Soul Notes by PSW

Soul Notes by PSW Not just words — echoes from within. Soul Notes by PSW.

03/09/2025

လူတစ်ယာက်နဲ့တစ်ယာက် မတူညီတဲ့ ဘဝအခြေအနေဲ၊ ဖြတ်သန်းရတဲ့ပတ်ဝန်းကျင် အခြေအနေတွေခြားမှာ ဘာလို့များ အတင်းကြီးလိုက်ပြီး ချိန်ခွင်လျှာညှိ နှိုင်းယှဉ်နေကြတာလည်း ။
အဲ့တာလွယ်ကူလွန်းတဲ့ Social media ပေါ်က မှိုလိုပေါက်နေတဲ့ Motivate စဆရက တွေရဲ့ သူတို့ Attentions အတွက် လူတွေရဲ့ တွေးခေါ်မှုတွေကို အဆိပ်ခတ်နေတဲ့ အပေါ်ယံပဲချိုတဲ့ အတုယောင်တွေ။
လူတစ်ယောက်က ကိုယ့်ကံကြမ္မာ ကိုယ့်အနာဂါတ်အတွက် ကိုယ်ကိုယ်တိုင်ပဲတာဝန်ရှိတယ်။
မင်းဖြစ်ချင်တာလည်းဘာလုပ်ချင်တာလည်း ဘာလုပ်သင့်တာလည်းကို ကိုယ်ကိုယ်တိုင် Self research လုပ်။Fb ပေါ်က Motivator တွေကတကယ့် Mentors တွေမဟုတ်ဘူး။
အနည်းဆုံးတော့ ChatGPT ,GEMINI ကမှ Mentors ဖြစ်ကောင်းဖြစ်နိုင်ဦးမယ် ..။ သင်ကဘာဖြစ်ချင်တာလည်း ဘာကိုသိချင်တာလည်းကောင်းကောင်းမေးတတ်ဖို့ပဲလိုတာ ။ ဒါလည်းမခက်ဘူး မြန်မာလို့ရေးလို့ရနေတာပဲ။
နည်းနည်းလေးတွေးမကြည့် စဉ်စားမကြည့်ပဲ “အ”လို့ ခံနေကြရတာ။ ခုခေတ်မှာ လိမ်စားတာက ကိုယ့်လက်ထဲငွေကိုလိမ်ယူသွားတာမှ လိမ်စားတယ်ခေါ်တာမဟုတ်ဘူး။ ခေတ်ကတိုးတက်နေပြီ လုပ်စားတတ်တဲ့သူက “အ” တဲ့သူထက်ရှေ့ကိုတစ်ကွက်ကြိုမြင်တယ်။ နည်းနည်းလောက်ဖြစ်ဖြစ်ကိုယ့်အိမ်မက်ကိုကိုယ်တိုင်ပုံဖော်ကြည့်ပါ။

05/08/2025

ငယ်ငယ်က ကြီးလာရင်ဘာဖြစ်ချင်လည်းလို့မေးရင် သူများတွေက ဆရာဝန်ကြး ၊အင်ဂျင်နီယာကြီး၊ စစ်ဗိုလ်ကြီး ဖြစ်ချင်တယ်လို့ ပြောကြပေမယ့် ကိုယ်က Architect (ဗိသုကာပညာရှင်) ဖြစ်ချင်တယ်လို့ဖြေခဲ့ဖူးတဲ့။ ငယ်ငယ်ကတကယ်လည်း စိတ်ဝင်စားခဲ့ဖူးတယ် ။
တစ်နေ့ရွှေ တစ်နေ့ငွေ ဖြစ်နေတဲ့လောကဓံကြားမှာ ဖြစ်ချင်တာတွေ ဝါသနာတွေ နဲ့လက်တွေ့ထပ်တူကြဖို့ဆိုတာထင်သလောက်မရိုးရှင်းပေမယ့် အနည်းဆုံးတော့ နီးစပ်ခဲ့သင့်တာမဟုတ်လား…။
ခုချိန် အသက် ၃၀ ကျော်အရွယ်မှာ မင်းရဲ့အိမ်မက်ကဘာလည်းမေးခံရတဲ့အချိန် တစ်မီးနစ်လောက် ငြိမ်သက်သွားတယ်။ ခုချိန်သေချာပြန်စဉ်းစားကြည့်တော့ ငါငယ်ငယ်ပြောခဲ့ဖူးတဲ့Architect တစ်ယောက်ဖြစ်ချင်တယ်ဆိုတာ လျှောက်ပြောခဲ့တာမဟုတ်ဘူးဆိုတာပဲ။ဒါဆို ဘာလို့ ဆယ်တန်းအောင်ပြီးတဲ့နောက်ပိုင်းတွေမှာဝါသနာပါရာကိုဆက်မလှမ်းခဲ့တာလည်း..။ အမှတ်မမှီခဲ့တာတွေ ခုခေတ်လို ပြင်ပတက်လို့ရတဲ့ကျောင်းတွေ ၊အခွင့်လမ်းတွေ ၊မိသားစု Background တွေအမျိုးမျိုးပေါ့။
ဒါဟာ ခုလက်ရှိအခြေနေကို မကျေနပ်လို့မဟုတ်ပဲ တစ်ယောက်ယောက်ဆီက မင်းရဲ့အိမ်မက်ကဘာလည်းလို့မေးခံရတဲ့အချိန် ဘာပြန်ဖြေရမှန်းဖြစ်သွားတဲ့အခိုက်တန့်ကို သတိရမိလို့။
ခုတော့ ကိုယ်နဲ့ကိုက်ညီရာ ကိုယ်စိတ်အားထက်သန်ရာကို အကောင်အထည်ဖော်နေတဲ့အခြေနေမို့ “ငါဖြစ်ချင်တာ အဲ့ဒါ “ ဆိုတာ ကိုယ့်ကိုယ်ကို Awareness လာပေးတာ..။

25/06/2025

ဘဝကိုအရိုးရှင်းဆုံးဖြတ်သန်းဖို့ဆို အတတ်နိုင်ဆုံးအပူပင်ကင်းဖို့လိုတယ် ။
အပူအပင်ကင်းဖို့ဆို ကိုယ်ကိုယ်တိုင်လည်း လုပ်ဆောင်ဖို့လိုသလို ကိုယ့်ကိုအပူလာဟပ်စေမယ့်ဘေးက မပူကောင်တွေကိုလည်းရှောင်ဖို့လိုတယ်။
ကိုယ့်ကြောင့် ကိုယ့်ရွေးချယ်မှုကြောင့် မဟုတ်ပဲ သူများကြောင့် ကိုယ်ကစိတ်အနှောက်ယှက်ဖြစ်နေရတာ စိတ်ပင်ပန်းရတာက ကိုယ့်Energy ကိုပိုကုန်ခန်းစေတယ် ။
ဒါကြောင့် အဆိုးမြင်သင့်ရင် မြင်ဖို့လိုတယ် လို့ပြောခဲ့တာ ..။
ကိုယ့်ရဲ့တစ်နေ့တာတွေက လုပ်ဆောင်စရာတွေများလှတယ်မလား ။ ကိုယ့်ဘဝ အတွက် လေ့လာစရာတွေ စားဝတ်နေရေး လုပ်ဆောင်ရမှာတွေ ၊ ချစ်ရခင်ရ သူတွေနဲ့ တစ်နေတာ ဖြတ်သန်းဖို့လည်းအချိန်ပေးရဦးမယ်မလား ..။
ဒါကြောင့် တစ်နေ့တာ အရိုးရှင်းဆုံးဖြတ်သန်းပါ
အပူပင်ကင်းအောင် လုပ်ဆောင်ပါ
ချစ်ရ ခင်ရ သူတွေနဲ့content လုပ်ပါ ။
အရိုးရှင်းဆုံး ရယ်မောပါ ..။

အေးချမ်းပါစေ။
Soul 🧙🏻‍♀️

24/06/2025

မင်္ဂလာရှိတဲ့ နေ့ရက်လေးဖြစ်ပါစေ…။
ဒီနေ့လည်း အရိုးရှင်းဆုံး ပြုံးထားပါ..။
အလှပဆုံး ရယ်မောပြီး အဓိပ္ပါယ်ရှိရှိဖြတ်သန်းပါ။
မနက်ဖြန် အင်အားရှိစွာ စတင်နိုင်အောင်
ဒီနေ့ ပျော်ရွှင်စရာတွေကို …
တွေးပါ လုပ်ဆောင်ပါ ဖန်တီးပါ ။

Soul ..🧙🏻‍♀️

23/06/2025

လူတစ်ယောက်က အမြဲတမ်းအကောင်းကြီးပဲမြင်နေလို့မရဘူး…။
ဆိုးတဲ့အရာကို အဆိုးမြင်တတ်ဖို့လည်းလိုတယ်
မြင်နိုင်ဖို့လည်း လိုတယ် ..။

01/03/2024

ဒီခေတ်မှာ ဘာမှမလေ့လာပဲ ဘဝကိုထိုင်ငြီးပြီး အလကားနေနေတဲ့သူတွေနဲ့ မလုံလောက်တဲ့လစာလေးနဲ့ တစ်နေ့တာ တစ်လတာ ကုန်ဆုံးနေသူတွေ other income လည်းဖြစ်စေမယ့် တစ်ခုခုကိုလေ့လာကြည့်သင့်တယ်

စိတ်ဝင်စားမှုနဲ့ ကြိုးစားမှုလေး စိုက်ထုတ်ပေးရင်
ဖုန်းလေးတစ်လုံး အင်တာနက်လေးရနေရုံနဲ့ ဝင်ငွေဖန်တီးနိုင်မယ့် ပညာရပ်တွေကိုလေ့လာလို့ရနေတာပဲ

Digital ,web3 ခေတ်တွေမှာ content creating တွေ၊
Digital marketing တွေ ၊ Crypto currency နဲ့ Forex
လိုမျိုး Trading platform တွေကိုလေ့လာသင်ယူသင့်တယ်
သက်ဆိုင်ရာနယ်ပယ်တွေမှာ တကယ်တတ်ကျွမ်းတဲ့ ပညာရှင်တွေသင်ပြပေးနေတဲ့ page တွေ YouTube channel တွေမှာသွားလေ့လာကြ နောက်ကျတယ်ဆိုတာမရှိဘူး ။

27/02/2024

The results of patient 1 btc = 56000
👍👍👍

Address

Thanlyin

Telephone

+959440963261

Website

Alerts

Be the first to know and let us send you an email when Soul Notes by PSW posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Soul Notes by PSW:

Share