Mr.Holiday

Mr.Holiday Tour Guide,Travel Service,Bus Ticket,Hotel Booking Service,Bike Rental,Car Rental,Traditional Food

မွန်ပြည်နယ် - ပေါင်မြို့မှာတဲ့နော် 😍😍ဇင်းကျိုက် တောင်ပေါ်ရေတံခွန်အပန်းဖြေစခန်းမှကြိုဆိုပါတယ်ဗျာ 🙏တစ်နိုင်ငံလုံးကမိဘပြည်သ...
07/10/2021

မွန်ပြည်နယ် - ပေါင်မြို့မှာတဲ့နော် 😍😍
ဇင်းကျိုက် တောင်ပေါ်ရေတံခွန်အပန်းဖြေစခန်းမှ
ကြိုဆိုပါတယ်ဗျာ 🙏
တစ်နိုင်ငံလုံးကမိဘပြည်သူများကိုဖိတ်ခေါ်ပါတယ် လာလည်ကြည့်ပါ အရမ်းလှပါတယ် ရှုခင်းတွေကြည့်ရတာ ရန်ကုန်မှာမွန်းကြပ်နေသမျှတစ်ခါတည်းအပန်းပြေသွားတာပဲ 😌😌

မွန် ကရင် တိုင်းရင်းသားရိုးရာအိမ်များမှာနားနေအပန်းဖြေပြီး ရိုးရာအစားသောက်များလဲရရှိနိုင်ပါတယ် - တောင်ပေါ်ရှုခင်းများ။ရေတံခွန်ရဲ့သဘာဝအလှနဲ့လေကောင်းလေသန့်များကိုရှုရှိက်အမောဖြေပြီး စိတ်ကြည်လင်မူကိုရရှိမှာပါ - ကျောက်သင်္ဘောရေတံခွန်လမ်းမှကုလားမတောင်တက်တဲ့
ကားလမ်းအတိုင်းလာလိုရသလို ဘုရားနှစ်ဆူလမ်းမှလဲတက် လို့ရပါတယ် 🤗


#ခရီးသွား #မွန်ပြည်နယ်

ဘာစီးပွား ရေးမှ မလည်ပတ် နိုင်တဲ့ အတွက်ကြောင့်ပိုပြီးကြပ်တည်း လာကြလိမ့်မယ် ။-ခရီးသွား လုပ်ငန်း သေချာတယ် နောက် ၅ နှစ်အထိဘာ...
13/08/2021

ဘာစီးပွား ရေးမှ မလည်ပတ် နိုင်တဲ့ အတွက်ကြောင့်
ပိုပြီးကြပ်တည်း လာကြလိမ့်မယ် ။
-
ခရီးသွား လုပ်ငန်း သေချာတယ် နောက် ၅ နှစ်အထိ
ဘာမှ လုပ်မရနိုင်ဘူး ။
-
ဘာအလုပ်မှ အဆင်မပြေတဲ့အတွက်ကြောင့်
စား ဝတ် နေရေး တွေ ပို ခက်လာမယ် ။
-
စီးပွားရေး လုပ်ငန်းတွေဟာ ၂၀၂၂ အကုန်ထိ
ဘာမှ ရေရေ ရာရာ ဖြစ်လာစရာ မရှိပါဘူး။
-
ဒါကြောင့် ခက်ပြီးခက် ဆိုသလို့ ဖြစ်လာမယ်။
-
ရွှေစျေး ဒေါ်လာစျေးဟာ အတက်ပဲရှိမယ်
ကျလာဖို့ ခက်ခဲ တယ် ။
-
ရှိတာကို ချွေတာ စားသောက်ဖို့ လိုတယ်
မလိုတာ ဘာမှ မဝယ်နဲ့ ။
-
ငွေယို ပေါက်တွေ ကို ဒေါင့်စေ့စေ့ လိုက်ပိတ်နိုင်ရင်
ခင်ဗျားဟာ စီးပွားရေး လုပ်တာ နဲ့အတူတူပါပဲ ။
-
အိမ်မှာ မကုန်နိုင်မခမ်း နိုင်ချက်ပြုတ် စားသောက်တာတွေ ရှောင်ပါ။
-
လာမည့်လ လာမည့် နှစ်မှာ ဘယ်လို ဆက် စခန်းသွားမလဲ ကြိုတွေပြီး ခုကတည်းက ကြိုပြင်ထားတာ
အကောင်းဆုံးပါ ။
-
အားလုံးကျန်းမာချမ်းသာကြပါစေ
-

Crd - MKK Business Group.

Missing the beautiful Mdy-POL road? We,too. မန္တလေး-ပြင်ဦးလွင် လမ်းလေးကိုလွမ်းနေကြပြီလား။
02/08/2021

Missing the beautiful Mdy-POL road? We,too.
မန္တလေး-ပြင်ဦးလွင် လမ်းလေးကို
လွမ်းနေကြပြီလား။

Stay Safe Myanmar 🇲🇲
22/07/2021

Stay Safe Myanmar 🇲🇲

ပုဂံရဲ့ ‌နွေဦး 🍁🍁ပုဂံကို ခင်ဗျားတို့အားလုံး လွမ်းနေကြပြီမို့လား ဥဩငှက်လေးတွေရဲ့ နွေဦးတော်လှန်ရေးသံစဉ်တွေကြားမှာ ပုဂံဟာအထ...
26/02/2021

ပုဂံရဲ့ ‌နွေဦး 🍁🍁

ပုဂံကို ခင်ဗျားတို့အားလုံး လွမ်းနေကြပြီမို့လား

ဥဩငှက်လေးတွေရဲ့ နွေဦးတော်လှန်ရေးသံစဉ်တွေကြားမှာ ပုဂံဟာအထီးကျန်လျက် ။

crd photos with thanks


🌲🌲Pine Tree Zone 🌲🌲ကယားပြည်နယ်လေးရဲ့ 🌲Hidden Treasure🌲 🙅🏻‍♀️ဘယ်လိုလူတွေမသွားသင့်လဲဆိုတာ လည်းအနောက်မှာရေးထားပေးလို့ အဆုံး...
29/01/2021

🌲🌲Pine Tree Zone 🌲🌲
ကယားပြည်နယ်လေးရဲ့ 🌲Hidden Treasure🌲
🙅🏻‍♀️ဘယ်လိုလူတွေမသွားသင့်လဲဆိုတာ လည်းအနောက်မှာရေးထားပေးလို့ အဆုံးထိဖတ်နောိ😘
⛰ဆင်ဖြူတောင်အကျော်လေးနား ဆိုလို့ သွားလိုက်ကြတာ။
အသဲတို့ရေ 🏔ဆင်ဖြူတောင်ကိုတော်တော်ကျော်ပါသေးတယ်နော်😑 ဆင်ဖြူကျော်ပီး ရွာ ၂ ရွာ ထပ်ဖြတ်ရပါသေးတယ်။
အပေါ်ရွာ ကျော်ပီး ခနဆိုရောက်ပါပီ။
လမ်းဘေးမှာ ကားရပ်ခဲ့ရပီး လမ်းကြားလေးထဲ ခနလျှောက်သွားတာနဲ့ ရောက်ပါပီ။ပုံထဲကလို 🌲ထင်းရှုးတန်းအပြည့်ဘဲနော်။ ထိုင်စရာနေရာ ဘားမှမရှိဘူး ။ ပုံတွေပတ်ရိုက်စရာတွေကြီးဘဲနော်😘
သူများတွေသွားထားတာ နေပူပူကြီးတွေ့တော့ ကိုယ်တွေက Sunset 🌅ချိန်အမှီလေးသွားလိုက်တယ်
လွိုင်ကော်ကနေ ၂ နာရီလောက်ထွက်တယ်။ဆင်ဖြူနဲ့ နီးတယ် ပြောလို့ပါ😑
🌲အသွားကို ၂ နာရီ ကျော်ကျော် ကြာပါတယ်။
အဖွဲ့ကလူများရင် စောစောထွက်နော်။ ပုံရိုက်ရင်းကြာကြမှာနဲ့ဆိုတော့
မင်တို့ က အပြန်မှောင်မှာဆိုးလို့ နာရီဝက်လောက်ရိုက်ပီး တန်းပြန်လာတာ။အချိန်လည်း ၄:၃၀ လောက်မှရောက်သွားတော့လေ။
သွားရ/ ပြန်ရတဲ့ ခရီးက ရှည်ပီး View ကြည့်ရတဲ့အချိန်က ခနလေးဘဲဆိုတော့ မတင်မကျအောင့်သက်သက်နည်းနည်းတော့ဖြစ်တယ်
🌲ပုံရိုက်ရတာ / ရှု့ခင်းကြည့်ရတာကြိုက်တဲ့သူဆိုတန်တယ်ပေါ့နော်။ 🙅🏻‍♀️အဲ့လိုမကြိုက်တဲ့သူဆိုရင်တော့ မသွားပါနဲ့ ။မတန်ဘူးထင်မှာဘဲ။ကိုယ်တွေ ဝါသနာပါတဲ့သူတွေတောင်နည်းနည်းတော့ ခံစားရတာဘဲ😫
🙅🏻‍♀️😑လမ်းက အကွေ့အပတ်ပေါင်းများစွာနဲ့မို့ ကားမူးတတ်တဲ့သူတွေလည်းမသွားပါနဲ့နော်။🥴တော်တော်အီလည် အောင်ခံစားရလိမ့်မယ်။
အကွေ့အပတ်ကတော့ ဘဝမှာအကြာဆုံးစီးဖူးတာဘဲ🥴
😬ကိုယ်တွေက မူးပေမဲ့ ပုံရိုက်ဝါသနာပါတဲ့သူတွေဆိုတော့ ရှုခင်းတွေတော့ 🌲အမောပြေသွားတာဘဲ။😜
💈လမ်းအကွေ့တွေက တချို့နေရာတွေဆို တော်တော်ကြီးတော့ တဖက် ဆင်းလာ/တက်လာတဲ့ ယာဉ်တွေမမြင်ရလို့ ဟွန်းတီးပီးတက်ကြ/ဆင်းကြနော်။(အန္တရာယ်ကွေ့တွေများလို့ပါ)💣💣
💈ကိုယ်တွေတောင် အတက်မှာအရှိန်နဲ့ဆင်းလာတဲ့ ဆိုင်ကယ်တန်းတွေနဲ့ ချိတိမလိုဖြစ်သွားလို့ ။အကုန်လုံးက အရှိန်နဲ့ တက် / ဆင်း ကြတာကြီးဘဲဆိုတော့ Be CareFul နော် အသဲတို့ရေ😘😘😍
ကိုယ်တွေလို သွားပီး လှမ်းပတ်မေးရတာမျိုးမဖြစ်အောင် သွားကြမဲ့သူတွေအတွက် JustSharing ပါနော်😘😘
-TNNS

.Holiday

ကယားပြည်နယ်လို့ဆိုလိုက်လျှင်ဖြင့် လူတိုင်းရဲ့အတွေး ပုံရိပ်ထဲမှာ😌 ဒဏ္ဍာရီထဲက "ဒွေးမယ်နော်" ချစ်ဇာတ်လမ်းလေးနဲ့အတူ🙈 နတ်သမီး...
25/01/2021

ကယားပြည်နယ်လို့ဆိုလိုက်လျှင်ဖြင့် လူတိုင်းရဲ့အတွေး ပုံရိပ်ထဲမှာ😌 ဒဏ္ဍာရီထဲက "ဒွေးမယ်နော်" ချစ်ဇာတ်လမ်းလေးနဲ့အတူ🙈 နတ်သမီး(၇)ဖော်တို့ရေကစားခဲ့ကြတဲ့ ကန်ခုနှစ်ဆင့် ကို အပြေးမြင်ကြတယ်... ဟုတ်??😉😉
ဒါကြောင့်မို့ ဒီနေ့မှာတော့ ကယားပြည်နယ်ရဲ့ အထင်ကရ ပုံရိပ်ဖြစ်တဲ့ ကိန္နရီညီအစ်မ (၇)ဖော်တို့ ရေကစားပျော်စံရာ ကန်ခုနှစ်ဆင့်အကြောင်းလေးပြောပြပေးချင်ပါတယ် 💁💁

ကန်ခုနှစ်ဆင့်ကတော့ 📍 လွိုင်ကော်မြို့မှ ၁၄ မိုင်ခန့်အကွာမှာတည်ရှိပြီး မိနစ် ၃၀ ခန့်သွားရောက်ရပါတယ် 🚗🚕

ကန်ခုနှစ်ဆင့်ဟုဆိုသည့်အတိုင်းပင် သဘာဝအတိုင်း😉 တစ်ဆင့်ချင်းဖြစ်ပေါ်တည်ရှိနေတဲ့ရေကန်(၇)ကန်ကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ 😯😯
ကန်အနီးရှိ တနီးလာလဲကျေးရွာလေးတွင် ကယားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုများကို လေ့လာနိုင်တဲ့အပြင်👀👀 ကန်နံဘေးတွင် တောတောင်ရေမြေသဘာဝအလှများကို ခံစားရင်း😌😌 ရွာခံများပြင်ဆင်ပေးတဲ့ ရိုးရာအစားအစာများကိုလည်း သုံး‌ဆောင်နိုင်တဲ့အတွက်😋😋 အဖွဲ့လိုက် ပျော်ပွဲစားထွက်ချင်သူများအတွက် အသင့်တော်ဆုံး
နေရာလေးပါခင်ဗျ... 👪👫👭
ဒါ့အပြင် ကန်ခုနှစ်ဆင့်ရဲ့အလှဟာဆိုရင်☺☺ သွားရောက်လည်ပတ်သူတိုင်းအတွက် စိတ်အေးချမ်းမှုကိုပေးတဲ့အပြင်✌✌ ဓါတ်ဖမ်းလို့ကောင်းတဲ့နေရာတစ်ခုလည်းဖြစ်တာကြောင့် 📷📷 သွားရောက်လည်ပတ်သင့်ကြောင်း ပြောပြရင်းနဲ့ Covid ကြီးပြီးလို့ အလည်အပတ်ခရီးစီစဉ်နေသူတွေကို ကယားပြည်နယ်မှာရှိတဲ့ ကန်ခုနှစ်ဆင့်နဲ့အတူ အခြားသောလှပတဲ့ နေရာများစွာကို လာရောက်လည်ပတ်
ကြပါရန် ဖိတ်ခေါ်လိုက်ပါတယ် 🙆✌🙆
လာလည်တဲ့အခါကျရင် Mr.Holiday Travel & Tour ကိုဆက်သွယ်ဖို့မမေ့နဲ့နော် ......

Photo by: K cube photography & Tony Wu Photography (crd)
** ကယားပြည်နယ်ရဲ့ သတင်းအချက်အလက်တွေနဲ့ လည်ပတ်စရာနေရာတွေအကြောင်းကို သိရှိလိုပါက 👀👀 https://www.kayahtourism.org မှာ
ဝင်ရောက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်...** 🔍🔍
.Holiday


#ပျော်ရွှင်သစ်လွင်ခရီးစဥ် #သဘာဝအလှခံစားခရီးသွား #မြန်ပြည်အနှံ့ခရီးဆန့် #စွဲမက်ဖွယ်ရာပြည်မြန်မာ

💥 ကယားပြည်နယ်ရဲ့ ခရီးစဉ်အသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် 💥💢💢💢💢💢💢💢💢💢💢💢💢💢💢💢အဲဒီခရီးစဉ်အသစ်လေးကတော့ 📍 ကယားပြည်နယ်၊ လွိုင...
25/01/2021

💥 ကယားပြည်နယ်ရဲ့ ခရီးစဉ်အသစ်လေးတစ်ခုနဲ့
မိတ်ဆက်ပေးချင်ပါတယ် 💥

💢💢💢💢💢💢💢💢💢💢💢💢💢💢💢

အဲဒီခရီးစဉ်အသစ်လေးကတော့
📍 ကယားပြည်နယ်၊ လွိုင်လင်လေးမြို့နယ်၊
ဝမ်ငေါ့ကျေးရွာမှာရှိတဲ့ "ဝမ်ငေါ့ရေတံခွန်"ပဲဖြစ်ပါတယ်

ဝမ်ငေါ့ရေတံခွန်ဟာဆိုရင်တွေ့ မြင်နေကြပုံစံမျိုးဖြစ်တဲ့
အမြင့်ကနေစီးကျနေတာမျိုးမဟုတ်ပဲ ရေတံခွန်အနိမ့်လေးတွေအဆင့်ဆင့်စီးဆင်းနေတာကိုတွေ့မြင်ရမှာ ဖြစ်ပါတယ် ။
👀👀

ရေတံခွန်ကိုရောက်ပြီဆိုတာနဲ့ ကြည်စိမ်းနေတဲ့ရေတွေကို မြင်တွေ့လိုက်ရတဲ့အခါ လမ်းခရီးတစ်လျှောက် ပင်ပန်းသမျှ အမောပြေစေမှာ အသေချာပဲနော် 😉😉

နောက်ပြီး ရေတံခွန်အနားမှာပဲ ချစ်ရတဲ့သူတွေနဲ့ပဲဖြစ်ဖြစ်၊ မိသားစုနဲ့ပဲဖြစ်ဖြစ် ပျော်ပွဲစားထွက်ရင်း အနားယူလို့
ကောင်းတဲ့အပြင် အေးစိမ့်လှတဲ့ရေထဲမှာ ချစ်ရသူတွေနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်ရေကစားရတာကလည်း
မမေ့နိုင်စရာခရီးစဉ်လေးတစ်ခုအဖြစ် အမှတ်တရတွေ
ကျန်ရှိနေမှာဖြစ်ပါတယ်။✌✌✌

💥 သဘာဝရဲ့ အလှအပကို မပျက်စီးစေဖို့နဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့အနေနဲ့ မိမိတို့အမှိုက်ကို
မိမိကစ စနစ်တကျ သိမ်းဆည်းဖို့လည်း မမေ့ပါနဲ့နော်...💥

ဒီတော့ COVID-19 ကြီးပြီးလို့ ခရီးတွေပြန်ထွက်ခွင့်
ရရင်တော့ ဝမ်ငေါ့ရေတံခွန်ကိုသွားရောက်လည်ပတ်ရင်းနဲ့
သဘာဝရဲ့အလှတရားကိုခံစားဖို့ အကြံပြုလိုက်ပါရစေ...🙆🙆

** ကယားပြည်နယ်ရဲ့ သတင်းအချက်အလက်တွေနဲ့ လည်ပတ်စရာနေရာတွေအကြောင်းကို သိရှိလိုပါက 👀👀 https://www.kayahtourism.org မှာ
ဝင်ရောက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်...** 🔍🔍
.Holiday Travel and Tour Service



#ပျော်ရွှင်သစ်လွင်ခရီးစဥ် #သဘာဝအလှခံစားခရီးသွား #မြန်ပြည်အနှံ့ခရီးဆန့် #စွဲမက်ဖွယ်ရာပြည်မြန်မာ

မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်အသင်း (MDTA)မှ 2021 အတွက် သတ်မှတ်ထား​သော ကျွန်းခရီးစဥ်​စျေးနှုန်းများကို Mr.Holiday Trave...
25/01/2021

မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်အသင်း (MDTA)မှ 2021 အတွက် သတ်မှတ်ထား​သော ကျွန်းခရီးစဥ်​စျေးနှုန်းများကို Mr.Holiday Travel and Tour Service မှတစ်ဆင့်ဖော်ပြပေးလိုက်ပါတယ်ရှင်။

👉​နေ့ချင်းပြန် ခရီးစဥ်👈
🏖​​ဒုံး​ရေတံခွန်~​ညောင်မှိုင်းရွာ~စမတ်ကျွန်း (70,000) ကျပ်
🏝လေးကျွန်း~လင်းလဲ့မွန်ကျွန်း~သမီးလှကျွန်း (70,000) ကျပ်
🏖စမတ်ကျွန်း~​ကော့​ဒွေးကျွန်း~ပဒန်းကျွန်း (80,000)ကျပ်
🏝ကြယ်လိပ်ကျွန်း~​ဘေလီကျွန်း~စမတ်ကျွန်း (100,000)ကျပ်

ညအိပ်ခရီးစဥ် ​ညောင်မှိုင်းရွာ CBT (150,000) ကျပ်
🏞​ဒုံး​ရေတံခွန်~​ညောင်မှိုင်~စမတ်ကျွန်း~​ဘေလီကျွန်း~ကြယ်လိပ်ကျွန်း🏝 များကို ညအိပ်ခရီး၌ ၆ ကျွန်း ပို့​ဆောင်​ပေးမှာဖြစ်ပါတယ်.....

ညအိပ်ခရီးစဥ် က​တော့ ဒီနှစ် ​စျေးအရမ်းသက်သာစွာ ​ရောင်းချ​ပေးထားပါတယ်​ရှင့်😱😱😱....

ခရီးသွား ပြန်ဖွင့်ရင် မြိတ်ကျွန်းစုခရီးစဥ် မြိတ်မြို့ ကို လာရောက်လည်ပတ်ကြပါရန်ဖိတ်​ခေါ်ပါတယ်နော်.....

ပင်လယ်စာ (​ရေစာ) များအရမ်း​ပေါကြွယ်ဝပြီး အလွန်လှပ​သော အပျိုစင်ကျွန်းများမှာ အပန်​ဖြေဖို့ ဖိတ်​ခေါ်ပါရ​စေ.ရှင့်🤗...
Crd

တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း ဖွင့်လှစ်ထားရှိသော ဟိုတယ်/ တည်းခိုရိပ်သာများစာရင်း*************************************...
19/01/2021

တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း ဖွင့်လှစ်ထားရှိသော ဟိုတယ်/ တည်းခိုရိပ်သာများစာရင်း
***********************************************

.Holiday
crd - hotel and tourism gov page

ကိုယ်သွားချင်တဲ့ခရီးကိုရွေးပြီး မိမိစိတ်အနေအထားကိုခန့်မှန်းလို့ရတယ်ဆိုတာသင်သိပါသလား?သူငယ်ချင်းတို့ကော ဘယ်တစ်ခုကိုသွားချင...
17/01/2021

ကိုယ်သွားချင်တဲ့ခရီးကိုရွေးပြီး မိမိစိတ်အနေအထားကိုခန့်မှန်းလို့ရတယ်ဆိုတာသင်သိပါသလား?
သူငယ်ချင်းတို့ကော ဘယ်တစ်ခုကိုသွားချင်နေလဲ?
မနက်ဖြန်ဆို အသေးစိတ်လေတင်ပေးမယ်နော်

A.သမိုင်းဝင်ရှေး​ဟောင်း နေရာများ
B.ကမ်း‌ခြေများ
C.တောင်ပေါ်ဒေသများ
D.စွန့်စွန့်စားစားခရီးသွားခြင်း

.holiday

Address

Yadanar
Yangon
11091

Telephone

+959454490006

Website

Alerts

Be the first to know and let us send you an email when Mr.Holiday posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mr.Holiday:

Share