16/12/2020
ကိုဗစ်ဂယက်ကြောင့် ပို့ကုန်တင်ပို့ရန် ကွန်တိန်နာ ရှားပါးမှု ရင်ဆိုင်နေရ
=========================================
COVID-19 ရိုက်ခက်မှုကြောင့်ပြည်ပသို့ ကုန်စည်တင်ပို့ရန် ကွန်တိန်နာ ငှားရမ်းရာတွင် ခက်ခဲမှုများရှိနေကြောင်း ပြည်တွင်း လုပ်ငန်းရှင်များကပြောသည်။
COVID-19 ကူးစက် ရောဂါကြောင့် ကမ္ဘာတစ်ဝန်း ကုန်သွယ်ရေးအပေါ် အကျိုးသက်ရောက်လျက်ရှိရာမြန်မာနိုင်ငံတွင်လည်း ကုန်စည်ပို့ဆောင်ရေး အရေးပါသည့် ကွန်တိန်နာရှားပါးနေမူကို ရင်ဆိုင်နေရသည်။
''အဓိကကတော့ COVID-19 ရဲ့အကျိုး သက်ရောက်မှုပေါ့။ ရှားတာလားဆိုရင် ဟုတ်ပါတယ်။ ပုံမှန်လည်ပတ် နေတာကနေ ကသောင်းကနင်းဖြစ်သွားတယ်ပေါ့။ အဝင်အထွက်တွေကသောင်းကနင်း ဖြစ်သွားတယ်။ဈေးတွေ ကမောက်ကမ ဖြစ်သွားတယ်။ဒီမှာလည်း ကွန်တိန်နား ရှားသွားတာပေါ့''ဟု မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MIFFA)မှ ဦးသန်းဝေအောင်က ပြောသည်။
အာရှမှ ကွန်တိန်နာ အများစုသည် အမေရိကနှင့်ဥရောပ ဈေးကွက်ကို သွားရောက်နေရာ COVID-19 ကြောင့် ပြန်လည် ရောက်ရှိလာခြင်းမရှိသေးရာ ကွန်တိန်နာပုံး အခွံလွက်များမရှိသည့်အတွက် ဈေးနှုန်းနှစ်ဆ၊သုံးဆ တက်သည့် နေရာများလည်းရှိနေကြောင်း Logistics Myanmar Community မှ ဦးနေစေးက ဆိုသည်။COVID-19 ဂယက်ကြောင့်ဥရောပ၊ အမေရိက ဈေးကွက်များတွင်ကုန်စည်အများအပြား တင်သွင်းရာကွန်တိန်နာ အများစုမှာ အဆိုပါနိုင်ငံများတွင် ကျန်ရှိနေပြီးအခွံချည်းသယ်ဆောင်ရန် မလွယ်ကူဘဲ တင်သွင်းမှုနည်းပါးလာသည့်အတွက် ဈေးနှုန်းကြီးမြင့်လာရခြင်းဖြစ်သည်ဟု ဦးသန်းဝေအောင်က ဆိုသည်။
လက်ရှိကာလအတွင်း သွင်းကုန်နည်းပါးသံားသကဲ့သို့သင်္ဘောဆိုက်ကပ်မှုလည်း နည်းပါးသွားသည်ဟုသိရသည်။ကွန်တိန်နာရှားပါးရခြင်း၏ အဓိကအချက်မှာ အမေရိကနှင့် ဥရောပနိုင်ငံများတွင် ကွန်တိန်နာများ သွားစုနေခြင်းဖြစ်ပြီး အာရှဒေသဖက်သို့ ပြန်လည် ရောက်ရှိလာရန် အချိန်အားဖြင့်နှစ်လခန့် ကြာမြင့်နိုင်ချေ ရှိနေသည်ဟုလုပ်ငန်းရှင်များက ခန့်မှန်းထားသည်။
''အဓိကက ဂလိုဘယ်ကြောင့်ဖြစ်တာ။ တရုက်ကနေအမေရိကကိုသွားနေတာတွေလည်း ကွန်တိန်နာတွေကမရဘူး။ ကွန်တိန်နာတွေ ဘယ်မှာသွားပုံနေလဲဆိုရင် ဥရောပတို့၊ အမေရိကတို့မှာ သွားပုံနေတယ်။နောက် နှစ်လလောက်နေမှအဲဒီပြဿနာက ပြီးသွားမှာ''ဟုဦးနေစေးက ဆို
Credit .MMTIMES.COM