7 Rights Logistics

7 Rights Logistics Logistics Service

09/01/2026

သွင်းကုန်လိုင်စင်အတွက် ကုမ္ပဏီတစ်ခုကို ကုန်ပစ္စည်းအမျိုးအစား တူညီပါက တစ်စောင်သာ ခွင့်ပြုပေးမည်

ရန်ကုန်၊ ဇန်နဝါရီ ၉

ပြည်တွင်းမှာ ရောင်းဝယ်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ဖို့ တင်သွင်းမှုများအတွက် လိုင်စင်လျှောက်ထားရာမှာ ကုမ္ပဏီတစ်ခုကို ကုန်ပစ္စည်းအမျိုးအစား တူညီပါက ပြက္ခဒိန်တစ်လအတွင်း တစ်စောင်သာ လျှောက်ထားကြဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) ကနေ သိရပါတယ်။

ဇန်နဝါရီလ ၈ ရက်နေ့က ထုတ်ပြန်တဲ့ သွင်းကုန်လုပ်ငန်းရှင်တွေကို အသိပေးကြညာခြင်းမှာ အထက်ပါအတိုင်း ဖော်ပြထားပြီး အဆိုပါ သွင်းကုန်လိုင်စင်တစ်စောင်ကိုသာ အတည်ပြု ခွင့်ပြုပေးသွားမယ်လို့ ဆိုပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနအနေနဲ့ သွင်းကုန်လုပ်ငန်းရှင်တွေကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး လျှောက်ထားတဲ့ သွင်းကုန်လိုင်စင် / ပါမစ် လျှောက်လွှာတွေရဲ့ သက်တမ်းကို ရက်ပေါင်း ၁၈၀ သတ်မှတ်မယ်လို့ သိရပါတယ်။

သွင်းကုန်လိုင်စင် / ပါမစ် လျှောက်လွှာတွေရဲ့ သက်တမ်း ရက်ပေါင်း ၁၈၀ ကျော်လွန်တဲ့ လျှောက်ထားမှုတွေကို Myanmar Tradenet 2.0 စနစ်မှ ပယ်ဖျက်ခြင်း (Auto Cancel) ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

ဒါ့ကြောင့် သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ သွင်းကုန်လိုင်စင် / ပါမစ် လျှောက်လွှာတွေနဲ့ စပ်လျဉ်းပြီး ထုတ်ပြန်ချက်တွေအတိုင်း သိရှိလိုက်နာဆောင်ရွက်နိုင်ဖို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် စီးပွား/ကူးသန်းအနေနဲ့ ပို့ကုန်လုပ်ငန်းတွေ အဆင်ပြေချောမွေ့စေရေးအတွက် ပို့ကုန်လိုင်စင်လျှောက်ထားမှုတွေကို အချက်အလက်ပြည့်စုံစွာ တင်ပြလာပါက Automatic Licensing စနစ်နဲ့ အလိုအလျောက်ခွင့်ပြုခြင်း၊ Non-Automatic Licensing စနစ်နဲ့ လျှောက်ထားမှုတွေကို ပို့ကုန်သွင်းကုန်လုပ်ငန်းညှိနှိုင်းမှုကော်မတီက စိစစ်ပြီး ရုံးဖွင့်ရက်တွေမှာ ၂၄ နာရီအတွင်း ခွင့်ပြုခြင်းတွေနဲ့ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ စောင်ရေနဲ့ ပမာဏအတိုင်း အပြည့်အဝ မှန်မှန်ကန်ကန် တင်ပို့ကြဖို့နဲ့ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်မှုအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ကာလအတွင်း အပြည့်အဝ ပြန်လည်ဝင်ရောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း - BETV Business

07/01/2026

The required conversion of export earnings from beans, maize, and rice has been revised, with only 15% of total proceeds now to be exchanged at the Central Bank’s reference rate, down from 25%.

06/01/2026

FYI

May your holidays be merry, bright, and full of good surprises 🎁✨Merry Christmas! ❤️
25/12/2025

May your holidays be merry, bright, and full of good surprises 🎁✨

Merry Christmas! ❤️

LCL medicine cargo safely transported in our 10 ft box truck.Trust us with what matters. ❤️
01/12/2025

LCL medicine cargo safely transported in our 10 ft box truck.

Trust us with what matters. ❤️

25/11/2025

📁Surrender Bill Of Lading

⭐.Surrender BL ကတော့ Bill of lading ကို Original အဖြစ်မှ လက်လွှတ်ခြင်း သို့မဟုတ် စွန့်လွှတ်​ခြင်းလို့ အဓိပ္ပါယ် ရပါတယ်...အဲဒါကို Original Bill Of Lading ကို Collected at exporting side လို့ ပြောမယ်ဆိုရင်လည်း ရပါတယ်..

⭐ဆိုလိုတာက Original မထုတ်ပဲ Bill of lading ကို Surrender လုပ်လိုက်တာနဲ့ Importer အနေနဲ့ BL Copy နဲ့ ကုန်ပစ္စည်း ထုတ်ယူခြင်းကို Exporter အနေနဲ့ ခွင့်ပြုလက်ခံပါတယ်လို့ ဆိုလိုပီး၊ ကုန်ပစ္စည်း ထုတ်ရတာလည်း ပိုမို မြန်ဆန် ချောမွေ့ပါတယ်...

⭐Exporter အနေနဲ့ BL Surrender လုပ်ဖို့ ညွှန်ကြားလိုက်တာနဲ့ BL Original မရပဲ Shipping line or Freight Forwarder က Surrender တုံးထုထားတဲ့ BL Copy ကိုသာ လက်ခံရရှိမှာ ဖြစ်ပါတယ်..

⭐နောက်တစ်ခုက Surrender BL နဲ့ သဘောတရားအတူတူဖြစ်တဲ့ Telex Release ဖြစ်ပါတယ်..Telex release ဆိုရင်လည်း BL မှာ Telex Release Stamp ပါပါတယ်..Telex Release ဆိုတာကတော့ Email and Internet တွေကျယ်ပြန့်စွာ မသုံးခင်မှာ သဘော်လိုင်းတွေဟာ Telex machine တွေနဲ့ Port of destination မှာရှိတဲ့ Shipping line တွေကို BL Copy နဲ့ Delivery Order ထုတ်ပေးဖို့အကြောင်းကြားတဲ့အတွက် Telex Release ဆိုတာပေါ်ပေါက်လာတာပါ...

⭐ဘာကြောင့် Surrender BL ထုတ်ဖို့ လိုအပ်တာလဲ ဆိုရင် အခုခေတ်မှာ သဘော်တွေရဲ့ မြန်နှုန်းက ပိုမိုကောင်းမွန်လာတဲ့အတွက် အချိန် တိုတိုနဲ့ ကုန်ချဆိပ်ကမ်းကို Original BL ထုတ်နေတုန်းမှာ ရောက်နိုင်ပါတယ်..

👉ဥပမာ စင်ကာပူနဲ့ မြန်မာ ကြားကုန်ပစ္စည်းပို့မယ်ဆိုရင် သုံးရက် နဲ့ လေးရက်အတွင်း ကုန်ချဆိပ်ကမ်းကို ရောက်ပါတယ်..

⭐Oriinal BL ကို Exporter ကထုတ်ဖို့ ညွှန်ကြားထားရင် Importer အနေနဲ့ ကုန်ပစ္စည်း ရောက်ရှိချိန်မှာ Delivery Order ကို လဲလှယ်မှု မပြုနိုင်သေးပဲ BL Original စောင့်နေရပါလိမ့်မယ်..

⭐အကယ်၍ ကုန်တင်ပို့သူက Freight Cost ကို ကုန်တင်ပို့တဲ့ နိုင်ငံမှာ ပေးချေပြီး Surrender BL ထုတ်ဖို့ Freight Forwarder or Shipping line ကိုညွှန်ကြားလိုက်ရင်တော့ Exporter အနေနဲ့ Surrender တုံးထုထားတဲ့ BL ကို Importer ဆီ Email က ပို့ရုံနဲ့ Importer အနေနဲ့ ကုန်ပစ္စည်း ထုတ်ယူဖို့အတွက် Delivery Order ကို Surrender BL Copy နဲ့ လဲလှယ်ရယူနိုင်ပါတယ်.

⭐Surrender BL လုပ်ခြင်းအားဖြင့် ကုန်သွယ်မှုနှုန်းမှာ မြန်ဆန်လာသလို BL ပျောက်ဆုံးနိုင်ခြေရှိမှုကိုလည်း လျော့ချနိုင်ပါတယ်..


Myanmar Logistics Update News and Customs

Just as the lights of Thadingyut guide our way, may this season inspire stronger partnerships, brighter opportunities, a...
05/10/2025

Just as the lights of Thadingyut guide our way, may this season inspire stronger partnerships, brighter opportunities, and shared prosperity.

Happy Thadingyut❤️.

29/08/2025
27/08/2025
27/08/2025

Steel, timber, agro, machinery, you name it, we deliver it. (Flexible rates -per route or -per ton)

General cargo made simple. 🚛

27/08/2025

Steel, timber, agro, machinery, you name it, we deliver it. (Flexible rates -per route or -per ton.)

General cargo made simple. 🚛

Address

Yangon

Telephone

+959421129371

Website

Alerts

Be the first to know and let us send you an email when 7 Rights Logistics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 7 Rights Logistics:

Share