SM Delivery Service

SM Delivery Service ငွေကြိုရှင်းပေးပါသည်။ (၃ ထုပ်နှင့်အ?

16/08/2022

လူကြီးမင်းတို့၏ ပစ္စည်းများကို
အိမ်​အ​ရောက်​ ပို့​ဆောင်​​ပေး​စေချင်​တယ်​ဆိုလျှ SM delivery ကိုသတိရလိုက်​ပါ
ငွေကြိုရှင်း​ပေးသလို ၄၈နာရီအတွင်း
အ​ရောက်​ပို့​ပေး​နေပါပီ​ဗျ
သုံး​နေရာနှင့်​အထက်​လာယူခ​ပေး​ဆောင်
စရာမလိုပါဘူး​နော်
မိမိတို့၏ပစ္စည်းများကို ​ယုံကြည်​စိတ်​ချစွာအပ်​နှံနိုင်​ပါတယ်​ဗျ ​ငွေလဲကြိုရှင်း​ပေးတယ်​ဆို​တော့ အမြန်​ဆုံးသာ
SM delivery နဲ့ဆက်​သွယ်​လိုက်​ပါ
တစ်​​ပေပတ်​လည်​အထက်​ဆိုလျှင်​​တော့
ငွေကျပ်​ငါးရာသာပို​ကောက်​ပါတယ်​​နော်
ပစ္စည်းအရမ်းကြီးတယ်​ဆိုလျှင်​လဲညှိနှိုင်း​ဈေးနဲ့ပို့​ပေးပါတယ်​​နော်
Deliခယူတဲ့နှုန်းထား​လေး​တွေက​တော့

22/05/2021
ခရက်ဒစ်NUG ကို ထိကပါးရိကပါး ပြောနေတဲ့ အကောင့်တစ်ခုကို တွေ့ရင် အဲဒီအကောင့်ရဲ့ တိုင်းလိုင်းထဲ ဆက်လေ့လာကြည့်ပါ။ အမေစုကို၊ N...
22/05/2021

ခရက်ဒစ်

NUG ကို ထိကပါးရိကပါး ပြောနေတဲ့ အကောင့်တစ်ခုကို တွေ့ရင် အဲဒီအကောင့်ရဲ့ တိုင်းလိုင်းထဲ ဆက်လေ့လာကြည့်ပါ။ အမေစုကို၊ NLD ကို၊ CRPH ကို၊ NUG ကို၊ PDF ကို၊ ၂၀၂၀ ရွေးကောက်ပွဲကို၊ ပြည်သူအဓိကမဟာဗျူဟာ ကို၊ နွေဦးတော်လှန်ရေး ကို ထိကပါးရိကပါး ပြောထားတာတွေ ဆက် တွေ့ရပါလိမ့်မယ်။

အဲလို အတွဲလိုက် ထိကပါးရိကပါး ပြောနေတာဟာ တိုက်ဆိုင်မှုလား၊ တမင်သက်သက်လာ၊ ခွဲခြားဖို့အတွက် အောက်ဖော်ပြပါ အချက်တွေထဲက အချက်တစ်ချက်တောင်မှ အဲဒီအကောင့်ရဲ့ တိုင်းလိုင်းထဲမှာ တင်ဖူးသလား ကြည့်ရအောင်။

===================

(၁) Milk Tea Alliance လှုပ်ရှားမှု အကြောင်း တင်ဘူးလား

(၂) မြစ်ဆုံ ပိတ် ဆည် စီမံကိန်း အကြောင်း တင်ဘူးလား

(၃) ကျောက်ဖြူ ကူမင်း ပိုက်လိုင်းအကြောင်း တင်ဘူးလား

(၄) ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအကြောင်း တင်ဘူးလား

(၅) ကိုကိုးကျွန်းပေါ်က လေယာဉ်ကွင်းဟာ မှော်ဘီလေတပ်စခန်းထဲက လေယာဉ်ကွင်းထက် ဘာ့ကြောင့် ပြေးလမ်းပိုရှည်နေသလဲ တင်ဘူးလား

(၆) လူတန်းစား လွတ်မြောက်ရေး ကွန်မြူနစ် လက်နက်ကိုင်တွေဟာ မိခင်ကွန်မြူနစ်ပါတီကို အာဏာသိမ်း ပြန်အပြီး နောက်ပိုင်းမှာ ငါ့အမျိုးမှ ငါ့အမျိုး ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင် ဖြစ်သွားလေသတည်း ဆိုတဲ့ ရှီကျိန်းဖျင် ဇာတ်ညွှန်းရေးခဲ့တဲ့ ဗမာပြည်ကွန်မြုနစ်ပါတီ နောက်ဆုံးရက်များအကြောင်း တင်ဘူးလား

(၇) ဖက်ဆစ် နဲ့ ကွန်မြူနစ် ဘာတွေတူလို့ ဘာတွေကွာ သလဲဆိုတဲ့ အကြောင်း တင်ဘူးလား

(၈) Red Corner ဆိုတဲ့ နာမည်ကျော် ရုပ်ရှင်အကြောင်း တင်ဘူးလား

(၉) လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဘာလို့ခွင့်ပြုခဲ့တာလဲ ဆိုတဲ့အကြောင်း တင်ဘူးလား

(၁၀) ချိုင်းနားက တက္ကသိုလ်တွေမှာ ဒီမိုကရေစီရွေးကောက်ပွဲအကြောင်း တကယ်သင်ရဲ့လားဆိုပြီး မေးခွန်းထုတ်သင့်ကြောင်း တင်ဘူးလား

(၁၁) သီရိလင်္ကာဆိပ်ကမ်းကို ချိုင်းနားကွန်မြူနစ်ပါတီက အကြွေးနဲ့ သိမ်းလိုက်တဲ့ နယ်ချဲ့ ဂုတ်သွေးစုပ် ဗျူဟာအကြောင်း တင်ဘူးလား

(၁၂) ၁၉၈၈ နဲ့ ၂၀၁၀ ကာလအကြား ကုန်းတွင်းပိတ် ချိုင်းနားယူနန် ထောင်တက်သွားပြီး ပြည်ထောင်စုမြန်မာ မွဲသွားတာ ဘာ့ကြောင့်ဆိုတဲ့ အကြောင်း တင်ဘူးလား

(၁၃) ချိုင်းနားနယ်စပ်တလျှောက် မူးယစ်ဆေးဝါး နဲ့ စိတ်ကြွဆေးပြား ထုတ်လုပ်ရာမှာ ချိုင်းနားကွန်မြူနစ်ပါတီ ထိပ်ပိုင်းက ပါဝင်ပတ်သတ်နေတဲ့ အကြောင်း တင်ဘူးလား

(၁၄) ချိုင်းနားကွန်မြူနစ်ပါတီရဲ့မဆင်မခြင် ဆည်တွေဆောက်ပြီး ရေကို လိုသလို ထိန်းချုပ်နေတဲ့အတွက် မဲခေါင်မြစ်အောက်ပိုင်း ပျက်စီးနေတဲ့ အကြောင်း တင်ဘူးလား

(၁၅) ချိုင်းနားနယ်နိမိတ်ထဲက သံလွင်မြစ်ညာမှာ ဆည်တွေ ဘယ်လောက်တောင်တည်ထားတဲ့အကြောင်း တင်ဘူးလား

(၁၆) ၁၉၈၉ တီအန်မင် ဒီမိုကရေစီအရေးတော်ပုံမှာ ချိုင်းနား ကျောင်းသားပြည်သူတွေကို ကွန်မြူနစ်အစိုးရက ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့အကြောင်း တင်ဘူးလား

(၁၇) ထိုင်းနယ်စပ်မှာ မြန်မာမဝင်ရဆိုတဲ့ ချိုင်းနားကွန်မြူနစ်ပါတီက လာတည်ထားတဲ့ ရွှေကုက္ကိမြို့အကြောင်း တင်ဘူးလား

(၁၈) ချိုင်းနားနိုင်ငံသား ကျော်မြင့်ဟွာဟူက ဥက္ကဋ္ဌ လုပ်ခဲ့တဲ့ နှင်းဆီပါတီ မြန်မာနိုင်ငံအတွင်းဘယ်လို ခြေကုပ်ယူခဲ့သလဲ ဆိုတဲ့အကြောင်း တင်ဘူးလား

(၁၉) မြူးဇစ်ဇုန် ကေတီဗီလို ကေတီဗီ မာဇတ် ကလပ် ဇိမ်ခန်း တွေ မြန်မာပြည်အနှံ့ ဘာ့ကြောင့်ရှိနေတယ် ဘယ်သူတွေပိုင်ဆိုင်လို့ ငွေတွေ ဘယ်ကို စီးဆင်းသွားတယ် ဆိုတဲ့အကြောင်း တင်ဘူးလား

(၂၀) ဘီယာ အရက် နဲ့ စီးကရက်ကို မြန်မာပြည်အနှံ့က လူငယ်တွေကြား တမင်ပြန့်နှံ့အောင် တမင် စွဲလမ်းအောင် လုပ်ထားတယ်ဆိုတဲ့အကြောင်း တင်ဘူးလား

(၂၁) မြန်မာပြည်အနှံ့ ကလေးသူငယ် လုပ်သားတွေများပြားနေရတဲ့ အကြောင်းရင်း နဲ့ ချိုင်းနားနယ်စပ်မှာ မြန်မာ သမီးပျိုတွေ လူကုန်ကူး ခံနေရတဲ့ အကြောင်း တင်ဘူးလား

(၂၂) ပြည်တွင်းစစ် ကြာမြင့်နေရတဲ့ အကြောင်းရင်းထဲ ချိုင်းနားကွန်မြူနစ်ပါတီရဲ့ ဝင်ရောက်စွက်ဖက်မှု အကြောင်း တင်ဘူးလား

(၂၃) ထိုင်းနိုင်ငံမှာ စစ်တပ်က ဘာကြောင့် ခဏခဏ အာဏာသိမ်းရတာလဲ ဆိုတာနဲ့ အိန္ဒိယမှာ စစ်တပ်က ဘာကြောင့် တစ်ခါမှ အာဏာ မသိမ်းရတဲ့ အကြောင်း တင်ဘူးလား

(၂၄) ရခိုင်ဒေသက ထွက်ရှိတဲ့ သဘာဝ ဓါတ်ငွေ့တွေကို မြန်မာပြည်အတွက် အသုံးမပြုပဲ ဘာလို့ ချိုင်းနားကွန်မြူနစ်ပါတီကို ရောင်းစားလိုက်ရတဲ့အကြောင်း တင်ဘူးလား

(၂၅) ပါကစ္စတန်ရေတပ် နဲ့ ဘင်္ဂလားဒေ့ရှ်ရေတပ် ကို ဘာလို့ မော်ဒယ်တူတဲ့ ရေငုပ်သင်္ဘောတွေကို ချိုင်းနားကွန်မြူနစ်ပါတီက လက်ဆောင်ပေးထားတဲ့ အကြောင်း တင်ဘူးလား

(၂၆) မြန်မာပြည်က မြေရှားသတ္တုတွေကို ဘာကြောင့်ချိုင်းနားကွန်မြူမစ်ပါတီက လက်ဝါးကြီး အုပ်ထားတဲ့ အကြောင်း တင်ဘူးလား

(၂၇) ၁၉၈၈ ကနေ ၂၀၁၆ အတွင်း ဖားကန့်ကျောက်စိမ်းဒေသဟာ အသူရာနက်တဲ့ ချောက်ကြီးတွေ ဖြစ်သွားတာ ဖြစ်သင့်ရဲ့လား ဆိုတဲ့အကြောင်း တင်ဘူးလား

(၂၈) ချိုင်းနား လူ့အခွင့်အရေး လှုပ်ရှားသူ ပြည်သူတွေကို ချိုင်းနား ကွန်မြူနစ်ပါတီက ဘယ်လို အကြမ်းဖက် ဖိနှိပ်တဲ့အကြောင်း တင်ဘူးလား

(၂၉) ချိုင်းနားကွန်မြူနစ်ပါတီ ကျောထောက် နောက်ခံပေးထားလို့ အာဏာရနေတဲ့ မြောက်ကိုးရီးယား အစိုးရအကြောင်း တင်ဘူးလား

(၃၀) ချိုင်းနားကွန်မြူနစ်ပါတီ ကျောထောက် နောက်ခံပေးထားလို့ အာဏာရနေတဲ့ မြောက်ကိုးရီးယား အစိုးရ အုပ်ချုပ်မှုအောက်က လူငယ်တွေရဲ့ နေ့စဉ်ဘဝ အကြောင်း တင်ဘူးလား

(၃၁) မြောက်ကိုရီးယား နဲ့ တောင်ကိုရီးယား ရဲ့ တက္ကသိုလ် ပညာရေး သုံးသပ်ချက် အကြောင်း တင်ဘူးလား

(၃၂) ချိုင်းနားကွန်မြူနစ်အစိုးရက တဖက်သတ်ကြေညာထားတဲ့ ပင်လယ်ရေပိုင်နက်အကြောင်း တင်ဘူးလား

(၃၃) ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ချိုင်းနားကွန်မြူနစ်ပါတီရဲ့ မဟာဗျူဟာမြောက် ရင်းနှီးမြုတ်နှံမှု အကြောင်း တင်ဘူးလား

(၃၄) ချိုင်းနား ဂြိုလ်တု အစိတ်အပိုင်းတွေ မြန်မာနယ်မြေထဲ ပြုတ်ကျလာတာဟာ နိုင်ငံတကာ ပြစ်မှု မြောက် မမြောက် မေးခွန်းထုတ်သင့်တယ် ဆိုတဲ့ အကြောင်း တင်ဘူးလား

(၃၅) ကျော်မြင့် ဟွာဟူ ရဲ့ ဘီလီယံ နဲ့ချီတဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော် ငွေလွှဲမှု အပေါ် ယူနန် ချိုင်းနားကွန်မြူနစ်ပါတီက လုံးဝ မသိလိုက်ရခြင်း ဆိုတဲ့ မှတ်ချက် အပေါ် စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်း စုံစမ်းစစ်ဆေးမှု လုပ်သင့်တဲ့အကြောင်း တင်ဘူးလား

(၃၆) ၂၀၁၁ ဦးသိန်းစိန် အစိုးရ တက်မလာခင် လေးမှာ ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူးကို ချိုင်းနားကွန်မြူနစ်ပါတီက ဆိုင်းငံ့သေဒဏ်ပေးလိုက်တာဟာ တိုက်ဆိုင်မှုလား ဆိုတဲ့ အကြောင်း တင်ဘူးလား

(၃၇) ချိုင်းနားရဲ့ တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒအမှားကြောင့် ကျားမ အချိုးမညီမှု ဖြစ်ပေါ်လာကာ နယ်စပ် အခြားနိုင်ငံတွေအပေါ် ဘယ်လို သက်ရောက်မှု ရှိလာတဲ့ အကြောင်း တင်ဘူးလား

(၃၈) မြစ်ဆုံစီမံကိန်း လက်မှတ်ရေးထိုးမှုမှာ ချိုင်းနားကွန်မြူနစ်ပါတီဟာ ဦးသန်းရွှေနဲ့ အဖွဲ့ကို လာဘ်ပေးခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာမှု အကြောင်း တင်ဘူးလား

(၃၉) ချိုင်းနား သမ္မတ ရှီကျိန်းဖျင်ဟာ မသေမချင်း သမ္မရာထူးက ဖယ်ပေးစရာမလိုတဲ့ ချိုင်းနားကွန်မြူနစ် ဖွဲ့စည်းပုံအကြောင်း တင်ဘူးလား

(၄၀) ချိုင်းနားနယ်နိမိတ်ထဲက ကျောက်မီးသွေးဓါတ်အားပေး စက်ရုံတွေရှိတဲ့ ဒေသတွေမှာ ဆာလဖာဒိုင်အောက်ဆိုဒ် နိုက်ထရိုဂျင်အောက်ဆိုဒ် ပါတီကူလိတ်မတ်တာ စတဲ့ လေထုညစ်ညမ်းမှုတွေ ဘယ်လောက်အထိ မြင့်တက်နေတဲ့ အကြောင်း တင်ဘူးလား

(၄၁) ဟောင်ကောင်ကိုပေးထားတဲ့ တစ်နိုင်ငံ စနစ် ၂မျိုးကတိ ကို ချိုင်းနားကွန်မြူနစ်ပါတီက ချိုးဖောက်နေတဲ့ အကြောင်း တင်ဘူးလား

(၄၂) ဟောင်ကောင် ဒီမိုကရေစီ ကျောင်းသားခေါင်းဆောင်တွေအကြောင်း တင်ဘူးလား

(၄၃) ထိုင်ဝမ် နယ်စပ်ကို နေ့စဉ် ရန်စကျူးကျော်နေတဲ့ ချိုင်းနားလေတပ် ရေတပ် အကြောင်း တင်ဘူးလား

(၄၄) ယူကရိန်းက သင်္ဘောကြီးကို ခေါင်းစဉ် အလိမ်နဲ့ လက်လှည့်ဝယ်ပြီး စစ်သုံး လေယာဉ်တင် သင်္ဘောအဖြစ်ပြောင်းခဲ့တဲ့ ကမ္ဘာကျော် ရှက်စရာ လိမ်လည်မှုကြီး အကြောင်း တင်ဘူးလား

(၄၅) ငတုံးသုံးကောင် နဲ့ ပီကေ ရုပ်ရှင်တွေအကြောင်း တင်ဘူးလား

(၄၆) နိုင်ငံရေးအာဏာဂာ ပြည်သူ့ထံမှာပဲရှိရမယ်ဆိုတဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့ သွေဖယ်နေတဲ့ စကားတစ်ခွန်းဖြစ်တဲ့ နိုင်ငံရေးအာဏာဟာ သေနတ်ပြောင်းဝမှာပဲရှိတယ်ဆိုတဲ့ စကားဟာ ခပ်ကြောင်ကြောင် စကားဖြစ်ကြောင်း တင်ဘူးလား

(၄၇) Milk Tea Alliance ရဲ့ ဖြစ်တည်လာပုံ အကြောင်း တင်ဘူးလား

(၄၈) အမေစု လက်ထက်မတိုင်ခင် ချိုင်းနားကွန်မြူနစ်ပါတီ လက်အောက်ခံ ချိုင်းနား အစိုးရနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေ ဘယ်နှခုရှိသလဲ စာချုပ်ထဲမှာ ဘာတွေ ထည့်ချုပ်ခဲ့သလဲ ဆိုတဲ့ အကြောင်း တင်ဘူးလား

(၄၉) ကျောက်ဖြူ ကူမင်း ပိုက်လိုင်း မှာ သဘာဝဓါတ်ငွေ့ပိုက်လိုင်းရယ် ရေနံစိမ်းပိုက်လိုင်းရယ် ရှိနေပြီး တည်ဆောက်စဉ်က နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း တည်ဆောက်ခဲ့ခြင်းရှိမရှိ ဘယ်လို စစ်ဆေးမလဲ ဆိုတဲ့ အကြောင်း တင်ဘူးလား

(၅၀) လက်ပံတောင်းတောင် စီမံကိန်းကြောင့် ချင်းတွင်း မြစ်ရေတွေ ညစ်ညမ်းမှု ဖြစ်လာရတဲ့အကြောင်း တင်ဘူးလား

====================

ဖတ်ရတာ မောလာမစိုးလို့ ၅၀ နဲ့ပဲ ရပ်လိုက်တာ။

ဒီအချက် ၅၀ အကြောင်း လုံးဝ မတင်ဘူးပဲ အမေစုကို၊ NLD ကို၊ CRPH ကို၊ NUG ကို၊ PDF ကို၊ ၂၀၂၀ ရွေးကောက်ပွဲကို၊ ပြည်သူအဓိကမဟာဗျူဟာ ကို၊ နွေဦးတော်လှန်ရေး ကို ထိကပါးရိကပါး ပြောထားတာတွေ့ရရင် သေချာတယ် အဲဒီအကောင့်ဟာ ရှီကျိန်းဖျင်ခြံစောင့် ဆိုက်ဝါးပူးသတ် အကောင့်ပဲဖြစ်ပါတယ်။

သေချာ ဆက်ကြည့်လိုက်ရင် ရှီကျိန်းဖျင်ခြံစောင့် ဆိုက်ဝါး ပူးသတ်အုပ်စုဟာ ၂၀၂၀ ရွေးကောက်ပွဲကာလက နိုးဗုတ်အော်ခဲ့တဲ့ အုပ်စုဖြစ်နေတာကို ဆက်လက်ဆဖာ်ထုတ် လာနိုင်ပါလိမ့်မယ်။

နွေဦးတော်လှန်ရေးအတွက်၊ ပြည်သူအဓိကအရေးတော်ပုံအတွက်၊ အဆိပ်အတောက် ဖြစ်နေတဲ့ ရှီကျိန်းဖျင်ခြံစောင့် ပူးသတ်အုပ်စုရဲ့ ဆိုက်ဝါးတွေကို ဖယ်ရှားရှင်းလင်းကြပါစို့လားခင်ဗျာ။

😎😎

24/03/2020

ချစ်လှစွားသော OS များနှင့်
CUS များအားလေးစားစွာအသိပေး
အပ်ပါတယ်ဗျ တရုတ်နိုင်ငံမှစတင့်ဖြစ်ပွားခဲ့သော
COVID 19 ကြောင့် ခေတ်တ ခဏ အလုပ်ပိတ်ထားပါ့မယ်ဗျ 26ရက်3လ2020ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ နားပါတော့မယ်ဗျ
ပြန်ဖွင့်မည့်ရက်ကို ထပ်မံကြေငြာ အသိပေးပါ့မယ်ဗျ
လေးစားစွာဖြင့်

SM Delivery Service Group

SM ထက် ဘာမှမမြန်
12/03/2020

SM ထက် ဘာမှမမြန်

ချစ်သောOS များနှင့်လေးစာရပါသောcus များသို့အသိပေးခြင်း 6ရက် 7ရက်8ရက် delivery serviceခဏနားမည်ဖြစ်ပါသောကြောင့်  ရိုသေလေးစာ...
05/02/2020

ချစ်သောOS များနှင့်လေးစာရပါသောcus များသို့အသိပေးခြင်း
6ရက် 7ရက်8ရက် delivery serviceခဏနားမည်ဖြစ်ပါသောကြောင့် ရိုသေလေးစားစွာအသိပေးအပ်ပါတယ်ဗျ
9ရက်နေ့မှစ၍ ပုံမှန်အတိုင်းမနားမနေ လုပ်ပေးပါ့မယ်ဗျ

11/12/2019

တာထွက်ချိန်ချင်းမတူကြပါ

အိုဘားမားက
အသက်၅၅နှစ်မှာ အနားယူတယ်။

ဒေါ်နယ်ထရမ့်ပ်က
အသက်၇၀မှာ စတင်တာဝန်ထမ်းဆောင်တယ်။

ဘန်ကောက်က
စင်ကာပူထက် တစ်နာရီပိုစောတယ်။

ဒါပေမယ့်
⏩ဘန်ကောက်တစ်နေ့တာနဲ့
⏩စင်ကာပူတစ်နေ့တာဟာ
ကြာချိန်ချင်းတော့ အတူတူပါပဲ။

ဘန်ကောက်က
ပို..........မမြန်သလို

စင်ကာပူက
ပို..........မနှေးပါဘူး။

တချို့က
အသက်၂၂နှစ်မှာ ဘွဲ့ရကြတယ်။

ဒါပေမယ့်
ဘဝအာမခံချက်ရှိတဲ့အလုပ်မျိုးရဖို့
၅နှစ်လောက် အချိန်ယူနေရတယ်။

တချို့က
အသက်၂၅နှစ်လောက်နဲ့ CEOဖြစ်လာတယ်။
အသက်၅၀လောက်ကျတော့ အနိစ္စရောက်ရော။

တချို့ကျတော့
အသက်၅၀ကျမှ CEOနေရာရောက်တယ်။

ပြီးတော့
အသက်၉၀လောက်ထိ နေသွားရတယ်။

တကယ်တော့
ကမ္ဘာပေါ်ကလူတစ်ဦးချင်းစီဟာ

သူတို့ရဲ့ ကိုယ်ပိုင်Time Zoneကိုအခြေခံပြီး
အလုပ်လုပ်နေကြတာပါ။

ဥပမာ-

ကျွန်တော်အခု
ဒီစာကိုရေးနေတဲ့အချိန်က
သောကြာနေ့ နေ့လယ်၁၁နာရီဝန်းကျင်။
ကျွန်တော်ရုံးတက်နေရတယ်။

ဒါပေမယ့်
လော့စ်အိန်ဂျလိစ်က
ရုံးဝန်ထမ်းတစ်ယောက်အတွက်တော့
ကြာသပတေးနေ့ ည၁၀နာရီဝန်းကျင်။
သူဘီယာသောက်ရင်သောက်နေမှာပေါ့။

ကျွန်တော်တို့အနေနဲ့
ကိုယ့်ပတ်ဝန်းကျင်ကိုတစ်ချက်ပြန်ကြည့်ရင်

လူတချို့က
ကျွန်တော်တို့ထက် ရှေ့ရောက်နေတယ်။

တချို့ကတော့
ကျွန်တော်တို့နောက်မှာကျန်ခဲ့တယ်ဆိုတာမျိုး
ခံစားရပါလိမ့်မယ်။

ဒါပေမယ့်
တကယ်တမ်းတော့ တစ်ယောက်ချင်းစီဟာ

သူတို့ရဲ့ကိုယ်ပိုင်ပြေးလမ်းအတိုင်း
ပြေးနေကြတာပါ။

#တစ်ယောက်နဲ့တစ်ယောက်ပြေးလမ်းချင်းမတူကြဘူး။

ပိုအရေးကြီး တာက
တာထွက် ချိန်. ချင်း မ တူ ကြ တာ ပဲ

တစ်စုံတစ်ယောက်ဟာ အမြင်အားဖြင့်

⏩ကျွန်တော်တို့ရှေ့ကိုရောက်နေသည်ပဲဖြစ်စေ
⏩နောက်မှာကျန်ခဲ့သည်ပဲဖြစ်စေ

မနာလိုစရာ / ဝမ်းနည်းစရာ မလိုအပ်ပါဘူး ။

သူ.......
⏩ဘယ်နေရာကစပြီးတာထွက်တယ်
⏩ဘယ်နေရာမှာပန်းဝင်မယ်ဆိုတာ

ကျွန်တော်တို့သိနိုင်ကြလို့လား။

သူတို့က
သူတို့Time Zoneကိုအခြေခံပြီး
အလုပ်လုပ်တယ်။

ကျွန်တော်တို့က
ကျွန်တော်တို့Time Zoneကိုအခြေခံပြီး
အလုပ်လုပ်တယ်။

အရေးကြီးတာက

# ကိုယ့်အတိုင်းအဆနဲ့ကိုယ်ပုံမှန်ကြိုးစားနေဖို့ပါပဲ။
အချိန်တန်ရင် ပန်းတိုင်ရောက်ပါလိမ့်မယ်။

အဲဒါကြောင့်
စိတ်အေးအေးထားပါ။

ကျွန်တော်တို့ ကြိုရောက်မနေပါဘူး။

ဒီလိုပဲ
ကျွန်တော်တို့ နောက်ကျမနေပါဘူး။

" ရပ် မ နေ ဖို့ ပဲ လို အပ် ပါ တယ်။ "

Credit : Original writer

မှန်လဲ မှန်မြန် လဲ မြန် လဲ မြန် တဲ့SM Delivery Service မှကြိုဆိုပါတယ်ငွေလဲ ကြိုရှင်း ပေးပါတယ်ရန်ကုန်မြို့တွင်းဘယ်မြို့နယ...
18/11/2019

မှန်လဲ မှန်
မြန် လဲ မြန် လဲ မြန် တဲ့

SM Delivery Service မှကြိုဆိုပါတယ်

ငွေလဲ ကြိုရှင်း ပေးပါတယ်

ရန်ကုန်မြို့တွင်းဘယ်မြို့နယ်ပို့ပို့ နှစ်ထောင်ကျပ်ဖြင့်သာဝန်ဆောင်မှု့ပေးနေပါတယ်နော်
(2000)ဘယ်မြို့နယ်ပို့ပို့

(2500)မြောက်ဥက္ကလာ /မြောက်ဒဂုံ/တောင်ဒဂုံ
စောဘွားကြီးကုန်း/ ဘုရင့်နောင်/ အင်းစိန်

(3000)လှိုင်သာယာ/ ရွှေပြည်သာ /မဂ်လာဒုံ/ ရွှေပေါက္ကံ/အ​ရှေ့ဒဂုံ/သန်လျှင်

3ways နှင့်အထက် လာယူခပေးစရာမလိုပါ

ပစ္စည်းလက်ခံပီး ၄၈နာရီအတွင်း အရောက်ပို့ပေးပါတယ်

09250865309 Viber
0977921688
09790249101ကိုဆက်သွယ်လို့ ရပါတယ်၊

page messenger ကနေ တဆင့်လဲ လိုအပ်တာများကို စုံစမ်းမေးမြန်းလို့ ရပါတယ် ရှင်

Customer များ မှ ၃ရက်အတွင်း လက်မခံသည့်ပစ္စည်းများကို OS များထံ ပြန်လည်အပ်နှံပေးမှာ ဖြစ်ပါတယ်။

Os နှင့် customer များ အကြား အကြောင်းအမျိုးမျိုးကြောင့်မယူဖြစ်တဲ့ ပစ္စည်းများ ကို ပို့ရမဲ့နေရာ ရောက်ပီး မှ cancel ဖြစ်ပါက os ဘက်မှ လမ်းကြောင်းတခေါက်စာ တာဝန်ယူပေးရပါမယ်။

မှတ်ချက်
လမ်းမှာပစ္စည်းအပ်တာတို့၊နေရပ်လိပ်စာအတိကျ မပါ၊OS name လဲ မရှိ၊Customer information ပြည့်ပြည့်စုံစုံ မရှိတဲ့ ဘယ် ပစ္စည်းအပ်နှံသူကိုမှ ငွေကြိုမရှင်း ပေးပါဘူး နော်

ငွေကြိုရှင်းစနစ်ကို ဝန်ဆောင်မှုပေးဖို့အတွက် page name,phone number,bank account,facebook name,address စ တာလေးတွေ နဲ့ တိုက်ဆိုင်စစ်ဆေးတာလေး ကို တော့ ကြိုပီး မေတ္တာ ရပ်ခံ ပါရစေ လို့

Os တွေ ကြား ရောင်းပန်းဝယ်ပန်းတွေ
အလန်းဆူံး ပွင့်လန်းစေချင်တဲ့
မေတ္တာ များ စွာ ဖြင့်

SM Delivery Service

Address

Yangon

Telephone

+959250865309

Website

Alerts

Be the first to know and let us send you an email when SM Delivery Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share