13/06/2024
စိတ်မကောင်းစွာနဲ့ပဲ ကြေငြာပါရစေခင်ဗျာ .. 😔
ကျွန်တော်တို့ရဲ့ One 2 One delivery service ကို ယုံကြည်စွာနဲ့ ပစ္စည်းအပ်နှံကြတဲ့ customer များအားလုံးကို လေးစားစွာဖြင့် အသိပေးချင်တာလေးရှိပါတယ် ..
လတ်တလောအခြေနေ အမျိုးမျိုးကြောင့် ကျွန်တော်တို့အနေနဲ့ ပို့ဆောင်တဲ့အခါ အခက်အခဲများစွာကို ကြုံတွေ့နေရတဲ့အတွက်ကြောင့်
One 2 One Delivery Service ကို ( 14.6.2024 ) ရက်နေ့မှစပြီး အကန့်မသတ်မရှိ ခေတ္တရပ်နားလိုက်ပြီဖြစ်ကြောင်း စိတ်မကောင်းစွာနဲ့ သတင်းစကားပါးလိုက်ရပါတယ်ခင်ဗျာ 😢
ဒါပေမယ့် ပစ္စည်းလေးတွေကို ယနေ့ 13.6.2024 ရက်နေ့အထိတော့ ပစ္စည်းကောက်လက်ခံသွားမှာဖြစ်ပြီးတော့
16.6.2024 ရက်နေ့မှာ ပစ္စည်းလေးတွေကို အကုန်ပြီးပြတ်အောင် ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။
ပစ္စည်းပို့မရတဲ့ ပါဆယ်ထုတ်တွေကိုတော့ 17.6.2024 ရက်နေ့မှာ online shop ထံသို့ return to shop အနေနဲ့ ပြန်ပို့ပေးပါမယ်ခင်ဗျာ ..
ဒါပေမယ့် ငွေစာရင်းရှင်းတမ်း ကိစ္စလေးတွေကိုတော့ ကျွန်တော်တို့ 30.6.2024 လကုန်အထိ ဆက်လက်ပြီး ဆောင်ရွက်ပေးသွားမှာဖြစ်ပြီးတော့
လူကြီးမင်းတို့အနေနဲ့ One 2 One နဲ့ရှင်းလင်းစရာ ငွေစာရင်းရှင်းတမ်းလေးတွေကို ထိုရက်တွေအတွင်းမှာ လာရောက်ပြောကြားပေးလို့ရပါတယ်ခင်ဗျာ ..
ပစ္စည်းကောက်လက်မခံတော့ပေမယ့် accounting ပိုင်းကိုတော့ ဆက်လက်ပြီး လကုန်အထိ ဆောင်ရွက်ပေးသွားမှာမို့ စိတ်မပူဖို့ ပြောပါရစေနော်။
ဝမ်းနည်းစွာနဲ့ပဲ One 2 One delivery service ကနေ ချစ်ရတဲ့ customer များအားလုံးကို ခေတ္တနှုတ်ဆက်ပါတယ်ခင်ဗျာ 😔🙏🏻