Mr.Li Travels & Tours

Mr.Li Travels & Tours Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mr.Li Travels & Tours, 50th Street, BoTaHtaung, Yangon.

အလည်ပတ်မြို့တွင်းမြို့ပြင်ကားစီးလုံးဌားလိုပါက ချိုသာသောစျေးနှုံး သွားလာနိုင်ရန် ပို့ဆောင်ပေးနေပါပြီ။
09965023242( WhatsApp / viber)
09885023242 ( viber )
09765023242

16/04/2026

Happy Song Kran 2026
မိတ်ဆွေများ အားလုံး နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကျပါစေရှင်။

1 ယောက်မှ ဘတ် 1000 နဲ့  တန်နေအောင် လည်ကျမယ်ခရီးစဉ်ထွက်မည့် ရက်များ---------------------------10/11/12 April17/18/19 Apri...
06/04/2026

1 ယောက်မှ ဘတ် 1000 နဲ့ တန်နေအောင် လည်ကျမယ်

ခရီးစဉ်ထွက်မည့် ရက်များ
---------------------------
10/11/12 April
17/18/19 April
24/25/26 April

သင်္ကြန်တွင်းလဲ ခရီးစဉ် များ ထွက်ပါတယ်ရှင်

ခရီးစဉ်များ
--------------
bkk - pattaya
bkk - khao yai
bkk - khao kho
bkk - kanchanaburi
bkk - bang saen beach
bkk - hua hin beach

မိတ်ဆွေများသွားလို့တဲ့ ခရီးစဉ်များကို အသေးစိတ်မေးမြန်းနိုင်ပါတယ်
subscribe the following viber link
https://connect.viber.com/business/a727767e-d96c-11ef-b0e6-b238d36320ea

1 ယောက်မှ ဘတ် 1000 နဲ့  တန်နေအောင် လည်ကျမယ်ခရီးစဉ်ထွက်မည့် ရက်များ---------------------------10/11/12 April17/18/19 Apri...
05/04/2026

1 ယောက်မှ ဘတ် 1000 နဲ့ တန်နေအောင် လည်ကျမယ်

ခရီးစဉ်ထွက်မည့် ရက်များ
---------------------------
10/11/12 April
17/18/19 April
34/25/26 April

ခရီးစဉ်များ
--------------
bkk - pattaya
bkk - khao yai
bkk - khao kho
bkk - kanchanaburi
bkk - bang saen beach
bkk - hua hin beach

မိတ်ဆွေများသွားလို့တဲ့ ခရီးစဉ်များကို အသေးစိတ်မေးမြန်းနိုင်ပါတယ်
subscribe the following viber link
https://connect.viber.com/business/a727767e-d96c-11ef-b0e6-b238d36320ea

ချစ်သူတို့ရဲ့ခရီးစဉ်မှာ အမှတ်တရသစ်တွေ စိုက်ပျိုးဖို့... ထိုင်းနိုင်ငံရဲ့ ရင်ခုန်စရာ အကောင်းဆုံး နေရာ (၅) ခုကို သာမန်ထက်ထ...
28/02/2026

ချစ်သူတို့ရဲ့ခရီးစဉ်မှာ အမှတ်တရသစ်တွေ စိုက်ပျိုးဖို့... ထိုင်းနိုင်ငံရဲ့ ရင်ခုန်စရာ အကောင်းဆုံး နေရာ (၅) ခုကို သာမန်ထက်ထူးခြားတဲ့ ခရီးစဉ်တစ်ခုဖြစ်အောင် 𝐌𝐫.𝐋𝐢 𝐓𝐫𝐚𝐯𝐞𝐥𝐬 & 𝐓𝐨𝐮𝐫𝐬 ကဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။

🌊 𝐏𝐡𝐮𝐤𝐞𝐭 ရဲ့ ရိုမန့်တစ်ဆန်တဲ့ ပင်လယ်ပြာနဲ့ ညနေခင်း နေဝင်ချိန်
𝐏𝐡𝐮𝐤𝐞𝐭 ရဲ့ ဖြူလွှလွှသောင်ပြင်နဲ့ ဇိမ်ခံ 𝐑𝐞𝐬𝐨𝐫𝐭 တွေက စုံတွဲတိုင်းအတွက် ပထမဦးဆုံး ရွေးချယ်စရာပါ။ ညနေခင်းမှာ 𝐏𝐫𝐨𝐦𝐭𝐡𝐞𝐩 𝐂𝐚𝐩𝐞 မှာ ချစ်သူနဲ့ လက်တွဲပြီး နေဝင်ချိန်ကို ကြည့်ရတာထက် ပိုကောင်းတဲ့ ခံစားချက်မရှိနိုင်ပါဘူး။

🏰 𝐇𝐮𝐚𝐡𝐢𝐧 ရဲ့ နန်းဆန်တဲ့အလှတရားနဲ့ ငြိမ်သက်ခြင်း
ဆူညံမှုတွေနဲ့ ဝေးရာကို သွားချင်ရင်တော့ 𝐇𝐮𝐚𝐡𝐢𝐧 က အကောင်းဆုံးပါ။ 𝐂𝐥𝐚𝐬𝐬𝐢𝐜 ဆန်တဲ့ မီးရထားဘူတာရုံဟောင်း၊ ကမ်းခြေက မြင်းစီးတာတွေနဲ့အတူ စတိုင်ကျကျ ဖြတ်သန်းနိုင်ပါတယ်။

🏝️ 𝐒𝐢𝐦𝐢𝐥𝐚𝐧 𝐈𝐬𝐥𝐚𝐧𝐝𝐬 ရဲ့ အပြာရောင် ရေအောက်ကမ္ဘာ
နိဗ္ဗာန်ဘုံလို့ တင်စားရတဲ့ ဒီကျွန်းစုဟာ ရေကူးရတာ ဝါသနာပါတဲ့ စုံတွဲတွေအတွက်ပါ။ ကြည်လင်နေတဲ့ ရေပြာပြာအောက်မှာ ငါးလေးတွေနဲ့အတူ အချစ်ခရီးလမ်းကို ပိုမိုတောက်ပစေမှာပါ။

🌸 𝐔𝐝𝐨𝐧 𝐓𝐡𝐚𝐧𝐢 ကြာနီကန်
ဖေဖော်ဝါရီလဆိုရင် 𝐔𝐝𝐨𝐧 𝐓𝐡𝐚𝐧𝐢 ရဲ့ 𝐑𝐞𝐝 𝐋𝐨𝐭𝐮𝐬 𝐋𝐚𝐤𝐞 (ကြာနီကန်) မှာ ပန်းတွေ အပြည့်ပွင့်နေတဲ့ အချိန်ပါ။ လှေလေးစီးပြီး ပန်းနီရောင် ပင်လယ်ပြင်ထဲမှာ ဓာတ်ပုံလှလှလေးတွေ ရိုက်ဖို့ အကောင်းဆုံး ရာသီပဲ ဖြစ်ပါတယ်။

⛰️ 𝐏𝐚𝐢 ရဲ့တောင်တန်းတွေနဲ့ မြူနှင်းတွေကြားက အေးချမ်းမှု
မြောက်ပိုင်းရဲ့ အအေးဓာတ်နဲ့အတူ ချစ်သူနဲ့ ကော်ဖီလေးသောက်ရင်း တောင်တန်းအလှကို ခံစားချင်ရင်တော့ 𝐏𝐚𝐢 မြို့လေးကစောင့်ကြိုနေပါတယ်။ ငြိမ်းချမ်းပြီး ချစ်စရာကောင်းတဲ့ 𝐂𝐚𝐟𝐞 လေးတွေက ခရီးစဉ်ကို ပြည့်စုံစေမှာပါ။

✨ 𝐌𝐫.𝐋𝐢 𝐓𝐫𝐚𝐯𝐞𝐥𝐬 & 𝐓𝐨𝐮𝐫𝐬 ကနေ 𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞 ခရီးစဉ်အတွက်
သီးသန့်လွတ်လပ်စွာ သွားလာနိုင်ဖို့ ကားငှားရမ်းခြင်း ဝန်ဆောင်မှုနဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐢𝐳𝐞 𝐏𝐚𝐜𝐤𝐚𝐠𝐞𝐬 များကို အကောင်းဆုံးစီစဥ်ပေးနေပါပြီ။

အခုပဲဆက်သွယ်စုံစမ်းလိုက်ပါ။
📞 +𝟗𝟓𝟗𝟗𝟔𝟓𝟎𝟐𝟑𝟐𝟒𝟐
📞 +𝟗𝟓𝟗𝟗𝟔𝟓𝟎𝟐𝟑𝟐𝟒𝟐 ( 𝐕𝐢𝐛𝐞𝐫 )

လေယာဉ်စီးစရာမလိုဘဲ တိမ်တွေဆီ အတူတူတက်ဖို့ ထိုင်းရဲ့အမြင့်ဆုံးနေရာများ ☁⛰စွန့်စားရတာတွေ ရင်ခုန်ရတာတွေကိုကြိုက်တဲ့သူတွေအတွ...
27/02/2026

လေယာဉ်စီးစရာမလိုဘဲ တိမ်တွေဆီ အတူတူတက်ဖို့ ထိုင်းရဲ့အမြင့်ဆုံးနေရာများ ☁⛰

စွန့်စားရတာတွေ ရင်ခုန်ရတာတွေကိုကြိုက်တဲ့သူတွေအတွက် အမြင့်ဆုံးမှာ ခံစားရတဲ့ လွတ်လပ်မှု၊ မြင်ကွင်းကျယ်ကျယ်နဲ့ အမှတ်တရသစ်တွေကို ရှာဖွေဖို့ 𝐌𝐫.𝐋𝐢 𝐓𝐫𝐚𝐯𝐞𝐥𝐬 & 𝐓𝐨𝐮𝐫𝐬 က အမြင့်ဆုံးဆိုတဲ့နေရာ (၃) ခုကိုဝေမျှပေးထားပါတယ်။

📍 𝐃𝐨𝐢 𝐈𝐧𝐭𝐡𝐚𝐧𝐨𝐧
ဒါကတော့ ထိုင်းနိုင်ငံရဲ့အမြင့်ဆုံးတောင်ထိပ်ပါ။ ချင်းမိုင်မြို့မှာ ရှိတာဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၂,၅၆၅ မီတာ အမြင့်မှာ ရှိပါတယ်။ ဒီမှာဆိုရင် တစ်နှစ်ပတ်လုံး အေးစိမ့်နေတဲ့ ရာသီဥတုကို ခံစားရမှာပါ။ အထူးသဖြင့် နာမည်ကြီးတဲ့ စေတီနှစ်ဆူ (𝐓𝐰𝐢𝐧 𝐏𝐚𝐠𝐨𝐝𝐚𝐬) နဲ့ ပန်းခြံလေးက ဓာတ်ပုံရိုက်လို့ အကောင်းဆုံးပဲ။ မနက်အစောကြီးသွားရင် နေထွက်တာကို တိမ်ပင်လယ်တွေကြားထဲ မြင်ရမှာဖြစ်လို့ တကယ့်ကို နတ်ပြည်ရောက်နေသလား အောက်မေ့ရပါတယ်။

📍 𝐌𝐚𝐡𝐚𝐧𝐚𝐤𝐡𝐨𝐧 𝐒𝐤𝐲𝐖𝐚𝐥𝐤
သဘာဝတောင်တန်းတွေထက် မြို့ပြရဲ့ အမိုက်စား 𝐕𝐢𝐞𝐰 ကိုမှ ကြိုက်တယ်ဆိုရင်တော့ ဒါကို ရွေးရပါမယ်။ ဘန်ကောက်မြို့လယ်က အထပ် ၇၈ ထပ်ရှိတဲ့ အမြင့်ဆုံး အဆောက်အဦးပေါ်မှာ ရှိတာပါ။ အဓိကကတော့ 𝐆𝐥𝐚𝐬𝐬 𝐓𝐫𝐚𝐲 လို့ခေါ်တဲ့ မှန်ကြမ်းပြင်ပေါ်မှာ လမ်းလျှောက်ရမှာပါ။ ပေ ၃၀၀ ကျော်အမြင့်ကနေ အောက်က ကားလေးတွေကို ငုံ့ကြည့်ရတာ ရင်တဖိုဖိုနဲ့ အရမ်းမိုက်ပါတယ်။ ညနေဘက် 𝐒𝐮𝐧𝐬𝐞𝐭 ကြည့်ရင်း 𝐂𝐨𝐜𝐤𝐭𝐚𝐢𝐥 လေးသောက်ဖို့အတွက် ဒီနေရာကအရွေးသင့်ဆုံးပါပဲ။

📍 𝐏𝐡𝐮 𝐂𝐡𝐢 𝐅𝐚
စွန့်စားရတာ ကြိုက်တဲ့သူတွေအတွက်တော့ ချင်းရိုင်က ဒီနေရာကို ညွှန်းပါရစေ။ လာအိုနိုင်ငံနဲ့ နယ်စပ်နားမှာ ရှိတဲ့ တောင်တန်းကြီးပါ။ သူ့ရဲ့ ထူးခြားချက်က တောင်ထိပ်က ကောင်းကင်ယံထဲကို ထိုးထွက်နေတဲ့ ပုံစံမျိုးပါ။ မနက်အစောကြီး တောင်တက်ပြီး တိမ်ပင်လယ်ကို ကြည့်ရတာက စကားလုံးနဲ့ ဖော်ပြလို့ မရအောင် လှပါတယ်။ အောက်ခြေက တိမ်တွေကို ငုံ့ကြည့်ရတဲ့ ခံစားချက်ကလည်းအပန်းပြေစေမှာ အသေအချာပါပဲ။

အမြင့်ဆုံးနေရာတွေကို သွားချင်ပေမယ့် လမ်းခရီးအတွက် စိတ်မပူချင်ဘူးဆိုရင်တော့ 𝐌𝐫.𝐋𝐢 𝐓𝐫𝐚𝐯𝐞𝐥𝐬 & 𝐓𝐨𝐮𝐫𝐬 က ထိုင်းအနှံ့ကို စိတ်ကြိုက်သွားလို့ရအောင် ကားအငှားဝန်ဆောင်မှုတွေကို အကောင်းဆုံး ပေးနေတာပါ။ 🚗💨

✅ ကျွမ်းကျင်တဲ့ ဒရိုင်ဘာတွေနဲ့မို့ တောင်တက်လမ်းတွေလည်း စိတ်ချရသလို ကိုယ်တိုင်မောင်းပြီးလည်း စိတ်ကြိုက်လွင့်နိုင်ပါတယ်။

အသေးစိတ် ဆက်သွယ်မေးမြန်းလိုပါက
📞 +𝟗𝟓𝟗𝟗𝟔𝟓𝟎𝟐𝟑𝟐𝟒𝟐
📞 +𝟗𝟓𝟗𝟗𝟔𝟓𝟎𝟐𝟑𝟐𝟒𝟐 ( 𝐕𝐢𝐛𝐞𝐫 )

#ခရီးသွားခြင်း

𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰𝐥𝐚𝐧𝐝 𝐄𝐃𝐌 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥 ကျင်းပမယ့် ချွန်ဘူရီမှာ မဖြစ်မနေလည်ပတ်သင့်တဲ့ အမိုက်စားနေရာ (၄) နေရာ 🎡🕺ချွန်ဘူရီဟာ ဘန်ကောက်နဲ့...
26/02/2026

𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰𝐥𝐚𝐧𝐝 𝐄𝐃𝐌 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥 ကျင်းပမယ့် ချွန်ဘူရီမှာ မဖြစ်မနေလည်ပတ်သင့်တဲ့ အမိုက်စားနေရာ (၄) နေရာ 🎡🕺

ချွန်ဘူရီဟာ ဘန်ကောက်နဲ့လည်း နီးသလို ပင်လယ်ကမ်းခြေအလှအပတွေ၊ ထူးခြားတဲ့ ဘုရားကျောင်းတွေနဲ့ ပြည့်နှက်နေတဲ့ ဒေသတစ်ခုပါ။ 𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰𝐥𝐚𝐧𝐝 သွားမယ့်သူတွေအနေနဲ့ ခရီးစဉ်မှာ ကခုန်ဖျော်ဖြေရုံတင်မကဘဲ အနီးနားက ထင်ရှားတဲ့ နေရာတွေကိုပါ တစ်ပါတည်း လည်ပတ်နိုင်ဖို့ အခုပဲ ကြည့်လိုက်ရအောင်။ 👇

🏖️ 𝐁𝐚𝐧𝐠𝐬𝐚𝐞𝐧 𝐁𝐞𝐚𝐜𝐡
ဘန်ကောက်နဲ့ အနီးဆုံးဖြစ်ပြီး ဒေသခံတွေကြား အရမ်းရေပန်းစားတဲ့ ကမ်းခြေတစ်ခုပါ။ လမ်းဘေးစာသောက်ဆိုင်လေးတွေမှာ လတ်ဆတ်တဲ့ ပင်လယ်စာတွေကို ဈေးနှုန်းချိုသာစွာ စားသုံးနိုင်သလို၊ ပုခက်ကုလားထိုင်လေးတွေမှာ လှဲပြီး လေညင်းခံလို့ အကောင်းဆုံးပါ။ အခုဆိုရင် ကမ်းခြေတစ်လျှောက်မှာ အလန်းစား 𝐂𝐚𝐟𝐞 ဆိုင်လေးတွေ အများကြီး ရှိနေပါပြီ။

🐉 𝐖𝐢𝐡𝐚𝐧 𝐓𝐡𝐞𝐩 𝐒𝐚𝐭𝐡𝐢𝐭 𝐏𝐡𝐫𝐚 𝐊𝐢 𝐓𝐢
တရုတ်ဗိသုကာလက်ရာတွေနဲ့ ခမ်းနားထည်ဝါလွန်းတဲ့ ဘုရားကျောင်းကြီးဖြစ်ပြီး 𝐀𝐧𝐠 𝐒𝐢𝐥𝐚 နားမှာ တည်ရှိပါတယ်။ ၄ ထပ်အမြင့်ရှိတဲ့ ဒီကျောင်းတော်ကြီးဟာ ရွှေရောင်တောက်ပနေတဲ့ နဂါးရုပ်တုတွေ၊ နံရံဆေးရေးပန်းချီတွေနဲ့ အရမ်းလှပါတယ်။ ဓာတ်ပုံရိုက်ရတာ ဝါသနာပါသူတွေအတွက် 𝐏𝐚𝐫𝐚𝐝𝐢𝐬𝐞 တစ်ခုဖြစ်ပြီး ကံကောင်းခြင်းတွေရအောင် ဆုတောင်းဖို့လည်း သင့်တော်ပါတယ်။

🐠 𝐁𝐚𝐧𝐠 𝐒𝐚𝐞𝐧 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 𝐨𝐟 𝐌𝐚𝐫𝐢𝐧𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞
𝐁𝐮𝐫𝐚𝐩𝐡𝐚 တက္ကသိုလ်ထဲမှာရှိတဲ့ ဒီပြတိုက်ဟာ ရေအောက်ကမ္ဘာကို စိတ်ဝင်စားသူတွေအတွက် လက်မလွှတ်သင့်တဲ့ နေရာပါ။ နာမည်ကြီး 𝐉𝐞𝐥𝐥𝐲𝐟𝐢𝐬𝐡 ဇုန်ကတော့ ဒီနေရာရဲ့ 𝐇𝐢𝐠𝐡𝐥𝐢𝐠𝐡𝐭 ပါပဲ။ ရောင်စုံမီးလေးတွေအောက်မှာ လှုပ်ရှားနေတဲ့ 𝐉𝐞𝐥𝐥𝐲𝐟𝐢𝐬𝐡 လေးတွေကို ကြည့်ရင်း ထူးခြားတဲ့ ခံစားမှုကို ရစေမှာပါ။ ပညာဗဟုသုတလည်းရ၊ လှပတဲ့ 𝐕𝐢𝐝𝐞𝐨 လေးတွေလည်း ရိုက်နိုင်မှာပါ။

👹 𝐓𝐡𝐞 𝐖𝐚𝐧𝐠 𝐒𝐚𝐞𝐧 𝐒𝐮𝐤 𝐇𝐞𝐥𝐥 𝐆𝐚𝐫𝐝𝐞𝐧
ဒါကတော့ နည်းနည်း ထူးထူးခြားခြား လည်ပတ်ချင်သူတွေအတွက်ပါ။ ဗုဒ္ဓဘာသာအရ ငရဲဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို ရုပ်တုတွေနဲ့ သရုပ်ဖော်ထားတာပါ။ 𝐇𝐞𝐥𝐥 𝐆𝐚𝐫𝐝𝐞𝐧 လို့ လူသိများပြီး အကုသိုလ်လုပ်ရင် ဘယ်လိုအပြစ်ဒဏ်တွေ ခံရမလဲဆိုတာကို ပုံဖော်ထားတဲ့ နေရာဖြစ်လို့ စိတ်ဝင်စားဖို့ကောင်းသလို တစ်ဖက်ကလည်း သတိသံဝေဂရစေပါတယ်။ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ငရဲဥယျာဉ်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

✨ 𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰𝐥𝐚𝐧𝐝 လာရင်း ချွန်ဘူရီရဲ့ ဒီလို ထင်ရှားတဲ့ နေရာတွေကိုပါ လည်ပတ်မယ်ဆိုရင် ခရီးစဉ်က ပိုပြီး ပြည့်စုံသွားမှာ အသေအချာပါပဲ။

🧳 ခရီးစဉ်တွေကို စိတ်ကြိုက်စီစဉ်ချင်တယ်ဆိုရင်တော့ 𝐌𝐫.𝐋𝐢 𝐓𝐫𝐚𝐯𝐞𝐥𝐬 & 𝐓𝐨𝐮𝐫𝐬 ရှိနေပြီနော်။

ဆက်သွယ်စုံစမ်းရန်
📞 +𝟗𝟓𝟗𝟗𝟔𝟓𝟎𝟐𝟑𝟐𝟒𝟐
📞 +𝟗𝟓𝟗𝟗𝟔𝟓𝟎𝟐𝟑𝟐𝟒𝟐 ( 𝐕𝐢𝐛𝐞𝐫 )

Chonburi

ပိုလှပတဲ့နေဝင်ချိန်တွေအတွက် ကျောက်ဖရားမြစ်တစ်လျှောက်က 𝐃𝐢𝐧𝐧𝐞𝐫 𝐂𝐫𝐮𝐢𝐬𝐞 ✨🌅ဘန်ကောက်ရောက်ရင် မဖြစ်မနေလုပ်သင့်တဲ့ အတွေ့အကြုံတစ်...
25/02/2026

ပိုလှပတဲ့နေဝင်ချိန်တွေအတွက် ကျောက်ဖရားမြစ်တစ်လျှောက်က 𝐃𝐢𝐧𝐧𝐞𝐫 𝐂𝐫𝐮𝐢𝐬𝐞 ✨🌅

ဘန်ကောက်ရောက်ရင် မဖြစ်မနေလုပ်သင့်တဲ့ အတွေ့အကြုံတစ်ခုကတော့ ကျောက်ဖရားမြစ်တစ်လျှောက် 𝐃𝐢𝐧𝐧𝐞𝐫 𝐂𝐫𝐮𝐢𝐬𝐞 စီးတာပါပဲ။ ဒါဟာ 𝐃𝐢𝐧𝐧𝐞𝐫 စားရုံသက်သက်မဟုတ်ဘဲ မျက်စိရှေ့မှာတင် ရင်သပ်ရှုမောစရာအခိုက်အတန့်တွေကို ခံစားရမှာပါ။ 💯

နေရောင်က မြစ်ထဲကိုတဖြည်းဖြည်းဝင်ရောက်ပျောက်ကွယ်သွားတဲ့အချိန် ကျောက်ဖရားမြစ်ထဲကနေ 𝐖𝐚𝐭 𝐀𝐫𝐮𝐧 ဘုရားကို အဝေးကနေလှမ်းဖူးမြော်ရတာက တကယ့်ကို ပန်းချီကားတစ်ချပ်အတိုင်းပါပဲ။ 🌄

ညနေခင်း လေအေးအေးလေးနဲ့ မြစ်ဘေးက ခမ်းနားတဲ့ ဟိုတယ်ကြီးတွေရဲ့ မီးရောင်စုံတွေကိုလည်း တစ်မျိုးလှပစွာတွေ့ရမှာပါ။ 🌃💨
ခမ်းနားတဲ့ သင်္ဘောကြီးပေါ်မှာ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐁𝐮𝐟𝐟𝐞𝐭 ကို စားရင်း 𝐋𝐢𝐯𝐞 𝐌𝐮𝐬𝐢𝐜 သံစဉ်တွေနဲ့အတူ ကမ္ဘာကျော် 𝐋𝐚𝐧𝐝𝐦𝐚𝐫𝐤 တွေကို ဖြတ်သန်းသွားရတဲ့ ခံစားချက်က တစ်သက်တာမမေ့နိုင်စရာဖြစ်မှာပါ။ 🎼🦞

ဘန်ကောက်မှာ 𝐃𝐢𝐧𝐧𝐞𝐫 𝐂𝐫𝐮𝐢𝐬𝐞 စီးမယ်ဆိုရင် ရွေးချယ်စရာတွေကလည်း များတာမို့စိတ်တိုင်းကျတဲ့ထိရွေးချယ်နိုင်ပါတယ်။ 🚢✨

✅ 𝐂𝐥𝐚𝐬𝐬𝐢𝐜 & 𝐄𝐥𝐞𝐠𝐚𝐧𝐭 𝐃𝐢𝐧𝐧𝐞𝐫 𝐂𝐫𝐮𝐢𝐬𝐞
🔸တကယ့်ကို အဆင့်မြင့်ပြီး ခမ်းနားတဲ့ အပြင်အဆင်နဲ့ 𝐓𝐡𝐞 𝐎𝐩𝐮𝐥𝐞𝐧𝐜𝐞 𝐂𝐫𝐮𝐢𝐬𝐞
🔸ခေတ်မီတဲ့သင်္ဘောကြီးပေါ်မှာ ပါတီဆန်ဆန်ပျော်ရွှင်ဖို့ 𝐑𝐨𝐲𝐚𝐥 𝐆𝐚𝐥𝐚𝐱𝐲 𝐂𝐫𝐮𝐢𝐬𝐞
🔸တည်ငြိမ်အေးဆေးပြီး အဆင့်အတန်းရှိတဲ့ ဝန်ဆောင်မှုနဲ့ 𝐑𝐨𝐲𝐚𝐥 𝐏𝐫𝐢𝐧𝐜𝐞𝐬𝐬 𝐂𝐫𝐮𝐢𝐬𝐞

✅ 𝐅𝐮𝐧 & 𝐕𝐢𝐛𝐫𝐚𝐧𝐭 𝐃𝐢𝐧𝐧𝐞𝐫 𝐂𝐫𝐮𝐢𝐬𝐞
🔹𝐂𝐚𝐛𝐚𝐫𝐞𝐭 𝐒𝐡𝐨𝐰 တွေအပြင် အကအလှတွေနဲ့ သက်ဝင်လှုပ်ရှားနေမယ့် 𝐖𝐡𝐢𝐭𝐞 𝐎𝐫𝐜𝐡𝐢𝐝 𝐂𝐫𝐮𝐢𝐬𝐞
🔹ချစ်စရာကောင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ အငွေ့အသက်တွေနဲ့ 𝐔𝐧𝐢𝐜𝐨𝐫𝐧 𝐂𝐫𝐮𝐢𝐬𝐞
🔹ကြိုက်များပြီး ပျော်စရာကောင်းတဲ့ ဖျော်ဖြေရေးတွေ ပါဝင်တဲ့ 𝐕𝐢𝐯𝐚 𝐀𝐥𝐚𝐧𝐠𝐤𝐚 𝐂𝐫𝐮𝐢𝐬𝐞

✅ 𝐓𝐫𝐚𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥 & 𝐂𝐮𝐥𝐭𝐮𝐫𝐚𝐥 𝐃𝐢𝐧𝐧𝐞𝐫 𝐂𝐫𝐮𝐢𝐬𝐞
🔹အစဉ်အလာမပျက် လူကြိုက်အများဆုံးနဲ့ အကောင်းဆုံး 𝐁𝐮𝐟𝐟𝐞𝐭 တွေကြောင့် နာမည်ကြီးတဲ့ 𝐂𝐡𝐚𝐨𝐩𝐡𝐫𝐚𝐲𝐚 𝐂𝐫𝐮𝐢𝐬𝐞 / 𝐂𝐡𝐚𝐨𝐩𝐡𝐫𝐚𝐲𝐚 𝐏𝐫𝐢𝐧𝐜𝐞𝐬𝐬
🔸ထိုင်းရိုးရာအငွေ့အသက်လေးတွေနဲ့ နွေးထွေးတဲ့ ဝန်ဆောင်မှုနဲ့ 𝐒𝐚𝐰𝐚𝐬𝐝𝐞𝐞 𝐂𝐡𝐚𝐨𝐩𝐡𝐫𝐚𝐲𝐚 𝐂𝐫𝐮𝐢𝐬𝐞

လှပတဲ့ညနေခင်းကို ချစ်ရတဲ့သူတွေနဲ့အတူ ဖန်တီးလိုက်ပါ ❤️

နီးနီးဝေးဝေးကားအငှားဝန်ဆောင်မှုကို ရယူလိုတယ်ဆိုရင်တော့ 𝐌𝐫.𝐋𝐢 𝐓𝐫𝐚𝐯𝐞𝐥𝐬 & 𝐓𝐨𝐮𝐫𝐬 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 (သို့မဟုတ်)
📞 +𝟗𝟓𝟗𝟗𝟔𝟓𝟎𝟐𝟑𝟐𝟒𝟐
📞 +𝟗𝟓𝟗𝟗𝟔𝟓𝟎𝟐𝟑𝟐𝟒𝟐 ( 𝐕𝐢𝐛𝐞𝐫 ) တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

🚗  အေးဆေးသက်သာစွာ ခရီးနှင်ဖို့... 𝐌𝐫.𝐋𝐢 𝐓𝐫𝐚𝐯𝐞𝐥𝐬 & 𝐓𝐨𝐮𝐫𝐬 ရှိရင် လုံလောက်ပြီပေါ့ ✨ပင်ပန်းနွမ်းနယ်မှုတွေ ပျောက်စေမယ့် ခရီးတ...
24/02/2026

🚗 အေးဆေးသက်သာစွာ ခရီးနှင်ဖို့... 𝐌𝐫.𝐋𝐢 𝐓𝐫𝐚𝐯𝐞𝐥𝐬 & 𝐓𝐨𝐮𝐫𝐬 ရှိရင် လုံလောက်ပြီပေါ့ ✨

ပင်ပန်းနွမ်းနယ်မှုတွေ ပျောက်စေမယ့် ခရီးတစ်ခုဖြစ်ဖို့ဆိုရင် သက်သောင့်သက်သာရှိတဲ့ ကားနဲ့ စိတ်ချဖော်ရွေကျွမ်းကျင်တဲ့ ယာဉ်မောင်းက အဓိကပါပဲ။

မိတ်ဆွေတို့အနေနဲ့ ထိုင်းနိုင်ငံအတွင်းအနှံ့လည်ပတ်ဖို့အတွက် ကျွန်တော်တို့ 𝐌𝐫.𝐋𝐢 𝐓𝐫𝐚𝐯𝐞𝐥𝐬 & 𝐓𝐨𝐮𝐫𝐬 က အကောင်းဆုံး 𝐂𝐚𝐫 𝐑𝐞𝐧𝐭𝐚𝐥 & 𝐓𝐨𝐮𝐫 𝐏𝐚𝐜𝐤𝐚𝐠𝐞 ဝန်ဆောင်မှုတွေနဲ့ဆောင်ရွက်ပေးနေပါတယ်။ ထိုင်းအခြေစိုက် လုပ်ငန်းဖြစ်လို့ ခရီးစဥ်တိုင်းအတွက် ကျွမ်းကျင်မှုကတော့ ၁၀၀% စိတ်ချနိုင်ပါတယ်ခင်ဗျ။ 💯🚘

🌟 ကျွမ်းကျင်ယာဥ်မောင်းအပါအဝင် လူဦးရေအလိုက် ကားအများအစားများကိုစိတ်ကြိုက်ရွေးချယ်နိုင်သလို ခရီးစဥ်များကိုလည်း 𝐂𝐮𝐬𝐭𝐨𝐦𝐢𝐳𝐞𝐝 𝐏𝐥𝐚𝐧 တွေနဲ့အတူ ကိုယ်သွားချင်တဲ့နေရာကို အေးအေးဆေးဆေးနဲ့ အချိန်ကုန်ရတာ တန်စေမယ့် 𝐓𝐨𝐮𝐫 𝐏𝐚𝐜𝐤𝐚𝐠𝐞 တွေကို ဝန်ဆောင်မှုပေးနေပါတယ်။

𝐌𝐫.𝐋𝐢 𝐓𝐫𝐚𝐯𝐞𝐥𝐬 & 𝐓𝐨𝐮𝐫𝐬 နဲ့ဆိုရင် ခရီးစဉ်တစ်လျှောက်လုံးက အပန်းဖြေနေရသလိုမျိုး အေးဆေးသက်သာနေမှာပါ။ 🍃

ဒါကြောင့် ခရီးစဥ်လေးတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုတယ်ဆိုရင်တော့ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 (သို့မဟုတ်)
📞 +𝟗𝟓𝟗𝟗𝟔𝟓𝟎𝟐𝟑𝟐𝟒𝟐
📞 +𝟗𝟓𝟗𝟗𝟔𝟓𝟎𝟐𝟑𝟐𝟒𝟐 ( 𝐕𝐢𝐛𝐞𝐫 ) တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

ကျွန်းနိုင်ငံလေးဖြစ်တဲ့ထိုင်ဝမ်နဲ့ သူ့ရဲ့ဆွဲဆောင်မှုများ 🇹🇼🍂𝐌𝐫.𝐋𝐢 𝐓𝐫𝐚𝐯𝐞𝐥𝐬 & 𝐓𝐨𝐮𝐫𝐬 ကနေ ထိုင်ဝမ်ဘက်ကိုပါ ခြေဆန့်ချင်တဲ့ခရီ...
23/02/2026

ကျွန်းနိုင်ငံလေးဖြစ်တဲ့ထိုင်ဝမ်နဲ့ သူ့ရဲ့ဆွဲဆောင်မှုများ 🇹🇼🍂

𝐌𝐫.𝐋𝐢 𝐓𝐫𝐚𝐯𝐞𝐥𝐬 & 𝐓𝐨𝐮𝐫𝐬 ကနေ ထိုင်ဝမ်ဘက်ကိုပါ ခြေဆန့်ချင်တဲ့ခရီးသွားတို့အတွက် ထိုင်ဝမ်နိုင်ငံအကြောင်း တစေ့တစောင်းဝေမျှပေးလိုက်ပါတယ်ခင်ဗျ။

🇹🇼 ထိုင်ဝမ်ဆိုတာ ဘယ်လိုနိုင်ငံမျိုးလဲ။
အများစုက ထိုင်ဝမ်ကို တရုတ်ရဲ့ မြို့တစ်မြို့လို့ ထင်တတ်ကြပေမဲ့ တကယ်တော့ သူက 𝐑𝐞𝐩𝐮𝐛𝐥𝐢𝐜 𝐨𝐟 𝐂𝐡𝐢𝐧𝐚 (𝐑𝐎𝐂) ဆိုတဲ့ အမည်နဲ့ ကိုယ်ပိုင်အစိုးရ၊ ကိုယ်ပိုင်စီးပွားရေး၊ ကိုယ်ပိုင်ဥပဒေနဲ့ သီးခြားရပ်တည်နေတဲ့ နိုင်ငံတစ်ခုပါ။ ၁၉၄၉ ခုနှစ်ကတည်းက သမိုင်းကြောင်းအရ သီးခြားခွဲထွက် တည်ရှိလာတာမို့ နိုင်ငံတကာအဆင့်မီ အင်္ဂါရပ်တွေနဲ့ ပြည့်စုံနေတာပေါ့။

လည်ပတ်စရာနေရာတွေအနေနဲ့ 𝐓𝐚𝐢𝐩𝐞𝐢 လို ခေတ်မီမြို့ကြီးတွေကနေ 𝐇𝐮𝐚𝐥𝐢𝐞𝐧 လို သဘာဝအလှတရားတွေရှိတဲ့ နေရာအထိ စုံလင်လှပါတယ်။ ခရီးစဉ်တစ်ခုမှာ ၂ ပတ်လောက် အချိန်ပေးနိုင်ရင်တော့ 𝐓𝐚𝐢𝐭𝐮𝐧𝐠, 𝐓𝐚𝐢𝐜𝐡𝐮𝐧𝐠 နဲ့ 𝐊𝐚𝐨𝐡𝐬𝐢𝐮𝐧𝐠 တို့ကိုပါ ပတ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

✈ ထိုင်ဝမ်ကို ဘာကြောင့် သွားလည်သင့်တာလဲ❓
သယ်ယူပို့ဆောင်ရေး (𝐓𝐫𝐚𝐧𝐬𝐩𝐨𝐫𝐭𝐚𝐭𝐢𝐨𝐧) - ဒီမှာက ကားငှားရမှာကို စိတ်မပူစရာမလိုပါဘူး။ ရထားလမ်းကွန်ရက်နဲ့ အဝေးပြေးကားတွေက အရမ်းစနစ်ကျပြီး အဆင်ပြေလွန်းလို့ ကျွန်းရဲ့မြောက်ဘက်ကနေ တောင်ဘက်အထိ အေးဆေးလည်လို့ရပါတယ်။

ဘေးကင်းလုံခြုံမှု (𝐒𝐚𝐟𝐞𝐭𝐲) - ကိုရီးယားလိုပဲ နေ့ရောညပါ လမ်းလျှောက်လို့ရတဲ့အထိ 𝐒𝐚𝐟𝐞 ဖြစ်ပါတယ်။ 𝐒𝐨𝐥𝐨 𝐓𝐫𝐚𝐯𝐞𝐥𝐞𝐫 တွေအတွက် သုခဘုံပါပဲ။ ပြီးတော့ တိုးတက်ပြီးသား နိုင်ငံတစ်ခုရဲ့ စနစ်တကျရှိမှုကို မြင်တွေ့ရမှာပါ။

💰 ငွေကြေးနဲ့ ကုန်ကျစရိတ်
ထိုင်ဝမ်သုံးငွေက 𝐍𝐞𝐰 𝐓𝐚𝐢𝐰𝐚𝐧 𝐃𝐨𝐥𝐥𝐚𝐫 (𝐓𝐖𝐃) ပါ။ မြန်မာငွေနဲ့ဆို 𝟏 𝐍𝐓 = 𝟏𝟑𝟎 𝐌𝐌𝐊 ဝန်းကျင်ရှိတာမို့ ငွေကြေးတန်ဖိုး မြင့်တယ်လို့ ပြောလို့ရပါတယ်။ ထိုင်းဘတ်ငွေ သုံးရသလိုမျိုး ငွေစက္ကူတွေက ဆင်တူပေမဲ့ စားသောက်စရိတ်နဲ့ အဝတ်အထည်စျေးနှုန်းတွေကတော့ ထိုင်းထက် ပိုမြင့်ပါတယ်။ ခရီးစဉ်အတွက် 𝐁𝐮𝐝𝐠𝐞𝐭 ကိုတော့ နည်းနည်းလေး ပိုတွက်ထားဖို့ လိုမယ်နော်။

🍲 ထိုင်ဝမ်အစားအသောက်
ထိုင်ဝမ်အစားအစာက မြန်မာတွေနဲ့ ပါးစပ်သိပ်မစိမ်းလှပါဘူး။ ဒါပေမဲ့ ထူးခြားတာက သူတို့က ထမင်းနဲ့ဟင်း ပုံစံမျိုးထက် အဆာပြေ 𝐒𝐭𝐫𝐞𝐞𝐭 𝐅𝐨𝐨𝐝 တွေကို ပိုဦးစားပေးစားတတ်ကြတာပါ။

🌌 ညစျေးတွေကတော့ ထိုင်ဝမ်ရဲ့အသက်ပါပဲ။ ဒါပေမဲ့ သတိထားရမှာက ညစျေးမှာ ဟိုဒါလေးစား ဒီဒါလေးစားနဲ့ ဝယ်လိုက်တာ ဆိုင်ကြီးမှာ ထိုင်စားတာထက်တောင် ပိုကုန်သွားတတ်ပါတယ်။ 😅 အရသာကတော့ ထိုင်းတို့ ဗီယက်နမ်တို့လို စပ်စပ်ထိမိတာမျိုးထက် နည်းနည်းအေးအေးလေးနဲ့ အဆန်းတကြယ်ပုံစံမျိုးတွေ ပိုများပါတယ်။

ထိုင်ဝမ်ခရီးစဥ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိချင်တယ် 𝐁𝐮𝐝𝐠𝐞𝐭 နဲ့ကိုက်ပြီး 𝐓𝐨𝐮𝐫 𝐏𝐚𝐜𝐤𝐚𝐠𝐞 တွေနဲ့သွားချင်တယ်ဆိုရင်တော့ 𝐌𝐫.𝐋𝐢 𝐓𝐫𝐚𝐯𝐞𝐥𝐬 & 𝐓𝐨𝐮𝐫𝐬 ကို ဆက်သွယ်လိုက်ပါခင်ဗျာ။ 💯
📞 +𝟗𝟓𝟗𝟗𝟔𝟓𝟎𝟐𝟑𝟐𝟒𝟐
📞 +𝟗𝟓𝟗𝟗𝟔𝟓𝟎𝟐𝟑𝟐𝟒𝟐 ( 𝐕𝐢𝐛𝐞𝐫 )

Address

50th Street, BoTaHtaung
Yangon

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00

Telephone

+959885023242

Website

Alerts

Be the first to know and let us send you an email when Mr.Li Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share