30/10/2024
ခရီးသွားတွေ မျှော်နေတဲ့ ရှမ်း(တောင်)
ကလော အင်းလေး ဒေသတွေရဲ့ ပြန်လည်ထူထောင်ရေးမှာ လှူနေကူနေကြတာ တကယ်အားရစရာပါပဲ
မလွယ်တာတွေရှိပေမဲ့ ပြန်လည်ထူထောင်ရေးမှာ
အထိရောက်ဆုံးက ခရီးသွားတွေ ရှမ်းတောင်ကို လာကြဖို့ပဲ
လမ်းပန်းဆက်သွယ်ရေးလည်း စိတ်ချရပြီဖြစ်သလို
ရာသီဥတုကလည်း ကောင်းနေပြီ
၉၀% လောက် အရင်လိုပြန်လည်ပတ်နိုင်ပြီဖြစ်တာကြောင့်
ခရီးသွားတွေ လာကြရင်ကို ဒီဒေသတွေက
ပြန်လည်ထူထောင်ရေး ပိုမြန်လာမှာပါ
ဒေသခံတွေ အလုပ်အကိုင်ပျက်ကြရတာ ၃ လနီးပါးရှိပြီ
ပျက်စီးဆုံးရှုံးမှုတွေ အများကြီးကြုံခဲ့ကြပြီ
လှူနေ ကူနေသူတွေလည်း ပင်ပန်းလာပြီဆိုတဲ့အချိန်မှာ
ခရီးသွားတွေက အက္ခရာကျလာပြီလို့ ပြောရမယ်
သီတင်းကျွတ်အမှီ ပြန်လည်ပတ်နိုင်ဖို့ ကြိုးစားပြင်ဆင်ကြတာ ကိုယ်တိုင်မြင်ခဲ့ရတယ်
သို့ပေမဲ့ သီတင်းကျွတ်မတိုင်ခင်က FB ပေါ်တက်လာတဲ့ post
တစ်ခုကြောင့် ခရီးသွားတွေ မလာကြတော့
ဒေသခံတွေ စျေးသည်တွေ အခြေခံလူတန်းစားတွေ
ရွာသားတွေရဲ့ သီးနှံတွေ ရောင်းစရာနေရာ မရှိခဲ့ပါ
အခုချိန်က တိမ်ပင်လယ်တွေ
နေကြာရိုင်းတွေ တောပန်းတွေ
မြူနှင်းတွေနဲ့ လှပနေပါပြီ
ဒေသသီးနှံတွေ ပေါများချိန်လည်းရောက်ပြီ
ကလောကော အင်းလေးကော
၉၀% ပြန်လည်ပတ်နိုင်ပြီမို့
ဒီအချိန်မှာ ခရီးသွားတွေ ရှမ်းပြည်ကို
ရောက်လာတာက ဒီဒေသအတွက်
ပိုအထောက်အကူပြုမယ်လို့
မိမိအမြင်ကို ချရေးလိုက်ပါတယ်
Photo crd
#ကလော
#နမ့်လတ်
#ညောင်ရွှေ