ကိုယ်ပိုင်Taxiမောင်းသူများအဖွဲ့

  • Home
  • Myanmar
  • Yangon
  • ကိုယ်ပိုင်Taxiမောင်းသူများအဖွဲ့

ကိုယ်ပိုင်Taxiမောင်းသူများအဖွဲ့ +959250600607
+959790600607

23/08/2026

23.8.2026 ပုံမှန်ပြုလုပ်နေကျ Sunday တွေ့ဆုံပွဲလေးမှာ ယခင်အပတ် Sunday တွေ့ဆုံပွဲကတည်းက ချိန်းဆိုထားခဲ့တဲ့ AUTO Taxi Application အဖွဲ့နဲ့ လက်ခံတွေ့ဆုံခဲ့ကြပါတယ်။
လက်ရှိ Taxi စျေးကွက်အတွင်း အသုံးပြုနေကြတဲ့ Application များရဲ့ လိုအပ်ချက်များ၊ အားနည်းချက်များနဲ့ အားသာချက်များကို အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။
Taxi ဆရာများအတွက် ပိုမိုအဆင်ပြေပြီး လက်တွေ့အသုံးဝင်တဲ့ Application ဖြစ်လာစေရေးအတွက် အမြင်များဖလှယ်ပြီး အကျိုးရှိရှိ ဆွေးနွေးခဲ့ကြတဲ့ Sunday တွေ့ဆုံပွဲလေးတစ်ခု ဖြစ်ခဲ့ပါတယ်။ 🙏🤝
PTA မိသားစုဆိုတာ အတူတူတွေ့ဆုံ၊ အတူတူဆွေးနွေးပြီး အချင်းချင်းအကျိုးရှိအောင် ဖော်ဆောင်နေကြတဲ့ မိသားစုလေးပါ ❤️

PTA ဆောင်ပုဒ်
မိသားစုအဖွဲ့အစည်းမျိုးနေချင် PTA ထဲဝင်
🫰👍🤝

🐔 ကြက်စာကောက်သလို ငွေရှာရပြီး၊ ဆင်အံအံရသလို Taxi ဆရာဘဝ… 🚕💪ပြေးလမ်းပေါ်မှာ နေ့စဉ်မောင်းနှင်နေရတဲ့ Taxi ဆရာဘဝဆိုတာ မမျှော်...
22/08/2026

🐔 ကြက်စာကောက်သလို ငွေရှာရပြီး၊ ဆင်အံအံရသလို Taxi ဆရာဘဝ… 🚕💪

ပြေးလမ်းပေါ်မှာ နေ့စဉ်မောင်းနှင်နေရတဲ့ Taxi ဆရာဘဝဆိုတာ မမျှော်လင့်ထားတဲ့ အခက်အခဲတွေကိုလည်း ရင်ဆိုင်ရတတ်ပါတယ်။ “မမှားသော ရှေ့နေ၊ မသေသော ဆေးသမား” ဆိုသလိုပေါ့ဗျာ။
ဒီဖြစ်စဉ်မှာတော့ မိမိတို့အဖွဲ့ဘက်က အမှားဖြစ်ခဲ့တဲ့အတွက် တစ်ဖက်ကားပိုင်ရှင် စိတ်ကျေနပ်မှုရှိအောင်၊ စိတ်ချမ်းသာမှုရှိအောင် တာဝန်ယူဖြေရှင်းပေးခဲ့ပါတယ်။
နောက်ကနေ ဝင်တိုက်မိခဲ့တဲ့အတွက် ကားပိုင်ရှင်ဘက်က သူသိတဲ့ Body ဆရာတွေကို ခေါ်ယူပြီး ကားပြင်ဆင်စရိတ် သိန်း ၃၀ ကျသင့်ခဲ့ပါတယ်။ ထို့အပြင် ကားပြင်နေစဉ် ကျောင်းပို့၊ ကျောင်းကြိုအတွက် ၂ သိန်း ထပ်မံကျသင့်ခဲ့တာကြောင့် စုစုပေါင်း ၃၂ သိန်းတိတိ ဖြစ်ခဲ့ပါတယ်။
တာဝန်ယူရမယ့်ကိစ္စကို တာဝန်ယူပြီး တစ်ခါတည်း အပြည့်အဝ ဖြစ်တဲ့ နေရာမှာဘဲ ချက်ချင်း ရှင်းပေးခဲ့ပါတယ်။

ဖြစ်စဉ်ကို သိသိချင်းမှာလည်း
PTA ID (033) ကိုဝေယံ — ဒုဥက္ကဋ္ဌ (၁)
PTA ID (091) ကိုတင်မျိုးအောင် — အတွင်းရေးမှူး (၁)
PTA ID (052) ကိုသန့်ဇော်ထွေး — အတွင်းရေးမှူး (၂)
PTA ID (037) ကိုဇော်လင်းမြတ် — ဘဏ္ဍာရေးမှူး
PTA ID (007) ကိုမြင်ကြည်
PTA ID (059) ကိုထွန်းထွန်း
PTA ID (022) ကိုဝေကြီး
တို့က ဖြစ်စဉ်နေရာကို ချက်ချင်းသွားရောက်ပြီး လိုအပ်တာများကို ဝိုင်းဝန်းကူညီပေးခဲ့ကြပါတယ်။ 🤝

PTA ဆိုတာ ကားတွေကိုသာ စုစည်းထားတဲ့အဖွဲ့ မဟုတ်ပါဘူး။
ပြေးလမ်းပေါ်မှာ ဘာအခက်အခဲပဲ ကြုံလာပါစေ—
မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ တစ်ယောက်အခက်အခဲကို တစ်ယောက်က မျက်နှာလွှဲမထားဘဲ မိသားစုစိတ်ဓာတ်နဲ့ ဝန်းရံကူညီပေးတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။
တာဝန်ယူခြင်း၊ တာဝန်ခံခြင်း၊ အချင်းချင်းရိုင်းပင်းခြင်းနဲ့ စည်းလုံးညီညွတ်ခြင်းတွေကပဲ PTA ရဲ့ တန်ဖိုး ဖြစ်ပါတယ်။ ❤️

PTA ဆောင်ပုဒ်
မိသားစု အဖွဲ့မျိုးနေချင်ရင်
PTA အဖွဲ့ထဲဝင်
🙂🫰👍

TOYOTA BELTAMODEL 2007အင်ဂျင်ပါဝါ  1300 CC​​တောက်​လျောက်အနက်ဝယ်​ရောင်းကားမဟုပ်ပါစီး​နေတဲ့တူမက ဂျာမဏီမှာပညာသွားသင်​တော့ က...
16/08/2026

TOYOTA BELTA

MODEL 2007

အင်ဂျင်ပါဝါ 1300 CC
​​တောက်​လျောက်အနက်
ဝယ်​ရောင်းကားမဟုပ်ပါ
စီး​နေတဲ့တူမက ဂျာမဏီမှာ
ပညာသွားသင်​တော့ ကားသုံးမဲ့သူမရှိလို့ ပြန်​ရောင်းတာပါ

ဈေးနုုန်း 890

ကားကြည့်ရန် ygn
Ko phyo (PTA founder)

Ph 09692900029

Edit

Sold out (12:45pm) 17.8.2026

"ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်း" ဆိုသလိုပါပဲ... ❤️🚛​ဒီနေ့ (၁၆-၈-၂၀၂၆) တနင်္ဂနွေနေ့ နေ့လယ် (၁) နာရီကနေ (၃) နာရီအတွင်းမှ...
16/08/2026

"ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်း" ဆိုသလိုပါပဲ... ❤️🚛
​ဒီနေ့ (၁၆-၈-၂၀၂၆) တနင်္ဂနွေနေ့ နေ့လယ် (၁) နာရီကနေ (၃) နာရီအတွင်းမှာ ကျွန်တော်တို့ PTA ညီအကိုတွေ ထုံးစံအတိုင်း သထုံလမ်းမှာ ပျော်ပျော်ပါးပါး ဆုံတွေ့ဖြစ်ခဲ့ကြပါတယ်။
🥰🥰🥰

​ဒီလိုဆုံကြတဲ့အချိန်လေးမှာ တစ်ပတ်တာ လမ်းပေါ်မှာ ကားဆွဲရင်း ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ၊ ကားပြင်ရတဲ့ အခက်အခဲလေးတွေကို အချင်းချင်း ဖေးမတိုင်ပင်ကြသလို... မိသားစုနဲ့ သားသမီးတွေရဲ့ ပညာရေးအကြောင်းတွေကိုပါ ရင်းရင်းနှီးနှီး စကားလက်ဆုံကျဖြစ်ခဲ့ပါတယ်။
🤝🤝🤝

​ညီအကိုတွေကြားက ဒီလိုနွေးထွေးတဲ့ သံယောဇဉ်တွေက ကျွန်တော်တို့ PTA မိသားစုရဲ့ အင်အားပါပဲ။ 👉🤝👈

ကား​လော့ကျပြီဆိုပြီးမ​ပေါ့ဆလိုက်ပါနဲ့
12/08/2026

ကား​လော့ကျပြီဆိုပြီး
မ​ပေါ့ဆလိုက်ပါနဲ့

ကားလော့ချချိန် တံခါးလက်ကိုင်ကို အသာလေး ခိုး,မ ပြီး သိန်း (၆၀၀) ကို ယူသွားတဲ့ တရားခံ နောက်ဆုံးတော့ သက်သေခံငွေတွေနဲ့အတူ ဖမ်းမိပြီ

မိမိကားကို ရီမု (Remote) နဲ့ လော့ချလိုက်ရုံနဲ့ လုံခြုံပြီလို့ ထင်နေရင်တော့ ဒီဖြစ်စဉ်လေးက သင့်အတွက် အထူးသတိထားစရာပါပဲ။ ကားလော့ချတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး ရိုးရှင်းပေမယ့် ကြောက်စရာကောင်းတဲ့ နည်းလမ်းနဲ့ ငွေသိန်း ၆၀၀ ကို မျက်စိတစ်မှိတ်အတွင်း ယူဆောင်သွားတဲ့ ဖြစ်ရပ်တစ်ခု ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်မှာ ပေါ်ပေါက်ခဲ့ပါတယ်။

ဖြစ်စဉ်အစနဲ့ ၆ မိနစ်အတွင်း ပျောက်ကွယ်သွားတဲ့ သိန်း ၆၀၀
ပြီးခဲ့တဲ့ ဩဂုတ်လ (၅) ရက်နေ့ နေ့လယ် (၁၂) နာရီကျော်လောက်က ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမပေါ်ရှိ MAB ဘဏ်အနီးမှာ အသက် (၅၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ MAB ဘဏ်ထဲကို ငွေအပ်ဖို့ သူမရဲ့ YGN 8F-.... Nissan March အဖြူရောင် ကားလေးကို လမ်းဘေးမှာ ရပ်တန့်ခဲ့ပါတယ်။ ကားနောက်ခန်းမှာ ငွေကျပ် သိန်း ၆၀၀ ကို ထားခဲ့ပြီး ရီမုနဲ့ ကားလော့ချကာ ဘဏ်ထဲကို (၆) မိနစ်လောက်သာ ဝင်သွားခဲ့တာပါ။ ပြန်ထွက်လာပြီး ကားတံခါးကို ဖွင့်ကြည့်လိုက်တဲ့ အချိန်မှာတော့ နောက်ခန်းမှာထားခဲ့တဲ့ သိန်း ၆၀၀ ဟာ အစအနမကျန် ပျောက်ဆုံးနေခဲ့ပါပြီ။

တရားခံ အသုံးပြုသွားတဲ့ ကြက်သီးထစရာ နည်းလမ်း
ဒီလောက် မြန်ဆန်တဲ့ အချိန်အတွင်းမှာ ကားမှန်လည်းမကွဲဘဲ ဘယ်လို ခိုးယူသွားတာလဲ? ရဲတပ်ဖွဲ့ရဲ့ စုံစမ်းဖော်ထုတ်မှုအရ တရားခံဖြစ်သူ ဇော်လတ် (ခ) အောင်ဇော်လတ် (၃၈ နှစ်) ရဲ့ ထွက်ဆိုချက်က ကားသမားတိုင်းကို လန့်သွားစေပါတယ်။

အမျိုးသမီး ကားပေါ်ကဆင်းပြီး ရီမုနဲ့ ကားလော့ချမယ့် အချိန်ကို သူက အနီးကနေ စောင့်ကြည့်နေခဲ့တာပါ။ လော့ခလုတ်ကို နှိပ်လိုက်တဲ့ အချိန်မှာပဲ သူက ကားရဲ့ ဘယ်ဘက် အနောက်တံခါး လက်ကိုင်ခွက်ကို အသာလေး ဆွဲပြီး မ,ထားလိုက်ပါတယ်။ ဒီလိုလုပ်လိုက်တဲ့အတွက် ကားတစ်ခုလုံး လော့ကျသွားတယ်လို့ ထင်ရပေမယ့်၊ သူ မ,ထားတဲ့ အနောက်တံခါးကတော့ လော့မကျဘဲ ပွင့်နေခဲ့ပါတယ်။ ယာဉ်ပိုင်ရှင် အမျိုးသမီး ဘဏ်ထဲဝင်သွားတာနဲ့ တစ်ပြိုင်နက် ပွင့်နေတဲ့ တံခါးကနေ ဝင်ပြီး ငွေသိန်း ၆၀၀ ကို အေးအေးဆေးဆေး ယူဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ဆုံးတော့ ဂွင်လုံးကျွတ်ပြီ
ဒီလို ဉာဏ်နီဉာဏ်နက်သုံးပြီး ခိုးယူသွားပေမယ့်လည်း သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အပူတပြင်း စုံစမ်းမှုတွေကြောင့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှာတော့ တရားခံကို သူ့ရဲ့ ဇာတိဖြစ်တဲ့ ဟင်္သာတမြို့နယ်၊ အင်းကုန်းကျေးရွာ နေအိမ်အနီးမှာ ငွေကျပ် သိန်း (၁၄၀) နဲ့အတူ ပက်ပင်း ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါ့အပြင် ဩဂုတ်လ (၁၁) ရက်နေ့မှာတော့ ဆိပ်ကြီးခနောင်တိုမြို့နယ်က နေအိမ်တွေမှာ ဖွက်ထားတဲ့ ငွေကျပ် သိန်း (၂၀၀) နဲ့ ခိုးရာပါငွေနဲ့ ဝယ်ထားတဲ့ ရွှေလက်စွပ် (၂) ကွင်းကိုပါ ထပ်မံ သိမ်းဆည်းရမိခဲ့ပါတယ်။

စုစုပေါင်း ငွေကျပ် သိန်း (၃၄၀) နဲ့ ရွှေလက်စွပ် (၂) ကွင်းကို ပြန်လည် သိမ်းဆည်းရမိခဲ့ပြီး တရားခံကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်နေပါတယ်။ ဒါကြောင့် ကားပိုင်ရှင်တွေ အနေနဲ့ ရီမုနဲ့ လော့ချပြီးတိုင်း စိတ်မချဘဲ ကားတံခါး လက်ကိုင်တွေကို ကိုယ်တိုင် ပြန်လည် ဆွဲကြည့်ပြီးမှသာ သွားလာကြဖို့ သတိပေး တင်ဆက်လိုက်ရပါတယ်။

11.8.2026 🩵​ပြေးလမ်း​ပေါ်ကမိသားစုဆိုတာ ဒီလိုပါဘဲဗျာ....✨️✨️✨️📌မြန်မာပလာဇာအနီးမှာ PTA (000) နာယကကြီး ဦးကျော်ကျော်ရဲ့ကား ရ...
12/08/2026

11.8.2026 🩵​ပြေးလမ်း​ပေါ်ကမိသားစုဆိုတာ ဒီလိုပါဘဲဗျာ....✨️✨️✨️

📌မြန်မာပလာဇာအနီးမှာ PTA (000) နာယကကြီး ဦးကျော်ကျော်ရဲ့ကား ရေတိုင်ကီအဖုံးကွဲသွားပြီး ဘာလုပ်ရမှန်းမသိဖြစ်နေချိန် အဖွဲ့ထံ အကူအညီတောင်းခဲ့ပါတယ်။

📌သတင်းရတာနဲ့ PTA (052) ကိုသန့်ဇော်ထွေး (အတွင်းရေးမှူး ၂) နဲ့ PTA (063) ကိုဇော်ဖြိုးတို့က အချိန်မဆိုင်းဘဲ သွားရောက်ကူညီပေးခဲ့ကြပါတယ်။ 🔧🚕

📌ဝပ်ရှော့အထိလည်း PTA (018) ကိုပိုင်၊ PTA (037) ကိုလွှမ်းမိုး (သဲကုန်းထမင်းသုတ်) နဲ့ PTA (078) ကိုမျိုးကြီးတို့က ဝပ်​ရှော့သို့လာ​ရောက်အားပေးကူညီပေးခဲ့ကြပါတယ်။💪💪💪

🍀ဒီဖြစ်ရပ်လေးက ပြောပြနေပါတယ်…
PTA ဆိုတာ ကားအတူတူမောင်းနေကြတဲ့အဖွဲ့တစ်ခုတည်း မဟုတ်ပါဘူး။✨️
အခက်အခဲကြုံလာတဲ့အချိန်တိုင်း တစ်ယောက်ကိုတစ်ယောက် မျက်နှာမလွှဲဘဲ ရပ်တည်ပေးကြတဲ့ “ပြေးလမ်းပေါ်က မိသားစု” ပါ။ ❤️

📌မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ
အခက်အခဲရှိသည်ဖြစ်စေ၊ အဆင်ပြေသည်ဖြစ်စေ
PTA မိသားစုဝင်တစ်ယောက်အနေနဲ့ အားငယ်နေစရာ မလိုတော့ပါဘူးဗျာ။🫂🫂
🚕 တစ်ယောက်အခက်အခဲ = အားလုံးရဲ့အခက်အခဲ
🤝 တစ်ယောက်အဆင်ပြေ = အားလုံးရဲ့ဝမ်းသာစရာ
ဒါဟာ ပြေးလမ်းပေါ်က PTA မိသားစုရဲ့ စည်းလုံးမှု ပါပဲဗျာ။

PTA ​ဆောင်ပုဒ်
မိသားစုအဖွဲ့မျိုး​နေချင်ရင် PTAအဖွဲ့ထဲဝင်
👍🤝👈

10/08/2026

PTA အဖွဲ့၏ ယုံကြည်မှုဖြင့် ရွေးချယ်တင်မြှောက်ခြင်း 🤝❤️
၉.၈.၂၀၂၆ နေ့လည် ၂ နာရီတွင် V Hangout Restaurant ၌ ကျင်းပပြုလုပ်ခဲ့သော PTA (EC) (ပရဟိတမင်းသားကြီး) ရွေးချယ်တင်မြှောက်ပွဲကို အဖွဲ့ဝင်များ၏ စည်းလုံးညီညွတ်မှု၊ ပျော်ရွှင်မှုတို့ဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်ခင်ဗျာ။

အဆိုပါရွေးချယ်ပွဲတွင် PTA အဖွဲ့ဝင်များ၏ ဆန္ဒနှင့် ယုံကြည်မှုဖြင့် အောက်ပါပုဂ္ဂိုလ်များအား တာဝန်အသီးသီးအတွက် ရွေးချယ်တင်မြှောက်လိုက်ပါတယ်—
(၁) ဥက္ကဋ္ဌ — ကိုလှခိုင် (PTA ID 071)
(၂) ဒုဥက္ကဋ္ဌ (၁) — ကိုဝေယံ (PTA ID 033)
(၃) ဒုဥက္ကဋ္ဌ (၂) — ကိုစိုးနိုင် (PTA ID 045)
(၄) အတွင်းရေးမှူး (၁) — ကိုတင်မျိုးအောင် (PTA ID 091)
(၅) အတွင်းရေးမှူး (၂) — ကိုသန့်ဇော်ထွေး (PTA ID 052)
(၆) ဘဏ္ဍာရေးမှူး — ကိုဇော်လင်းမြတ် (PTA ID 037)
(၇) စာရင်းကိုင် — ကိုသော်တာရှိုင်း (PTA ID 099)
(၈) စာရင်းစစ် — ကိုမျိုးမင်းထွေး (PTA ID 078)

ဒီတာဝန်တွေဟာ ရာထူးတစ်ခုရရှိခြင်းထက် အဖွဲ့ဝင်တွေရဲ့ ယုံကြည်မှုကို ရရှိထားခြင်းလို့ ကျွန်တော်ယုံကြည်ပါတယ်။
ရွေးချယ်တင်မြှောက်ခံရသူများအနေဖြင့်လည်း မိမိကိုယ်ကျိုးထက် အများအကျိုးကို ဦးစားပေးပြီး၊ PTA အဖွဲ့၏ ကိစ္စအဝဝကို စည်းလုံးညီညွတ်စွာ၊ တာဝန်ယူမှုအပြည့်ဖြင့် အချိန်ပေးဆောင်ရွက်သွားမည်ဟု ယုံကြည်မျှော်လင့်ပါတယ်။
ရာထူးဆိုတာ ဂုဏ်ယူဖို့အတွက် မဟုတ်ပါဘူး။
ယုံကြည်မှုကို ထမ်းဆောင်ဖို့အတွက် ဖြစ်ပါတယ်။
PTA အဖွဲ့ကြီး ဒီထက်မက စည်းလုံးညီညွတ်ပြီး အများအကျိုးပြုနိုင်တဲ့ အဖွဲ့အစည်းကောင်းတစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ❤️🤝

PTA မိသားစုကြီး အမြဲစည်းလုံးကြပါစေ။
— Founder ကိုဖြိုး

🤝 ဒီတစ်ပတ် Sunday လေးကတော့ ထူးခြားပါတယ်ဗျာ…📜🌻 ပုံမှန်ဆိုရင် Sunday ရောက်တိုင်း သထုံလမ်းမှာ PTA ညီအစ်ကိုတွေ စုဆုံပြီး စကာ...
08/08/2026

🤝 ဒီတစ်ပတ် Sunday လေးကတော့ ထူးခြားပါတယ်ဗျာ…📜

🌻 ပုံမှန်ဆိုရင် Sunday ရောက်တိုင်း သထုံလမ်းမှာ PTA ညီအစ်ကိုတွေ စုဆုံပြီး စကားပြော၊ ရယ်မော၊ အချင်းချင်း အားပေးကြတာ ပုံမှန်ပါပဲ။

⛳ဒါပေမယ့် ဒီတစ်ပတ် Sunday မှာတော့ သထုံလမ်းက ပုံမှန်တွေ့ဆုံပွဲလေး မရှိပါဘူးဗျာ။
ဒီတစ်ခါ စုဆုံကြမယ့်နေရာကတော့
📍 ဗိုလ်တထောင်ကမ်းနား V Hangout Restaurant ပါ။
ဘာအတွက်လဲဆိုတော့…
မိမိအကျိုးထက် အဖွဲ့အကျိုးကို ဦးစားပေးပြီး အချိန်ပေးနိုင်တဲ့၊ အနစ်နာခံပေးမယ့် PTA အဖွဲ့ကို ဦးဆောင်မယ့် EC (ပရဟိတမင်းသားကြီး) ကို အဖွဲ့ဝင်တွေရဲ့ အများဆန္ဒနဲ့ ရွေးချယ်ကြမယ့်နေ့လေး ဖြစ်လို့ပါ။ ❤️

📍 ရာထူးတစ်ခု ရဖို့ထက်
အဖွဲ့အတွက် ဘယ်လောက်ပေးဆပ်နိုင်မလဲ ဆိုတာက ပိုအရေးကြီးပါတယ်။
ကိုယ်ကျိုးကို နောက်မှာထားပြီး အဖွဲ့အကျိုးအတွက် ရှေ့ကနေ ရပ်တည်ပေးမယ့်သူကို အများဆန္ဒနဲ့ ရွေးချယ်ကြမယ့် ဒီနေ့လေးဟာ
PTA မိသားစုအတွက် မမေ့နိုင်တဲ့ နေ့လေးတစ်နေ့ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ 🙏

🚧 ဒါကြောင့် နေ့လည် ၁၂ နာရီမှစပြီး PTA Order ခေါ်ဆိုမှုများကို ခေတ္တရပ်နားထားပါမယ်ခင်ဗျာ။

🚖ပုံမှန် PTA ကို အားကိုးပြီး ငှားရမ်းစီးနင်းနေကြတဲ့ ခရီးသည်ထမင်းရှင်များအနေနဲ့ အဆင်မပြေမှုများရှိခဲ့ရင် နားလည်ခွင့်လွှတ်ပေးကြပါရန် အနူးအညွတ်တောင်းပန်ပါတယ်။ 🙏

PTA ( Taxi Group)
Private Taxi Associations
ကိုယ်ပိုင်taxi​မောင်းသူများအဖွဲ့

🐢 အသက်တစ်ချောင်းကို ကယ်တင်လိုက်တဲ့ အခိုက်အတန့်… ❤️ယနေ့ 7.8.2026 ည (၈:၃၀) နာရီခန့်တွင် တောင်–မြောက်လမ်းဆုံအနီး၌ PTA ID (0...
07/08/2026

🐢 အသက်တစ်ချောင်းကို ကယ်တင်လိုက်တဲ့ အခိုက်အတန့်… ❤️

ယနေ့ 7.8.2026 ည (၈:၃၀) နာရီခန့်တွင် တောင်–မြောက်လမ်းဆုံအနီး၌ PTA ID (063) ကိုဇော်ဖြိုး သည် ကားလမ်းကို ဖြတ်ကူးနေသော လိပ်ကလေးတစ်ကောင်ကို တွေ့ရှိခဲ့ပါသည်။
ကားများအဆက်မပြတ် သွားလာနေသောကြောင့် ကားတိုက်ခံရမည်ကို စိုးရိမ်သဖြင့် အန္တရာယ်ကင်းစေရန် ကား၏ အချက်ပြမီးများဖွင့်ကာ ယာဉ်များကို သတိပေးခဲ့ပြီး လိပ်ကလေးကို ဘေးကင်းစွာ ဖမ်းယူ၍ ရွှေတိဂုံဘုရား တောင်ဘက်မုခ်အနီးရှိ ကန်အတွင်းသို့ သွားရောက် လွှတ်ပေးခဲ့ပါသည်။
တိရစ္ဆာန်လေးများလည်း အသက်ရှိသော သက်ရှိများဖြစ်ကြပါသည်။ မိမိတို့၏ အချိန်အနည်းငယ်ပေးပြီး ကူညီပေးခြင်းက အသက်တစ်ချောင်းကို ကယ်တင်နိုင်ပါသည်။
ယာဉ်မောင်းညီအစ်ကိုများအားလုံးလည်း ကားလမ်းပေါ်တွင် တိရစ္ဆာန်လေးများကို တွေ့ရှိပါက မိမိနှင့် အခြားယာဉ်များ၏ လုံခြုံရေးကို ဦးစားပေး၍ ဖြစ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးကြပါစို့။
"ကရုဏာဆိုတာ လူတွေအတွက်သာမက သက်ရှိအားလုံးအတွက် ဖြစ်ပါတယ်။" 🙏💙

🌲 PTA ရဲ့ အင်အားက ကားအရေအတွက် မဟုတ်ပါဘူး။ ညီညွတ်မှု၊ ယုံကြည်မှုနဲ့ တစ်ယောက်ကိုတစ်ယောက် အားကိုးကူညီပေးတဲ့ စိတ်ဓာတ်ပဲ ဖြစ်...
06/08/2026

🌲 PTA ရဲ့ အင်အားက ကားအရေအတွက် မဟုတ်ပါဘူး။ ညီညွတ်မှု၊ ယုံကြည်မှုနဲ့ တစ်ယောက်ကိုတစ်ယောက် အားကိုးကူညီပေးတဲ့ စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။💪💪💪

🌻 PTA ID (071)(035)(045)(091)(022)
​မြောက်ဒဂုံ ပင်လုံလမ်း ​ရွေကံ​ကော် tea shop
ဆိုင်​လေးမှာ ၄၃ လုပ် 🥰🥰🥰

PTA ​ဆောင်ပုဒ်
မိသားစုအဖွဲ့မျိုး​နေချင်ရင်
PTA အဖွဲ့ထဲဝင်
👉🤝👈

Address

Yangon
Yangon
11161

Alerts

Be the first to know and let us send you an email when ကိုယ်ပိုင်Taxiမောင်းသူများအဖွဲ့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share