20/07/2026
လာမယ့် ထောပတ်သီးရာသီမှာ ထိုင်းနဲ့ တရုတ်ကို တရားဝင်တင်ပို့နိုင်ရေး ဆွေးနွေးနေ
The Farmer Times၊ ဇူလိုင်လ ၁၉၊ ၂၀၂၆။
လာမယ့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ ထိုင်းနဲ့ တရုတ်ကို ထောပတ်သီး တရားဝင်တင်ပို့ခွင့်ရရှိပြီး၊ တည်ငြိမ်တဲ့ဈေးကွက် ရရှိနိုင်ရေးအတွက် ဆွေးနွေးညှိနိူင်းမှုတွေ ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်း မန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP)က ပြောပါတယ်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် မြန်မာ့ထောပတ်သီးများကို ထိုင်းနှင့် တ ရုတ်နိုင်ငံတို့သို့ တရားဝင်တင်ပို့ခွင့်ရရှိပြီး တည်ငြိမ်သော ဈေးကွက်ရရှိစေရန် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်း သီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) က ဦးဆောင်၍ နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်။
လက်ရှိမှာ ထောပတ်သီးကို ရှမ်းပြည်နယ်၊ တာချီလိတ်နယ်စပ် ကုန်သွယ် ရေးလမ်းကြောင်းကတစ်ဆင့် ထိုင်းနိုင်ငံကို တရားမဝင် တင်ပို့ရောင်းချနေရခြင်းဖြစ်ပြီး၊ ပင်လယ်ရေကြောင်း ကုန် သွယ်ရေးနဲ့ တခြား နယ်စပ်ဂိတ်တွေကနေ ထိုင်းစျေးကွက်ကို တရားဝင် တင်ပို့ခွင့်ရရှိဖို့အတွက် နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှု တွေ ပြုလုပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံကိုလည်း မြန်မာ့ထောပတ်သီး တရားဝင် တင်ပို့ခွင့်ရရှိရေးအတွက် ဆောင် ရွက်နေရာ လက်ရှိမှာ အထွေထွေအကောက်ခွန် အာဏာပိုင်အဖွဲ့ (GACC) ရဲ့ စာချုပ်မူကြမ်း စိစစ်ဆဲအဆင့်ကို ရောက်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
" တရုတ် GACC အဖွဲ့ကနေ စာချုပ်မူကြမ်း စိစစ်တဲ့အဆင့်ကို ရောက်နေပြီ။ ထိုင်းကိုလည်း ပုံမှန် ကုန်သွယ်ရေးကနေ တရားဝင်ပို့နိုင်ဖို့ကိုလည်း နှစ်နိုင်ငံညှိနှိုင်းထားတယ်။ လာမယ့်နှစ်မှာ စတင်နိုင်ဖို့ မျှော်မှန်းထားတယ်။ ထောပတ်သီးက လျာထားချက် သစ်သီးဝလံစာရင်းမှာ မပါပေမယ့် တင်ပို့မှုနူန်းက တိုးတက်လာတယ်။ အလားအလာကောင်းတဲ့ သီးနှံတဲ့ပါလာတယ်။ အခုက ထိုင်းကိုပဲ နယ်စပ်ကနေ အဓိကပို့တာရှိတယ် " လို့ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်း ရွက် စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ထောပတ်သီးကို ပြည်ပတင်ပို့ရာမှာ အဓိကအားဖြင့် Hass အမျိုးအစား ထောပတ်သီးကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ထောပတ်သီးရာသီမှာ ပြည်ပကို ထောပတ်သီး တန်ချိန် ၁၀,၀၀၀ နီးပါး တင်ပို့နိုင်ခဲ့ ပြီး၊ ဝင်ငွေ အမေရိကန်ဒေါ်လာ ၆ သန်းခန့်အထိ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ သစ်သီး ဝလံ၊ ပန်းမန်နှင့် ဟင်း သီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) ရဲ့ ကုန်သွယ်မှု စာရင်းတွေအရ သိရပါတယ်။
အလားတူ ၂၀၂၄-၂၀၂၅ ရာသီမှာလည်း ပြည်ပကို ထောပတ်သီး တန်ချိန် ၈,၁၈၀ တန်သာ တင်ပို့နိုင်ခဲ့ပြီး၊ ဝင်ငွေ အမေရိကန်ဒေါ်လာ ၄ဒသမ၅ သန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။
နှစ်အလိုက် နှိုင်းယှဥ်ပါက ပြီးခဲ့တဲ့ ၂၅-၂၆ ထောပတ်သီးရာသီမှာ ပြည်ပကို ထောပတ်သီး တန်ချိန် ၂,၀၀၀ နီးပါး ပိုမိုတင်ပို့နိုင်ခဲ့တာကို တွေ့ရပါတယ်။
MFVP အသင်းဝင်တစ်ဦးက " ထောပတ်သီးက မနှစ်ကနဲ့ယှဥ်ရင် တင်ပို့မှုတန်ချိန် မြင့်လာတယ်။ တ ရားဝင်စျေးကွက်သာရှိမယ်၊ ထိုင်းအပြင် တ ရုတ်လည်း တင်ပို့ခွင့်ရမယ်ဆိုရင် ပြည်ပစျေးကွက် ပိုအားကောင်းလာမှာပါ။ ပြည်တွင်း စားသုံးမှုကလည်း အထိုက်အလျောက် ရှိပါတယ်။ အခုကတော့ ထိုင်းကိုပဲ တာချီလိတ်ဘက်က ပို့နေတာရှိတယ်။ " လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ထောပတ်သီး ရာသီချိန်က ထိုင်း စျေးကွက်မှာ ထောပတ်သီး ရည်အသွေးနှင့် အလုံးအ ရွယ်အစားအလိုက် ထောပတ်သီး တစ်ကီလိုကို ထိုင်းဘတ်ငွေ ၅၀ မှ ၈၀ ဘတ်အတွင်း စျေးပေါက်ခဲ့တယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ပြည်ပကို တင်ပို့နေတဲ့ Hass အမျိုးအစား ထောပတ်သီးရာသီချိန် ကုန်ဆုံးသွားပြီ ဖြစ်တဲ့အတွက် ပြည်ပကို ထောပတ်သီး တင်ပို့မှုလည်း ရပ်နားသွားပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်တွင်းမှာ ထောပတ်သီး အထွက်နှုန်းကောင်းပေမယ့် အရည်အသွေး ကောင်းမွန်တဲ့ အသီးအထွက်နူန်း နည်းနေတဲ့အတွက် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှ မျိုးစပ်ဖြစ်တဲ့ Hass အ မျိုးအစား ထောပတ်သီးကို တင်သွင်းစိုက်ပျိုးပြီး၊ ပြည်ပကိုတင်ပို့ရာမှာလည်း အဲဒီ Hass အမျိုးအစား ထောပတ်သီးကိုသာ တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။
ထောပတ်သီးကို ပြည်တွင်းစားသုံးမှု အနေနဲ့ ဖျော်ရည်လုပ်ငန်းတွေကသာ အဓိကသုံးစွဲမှုရှိပြီး၊ တ ခြားထုတ်ကုန်အနေနဲ့ ဖန်တီးထုတ်လုပ်မှုနည်းပြီး၊ စားသုံးမှုကလည်း နည်းပါးနေသေးတာကြောင့် ပြည် ပစျေးကွက်ကိုသာ အဓိက အားထားနေရတာ ဖြစ်တယ်လို့ MFVP က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ထောပတ်သီးကို အဓိကအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ဟိုပုံး၊ ရွာငံ၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရပ်စောက်၊ ပင်လောင်း၊ ဖယ်ခုံ၊ လွိုင်လင်နဲ့ ရှမ်းပြည် နယ် (မြောက်ပိုင်း) လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုနှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တို့မှာ အများဆုံး စိုက်ပျိုးကြတာ ဖြစ်ပါတယ်။
#ထောပတ်သီး #စိုက်ပျိုးရေး #မြန်မာ့လယ်ယာထွက်ကုန် #ကုန်သွယ်မှု #ထိုင်းဈေးကွက် #တရုတ်ဈေးကွက်