောင်ခရီးစဉ်အတွင်း (၀န်ဆောင်မှုများ)

၁ ။ စတင်ရောက်ရှိသောနေ့တွင် မိမိယူဆောင်လာသောပစ္စည်းများကို စစ်ဆေးပေးပြီး လိုအပ်တာ စီစဉ်ပေးမှာဖြစ်ပါသည်။
၂ ။ အစား အသောက် ၆ ညအိပ် ၇ ရက်စာ ။
၃။ သောက်ရေများကို လမ်းခရီးတွင် အခက်အခဲ ရှိနိင်ပါသောကြောင့် စိမ့်ရေများကို ရေကျက်အေးများ နှင့် ရေစိမ်းရအောင် စီစဉ်ပေးသွားမည်ဖြစ်ပါသည်။
၄ ။ လမ်းခရီးတွင် ချက်ပြုတ်ကျွေးမွေးမည့် အဖွဲ့၊ ( ထမင်းချက် အဖွဲ့) ။
၅ ။ အဖွဲ့ခေါင်းဆောင် တစ်ဦးလိုက်ပါမည်ဖြစ်ပါသည်။
၆။ခရီးစဉ်အတွင်း လုံခြုံ စိတ်ချရမှု ရှိစေရန် ကျွမ်းကျင်သော အထမ်းများ နှင့် ဧည့်လမ်းညွန်များကိုသာ အသုံဲးပြုသွားမှာ ဖြစ်ပါသည်။
၇။ (မိုးကာရွက်ဖျင်တဲ) Tent ၊ (လေမွေ့ရာ) Air Mattness ၊ (အိပ်ယာလိပ်) Sleeping Bag များကို ငှားရမ်းပေးသွားမှာ ဖြစ်ပါသော်လည်း မိမိ စိတ်ကြိုက် မိမိမှာ ရှိပါက သယ်ယူလာနိင်ပါသည်။
၈ ။ တစ်ဖွဲ့လုံး ညအိပ်မည့် ကျေးရွာအတွင်း နေအိမ်များ ။
၉ ။ လမ်းခရီးတွင် လိုအပ်နိင်သော ရှေ့ဦးသူနာပြု ဆေးသေတ္တာ။
၁၀ ။ ခရီးစဉ် အစဆုံးလိုက်ပါမည့် အထမ်းများ နှင့် စားဖို အဖွဲ့၀င်များ၏ အခကြေးငွေ အကုန်ပါ၀င်မှာဖြစ်ပါသည်။

(၀န်ဆောင်မှုမပေးသော အရာများ)

• လေယာဉ်လက်မှတ် ။ လေယာဉ်လက်မှတ်များကို မိမိအစီအစဉ်ဖြင့် ၀ယ်ယူရပါမည် ။
• မိမိကိုယ်ပိုင် အသုံးအဆောင်ဆေးဝါးများ နှင့် တောင်တက် ပစ္စည်းများ ။
• ခရီးစဉ်နှင့် မသက်ဆိုင်သော အပိုကုန်ကျမှုများ၊ အရက်၊ ဘီယာ၊ဆေးလိပ် ။

#ဖုန်ကန်ရာဇီ ခရီးစဉ် ဈေးနှုန်းများ

တစ်ဦးလျှင် (30)သိန်းကျပ် ဖြစ်ပါတယ်။
ပြင်ဆင်မှုများ ပြုလုပ်ထားရန် ကြိုတင်ငွေ (၁၅) သိန်းကျပ် လွဲ၍ စာရင်းပေးသွင်းထားနိုင်ပါတယ်ခဗျား။

(ဖုန်ကန်ရာဇီရေခဲတောင် ပူတာအိုမှ စတင်ထွက်ခွါတဲ့ အချိန်မှ စပြီး ပူတာအို ပြန်ရောက်လာ‌တဲ့ အချိန်ထိ ဖြစ်ပါတယ်ခဗျား)
နိုဝင်ဘာ
ဒီဇင်ဘာ
ဇန်နဝါရီ
ဖေဖော်ဝါရီ
မတ်
ဧပြီ
မေလ တို့အတွင်း မိမိနှစ်သက်ရာ ရက် လ ကို ‌ရွေးချယ် တက်ရောက်နိုင်ပါတယ်ခဗျား။

ပူတာအိုရဲ့ ခရီးသွားရာသီကာလဖြစ်တဲ့ ဆောင်းနဲ့ နွေ တွေမှာ လေယာဉ် နေရာများကို အနည်းဆုံး တစ်လကျော် နှစ်လ ကြိုတင် ဝယ်ယူထားသင့်ပါတယ်ခဗျား။

အားလုံးကို အထူးပင်လေးစားကျေးဇူး တင်ရှိလျှက် ။
Ko Ye Putao
09 797217606 (Putao)
09 972 900 004(Putao)

#ဖုန်ရင်ရာဇီရေခဲတောင် ခရီးစဉ်

ဖုန်ရင်ရာဇီရေခဲတောင်ကိုတော့ ဖုန်ကန်ရာဇီ ရေခဲတောင် တက်ရောက်ခဲ့ဖူးသူများ(သို့မဟုတ်)လေ့ကျင့်ခန်းများကို အထူးပြုလုပ်ထားသူများကိုသာ ပို့ဆောင် ပေးသွားမှာ ဖြစ်ပါတယ်ခဗျား။

#ဖုန်ရင်ရာဇီ ရေခဲတောင်ထိပ်ရေအိုင် ခရီးစဉ် အမြင့်ပေ ၁၃၈၀၀ ပေ။

ဖုန်ရင်ရာဇီရေခဲတောင်သည် အမြင့်ပေ ၁၄၀၀၀ ပေခန့်ရှိပြီး ကချင်ပြည်နယ် ပူတာအိုခရိုင်မှာ တည်ရှိပါတယ်။ ဖုန်ရင်ရာဇီရေခဲတောင်သို့ တက်မည်ဆိုလျှင် တောင်တက်အတွေ့အကြုံ အနည်းငယ်ရှိထားဖို့ရန် လိုအပ်မှာဖြစ်ပြီး ကိုယ်လက်ကြံ့ခိုင်မှု့ရှိသူ လမ်းလျှောက်အလေ့အကျင့် အမြဲရှိသူ စိတ်ဓာတ်ခိုင်မာသူများသာ တက်ရောက်သင့်သော တောင်တစ်လုံးဖြစ်ပါသည် ။ ဖုန်ရင်ရာဇီ ရေခဲတောင်သည် ဖုန်ကန်ရာဇီ ရေခဲတောင်ထက် ပိုပြီး ကြမ်းတမ်းကာ တောင်အတက် အဆင်း များသော တောင်တစ်လုံး ဖြစ်ပါတယ်။ လမ်းခရီးတွင် ရေရှားပါးသဖြင့် မိမိသောက်သုံးရေကိုလည်း ချွေသာသောက်သုံးရပါမည်။ ကျောက်ဂူဟု အမည်ပေးထားသော ကျောက်တုံးကြီးစခန်းတွင် အိပ်ဖို့နေရာ ကျဉ်းမြောင်းပါသဖြင့် ညအိပ်မည့် နေရာတွင် ပါလာသော အဖွဲ့၀င် လမ်းပြ၊ အထမ်း၊ အားလုံး နီးကပ်စွာ မိုးကာတဲ ထိုးအိပ်ရပါမည်။ ဓာတ်ပုံကောင်း ရိုက်ချင်သူများ အနေဖြင့် ကျောက်ဂူစခန်းမှ တောင်ထိပ်သို့ တက်မည့်နေ့တွင် မနက် ၄ နာရီ စတက်မှသာလျှင် နေထွက်ချိန်တောင်ထိပ် ရောက်နိင်မည်ဖြစ်ပြီး အင်မတန်မှ လှပသော ရှု့ခင်းများကို တွေ့မြင်ရမည်ဖြစ်ပါတယ်။ ဖုန်ရင်ရာဇီရေခဲတောင်တက်ခရီးစဉ်သည် လမ်းခရီးတွင် မိုးမိခြင်း၊ မိုးသီးကျခြင်း ၊ ရေခဲနှင်းများကျခြင်း၊ လေတိုက်ခြင်း၊ ချောင်းရေ ဖြတ်သန်းရခြင်းများ တွေ့ကြုံရမည် ဖြစ်ပါတယ်။

( ဖုန်ရင်ရာဇီ ခရီးစဉ်)

Day(1) အနယ်နယ်အရပ်ရပ်မှ ပူတာအိုတွင်စုရပ်
Day(2) ပူတာအို-ဇီယာဒမ်း
Day(3) ဇီယာဒမ်း-စခန်း(၁)
Day(4)စခန်း(၁)-စခန်း(၃)
Day(5)စခန်း(၃)-ကျောက်ဂူ
Day(6)ကျောက်ဂူ-တောင်ထိပ်-ကျောက်ဂူ
Day(7)ကျောက်ဂူ-စခန်း(၃)
Day(8)စခန်း(၃)-စခန်း(၁)
Day(9)စခန်း(၁)-ဇီယာဒမ်း
Day(10)ဇီယာဒမ်း-ပူတာအို
Day(11)ပူတာအိုမှ မိမိနေရပ်သို့ ပြန်လည်ထွက်ခွါ

Day(1)- အနယ်နယ်အရပ်ရပ်မှ ပူတာအိုမြို့သို့ ရောက်ရှိလာကြရမှာ ဖြစ်ပြီး မိမိ နှစ်သက်သော တည်းခိုခန်း၊ ဟိုတယ်တို့မှာ အိပ်စက် အနားယူရမှာ ဖြစ်ပါတယ်။

Day(2)ပူတာအို-ဇီယာဒမ်း
-ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီး ပူတာအိုမှ ဇီယာဒမ်းသို့ ဆိုင်ကယ်ဖြင့် စတင် စွန့်စား ထွက်ခွါပြီး ဇီယာဒမ်းတွင် ညအိပ်အနားယူမည် ဖြစ်ပါတယ်။

Day(3) ဇီယာဒမ်းကျေးရွာ မှ တောစခန်း(၁) သစ်သားအိမ်တွင် ညအိပ်နားပါမည်။ (မြေပြန့် -တောင်တတ်တောင်ဆင်း - ၁၁ မိုင်၊ လမ်းလျှောက်ချိန် ၆ နာရီ ၇ နာရီ ၊ အမြင့်ပေ - ၄,၀၀၀ ပေခန့်)။

Day(4) တောစခန်း(၁) မှ တောစခန်း(၂) ကို ကျော်ပြီး တောစခန်း(၃) သစ်သားအိမ်တွင်ညအိပ်နားပါမည် ။ (တောင်တတ်- ၉ မိုင်၊ လမ်းလျှောက်ချိန် ၇ နာရီ၊ အမြင့်ပေ - ၉၆,၀၀ ပေခန့်) ။

Day(5) တောစခန်း(၃) မှ တာကင်လျှိုကိုကျော်ပြီး ကျောက်ဂူစခန်းတွင် ညအိပ်နားပါမည် ။ ကျောက်ဂူစခန်းသည် ဂူမဟုတ်ပါ ကျောက်တုံးကြီး၏ အကာကွယ် နေရာသာဖြစ်ပါသည်(တောင်တတ်- ၇ မိုင်၊ လမ်းလျှောက်ချိန် ၇ နာရီ၊ အမြင့်ပေ - ၁၂,၀၀၀ ပေခန့်)

Day(6) ကျောက်ဂူစခန်း မှ ဖုန်ရင်ရာဇီရေခဲတောင်ထိပ် သို့ မနက် 5 နာရီတွင် စတက်ပါမည် ။ တောင်ထိပ်တက်ရောက်ပြီး ကျောက်ဂူစခန်း တွင်ညအိပ်နားပါမည် ။ (တောင်တတ်- ၄ မိုင်၊ တောင်တက်ချိန် ၃ နာရီ၊ တောင်ဆင်းချိန် ၂ နာရီ အမြင့်ပေ - ၁၃၈,၀၀ ပေခန့်ရှိသော တောင်ထိပ်ရေကန်ထိသာဖြစ်ပါသည်။ အနောက်ဖက်တောင်ထိပ် ၁၄၀၅၀ ပေ တက်ရောက်ချင်သူများ ရေကန်မှ ဆက်တက်နိင်ပါသည်။

Day(7) ကျောက်ဂူစခန်း မှ ပြန်ခေါက်ပြီး တောစခန်း (၃) သစ်သားအိမ်တွင် ညအိပ်ပါမည် ။(တောင်ဆင်း ၇ မိုင်၊ လမ်းလျှောက်ချိန် ၆ နာရီ၊ ) ။

Day(8) တောစခန်း (၃) မှ တောစခန်း(၁) တွင် ညအိပ်ပါမည် ။ (တောင်ဆင်း- ၉ မိုင်၊ လမ်းလျှောက်ချိန် ၆ နာရီ၊ ) ။

Day(9) တောစခန်း(၁) သစ်သားအိမ် မှ ဇီယာဒမ်းကျေးရွာ တွင် ညအိပ်ပါမည်။(မြေပြန့် -တောင်တတ်တောင်ဆင်း - ၁၁ မိုင်၊ လမ်းလျှောက်ချိန် ၆ နာရီ၊ )။

Day(10)ဇီယာဒမ်း-ပူတာအို
ဇီယာဒမ်းကျေးရွာတွင် မနက်စာ သုံးဆောင်ကာ ပူတာအိုသို့ စွန့်စား ဆိုင်ကယ် စီးနှင်းပြီး စောလျှင်စွာ ရောက်ရှိမှာ ဖြစ်ပါတယ်။

Day(11) ပူတာအိုမြို့မှ မိမိနေရပ်သို့ ပြန်လည်ထွက်ခွါကာ ခရီးစဉ် ပြီးဆုံးသွားပြီဖြစ်ပါတယ်။

ယခု ကုန်ကျစရိတ်များသည် ပူတာအိုမှ စတင်ထွက်ခွါချိန်မှ ဖြစ်ပြီး လေယာဉ် လက်မှတ် များကို မိမိအစီအစဉ်ဖြင့်သာ လာရမည်ဖြစ်ပါသည် ။ ဖုန်ရင်ရာဇီ ရေခဲတောင်သို့ သွားရာ လမ်းခရီး ကျောက်ဂူ စခန်းတွင် လူအများ တည်းခိုရန် အခက်အခဲ ရှိနိင်ပါသောကြောင့် လူဦးရေ အနည်းငယ်သာ ပို့ဆောင်ပေးသွားမှာ ဖြစ်ပါသည်။

#ဖုန်ရင်ရာဇီရေခဲတောင်ခရီးစဉ် ဈေးနှုန်းများ

တစ်ဦးလျှင် (၃၅)သိန်းကျပ်ပါခဗျား။

(ဖုန်ရင်ရာဇီရေခဲတောင်ခရီးစဉ် ပူတာအိုမှ စတင်ထွက်ခွါချိန်မှ စပြီး ပူတာအိုသို့ ပြန်လည်ရောက်ရှိလာတဲ့ချိန်ထိ ဖြစ်ပါတယ်ခဗျား)

အားလုံးကိုအထူးပင် လေးစားကျေးဇူး တင်ရှိလျှက်
Ko Ye Putao
09 797 217 606 (Putao)
09 972 900 004 (Putao)

Address

Putao

Telephone

+959449490769

Website

Alerts

Be the first to know and let us send you an email when KO YE Putao posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KO YE Putao:

Shortcuts

Share