Shwe Myinn Pyan

Shwe Myinn Pyan Quick Transportation

16/07/2021

📣မင်းဓမ္မ MEC O2 စက်ရုံတွင် မနက် ၉ နာရီမှ ည ၉နာရီ အထိ O2 10L or 15L အိုးများကို တစ်လုံးလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ပုဂ္ဂိလကတစ်ဦးချင်းလိုအပ်သူများကို ပိတ်ရက်မရှိဖြည့်ပေးနေပါသည်။📣

📍 မည်သည့် ထောက်ခံစာမှ မလိုအပ်ပါ

📍 အိုးအခွံများကို မိမိဖာသာယူလာရမည်(အိုးခွံမရောင်းပါ)

📍 Gate 1 ဘက်ကသာ ဝင်ရောက်ရပါမည်

📍 တနေ့လျှင် အိုးသေး အလုံးရေ ၄၅၀ ဝန်းကျင်ရနိုင်သည်

Credit

Fever Clinics တည်နေရာများပါ လိုအပ်သူများအတွက် ဝေမျှပါသည် သင် တခုခု သံသယရှိပါက သက်ဆိုင်ရာ မြို့နယ်ရှိ Fever Clinic ဆီသို့...
24/09/2020

Fever Clinics တည်နေရာများပါ

လိုအပ်သူများအတွက် ဝေမျှပါသည်

သင် တခုခု သံသယရှိပါက
သက်ဆိုင်ရာ မြို့နယ်ရှိ Fever Clinic ဆီသို့သာ
အရောက်သွားလျှင် သင်တာဝန်ကျေပါပြီ

ကျန်တာတွေကို သက်ဆိုင်ရာ Fever Clinic က
ဆက်လုပ်ပါလိမ့်မည်

Credit

အတို့အမြှုပ် ခဏခဏ တောင်းသောသူများ ထမင်းလာစားသောအခါ😂😂😂
14/09/2018

အတို့အမြှုပ် ခဏခဏ တောင်းသောသူများ ထမင်းလာစားသောအခါ😂😂😂

06/09/2018

You can do it what u want
Just belive in yourself

လူငယ်များအတွက် ဦးသန့်၏ တန်ဖိုးမဖြတ်နိုင် တဲ့ စကား (၅)ခွန်း______________________________၁။ ရည်ရွယ်ချက် ရှိပါလောက၌ ရည်ရွ...
02/09/2018

လူငယ်များအတွက် ဦးသန့်၏
တန်ဖိုးမဖြတ်နိုင် တဲ့ စကား (၅)ခွန်း
______________________________

၁။ ရည်ရွယ်ချက် ရှိပါ

လောက၌ ရည်ရွယ်ချက် မရှိသောသူသည် မည်သည့် အရေးသို့ သွားရန် မသိသေးသော ခရီးသည်နှင့် တူ၏။
ကြီးပွားလိုသော လူတိုင်း ၌
ရည်ရွယ်ချက် ရှိရမည်။
သုံးလူ့ထွတ်ထား သဗ္ဗညုဘုရားပင်လျှင် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ကြိုးစား အားထုတ်တော်မူခဲ့ ပေသည်။
မည်သူမဆို ငယ်စဉ်ကပင်
မှန်းခြေတစ်ခု ရှိရမည်။
မှန်းခြေရှိသော လူတို့သည် မိမိတို့ လုပ်ငန်း၌ လွယ်ကူသည်သာမက မှန်းခြေ မရှိသော သူထက် မနှိုင်းယှဉ်သာအောင် ကြီးပွားကြလေသည်။

၂။ သူများနှင့် မတူအောင် လုပ်ပါ

ထိုအချက်သည် ဆန်းဆန်းဖြစ်သည်။
သို့ရာတွင်
စေ့စေ့တွေးသော် ကြီးပွားသော သူတို့၏ လက်သုံး အချက်ကြီး ဖြစ်သည်။
သူများကဲ့သို့ လုပ်လျှင် သူများကဲ့သိုပင် ဖြစ်မည်။ သူများနှင့် မတူအောင် လုပ်လျှင် သူများနှင့် တူမည် မဟုတ်ချေ။
မြတ်စွာဘုရားသည် ခပ်သိမ်းသော သူတို့နှင့် မတူအောင် အားထုတ်တော်မူခဲ့၍ သူများနှင့် မတူသော သဗ္ဗညုအဖြစ်သို့ ရောက်ရှိခဲ့ပေသည်။

၃။ အများ သဘောကို မလိုက်နှင့်

အများသဘောသည် အမှားပေါ၏။
လောက၌ ပညာ ရှိသောသူနှင့် မရှိသောသူ အရေအတွက်ကို နှိုင်းယှဉ်ကြည့်လျှင်
ပညာ ရှိသူက မနှိုင်းယှဉ်
လောက်အောင် နည်းလှ၏။
အများသဘောကို မလိုက်နှင့်ဟု ဆိုရာ၌ မည်သည့်အခါ မဆို အများသဘောနှင့် ဆန့်ကျင်ရ မည်ဟု မဆိုလိုပေ။
မည်သည့် ကိစ္စ၌မဆို
ို‘ဟာ .. အများ သဘောပါ’ဟု ပြောလေ့ရှိသောသူကို
အသုံးမကျသူ ဟူ၍ မှတ်အပ်၏။
အများ သဘောသည် မှားလျှင်လည်း မှားကြောင်း ညွှန်ပြနိုင်ရမည်။
ဆန့်ကျင်ရဲရမည်။
ရေလိုက်ငါးလိုက် နေသောသူတို့သည် မကြီးပွားနိုင်ကုန်။

၎။ ပြုပြင်ရန် မကြောက်နှင့်

လောက၌ ဘာသာရေးမှ လွဲလျှင်
အားလုံးသော ကိစ္စဟူသမျှသည်
်အမြဲ ပြုပြင် ပြောင်းလဲလျက် ရှိ၏။
အဝတ်အစား အနေအထိုင် အပြောအဆို အယူအဆ စသည်တို့မှာ
အမြဲ ပြောင်းလဲလျက် ရှိ၏။
ယခု ခေတ်သည် အလွန် မြန်နိုင်မှ တော်ရုံ ရှိ၏။ အပြေးသွား
အပြေးလာ
အပြေးလုပ်ရသော ခေတ်ကြီး ဖြစ်၏။
ဘဝသံသရာ ကြီးပွားရေးအတွက် ပြုပြင်ရေးသည်လည်း အထူး အရေးကြီးလှပေသည်။

၅။ မယုံလွယ်နှင့်

မစဉ်းစားပဲ ယုံလွယ်သူ ပေါများသော တိုင်းပြည်သည် အောက်တန်းကျသော တိုင်းပြည် ဖြစ်၏။
အသိဉာဏ်ကို ချင့်ချိန်နိုင်ရန် ၎င်းတိုင်း ပြည်၏ သတင်းစာကို ကြည့်၍ အကဲခတ်နိုင်၏။ သတင်းစာများတွင် မြတ်စွာဘုရား ဆင်းတုတော်မှ မျက်ရည်ကျခြင်း၊ ကိုယ်ဝန်ရှိသော ဥစ္စာစောင့်မ၊ နတ်ပေးသော ကလေး စသည်ဖြင့် ခေါင်းစဉ်တပ်ထားသော ဆောင်းပါးများကို အလုအယက် ဖတ်သမျှ ကာလပတ်လုံး မြန်မာ လူမျိုးတို့၏ အဆင့်အတန်းသည် ခေတ်မီရန် များစွာ လိုသေးသည်ဟု ဆိုရမည် ဖြစ်သည်။
ပြောတိုင်း မယုံနှင့်၊ ယုံတိုင်းလည်း မပြာနှင့်၊ ချင့်ချိန် မှန်းဆ၍ ပြုလုပ် ပြောဆိုရာ၏။ ဤသည်လည်း ကြီးပွားရေး လှေကား တစ်ထစ်ပေတည်း။

Credit to Ashin Kelasa
Via,

ဘ၀​နေနည်း နည်းလမ်း  ​ ( ၁၀ )မျိုး=====================( ၁ ) ဘယ်​​တော့မှ ပိုက်​ဆံ​မ​ချေးပါနဲ့ ။ဆောင်​ပုဒ်​​လေးတစ်​ခုရ...
02/09/2018

ဘ၀​နေနည်း နည်းလမ်း ​ ( ၁၀ )မျိုး
=====================

( ၁ ) ဘယ်​​တော့မှ ပိုက်​ဆံ​မ​ချေးပါနဲ့ ။

ဆောင်​ပုဒ်​​လေးတစ်​ခုရှိတယ်​ ။

- ​တောင်းမှ​ပေးတာ လူမိုက်
- မ​တောင်းဘဲ​ပေးတာ လူလိမ္မာ
- ​တောင်းလည်းမ​ပေးတာ လူယုတ်​မာ

ဒါ့​ကြောင့်​ ပြင်​ပ​ဘေးသူစိမ်း​တွေနဲ့
မယုံကြည်​ရတဲ့သူ​တွေကို
တက်​နိုင်​သမျှပိုက်​ဆံ​မ​ချေးပါနှင့်​ ။

ငွေ​ကြေးဥစ္စာဟာ နည်းသည်​ဖြစ်​​စေများသည်​ဖြစ်​​စေ ​ချေးငှား​ကြသူတိုင်းဟာ ပြန်​ပြီးလိုချင်​ကြစမြဲပါ ။

ပြန်​မဆပ်​ခဲ့ဘူးဆိုရင်​ ရင်​ထဲမှာ အစိုင်​အခဲ​လေးတည်​​နေတတ်​ပါတယ်​ ။

ကိုယ်​တကယ်​ချစ်​တဲ့သူ​တွေအတွက်​ဆိုရင်
ရက်​ရက်​​ရော​ရောသာ ​ပေးကမ်းကူညီ​ပေးလိုက်​ပါ ။

( ၂ ) လိုအပ်​လျှင်​အဆင်​သင့်
ဖြစ်​​အောင်ပိုက်ဆံ​ပုံမှန်​စုပါ ။

ကျွန်​​တော်​တို့ဟာ ဘယ်​အချိန်​မှာ
ဆင်းရဲဒုက္ခ​တွေကြုံမလဲ
ဘယ်​အချိန်​မှာ အနာတရဖြစ်​မလဲ
ဆိုတာ ကြိုပြီး ​မသိနိုင်​ပါဘူး ။

ဒီလိုအ​နေအထားမျိုး​တွေ တကယ်​ဖြစ်​လာခဲ့ရင်
အခက်​အခဲ​တွေကို တစ်​ဖက်​တစ်​လမ်းမှ ​ဖြေရှင်းဖို့ ​ပိုက်​ဆံစုပါ ။

( ၃ ) ကိုယ့်​ဘ၀အတွက်​မလိုအပ်​တဲ့
သူ​တွေအတွက်​ အချိန်​ကုန်​မခံပါနဲ့ ။

ကိုယ့်​ကို ငြင်းပယ်​ခဲ့ဖူးသူ​တွေ
လိုအပ်​မှ ကိုယ့်​ကို တမ်းတမ်းတတဖြစ်​တတ်​ကြသူ​တွေအတွက်​ လုံးဝ အချိန်​ကုန်​မခံပါနဲ့ ။

တစ်​ချို့​တွေ​တော့ ရှိတယ်
" ငါ​က သူ့အတွက်​ အမြဲတမ်း ​ပေးဆပ်​ဖို့အဆင့်​ပဲ " တဲ့။

ဒါဟာ ​သေချာ​တွေးကြည့်​ရင်​ စိတ္တဇ​ဝေဒနာသည်​တစ်​​ယောက်​ရဲ့အ​တွေးမျိုးပါ ၊ ချီးကျူးထိုက်​ဖို့​နေ​နေသာသာ လုံးဝ ဂုဏ်​ယူစရာမ​ကောင်းတဲ့လုပ်​ရပ်​မျိုးပါပဲ ။

ကိုယ့်​ကို မလိုအပ်​တဲ့သူအတွက်​ အပင်​ပန်းခံ​နေမဲ့အစား ပရဟိတလုပ်​ငန်း​တွေမှာ အချိန်​ကုန်​ခံလိုက်​ပါ ။

( ၄ ) ကိုယ့်​အ​ပေါ် မ​ကောင်းတဲ့သူ​တွေကို ပြတ်​ပြတ်​သားသား ဆက်​ဆံတတ်​ပါ​စေ ။

ကိုယ်​က​ကောင်းသ​လောက်​ ကိုယ့်​အ​ပေါ် မကြာခဏ လူလည်​ကျတတ်​သူ​တွေကို တ​လေးတစား ဆက်​ဆံ​နေဖို့ လုံးဝ မလိုအပ်​ပါဘူး ။

ဒီလိုလူမျိုး​တွေဟာ သူတို့အနိုင်​ယူဖူးတဲ့သူအ​ပေါ် ​နောက်​တစ်​ကြိမ်​ယုတ်​မာဖို့ ဘယ်​​တော့မှ ၀န်​​လေး​နေမှာ မဟုတ်​ပါဘူး ။

သူက ပြုံးရင်​ ကိုယ်​ကပြန်​ပြုံးပြလိုက်​ပါ
သူက မဲ့ရင်​ ကိုယ်​ကပြန်​မဲ့ပြလိုက်​ပါ

သူကမီးလိုကျင့်​ရင်​ ကိုယ်​ကမီးလိုပူ​လောင်​ပြလိုက်​ပါ
သူက​ရေလိုကျင့်​ရင်​ ကိုယ်​က​ရေလို​အေးချမ်းပြလိုက်​ပါ

( ၅ ) စိတ်​တူကိုယ်​တူ အသိမိတ်​​ဆွေများနှင့်​ စကားများများ​ပြောပါ ။

သင့်​ကို ​လေးစားတဲ့သူ ၊ သင်​ကလည်း ​လေးစားတဲ့သူများနှင့်​ မကြာခဏ စကား​ပြောပါ ။

ဒီလို စကား​ပြောခြင်းဖြင့်​ စိတ်​ချမ်းသာမှုကိုရ​စေပြီး
အချိန်​ကုန်​မှန်းမသိကုန်​​နေတာကို သတိမထားမိ​အောင်​ ကြည်​နူးစရာ​ကောင်း​နေပါလိမ့်​မယ်​ ။

နောက်​ပြီး ကိုယ့်​ရဲ့ရည်​မှန်းချက်​ ၊ လက်​ရှိအ​ခြေအ​နေ ၊ အနာဂတ်​အလားအလာ စတာ​တွေအတွက် ​သင်​နဲ့စိတ်​သ​ဘောထားချင်းတိုက်​ဆိုက်​သူများကသာ အကြံ​ဉာဏ်​​ကောင်း​တွေ ​ပေးနိုင်​ပါလိမ့်​မယ်​ ။

ဆိုလိုတာက သင်​က ဘာသာ​ရေးသမားဆိုရင်​ အရက်​သမား​တွေနဲ့ စကား​ပြောလို့အဆင်​​ပြေမှာမဟုတ်​ပါဘူး ။

( ၆ ) ခရီး​တွေ မကြာခဏ ထွက်​ပါ ။

တို​တောင်းလှတဲ့ဘ၀မှာ အ​တွေ့အကြုံသစ်​​တွေကို ခံစားဖို့နဲ့ အ​ထွေ​ထွေဗဟုသုတ ( General knowledges ) မြင့်​မား​စေဖို့ မကြာခဏ ခရီးထွက်​သင့်​ပါတယ်​ ။

ခရီးသွားခြင်းဟာ အ​ကောင်းဆုံး စိတ်​အပန်း​ဖြေမှုတစ်​မျိုးဆိုတာ သင်​ လက်​ခံလာပါလိမ့်​မယ်​ ။

ရေ​မြေ​တော​တောင်​သဘာဝအလှ​တွေကို ရှုစားရခြင်းဟာ လည်း စိတ်​ချမ်းသာမှုတစ်​မျိုးပါပဲ ။

ခရီးထွက်​ခြင်းအားဖြင့်​ သင့်​ဆီမှာရှိ​နေတဲ့ pressure ​တွေကိုလည်း အ​တော်​အသင့်​ ​လျော့နည်း​စေမှာဖြစ်​ပါတယ်​ ။

( ၇ ) ကိုယ်​၀ါသနာပါတဲ့အလုပ်​ကိုပဲ လုပ်​ပါ ။

ကျွန်​​တော်​ စာတစ်​​ကြောင်း ဖတ်​ဖူးခဲ့တယ်​ ။

If you don't like where you are , move .
You are not a tree .

မင်း​နေတဲ့​နေရာကိုမကြိုက်​ရင်​​ပြောင်းလိုက်
မင်းက သစ်​ပင်​တစ်​ပင်​မဟုတ်​ဘူး ။

ဟုတ်​ပါတယ်​ ၊ ကျွန်​​တော်​တို့ဟာ လူ​တွေပါ ။
ရွေ့လျားလို့မရတဲ့ သစ်​ပင်​​တွေ မဟုတ်​ပါဘူး ။

ဒါ့​ကြောင့်​ ခဏတာရခဲလှတဲ့ဒီဘ၀​လေးမှာ ကိုယ်​သ​ဘောမကျတဲ့အလုပ်​ကိုလုပ်​ရင်း စိတ်​ညစ်​ညူးမခံပါနှင့်​။

ဂျော့(ခ်ျ​)ဘန်း(စ်​) ​ပြောဖူးတဲ့စကားတစ်​ခွန်းရှိတယ်​။

" ကျုပ်​က​တော့ ကျုပ်​၀ါသနာမပါတဲ့အလုပ်​ကိုလုပ်​ပြီး ​အောင်​မြင်​သူ ဖြစ်​ရတာထက်​ ကျုပ်​၀ါသနာပါတဲ့အလုပ်​ကိုလုပ်​ပြီး မ​အောင်​မြင်​သူဖြစ်​ချင်​တယ်​ " တဲ့ ။

ဟုတ်​ကဲ့ --
ကိုယ်​အမှန်​တကယ်​ ၀ါသနာပါတဲ့အလုပ်​ကိုပဲလုပ်​ပါ ။

( ၈ ) တစ်​ဖက်​လူဘက်​မှ ဖြည့်​​တွေး​ပေးပါ ၊ ကိုယ်​ချင်းစာ
စိတ်​ ထားပါ ။

ပြ​ဿနာတစ်​ခုကို ကိုယ်​မြင်​တဲ့ဘက်​ကလည်း မှန်​နိုင်​သလို သူမြင်​တဲ့ဘက်​ကလည်းမှန်​​နေနိုင်​ပါတယ်​ ။

သ​ဘောထားကွဲလွဲတာဟာ အဓိကပြဿနာမဟုတ်​ပါဘူး
ဒါ့​ကြောင့်​ တစ်​ဖက်​လူအမြင်​ကိုလည်း ​လေးစားတတ်​ဖို့ သိပ်​ကို လိုအပ်​ပါတယ်​ ။

သူ့​နေရာမှငါသာဆိုရင်​ ဘယ်​လို​နေမလဲ ဆိုတဲ့အ​တွေးမျိုးကို ​တွေးတတ်​ဖို့အမြဲတမ်းသင်​ယူထားပါ ။

သူ့ဘက်​ကကြည့်​​တော့ လက်​ဖ၀ါး ငါ့ဘက်​ကကြည့်​​တော့ လက်​ဖမိုးဆိုသလို အမှန်​တရားတစ်​ခုဟာ အမြင်​အမျိုးမျိုးရှိ​နေတတ်​ပါတယ်​ ။

( ၉ ) စာများများဖတ်​​ပေးပါ ။

ဦးသန့်​ရဲ့စကား​လေးနဲ့ပဲ ​ပြောပါရ​စေ ။

" စာဖတ်​​သောလူမျိုးသည်​ တိုးတက်​၍ တိုးတက်​​သောလူမျိုးသည်​ စာဖတ်​သည်​ " တဲ့ ၊ သိပ်​ကို မှန်​ပါတယ်​ ။

သင်​သာ စာဖတ်​ခြင်းမှာ ဈန်​၀င်​​နေရင်​ အခြားကမ္ဘာတစ်​ခုကို ​ရောက်​ရှိသွားသလို ခံစားမိမှာ မလွဲဧကန်​ပါပဲ ။

ကျွန်​​တော်​တို့ရဲ့ဘ၀​တွေ တိုးတက်​မြင့်​မား​စေဖို့
အသိဉာဏ်​ပညာ​တွေ တိုးပွား​စေဖို့ အတွက်​ စာဖတ်​ခြင်း
ဟာ အ​ကောင်းဆုံးနည်းလမ်းတစ်​ခုပါပဲ ။

( ၁၀ ) တစ်​စုံတစ်​ရာကို အမြဲတမ်းသင်​ယူပါ ။

ဥ​ရောပနိုင်​ငံ​တွေမှာဆိုရင်​ အသက်​၈၀အရွယ်​အဘိုးအဘွား​တွေဟာ ဘာသာစကား​အသစ်​​တွေကအစ အသိပညာအတတ်​ပညာ​တွေ သင်​ယူ​လေ့လာ​နေတုန်း​ပါပဲ ။

တစ်​စုံတစ်​ရာကို အမြဲတမ်း သင်​ယူ​နေတတ်​တာဟာ
သူတို့ရဲ့ ဓ​လေ့တစ်​ခုလိုဖြစ်​​နေပါပြီ ။

ဒါ​ကြောင့်​ တစ်​စုံတစ်​ခုကို စိတ်​ပါလက်​ပါ သင်​ယူပါ
အတတ်​ပညာတစ်​မျိုးမျိုးကို ထူးချွန်​​အောင်​ ​လေ့လာပါ

ကာယနဲ့လုပ်​တဲ့အလုပ်​ဟာ အသက်​ငယ်​တုန်းမှာပဲ အကျိုးပြုပါတယ်​ ၊ အသက်​​တွေကြီးလာခဲ့ရင်​ ဉာဏနဲ့
လုပ်​တဲ့အလုပ်​ကသာ ကိုယ့်​အတွက်​ အဆင်​​ပြေသက်​သာ​စေမှာပါ ။

-ထက်ပိုင် 📝
ဘဝနေနည်း ဒသနမှကူးယူဖော်ပြသည်။

ရန်ကုန်မြို့ ​​ကန်တော်လေး မြန်မာ့ဂုဏ်ရည်လမ်းနဲ့ ၉၁လမ်းထောင့်က ဦးမှန်ကြီး ငါးပိရည် ငါးငပိချက် ငါးပိထောင်းတို့စရာဆိုင် :-...
02/09/2018

ရန်ကုန်မြို့ ​​ကန်တော်လေး မြန်မာ့ဂုဏ်ရည်လမ်းနဲ့ ၉၁လမ်းထောင့်က ဦးမှန်ကြီး ငါးပိရည် ငါးငပိချက် ငါးပိထောင်းတို့စရာဆိုင် :-)
မြန်မာတို့ရဲ့ အသဲစွဲ....

မြန်မာဆိုမှတော့ မြန်မာပဲပေါ့ဗျာ
မြန်မာ့ငပိရည်တို့စရာဆိုသိပ်ကြိုက်
သန့်ရှင်းပြီးသပ်ရပ်စွာမြင်တွေ့လိုက်ရတော့
သွားရည်တောင်ကျမိတယ် ခ်ခ်ခ်....

credit to online

 #ချဉ်ဖတ်"ပြေးထားကွ""ပြေးကွ""မြန်မြန်ပြေးလေကွာ""ပြေးပါဟ"ကျောင်းသားလေးတွေပြေးနေကြ တဲ့ အပြေးပြိုင်ပွဲလေး တစ်ခု။ ဆရာ၊ ဆရာမေ...
02/09/2018

#ချဉ်ဖတ်

"ပြေးထားကွ"

"ပြေးကွ"

"မြန်မြန်ပြေးလေကွာ"

"ပြေးပါဟ"

ကျောင်းသားလေးတွေပြေးနေကြ တဲ့
အပြေးပြိုင်ပွဲလေး တစ်ခု။

ဆရာ၊ ဆရာမတွေ၊ အတန်းဖော် ညီအစ်ကို
မောင်နှမတွေ ရဲ့ အားပေးမှုတွေ နဲ့
ကလေးတွေ ပြေးနေကြတယ်။
ပန်းဝင် ခါနီးပြီ။

ထိပ်ဆုံးမှာပြေးနေတာ နှစ်ယောက်ထဲ
တစ်ယောက် က အတန်းထဲ မှာ
နာမည်ကြီး စာ အတော်ဆုံး၊
ဆရာမတွေ အချစ်ဆုံး မောင်ထိန်ဝင်း။

သူ့ဘေးမှာ ကပ်ပြေးနေတာ ကတော့
ကျောင်း ချဉ်ဖတ်၊
ထပ်ရှင်းအောင်ပြောရရင် စာမတော်ဘူး၊
ဆရာမတွေ အမြင်ကပ်ကြတယ်။

ခိုင်းရင် လုပ်ချင်မှ လုပ်တတ် လို့လေ။

ဒါပေမယ့် သူငယ်ချင်းတွေ ကတော့
အရမ်းချစ်ကြတယ်။

သူ့နာမည် က မောင်ကြည်လင် ။

နာမည်နဲ့ လူနဲ့ က သိပ်မကိုက် အသား က
ခပ်ညိုညို၊ မျက်နှာလေးထောင့် နဲ့
ထူးခြား တာက အမြဲပြုံးနေတတ်သူ။

သို့သော်
ပြဿနာကောင်လေး။
နာမည်ပင် ပျောက်နေပြီ။ ချဉ်ဖတ်တဲ့ ။

ပရိသတ်ထဲ မှာ အသံ အထွက်ဆုံး က -
"ထိန်ဝင်းကွ ..... ပြေးကွ ..... မင်းနိုင်ရမယ်ကွ"
ကျောင်းသားလေး တစ်သိုက် ကတော့ -
"ချဉ်ဖတ် ပြေးထားကွ .....
ဒီကောင့်ကို အနိုင်ယူပြလိုက် စမ်းကွ"

ထိုစဉ် မှာပင် မောင်ထိန်ဝင်းခြေခေါက်ပြီး
တလိမ့်ခေါက်ကွေး ပစ်ကျ သွားကာ
ဂျွမ်းတွေ ပင်လေးငါး ပတ်လောက်
ထိုးသွားတယ် ထင်ရတယ်။

ပြိုင်ဘက် မရှိ တစ်ဦးတည်း ပန်းဝင်ဖို့ ချဉ်ဖတ်
အခွင့်အရေး ရလိုက်ပါတယ်။
ကြိမ်းသေကို ရနေပြီ။

အားပေးနေတဲ့ကျောင်းသား၊ ကျောင်းသူတွေ နဲ့
ဆရာ၊ ဆရာမတွေထံ မှ
"ဟာ"ဆို တဲ့ အသံကြီးကို အလွန်ပင်
ကျယ်လောင်စွာ ကြားလိုက်ရပါတယ်။

သူတို့တွေ က ထိန်ဝင်း ကိုသာ နိုင်စေချင်
စိတ်ကြီးစိုးနေချိန် မထင် မှတ် ပဲ
အရှုံးနဲ့တွေ့ရမည် ကို အလွန်ပင်နှမြော ၍
ထွက်လာသော အသံ ဖြစ်လိမ့်မယ်။

"ဟင်"

ဒီအသံ က ပိုကျယ် သွားခဲ့ပါတယ်။
ဘယ်သူမှ မထင်မှတ် ထားတဲ့
အပြုအမူ၊ မြင်ကွင်းတစ်ခု ကို
တွေ့လိုက် ရ၍ဖြစ် ပါတယ်။

ပစ်လဲ ကျသွားသော မောင်ထိန်ဝင်း ကို
ချဉ်ဖတ် က ဆွဲပွေ့ လိုက်လို့ပါပဲ။

အားလုံး စိတ်ထင်
ချဉ်ဖတ် တော့ပျော်ပြီး ပန်းဝင် လိုက်ပြီ
ထင်နေကြတာပါ။

ပန်းဝင် ဖို့ ကလည်း ကိုက် ၁၀၀ သာသာ
ကျန်တော့ သည်ပေါ့။

မောင်ထိန်ဝင်း ကို ဆွဲပွေ့လာပြီး
ပြိုင်ပွဲ အပြင်ကို ထွက်လာတာ
ကျောင်း ရဲ့မကောင်း သတင်း နာမည်ကြီး
ချဉ်ဖတ် ဖြစ်နေသည် ကိုက အားလုံး
အတွက် အထူးအဆန်း ပမာ ဖြစ်နေကြပါတယ်။

"ဟိုကောင်တွေ လာကြလေကွာ၊
မြန်မြန် လာကွ ဒီကောင့် ကို ဆေးခန်းပို့ မှ
ရလိမ့်မယ် ထင်တယ်"

ပရိသတ်ကြား မှ အခန်းဖော်တွေ၊
ချဉ်ဖတ် သူငယ်ချင်းတွေ ပြေးထွက်
လာကြပြီး ညည်း ညူနေသော
မောင်ထိန်ဝင်း ကို ဆေးခန်းပို့ရန်
ဝိုင်း၍သယ်ပိုးကာ ထွက်သွားကြတယ်။

ထိုကြားထဲ ပြေးလိုက် သွားတာ ကတော့
အလွန်ပင် စိုးရိမ်သော မျက်နှာနဲ့
အတန်းပိုင် ဆရာမ ဒေါ်မြင့်မြင့် ပဲဖြစ်ပါတယ်။

ကျောင်းအလံ တိုင်အောက် က
အုတ်ခုံလေး မှာ ထိုင်ကျန် ခဲ့တာကတော့
ချဉ်ဖတ်ပါပဲ ။

ဆေး ခန်းကို လိုက် မသွားခဲ့ပါဘူး။
မောနေသော် လည်း ခပ်အေးအေး ပုံစံနဲ့
အလံတိုင်ကို မှီပြီး
ရေအိုးစင် ကခပ် လာ တဲ့ရေ ကို စိမ်ပြေ
နပြေမော့သောက်နေပါတယ်။

"ချဉ်ဖတ် လာ ထိုင်လေကွာ "

"မင်း တို့ရော ဆေးခန်းလိုက် မသွားဘူးလား"

"ထားလိုက် စမ်းပါကွာ၊ မသေနိုင် ပါဘူးကွာ။

ဒါနဲ့ မင်း ဘာကြောင့် ပန်း မ၀င်လိုက်တာလဲ။

အခုတော့ မင်း တို့နောက် က
ငပုကောင် ပထမ ရသွားတယ် ကွ။
မင်းပဲ ပထမဆု ရတဲ့ လွယ်အိတ်လေး
လိုချင်တယ်ဆို"ချဉ်ဖတ် ဘာမှ မပြော
ခပ်ပြုံးပြုံး ပဲ နေနေတယ်။

ထိုစဉ် သူတို့အနား ကို PT ဆရာ ဦးညိမ်း
ရောက်လာပါ တယ်။

"ချဉ်ဖတ်"

"ဗျာ.....ဆရာ"

အနားသို့ ဆရာရောက်လာ သဖြင့်
အတင်းကုန်း ထပြီး မတ်တတ်ရပ်
လိုက်ကြပါတယ်။

"မင်းလိုကောင်မျိုး မှာ
ဒီလို စိတ်ဓာတ် ရှိတာ ငါရော၊ အားလုံးရော
အတော် အံ့သြသွားတယ်ကွ။

မင်းကောင်တော့ ခြေဆစ်ခေါက်သွားလို့
မထနိုင်တော့ဘူး တဲ့။

ဒါနဲ့ မင်းက ပန်းဝင်ခါနီး ဘာလို့ ပန်းမ၀င်ပဲ
ထိန်ဝင်းကို သွားပွေ့ ရတာလဲ "

"ဘာမှ မဟုတ်ပါဘူး ဆရာ၊
အဖေ က ပြောဖူး တယ် အနိုင် ဆိုတာ
တကယ်တော့ အလွယ်ဆုံး ရယူနိုင်တယ် တဲ့။

အရှုံး ဆိုတာ ကိုသာ
လူတွေ အလွယ် မရနိုင် တာတဲ့။
ကျွန်တော် က ဆုံးဖြတ်ပြီးသားပါ။

ပန်းဝင် ခါနီးရင် အလျော့ပေးပြီး
ဒီကောင့် ကိုပဲ အနိုင်ပေးလိုက် မှာပါ ဆရာ။

ဒီကောင် က အတန်းထဲမှာ လည်း
စာအတော် ဆုံး၊
စာစီစာကုံးပြိုင်ပွဲ မှာလည်း အမြဲတမ်း ပထမ၊
ဒီလို လူဆီ မှာ အရှုံး ဆိုတာကို
လက်ခံနိုင်အား မရှိနိုင် ဘူး လို့
ထင်တယ် ဆရာ။

ဒါ့အပြင် ကျွန်တော်လိုကောင် နိုင်ရင်လည်း
မကောင်းပြန်ဘူး။
ထိန်ဝင်းနိုင်ဖို့ ကို အားပေးနေ တဲ့၊
မျှော် လင့်နေတဲ့ သူတွေ ကို
စိတ်ပျက် သွားစေမှာပေါ့။

အဖေ က ပြောတယ်။ လောက မှာ သူများ ကို
ကျေနပ်စေ တာ၊ ပျော်ရွှင်စေတာ
ကောင်းတဲ့ အလုပ်၊ လူတိုင်း
မလုပ်နိုင်တဲ့ အလုပ် တဲ့။

တကယ်တော့ ဆရာရယ် .....
ကျွန်တော် က အမြဲ ရှုံးနေကျပါ။
သူများတွေ အမြင်မှာ ကျွန်တော်
ရှုံးနေတာကို က
သူတို့ အတွက် ကျေနပ် စရာဖြစ်နေ မှာပါ။
အဲ့ဒါကို က
ကျွန်တော့် အတွက်တော့ အနိုင် ပါပဲ ဆရာ "

ဆရာရှေ့ မှ ခေါင်းလေး ငုံ့ကာ ထွက်သွားသော
ချဉ်ဖတ် ခေါ် ကြည်လင် ရဲ့
နောက်ကျော ကို ဆရာလုပ်သူ မှာ
ကြည့်နေရင်း (၈) တန်း အရွယ်
ကလေး တစ်ယောက် ရဲ့ စကားတွေ ကို
ဘယ်လို နားလည်ရမှန်း မသိ
အံ့သြစွာ ကျန်ခဲ့ ပါတော့တယ်။

ဒီလို စကားတွေ ကို ဆရာဖြစ်သူ မကြားဖူးပါ။

ဒီလို ကလေးမျိုး မှာ ဒီလောက်မြင့်တဲ့
အတွေး အခေါ်ရှိနေတာ ပိုလို့ ပင်
အံ့သြစရာ တစ်ခုပါ။

အခြား ဆရာတွေ ကို ဒီစကားတွေ
ပြန်ပြောပြရင် ယုံကြပါ့မလား။
အတွေးတွေ များစွာဖြင့် ရပ်နေရင်း ...............
မောင်ထိန်ဝင်း ကျောင်းပြန်တက်တဲ့နေပေါ့။
အပြေးပြိုင်ပွဲ မှာ ပထမဆု ရသွားတဲ့ ငပုလို့ 
နာမည်ပြောင်ခေါ် တဲ့ ကျော်စိန် လည်း
လွယ်အိတ် တကားကား နဲ့
ကျောင်းတက် လာတဲ့နေပေါ့။

အချိန်က
အတန်းပိုင် ဆရာမဒေါ်မြင့်မြင့် အချိန် -

"သားလေး သက်သာလား။
လမ်းကိုဖြေးဖြေးလျှောက်နော်။
အတက် အဆင်း သတိထား သိလား"

အချစ်တော် မောင်ထိန်ဝင်း ကို
ကရုဏာ အပြည့်နဲ့ နိဒါန်းတွေခြွေနေတာပါ။

"ဆရာမ ၀င်ခွင့်ပြုပါ"

အသံကြောင့် ကျောင်းသားတွေ
အခန်းပေါက်ဝ ကို လှမ်းကြည့် မိကြသည်။

အပေါက်ဝ တွင် ရပ်၍ ၀င် ခွင့်တောင်းနေတာ
ကတော့ ချဉ်ဖတ် ပါပဲ။

"ဟို အကောင်
ဟင်..... ဒီနေ့ရော နောက်ကျနေပြန် ပီလား။
မင်း ကတော့ အတော်လွန် တာပဲ။

ဘာ စည်းကမ်း မှ လည်း မသိ၊
မလိုက်နာ။ နင့်လိုကောင် က
ကျောင်းတက်နေ ဖို့ မကောင်းဘူး။
သွား ..... ၀င်၊ သွားထိုင်"

ကပို့ ကရို နဲ့ ချဉ်ဖတ် နောက်ဆုံး အတန်း ကို
အပြေးတစ်ပိုင်း နဲ့
ဝင်ထိုင်လိုက်ပါတယ်။
ချွေးတွေရွှဲနေသော ချဉ်ဖတ် မှာ ပုဆိုးစကို ယူပြီး
မျက်နှာ ကို သုတ်လိုက် ပါတယ်။

"မင်း ဘာဖြစ်လို့ နောက်ကျနေတာလဲ"
"ဒီလို ပါပဲကွာ"
ထိုစဉ် အခန်းထဲ ကို ကျောင်းစောင့်
ကိုပေါက်ကြီးပြေးဝင် လာပြီး ...

"ဆရာမ ... ဆရာမ
ဆရာမ အိမ် ခုန က မီးလန့် လိုတဲ့"

"ဟင် ..... ဟုတ်လား ...
တော်တော်ပါသွားလား ရှင်"

ထိုင်ရာမှ ထလာပြီး အလွန်ပင်
သောကရောက်သွားသော ပုံစံဖြစ်နေသော
ဆရာမ ကို ကျောင်းသား ၊ကျောင်း သူတွေ
ဝိုင်းကြည့်နေကြပါတယ်။

"ဘာမှ မစိုးရိမ် ပါနဲ့တော့ ဆရာမ၊
မီးက ဘာမှ မလောင် သွားပါဘူး။
ကျောင်းသားလေး တစ်ယောက်တွေ့ပြီး
အတင်းဝင် သတ်သွား လို့
မီးငြိမ်း သွားတယ်တဲ့။

ခုပဲ ဆရာမ တူလေး လာပြော သွားလို့
ကျွန်တော် လာပြော တာပါ"

ကျောင်းစောင့် ကိုပေါက်ကြီး ပြန်ထွက်
သွားပါတယ်။

ဆရာမလည်း အခန်းထဲပြန်ဝင် လာပြီး
ခုမှသော ကအေး သွားသော မျက်နှာလေး နဲ့
သက်ပြင်းချလိုက်ပါတယ်။

"ကဲ ... ကဲ ... အိမ်စာတွေ လာတင်ကြ။
မတင်တဲ့ သူ မပြီးတဲ့သူ ကိုယ့်
အသိစိတ်နဲ့ ကိုယ် ထွက်လာ ခဲ့နော် ။
ရှေ့မှာ လက် လာမြှောက် ထား"

ရှေ့ဆုံးမှ ထွက်လာသူ က ချဉ်ဖတ် ပါ။
ဆရာမ လည်း ချဉ်ဖတ် ကို
မြင်လိုက်တဲ့ အခါ အိမ်စာ မလုပ်လာရ မလား လို့
ဒေါသ ထွက်သွားပါတယ်။

"ဟဲ့ ... ကြည်လင် !!
နင် အိမ်စာ မလုပ်ခဲ့ပြန် ဘူးလား "

" ဒီ တစ်ခါတော့ လုပ်ခဲ့ ပါတယ် ဆရာမ။
ဒါပေမယ့် စာအုပ်
ဘယ်မှာ ကျကျန် ခဲ့လည်း မသိဘူး။
မတွေ့တော့ လို့ လာ အပြစ်ခံ တာပါ"

"နင်ဟာလေ ... ငါ့တောင် လာ လိမ်နေတယ်ပေါ့။
လာခဲ့ ။
နင့်လိုကောင် ကို အရည် ဆုတ်ပစ်မှ ရမယ်"
ခုံပေါ် မှ ကြိမ်လုံးကို လှမ်းယူပြီး
ရိုက်ရန်ပြင်လိုက် ပါတယ်။

"ခဏ ... ဆရာမ ... ခဏ ၊
ရိုက်တာတော့ ရိုက်ပါ ဆရာမ။
ဒါပေမယ့် ကျွန်တော် မလိမ်ပါဘူး။
အိမ်စာ တကယ် လုပ်ခဲ့ပါတယ်။
စာအုပ်လည်း တကယ် ပျောက်သွားတာပါ။
အဖေ ကပြောဖူးတယ်။
အပြစ်ဆိုတာ ရှိရင်တော့ ခံရမယ်။
အပြစ်သက်သာအောင်တော့
ဘယ်တော့မှ မလိမ်ရဘူးတဲ့။
အဲဒါ ယောက်ျားကောင်း
တို့ရဲ့အလုပ် မဟုတ်ဘူး တဲ့ ဆရာမ"

"ဒီကောင် ကတော့ ..... ကဲဟယ် ... ကဲဟယ် ... "

ကြိမ်ငါးချက် ကို အပြုံးမပျက် ပဲ
ချဉ်ဖတ် ခံယူ လိုက်ပါတယ်။

အရိုက် ခံလိုက်ရတဲ့ အတွက်
လက် မမြှောက် ရတော့ ပဲ ပြန်ဝင် ထိုင်ရပါတယ်။
ချဉ်ဖတ် ရဲ့ထူးခြားချက် မှာ အပြုံး မပျက်ခြင်းပဲ။

ညနေ ကျောင်းဆင်း ပါပြီ။
ဆရာမဒေါ်မြင့်မြင့် လည်း မနက်က ကြားထား တဲ့
ကိစ္စကြောင့် အိမ် ကို
အမြန်ပြန် လာခဲ့ပါတယ်။

အိမ် ကို ရောက်ရောက်ခြင်း ထိုင်နေတဲ့ မိခင်ကြီး
ကို ဘယ်လို က ဘယ်လိုဖြစ်တယ် ဆိုတာ
မေးပါတော့တယ်။

ဆရာမတို့ အိမ်ဟာ လမ်းမဘေးမှာ ရှိနေတာပါ။
ခြံစည်းရိုးနဲ့ လည်း
အိမ်ဟာ သိပ် မလှမ်းပါဘူး။
ဖြစ်ပုံ ကို မိခင်ကြီး ရှင်းပြသည် ကတော့ -

"သမီးရယ် အမေ က ဘုရားမီး ပူဇော်ပြီး
နောက်ဖေး မှာ ဟင်းအိုး
သွားကြည့်တာ။
အဲ့ဒါ ဘုရားမီး က ပြုတ် ကျပြီး အောက် က
ဘုရားရှိခိုးရင် ထိုင်တဲ့ ပိတ်စ အခင်းပေါ်ကျပြီး
မီး ထလောင်တာ ပါပဲ သမီးရယ်။

အဲ့ဒါ နဲ့ လမ်းကဖြတ်သွား တဲ့
ကျောင်းသားလေး တစ်ယောက် က
လှမ်းတွေ့ လို့ အတင်း တက်လာပြီး
သူ့ လွယ် အိတ်လေး နဲ့
မီးကို ရိုက်သတ် တာပေါ့။
မီးက မငြိမ်းတော့ အနီး က သောက်ရေအိုး ကို
မပြီး ငြှိမ်း လိုက် တယ်လေ။

အမေလည်း ကြောက်ပြီး ကြောင်ကြည့်နေမိ
တာပေါ့။

အဲ့ဒီ ကလေး က
မီးလည်းငြိမ်းရော သားကျောင်းနောက် ကျနေ လို့
ခွင့်ပြုပါဦး ဆိုပြီး
ဆင်းပြေးသွား ပါလေရော။

သူသာ မလာခဲ့ရင် အခု အိမ်တောင်
ကျန်မယ် မထင်တော့ဘူး။
ဒါနဲ့ ဘုရားစင် နားက ဘီဒိုအောက် က
သူ့စာအုပ်လေးတောင်
လွင့်ကျ ကျန်ခဲ့သေးတယ် သမီးရဲ့ "

အမေဖြစ်သူ က ရှေ့စားပွဲပေါ်မှ
ခပ်နွမ်းနွမ်း စာအုပ်လေး ကို ယူ၍
သမီး ဆရာမ ကို လှမ်းပေးလိုက် ပါတယ်။

ဆရာမလည်း လှမ်းယူပြီး
အဖုံးပေါ်မှ နာမည် ကို
ကြည့်လိုက်မိသော အခါ ရင်ထဲမှာ
မီးတွေတောက်လောင် သွား သလားတောင်
ထင်မိလိုက်ပါတယ်။

စာအုပ် အဖုံးပေါ်ရေးထား တာက
မောင်ကြည်လင်
ROOM - C
Grade - 9
ဆရာမလည်း စာအုပ် ကို အတင်း ကာရော
လှန်ကြည့်မိ လိုက်ပါတယ်။
မျက်ရည်တွေ လိမ့်ကျလာပါရော လား။

နောက်ဆုံး စာမျက်နှာ မှာ
သူမ အိမ်စာ အဖြစ်ပေးလိုက်သော
Essay အား သေသပ်စွာရေးထား
သည် ကို တွေ့လိုက် ရပါတယ်။

ရုပ်ရှင်ပြကွက် လို မျက်စိထဲ မှာ
ပြန်လည်မြင်လာမိ ပါတယ်။

သူ အမှန်တွေပြောခဲ့သော်လည်း မယုံခဲ့ မိ ဘူး။
ဒေါသကြောင့်
အားပြင်းပြင်း နဲ့ ရိုက်ခဲ့ မိတဲ့ ကြိမ်ဒဏ် ငါးချက် ကို
တွေးမိပြီး မျက်ရည်တွေ ပိုကျလာ မိတယ်။ ................

သူ့ အခန်းထဲရောက်လာ တဲ့ ကာလ တစ်ခုလုံး
တစ်ခါ မှ မျက်နှာသာ
မပေး မိဖူးသော ကျောင်းသားလေး၊

စကားကြီး၊ စကားကျယ်တွေ ကို
အမြဲပြောတတ် လို့ အမြင်ကပ် မိသော
ကျောင်းသားလေး၊
အမြဲပြုံးနေတာကို ရိသလို လုပ်နေတယ်၊
ပြောင်စပ်စပ်
လုပ်နေတယ် ထင်မိပြီး
မျက်မုန်း ကျိုးခဲ့မိသော ကျောင်းသားလေး။

တကယ်တော့ .....
တကယ့် လူတော်လေး ပါ။
ပြီးခဲ့တဲ့ တစ်ပတ် က အပြေးပြိုင်ပွဲ မှာ
ပထမဆု အလွယ်လေး ရယူနိုင်သော်လည်း
ပန်းမ၀င် ပဲ သူငယ်ချင်း
ကို ပြေးကူ ခဲ့တယ်။

ခုလဲ ကျောင်းမှာပြောပြရင် ရရဲ့ သားနဲ့ နေရာ
မယူဘူး။
နာမည်ကောင်း မယူခဲ့ဘူး။
ကျောင်း အလုပ်တွေ
ခိုင်းသမျှလည်း တစ်ခါမှ မငြိုငြင် ခဲ့ဖူးဘူး။

နောက်တစ်ရက် မနက်ခင်း ...
ကျောင်းခေါင်းလောင်းသံကြောင့်
ကျောင်းသားတွေ အတန်းတွေထဲကို
ဝင်ပြီး နေရာ ယူကြပါတယ်။

ဆရာမဒေါ်မြင့်မြင့်
ဒီနေ့ကျောင်းကိုခပ်စောစော
ရောက်လာပြီး အခန်းထဲ ကို လည်း
ခပ်စောစော လာခဲ့မိ တယ်။
စိတ်စောနေ မိတယ်။

ကျောင်းသားတစ်ယောက် ကို
အလွန်တွေ့ချင်နေမိပြီး ကျောင်းသားတွေ ကို
ခဏခဏ လှမ်းကြည့်နေမိတယ်။

သူရှာနေတဲ့ချဉ်ဖတ်
ကျောင်းကို ရောက် မလာသေးပါ။
ကျောင်းတက်ခေါင်းလောင်း
ထိုးပြီး ၍ နိုင်ငံတော် သီချင်းဆို၊ ဘုရား
ရှိခိုးပြီးသည် အထိ
ကြည်လင် (ချဉ်ဖက်) ရောက် မလာသေးပါဘူး။

စာသင်ဖို့ပင် စတင်နိုင် ပြီ ဖြစ်သော်လည်း
ဆရာမ တစ်ယောက်
ကြည်လင် ကို မျှော်နေမိ ၍ စာမသင်ဖြစ်သေးပါ။

ဖိနပ်သံကြားလိုက် ရပါတယ်။
ပြေးလာနေတဲ့ အသံ တစ်ခု။

"ဆရာမ ... ၀င်ခွင့်ပြုပါ"

အခန်းဝ မှ ၀င်ခွင့်တောင်းသံကြောင့်
လှမ်းကြည့် မိလိုက်တဲ့ အခါ -

"ဟင်"

ဆရာမ ထိုင်နေရာမှ အတင်း ထပြေး သွားမိသည်။

ကျောင်းသားတွေ
လည်း "ဟာ" ခနဲဖြစ်၍ မတ်တတ်တွေ ထရပ်
ကုန်ကြတယ်။

အခန်းဝ တွင် ခေါင်းမှာ ပတ်တီး အဖွေးသားနှင့်
ပြုံးနေသော ...
မောင်ကြည်လင်။

ဒါမှ မဟုတ် အများ အခေါ် ချဉ်ဖတ် ကို
တွေ့လိုက် ရ၍ဖြစ်သည်။

"သားရယ်.....
ဘာဖြစ် လာတာလဲဟင်။
ခေါင်းမှာလည်း ပတ်တီးကြီး နဲ့ ပါလား"

ဆရာမ ရဲ့ ကရုဏာ သက်နေတဲ့မြင်ကွင်း ကို
တွေ့သော်လည်း မအံ့သြ ပဲ
ခပ်ပြုံးပြုံး ပဲ နေနေပါတယ်။

"ဘာမှ မဖြစ်ပါဘူး ဆရာမ။
ခေါင်းနည်းနည်းပေါက်သွား တာပါ။

မနက် က အစောကြီး အမေ့ ကို ဈေးထကူပြီး
ဆိုင်ဖွင့်ပေးနေတာ ဘယ်က
လာတဲ့ ခဲလည်း မသိပါဘူး ဆရာမရယ်
အဲ့ဒါ လာမှန်ပြီး ခေါင်းပေါက်
သွား လို့ ပါ"

"သားရယ် ... ဖြစ်မှဖြစ်ရလေ။
မင်းလို စိတ်ကောင်းရှိတဲ့ သူတောင်
ခဲနဲ့ ချောင်းပစ်တဲ့သူ ရှိတယ် တဲ့လား"

"ဆရာမ"

"ဘာလဲ မောင်ထိန်ဝင်း"

ထိန်ဝင်းခေါ်သံကြောင့် ကျောင်းသားတွေ ရဲ့
မျက်လုံး အကြည့်တွေ
သူ့ဆီ ရောက်သွားကြပါတယ်။

ထိန်ဝင်းမှာ မျက်နှာငယ်လေး နဲ့ ဖြစ်နေပါတယ်။

"ဆရာမ.....
ချဉ်ဖတ် ကိုလေးခွ နဲ့ ချောင်းပစ် တာ သားပါ"

"ဟင်"

အားလုံး အလွန်ပင် အံ့သြ မင်သက်သွားကြပါတယ်။
ထို အခါ ချဉ်ဖတ် က -

"သူငယ်ချင်း ထားလိုက် ပါကွာ။
မင်း မပြောပြလဲ ငါသိပြီးသားတွေပါ။
ထားလိုက် စမ်းပါ။
မေ့သာ ထားလိုက် စမ်းပါ။ ငါ ဘယ်သူ့မှ
အပြစ်မတင်ပါဘူး ကွာ။
ငါ့မှာ ခံသင့်တဲ့ အကြောင်းကိစ္စရှိလို့သာ
ခံရတာပါကွာ။ မင်းနဲ့ ဘာမှ မဆိုင်ပါဘူး။

ထိသွားတာလည်း နည်းနည်း ပါကွာ။
ဘာမှ မဖြစ်ပါဘူး။ မင်း ဘာမှ
ဆက်ပြော မနေနဲ့တော့။
ထိုင်ပါကွာ "

အားလုံး ပိုလို့ အံ့သြသွားကြ ပါတယ်။
ခပ်ပြုံးပြုံး နဲ့ နောက်ဆုံးတန်း ကို
လှမ်းဝင် သွားသော လူထူးဆန်း ချဉ်ဖတ် ကို
ဝိုင်းကြည့်နေမိကြတယ်။

ကိုယ့်ကိုခေါင်းပေါက်အောင်
လေးခွ နဲ့ချောင်းပစ် ခံရတာတောင်
ခပ်အေးအေး ပုံစံ နဲ့၊ အပြစ် လုပ်သူ ကိုတောင်
အပြစ် မမြင်ပါလား။

"ထိန်ဝင်း"

ဆရာမ ရဲ့ ဒေါသသံ
စွက်ဖက်နေသောခေါ်သံကြောင့် ထိန်ဝင်း
လန့်သွားကာ ထိုင်ရာ မှ ထလိုက်ပါတယ်။

"မင်းက ဘာဖြစ်လို့ မောင်ကြည်လင် ကို
လေးခွ နဲ့ ချောင်းပစ် ရတာလဲ။
မင်းကွာ ..... မတော် မျက်လုံး မှန် သွားရင်
ဘယ့်နှယ်လုပ် မလဲ။
ဟိုက ရဲသွားတိုင်ရင် လည်း
နင် အဖမ်းခံရ မှာ သိရဲ့လား "

"ဟုတ် .....
သား မှားသွားပါတယ်။ ပြေးပွဲနေ့ က
သူဝင် တိုက်လိုက် လို့ လဲကျသွားတယ်
ထင်ပြီး လေးခွ နဲ့ချောင်း ပစ်မိ တာပါ ဆရာမ"

"သူသာ အကျင့် မကောင်းရင်
နင်လဲ သွားတော့ ပထမ ရအောင်
ပန်းဝင် ယူမှာပေါ့။

ခုတော့ သူ့ကြောင့် နင် ဆေးခန်း ကို
မြန်မြန်ရောက် ရတာလေ"

"ဆရာမ ..... သားကို စကားပြောခွင့်
နည်းနည်းလောက် ပေးပါလား"
နောက်တန်း မှ ချဉ်ဖတ် ထ၍
ပြောလိုက်ခြင်း ဖြစ်သည်။

"သူ့ကို အပြစ်မတင်ပါ နဲ့တော့ ဆရာမ။
တကယ် က သား အပြစ်တွေပါ။
ကိုယ့်ကို အမြင် မကြည်ဖြစ်နေတဲ့ သူကို
အမြင်ကြည်အောင် ပြောတာ
နဲ့ မရနိုင် ဘူးတဲ့။

အချိန်အခါ နဲ့ အလုပ် ကပဲ ဖြေရှင်းပေးနိုင်တယ် တဲ့။
ဒါကြောင့် ဘာမှ မရှင်းပြမိတာ သား အပြစ်တွေပါ။

ပြီးတော့ ကိစ္စတစ်ခု ကို ပြီးသွားတဲ့ အခါ
ပြီးတဲ့ အပေါ်မှာ မျက်နှာသာ
ဝင်မယူရ ဘူးတဲ့။

ကိုယ့်ကောင်းကြောင်း ကိုယ်တိုင် ၀င်ပြောပြီး
မျက်နှာသာ ရအောင် ဘယ်တော့ မှ
မလုပ်မိစေနဲ့တဲ့။

ဒါကြောင့်
ကိစ္စတွေ အားလုံး ထားလိုက်ပါ ဆရာမ။
သား .....
အားလုံး ကို ခွင့်လွှတ် သလို အားလုံးကို လည်း
နားလည်ပေးနိုင် ပါတယ် "


#လွှမ်းဒီသာ(ဟင်္သာတ တက္ကသိုလ်)
-credit

28/03/2018

ကျောက်ဖရုံယို ပြုလုပ်နည်းတစ်​နည်းပထမဆုံး ကျောက်ဖရုံသီးကို အခွံခွာပြီး အတွင်းမှ အစေ့များကို ဖယ်ရှားပြစ်ပါ။ကျောက်ဖရုံသီးအ...
23/03/2018

ကျောက်ဖရုံယို ပြုလုပ်နည်းတစ်​နည်း

ပထမဆုံး ကျောက်ဖရုံသီးကို အခွံခွာပြီး အတွင်းမှ အစေ့များကို ဖယ်ရှားပြစ်ပါ။
ကျောက်ဖရုံသီးအရင့်...နှစ်ချို့ဖြစ်ရပါမယ်။ကျောက်ဖရုံသီး အနုဖြင့် မရပါ။

အခွံခွာလို့ပြီးပါက ကျောက်ဖရုံသီးကို အလျား (၄)လက္မ အနံ(၂)လက္မခန့် အချောင်းလေးများဖြစ်အောင် လှပညီညာစွာ လှီးဖြတ်ပြီး သေချာသန့်စင်အောင် ရေဆေးကြောပါ။

ကွမ်းစားထုံးမှုန့်ကို ရေသန့်သန့်ထဲ၌အနည်းငယ် ထည့်ဖျော်၍ဆေးကြောပြီးသော ကျောက်ဖရုံသီးအစိတ်အပိုင်းများကို ၃နာရီခန့်ကြာအောင် စိမ်ပေးထားရပါမယ်။

သုံးနာရီခန့်ကြာသောအခါ ၎င်းအား ဆယ်ယူ၍ ရေသန့်စင်အောင် တဖန်ဆေးကြောလိုက်ပါ။

ကျောက်ချဉ်အရည် သုံးဇွန်းခန့်ကို ရေ၌ထည့်ဖျော်၍ ရေစစ်ထားသော ကျောက်ဖရုံ အစိတ်အပိုင်းများကို တဖန်ပြန်လည်ပြီး မီးနစ်အနည်းငယ်မျှကြာအောင် စိမ်ထားပေးပြီး ပြန်လည်ဆယ်ယူ၍ ရေထပ်မံစစ်ပေးထားပါ။

သကြားကို လိုသလောက်ချိန်ထည့်ပြီး..ဆားအနည်းငယ်ဖြင့် ကျောက်ဖရုံးသီးအစိတ်အပိုင်းများကို သမအောင် ရောနယ်ပြီး ရေသန့်သန့်ထည့်ကာ နာရီဝက်ခန့် ကျိုချက်ပေးပြီး ပျစ်ခဲလာချိန်၌ အိုးအတွင်းမှဆယ်ယူ၍ ဇကာပေါ်သို့ ဖြန့်ကြဲပေးပြီး အေးခဲသွားသည်အထိ့ ထားပေးလိုက်ပါက သန့်ရှင်းလတ်ဆတ်ပြီး ချိုမြိန်သော ကျောက်ဖရုံယို(သို့)Wintermelon candy ကိုမှီဝဲသုံဆောင်နိုင်ပါသည်။

Credit :Original Uploader
Photo Credit

* ၁ မိနစ် အချိန်ပေးပြီး ဖတ်ကြည့်ရအောင်**"မြန်မာလူမျိုးတွေ စေတနာကောင်းတယ်၊ဒါပေမယ့် ဘာလို့ အများစု ဆင်းရဲနေကြသလဲ???ကောင်းလ...
23/03/2018

* ၁ မိနစ် အချိန်ပေးပြီး ဖတ်ကြည့်ရအောင်**"

မြန်မာလူမျိုးတွေ စေတနာကောင်းတယ်၊
ဒါပေမယ့် ဘာလို့ အများစု ဆင်းရဲနေကြသလဲ???

ကောင်းလိုက်တဲ့ မေးခွန်း။

ဒါကို ပညာရှင်တစ်ယောက်က ဒီလို ဖြေသွားပါတယ်။
*************************************
မြန်မာအများစုက ( TEAM WORK ) အားနည်းတယ်။
မညီညွတ်ဘူး။ ဘေးက နေ သွေးခွဲရလွယ်တယ်။
မနာလိုစိတ် များတယ်။
အချင်းချင်းထဲ ကိုယ့်ထက်သာသွားမှာ မလိုလားဘူး။
သာရင်လည်း မနာလိုဘူး။

သူများကို ချီးကျူးရင် မကြိုက်ဘူး။
ကိုယ့်တစ်ယောက်တည်းကိုပဲ ချီးကျူးစေချင်တယ်။
မုဒိတာ မပွါးနိုင်ဘူး။
ကြိုးစားရမယ့်နေရာ တက်တက်ကြွကြွ မရှိဘူး။
သူများမလုပ်ရင် မလုပ်ချင်ဘူး။
အ ချောင်ခိုချင်တယ်။

ပိုက်ဆံရရင် အဖြုန်းများတယ်။
ဘာဝယ်ရင် ကောင်းမလဲ စဉ်းစားတယ်။
ကိုယ်နဲ့အသုံးတည့်တည့် မတည့်တည့်
သူများဝယ်ရင် လိုက်ဝယ်ချင်တယ်။

စီးပွားရေးလုပ်ရမှာ ကြောက်တယ်။
ရေရှည် အကျိုးစီးပွါးကို မ မျှော်ကိုးတတ်ဘူး။
ပုံမှန်သေချာရတဲ့ ငွေကို ပိုမက်တယ်။
ဝန်ထမ်း ပိုလုပ်ချင်တယ်။

အ တွေးအခေါ်ပိုင်းမှာ တီထွင်ကြံဆမှု နည်းတယ်။
မိရိုးဖလာ အ တွေးအ ခေါ်ကို မပယ်နိုင်ဘူး။
အများလုပ်တာပဲ စောင့်ပြီး
တစ်နိုင်ငံလုံး ၀ိုင်းလုပ်တတ်တယ်။
ဒါကြောင့် ရေရှည် မခံဘူး။

ပြောင်းလဲနေတဲ့ ခေတ်ကို လိုက်နိုင်ဖို့ လိုအပ်တဲ့
ပညာရေးမှာ အားနည်းတယ်။
ဗဟုသုတ လေ့လာဖို့ အားနည်းတယ်။
စိတ်မ၀င်စားဘူး။

ဝေဖန်တာကို အားသန်ပြီး လက်တွေ့ကျကျ
ဆောင်ရွက်မှု အားနည်းတယ်။ အကြံပြုတာကောင်းပြီး
တကယ့် စီမံခန့်ခွဲဖို့ကျ ညံ့တယ်။

ပုတ်ခတ်တာကို မတရား ကြိုက်တယ်။
ကိုယ်ကျရှုံးတိုင်း သူများလည်း ကျရှုံးရမယ်ဆိုတဲ့
အမြင်ရှိတယ်။
ရှုံးပြီး ပြန်ထဖို့ ပျင်းတယ်။
မ အောင်မြင်ရင် ကံကို ပုံချတယ်။
ကိုယ်ကြုံဖူးတဲ့ အ တွေ့အကြုံတစ်ခုတည်းနဲ့ အရာတော်တော်များများကို တစ်ဖက်သတ်သုံးသပ်တယ်။

ကိုယ်နဲ့ အမြင်မတူရင် အားမ ပေးဘဲ
မတရား ရှုံ့ချတယ်။

ဘုရားရှိခိုးတိုင်း ချမ်းသာရပါလို၏ ဆုတောင်းပြီး
အခွင့်အလမ်းလာရင် အခွင့်အလမ်းမှန်းသိအောင်
မ လေ့လာဘဲ ကျော်သွားတယ်။
ပြီးတော့ ပုံမှန်ဘ၀ထဲမှာ ခပ်ပျော်ပျော်နေတယ်။

ကိုယ့်အကြောင်းထက် သူများအ ကြောင်းကို
ပိုပြီးစိတ်ဝင်စားတယ်။
လေကန်ပြီး အချိန်ဖြုန်းတာ များတယ်။

ပိုဆိုးတာက ပိုက်ဆံတော့ ရှိပါရဲ့။
တိုးပွါးအောင် လုပ်ဖို့ စိတ်ကူးနည်းတယ်။
ပိုက်ဆံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။
အကျိုးရှိအောင် မရင်းနှီးတတ်ဘူး။
ဘ၀မှာ ပိုက်ဆံတစ်ခုပဲ ရှိအောင် လုပ်တယ်။
အောင်မြင် ကျော်ကြားဖို့၊ အများအတွက်
ဆောင်ရွက်ဖို့ စိတ်မ၀င်စားဘူး။

ကိုယ်သိတာကို သိသလို အသုံးမချတတ်ဘူး။
ပညာရှင်တွေကလည်း ကိုယ့်ပညာကို
မျှဝေမ ပေးချင်ဘူး။
လူတော်တွေပေါ်ထွက်လာအောင်
မ မွေးမြူချင်ဘူး။

“အဲဒါတွေက ဆင်းရဲစေတာပါပဲ”

ကဲ မှန်နေသလားလို့.......။

တဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါသည်။

Credit : Kumara Ashin
Photo Credit

ရန်ကုန်  ↔️  ပြည်     ပြည်  ↔️  ရန်ကုန်သို့ ကုန်ပစ္စည်းများတင်ပို့လိုသောလူကြီးမင်းတို့စိတ်တိုင်းကျ ပို့ဆောင်ပေးမဲ့ ရွှေမြင...
13/03/2018

ရန်ကုန် ↔️ ပြည်
ပြည် ↔️ ရန်ကုန်သို့ ကုန်ပစ္စည်းများတင်ပို့လိုသောလူကြီးမင်းတို့စိတ်တိုင်းကျ ပို့ဆောင်ပေးမဲ့ ရွှေမြင်းပျံလာပါပီခင်ဗျာ 🚛🚛

တိကျ မြန်ဆန် မှန်ကန်စေရမည် 🚵🚵

ph - 09957765524 📲📲

Address

Pyay
TRANSPORT

Website

Alerts

Be the first to know and let us send you an email when Shwe Myinn Pyan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share