ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီပဲခူးတိုင်းအနောက်ပိုင်း

  • Home
  • Myanmar
  • Pyay
  • ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီပဲခူးတိုင်းအနောက်ပိုင်း

ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီပဲခူးတိုင်းအနောက်ပိုင်း ပဲခူးတိုင်းအနောက်ပိုင်းပြည်မြို့

၂၀၂၆ ခုနှစ် ဇွန်လ ၆ ရက် (စနေနေ့) နံနက် ၁၀:၀၀ နာရီတွင် ယာယီတိုင်းဥက္ကဋ္ဌ ဦးကျော်ဇင်မှ ပဲခူးတိုင်းအနောက်ပိုင်းရှိ မြို့နယ်...
08/06/2026

၂၀၂၆ ခုနှစ် ဇွန်လ ၆ ရက် (စနေနေ့) နံနက် ၁၀:၀၀ နာရီတွင် ယာယီတိုင်းဥက္ကဋ္ဌ ဦးကျော်ဇင်မှ ပဲခူးတိုင်းအနောက်ပိုင်းရှိ မြို့နယ် (၁၄) မြို့နယ်မှ ဥက္ကဋ္ဌများနှင့် နာယကများအား ဖိတ်ကြား၍ ပြည်မြို့နယ် တိုင်းခွဲရုံး၌ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် ဗဟိုရုံးချုပ်၏ ညွှန်ကြားချက်နှင့်အညီ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်များအား အသစ်ပြန်လည် ရွေးချယ်ဖွဲ့စည်း၍ တင်ပြသွားရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး၊ ထို့အပြင် မြို့နယ်ရုံးခန်းများအတွက် နေရာစီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်း အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်

ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ၂၀၂၆ ခုနှစ် ဧပြီလ (၄) ရက် စနေနေ့တွင်ပဲခူးတိုင်းဒေသကြီး အနောက...
04/04/2026

ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ
၂၀၂၆ ခုနှစ် ဧပြီလ (၄) ရက် စနေနေ့တွင်
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းတာဝန်ခံ ယာယီတိုင်းဥက္ကဌ ဦးကျော်ဇင်၏ ဦးဆောင်မှုဖြင့်
တိုင်းနာယကများ၊ မြို့နယ်ဥက္ကဌများနှင့် ပါတီဝင်များအား ဖိတ်ကြားကာ
ပါတီရုံးများ ဆက်လက်ဖွင့်လှစ်နိုင်ရေးနှင့်
ပါတီ၏ ရှေ့ဆက်တိုးတက်နိုင်ရေးအတွက် လုပ်ဆောင်ရမည့် အချက်အလက်များကို
တွေ့ဆုံ ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

#ကျားဖြူပါတီ
#ပါတီဖွံ့ဖြိုးရေး #နိုင်ငံရေး #ကျားဖြူပါတီ

ပြည်မြို့နယ်တွင် ယာယီတိုင်းဥက္ကဌ ဦးကျော်ဇင်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ တွေ့ဆုံဆွေးနွေး2025 ခုနှစ် နိုဝင်ဘာလ 30...
30/11/2025

ပြည်မြို့နယ်တွင် ယာယီတိုင်းဥက္ကဌ ဦးကျော်ဇင်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ တွေ့ဆုံဆွေးနွေး

2025 ခုနှစ် နိုဝင်ဘာလ 30 ရက်၊ တနင်္ဂနွေနေ့တွင် ပြည်မြို့နယ်ရှိ ကျားဖြူပါတီ ခရိုင်ရုံး၌ ယာယီတိုင်းဥက္ကဌ ဦးကျော်ဇင်နှင့် ပြည်ခရိုင်လွှတ်တော်ကိုယ်စားလှယ်လောင်းများ တွေ့ဆုံပွဲကို ပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ပါတီအောင်နိုင်ရေးအတွက် မြို့နယ်အသီးသီးမှ ဆောင်ရွက်ထားသော လှုပ်ရှားမှုများကို လွှတ်တော်ကိုယ်စားလှယ်လောင်းများက တင်ပြဆွေးနွေးခဲ့ကြပြီး၊ ယာယီတိုင်းဥက္ကဌ ဦးကျော်ဇင်ကလည်း အဆိုပါ တင်ပြချက်များနှင့် ဆိုင်သည့် အကြံပြုချက်များကို ပြန်လည်ဆွေးနွေး တင်ပြပြောကြားခဲ့သည်။
ပွဲအဆုံးတွင် ပါတီလုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားရန် အားထုတ်ကြမည့် အတည်ပြုချက်များနှင့်အတူ တွေ့ဆုံပွဲကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
#နိုင်ငံရေး #ကျားဖြူပါတီ

29/11/2025
တိုင်းဒုဥက္ကဌနှင့် ကိုယ်စားလှယ်လောင်းများ တွေ့ဆုံပွဲက မူဝါဒညွှန်ကြားချက်များကို တိတိကျကျ သတ်မှတ်ပေးပဲခူးတိုင်းအနောက်ပိုင...
28/11/2025

တိုင်းဒုဥက္ကဌနှင့် ကိုယ်စားလှယ်လောင်းများ တွေ့ဆုံပွဲက မူဝါဒညွှန်ကြားချက်များကို တိတိကျကျ သတ်မှတ်ပေး

ပဲခူးတိုင်းအနောက်ပိုင်း ဒေသအတွင်း လုပ်ငန်းအစီအစဉ်များ သတ်မှတ်ပြုလုပ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်၊သောကြာနေ့ တွင် တိုင်းဒုဥက္ကဌနှင့် ကိုယ်စားလှယ်လောင်းများတို့၏ တွေ့ဆုံပွဲကို ကျင်းပခဲ့ကြောင်း ယနေ့သိရသည်။
အစည်းအဝေးတွင် ကိုယ်စားလှယ်လောင်းများသည် မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လက်ရှိလုပ်ငန်းများ၊ မြန်ဆန်ပြည့်စုံစေရန်လိုအပ်သည့် အချက်အလက်များနှင့် ထိတွေ့ကြုံတွေ့နေရသည့် ပြဿနာများကို စနစ်တကျ တင်ပြခဲ့သည်။
ထိုအကြောင်းအရာများအပေါ် တိုင်းဒုဥက္ကဌ ဦးကျော်ဇင် သည် အစီအစဉ်တကျ သုံးသပ်ဆန်းစစ်ကာ—

လိုအပ်သည့်လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန် ညွှန်ကြားချက်ပေးခြင်း

လက်ရှိလုပ်ငန်းစဉ်များအတွင်း ထပ်ဆင့်တိုးတက်စေရန် လမ်းပြချက်များ ဆွေးနွေးခြင်း

ရေရှည်လုပ်ဆောင်ရမည့် အခြေခံအစီအစဉ်များ ပြန်လည်ညှိနှိုင်းသတ်မှတ်ခြင်း

သက်ဆိုင်ရာ တာဝန်ခံများကြား ပူးပေါင်းညွှန်ကြားမှုကို တိုးမြှင့်ရန် အကြံဉာဏ်ပေးခြင်း

တို့ကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတစ်ရပ်လုံးတွင် ကိုယ်စားလှယ်လောင်းများ၏ တက်ကြွမှု၊ သေသပ်ပြည့်စုံသော တင်ပြမှုများက လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည့် နည်းလမ်းအသစ်များကို တင်ပြနိုင်စေခဲ့ကြောင်း တက်ရောက်သူများက ညွှန်ပြခဲ့သည်။

ယနေ့ကျင်းပပြုလုပ်သော တွေ့ဆုံပွဲသည် ကောင်းမွန်သေသပ်စွာ ပြီးမြောက်ခဲ့ပြီး တာဝန်ထမ်းဆောင်မှုများကို ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားရန် စိတ်ဓါတ်အသစ်များ ထပ်မံရရှိစေခဲ့သည် ဟု သိရှိရသည်။
#နိုင်ငံရေး #ကျားဖြူပါတီ

19/11/2025
19/11/2025
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၈ ရက် (အင်္ဂါနေ့)၊ နံနက် ၉:၀၀ နာရီတွင် ပြည်ခရိုင်ဥက္ကဌ ဦးဇော်မင်းထွန်းသည် မြို့နယ်အလိုက် ပါဝင်ယှဉ...
18/11/2025

၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၈ ရက် (အင်္ဂါနေ့)၊ နံနက် ၉:၀၀ နာရီတွင် ပြည်ခရိုင်ဥက္ကဌ ဦးဇော်မင်းထွန်းသည် မြို့နယ်အလိုက် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများနှင့် မြို့နယ်ဥက္ကဌများအား ပြည်ခရိုင်ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် လာမည့်ရွေးကောက်ပွဲတွင် ပါတီအောင်မြင်မှုရရှိစေရန် မြို့နယ်တစ်ခုခြင်းစီမှ ပြင်ဆင်ရေးရာ၊ လုပ်ငန်းစီမံကိန်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နေသည့် အချက်အလက်များကို အသေးစိတ်ဖော်ပြတိုင်ပင်ခဲ့ကြသည်။

သက်ဆိုင်ရာ ညွှန်ကြားချက်များကိုလည်း ဥက္ကဌမှ ပေးအပ်ခဲ့ပြီး မြို့နယ်များအနေဖြင့် ပြည်ခရိုင်အတိုင်းအတာဖြင့် စီမံကိန်းများကို ထပ်မံအထောက်အပံ့ပြုလုပ်သွားမည်ဟု ပြောကြားခဲ့ပြီးတွေ့ဆုံပွဲအားအောင်မြင်စွာကျင်းပခဲ့ကြပါသည်။
မှတ်ချက်။ ။ဖုန်းကင်မရာမကောင်းလို့ပုံလေးတွေနည်းနည်းဝါးသွားတာသည်းခံပေးကြပါနော်😁😁😁

Address

Pyay
053

Alerts

Be the first to know and let us send you an email when ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီပဲခူးတိုင်းအနောက်ပိုင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share