14/01/2026
မိုင်းလားဖက်ကိုသခွားတင်ရင်ကားခ(၁၅၀)သိန်းလောက်(ဂျပ်ဖာပို့ခ အပါ) ရန်ကုန်တိုင်းဖက်ကနေဖရဲတင်ရင်(၁၂၀)သိန်းရတယ်။
ကားသမားတွေငွေပမာဏအများကြီးကိုင်ရတာဘဲရှိတာ။ခေါက်ကြေးလေးနုတ်ပြီးအုံနာကိုမျက်နှာလုပ်ဖို့ (၁၅)သိန်း-သိန်း(၂၀)လောက်ကျန်အောင်အပြန်ကုန် ကျောက်မီးသွေးနဲ့စရိတ်ဖာနိုင်မှ။
တာယာတလုံးနှစ်လုံးပွင့်တာ။စက်ပိုင်းချို့ယွင်းတာမျိုးပါရင်။အုံနာကိုဘယ်လိုမျက်နှာပြရမှန်းမသိ။အပ်ငွေနတ္တိ။
တလတခေါက်ခွဲလောက်ကြန့်ကြာတဲ့ကားရဲ့ခရီးနဲ့ပြန်ရတဲ့ ကျန်ရတဲ့ကားခ၊အဝေးပြေးကားတစီးထောင်ပြီး အိမ်စရိတ်တောင်အနိုင်နိုင်။အုံနာပြောတာပါ။
ဖရဲသခွားတောင်သူများဈေးကောင်းရပါစေ
ကားသမားများဘေးကင်းပါစေ###x