13/04/2024
ထိုင်းကိုလာချင်တဲ့ သူများအားလုံး 👀
ထိုင်းကိုမလာခင်ဒီအချက်လေးတွေကိုသိထားရင်ကိုယ့်အတွက်အထောက်များစွာရရှိစေမှာပါနော်။ 🇹🇭
👉1.Passport နဲ့ Visa 🛂
ပထမဆုံးအနေနဲ့ထိုင်းကိုမလာခင်ကိုယ်ကဘယ်လိုvisaနဲ့နေမယ်ဘာကိုလုပ်မယ်ဆိုတာအရင်ဆုံးစဥ်းစားပြီးမှလာတာကောင်းပါမယ်။🔹️အကယ်၍ကိုယ်ကPVနဲ့လာပြီးဒီရောက်မှအလုပ်လုပ်မယ်ဆိုNon LA visa(ဘတ်ရိုက်ပြီးတော့ကိုယ့်passport ထဲကိုvisaထည့်တာပါ)လုပ်မယ်ဆိုပြီးတွေးထားရင်ဒီကလူခံသို့မဟုတ်အလုပ်သေချာအပ်ပေးမဲ့မိတ်ဆွေမျိုးတော့ရှိထားတာကောင်းပါမယ်။ကိုယ်ယုံကြည်ရတဲ့သူမျိုးမဟုတ်ရင်တောင်စိတ်ချလို့ရလောက်တဲ့သူမျိုးကိုရှာပါ။
🚫မဟုတ်ရင်ပွဲစားလူလိမ်တွေများကြောင့်ကိုယ်ပါသမျှအကုန်ကုန်ပါလိမ့်မယ်။😢
🔹️ဒါမှမဟုတ်ကိုယ်ကကျောင်းလာတက်ချင်တယ်ဆိုရင်ကိုယ်တက်မဲ့ကျောင်းအတွက်လိုအပ်တာတွေပြင်ဆင်စရာရှိတာ,အခန်းကြိုရှာထားတာမျိုးလုပ်ထားသင့်ပါတယ်။ကိုယ်တက်မဲ့ကျောင်းရဲ့intakeတွေကိုမစောင့်ချင်လို့ကိုယ်Tourist visaနဲ့ကြိုလာပြီးတော့မှ edu visaပြောင်းချင်တဲ့သူတွေလဲရှိပါတယ်။ ဒါပေမဲ့တချို့ ကျောင်းတွေက visa processing ကိုကိုယ့်ဘာကိုလုပ်ရတာမျိုးရှိပါတယ်အဲ့လိုမျိုးဆိုlaoဘက်၃ရက်လောက်ထွက်ပြီးedu visaပြန်လျှောက်ရတာမျိုးရှိပါတယ်နော်။
🤔ဆိုတော့သေချာစုံစမ်းပီးမှ လာသင့်ပါတယ်။
2. Money Exchange 💵
Airport မှာဖြစ်နိုင်ရင် ငွေလုံးဝမလဲပါနဲ့။❌️
ပြန်ရတဲ့ Rateက တအားနည်းပါတယ်။ အလျှင်လိုရင်တော့ လိုသလောက်ပမာဏပဲ ထုတ်ထားပြီး ကျန်တာကိုတော့ နာမည်ရှိတဲ့ Money Exchange ဆိုင်တွေမှာလဲသင့်ပါတယ်။😌
အများစုကတော့ Superrich Thai Exchange နဲ့ Rattana Supply ကနေ ငွေလဲရတာ အဆင်ပြေတယ်ပြောပါတယ်။ ဆိုင်ခွဲတော်တော်များများက Mallတွေထဲမှာရှိတတ်ပါတယ်။
ATM တွေလည်းတော်တော်များများရှိပါတယ် 🪪
3. နာမည်ကြီးပွဲတော်များ🎊
နာမည်ကြီး ပွဲတော်များ ကျင်းပတဲ့ ရက်တွေနဲ့ နေရာတွေကို တစ်စုတစည်းတည်းဖော်ပြရရင်
🔸️Chaung Mai ပန်းပွဲတော် 🌸(2-4February)
🔸️တရုတ်နှစ်ကူး (Feb လထဲ) 🧧
🔸️သင်္ကြန်ပွဲတော် (13-15 April) 🔫
🔸️ သရဲပွဲတော် (23-25June)
🔸️သပ်သပ်လွတ်ပွဲတော် (3-10 October) အဲ့အချိန်ဆို Shopping Mallတိုင်းသက်သက်လွတ်ပဲရောင်းကြပါတယ်။
🔸️မီးမျှောပွဲ (15Nov)🪔
ကိုယ်ကထိုင်းကိုအလုပ်နဲ့လာတာပဲဖြစ်ဖြစ်အရင်လာပြီးမှကျောင်းလျှောက်ချင်တာဖြစ်ဖြစ်ကိုလာမဲ့လကိုအရင်ကြည့်ပါ‼️ဥပမာApril လမှာဆိုသင်္ကြန်ရှိတဲ့အတွက်ရက်တော်တော်များများပိတ်ရက်ရှိတဲ့အတွက်ကြောင့်ပါ
4. Thai မှာ အသုံးပြုရမည့် App များ
🚕 သွားရေလာရေး အတွက် စျေးမှန်ပီး အချိန်မရွေး သုံးလို့ရတာတွေကတော့
✅ Indrive
✅ Bolt
✅ Grab
✅ Via bus
✅ BTS SkyTrain
🛒 ထိုင်းနိုင်ငံမှာရေရှည်နေဖို့စဥ်းစားပြီးပြီဆိုရင်အသုံးစရိတ်ချွေတာဖို့ကပထမဆုံးလိုအပ်လာပြီပေါ့နော်အဲ့အတွက်အရင်ဆုံး
✅️ Lazada
✅️ Shopee
ကနေစျေးသက်သက်သာသာနဲ့မှာယူလို့ရပါတယ်။
အစရှိတဲ့appsများကတော်တော်အသုံးဝင်ပါတယ်ရှင့်
ထိုင်းနိုင်ငံအတွင်းအခန်းငှားဝန်ဆောင်မှုနှင့်အခြားသောဝန်ဆောင်မှုများကိုthai apartment/Condo Service မှာလာရောက်စုံစမ်းမေးမြန်းလို့ရပါတယ်နော်🥰