23/05/2026
Fast & Smart ကို အစဉ်တစိုက် အားပေးလာကြသော ချစ်ခင်ရပါသည့် မိတ်ဆွေများခင်ဗျာ...
ကျွန်တော်တို့ Fast & Smart အနေဖြင့် လူကြီးမင်းတို့၏ ပါဆယ်လ်ပစ္စည်းများကို အမြန်ဆုံးနှင့် အစိတ်ချရဆုံး ပို့ဆောင်ပေးနိုင်ရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ လက်ရှိတွင် လည်ပတ်မှုကုန်ကျစရိတ်များ မြင့်မားလာခြင်းကြောင့် ကျွန်တော်တို့၏ ပို့ဆောင်ခ (Deli ခ) ရန်ကုန်၊မန္တလေး၊နေပြည်တော်မပါ “နယ်မြို့” နှုန်းထားများကို လာမည့် (၂၅.၅.၂၀၂၆) ရက်နေ့မှစတင်ကာ အနည်းငယ် ပြင်ဆင်သတ်မှတ်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ယခုကဲ့သို့ ပြင်ဆင်ရသည့်အတွက် လူကြီးမင်းတို့အပေါ် အားနာမိပါသည်။ သို့သော်လည်း ဤနှုန်းထားအပြောင်းအလဲနှင့်အတူ ပစ္စည်းပို့ဆောင်မှု အပိုင်းတွင် ပိုမိုမြန်ဆန်သော speed၊ ပိုမိုကောင်းမွန်သော တာဝန်ယူမှု တို့ဖြင့် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း အလေးအနက် ကတိပြုပါသည်။
လုပ်ငန်းရှင်များနှင့် Customer များအားလုံး၏ နားလည်မှုကို မျှော်လင့်ရင်း၊ နောင်တွင်လည်း ယုံကြည်စိတ်ချစွာဖြင့် ဆက်လက်လက်တွဲနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။
လေးစားစွာဖြင့် - Fast & Smart Express Management Team
👉 𝐅𝐚𝐬𝐭 & 𝐒𝐦𝐚𝐫𝐭 မှာ ပါဆယ်ထုတ်လေးတွေ အပ်ချင်ပါက
💠 𝐎𝐧𝐥𝐢𝐧𝐞 - 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫
☎️ 𝐏𝐡𝐨𝐧𝐞 : 𝟎𝟗-𝟕𝟖𝟏𝟖𝟔𝟖𝟗𝟔𝟏, 𝟎𝟗-𝟕𝟗𝟓𝟒𝟒𝟗𝟏𝟏𝟓
📍 𝐇𝐞𝐚𝐝 𝐎𝐟𝐟𝐢𝐜𝐞 𝐀𝐝𝐝𝐫𝐞𝐬𝐬𝐞𝐬 - 𝐍𝐨.𝟑,𝟎𝟎𝟑(𝐆𝐫𝐨𝐮𝐧𝐝 𝐅𝐥𝐨𝐨𝐫), 𝐀𝐮𝐧𝐠 𝐂𝐡𝐚𝐧 𝐓𝐡𝐚𝐫 𝐇𝐨𝐮𝐬𝐢𝐧𝐠, 𝐁𝐚𝐡𝐚𝐧, 𝐘𝐚𝐧𝐠𝐨𝐧
သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင်🙇🏼♀️🥰
#ပစ္စည်းပို့ဝန်ဆောင်မှု #ကိုယ်တိုင်အပ်ပြီးCashbackယူမယ် #စိတ်ချရသောဝန်ဆောင်မှု #အမြန်ပို့ဆောင်မှု #လာကောက်ခအခမဲ့ #ရန်ကုန်မြို့တွင်း #တစ်နိုင်ငံလုံးပို့ဆောင်ပေးနေပါတယ် #ငွေကြိုရှင်း #ရန်ကုန်မြို့တွင်း၃၀၀၀ကျပ်
#ဒီနေ့ကောက်နောက်နေ့ရောက်