Dandelion - Travel Consultant

Dandelion - Travel Consultant ✈️ Flights • Bus • Visas • Trip Plan
🌍 Helping you explore with confidence
Travel Freely. We’ve Got You.

🇻🇳  𝐕𝐈𝐄𝐓𝐍𝐀𝐌, 𝐘𝐎𝐔𝐑 𝐖𝐀𝐘𝑽𝒊𝒆𝒕𝒏𝒂𝒎 ကို သွားလည်မယ်ဆိုရင် ✈️ 𝐌𝐀𝐈 𝐃𝐢𝐫𝐞𝐜𝐭 𝐅𝐥𝐢𝐠𝐡𝐭𝐬  နဲ့ ပိုမိုလွယ်ကူပါတယ်။✈️𝐘𝐀𝐍𝐆𝐎𝐍 → 𝐇𝐀𝐍𝐎𝐈 → 𝐘𝐀𝐍𝐆𝐎𝐍...
18/08/2026

🇻🇳 𝐕𝐈𝐄𝐓𝐍𝐀𝐌, 𝐘𝐎𝐔𝐑 𝐖𝐀𝐘

𝑽𝒊𝒆𝒕𝒏𝒂𝒎 ကို သွားလည်မယ်ဆိုရင် ✈️ 𝐌𝐀𝐈 𝐃𝐢𝐫𝐞𝐜𝐭 𝐅𝐥𝐢𝐠𝐡𝐭𝐬 နဲ့ ပိုမိုလွယ်ကူပါတယ်။

✈️𝐘𝐀𝐍𝐆𝐎𝐍 → 𝐇𝐀𝐍𝐎𝐈 → 𝐘𝐀𝐍𝐆𝐎𝐍
🗓️𝑫𝒂𝒊𝒍𝒚

✈️𝐘𝐀𝐍𝐆𝐎𝐍 → 𝐃𝐀 𝐍𝐀𝐍𝐆 → 𝐘𝐀𝐍𝐆𝐎𝐍
🗓️𝑴𝒐𝒏 • 𝑾𝒆𝒅 • 𝑭𝒓𝒊 • 𝑺𝒂𝒕

✈️𝐘𝐀𝐍𝐆𝐎𝐍 → 𝐇𝐎 𝐂𝐇𝐈 𝐌𝐈𝐍𝐇 → 𝐘𝐀𝐍𝐆𝐎𝐍
🗓️𝑻𝒖𝒆 • 𝑻𝒉𝒖 • 𝑺𝒂𝒕

📍 𝐍𝐨𝐫𝐭𝐡𝐞𝐫𝐧 𝐕𝐢𝐞𝐭𝐧𝐚𝐦 — 𝐇𝐚𝐧𝐨𝐢
📍 𝐂𝐞𝐧𝐭𝐫𝐚𝐥 𝐕𝐢𝐞𝐭𝐧𝐚𝐦 — 𝐃𝐚 𝐍𝐚𝐧𝐠
📍 𝐒𝐨𝐮𝐭𝐡𝐞𝐫𝐧 𝐕𝐢𝐞𝐭𝐧𝐚𝐦 — 𝐇𝐨 𝐂𝐡𝐢 𝐌𝐢𝐧𝐡 𝐂𝐢𝐭𝐲

Vietnam ရဲ့ မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်း
ဘယ်နေရာကိုပဲ ရွေးရွေး
Yangon ကနေ Direct Flight နဲ့ အလွယ်တကူ ခရီးစတင်နိုင်ပါတယ်ရှင်။ ✈️

📩 ခရီးစဉ်အတွက် လိုအပ်တဲ့ AIR TICKET / HOTEL BOOKING / TRANSPORTATION ARRANGEMENT / TRIP PLAN များအတွက် ဝန်ဆောင်မှုလိုအပ်ပါက

💬 𝐂𝐡𝐚𝐭 𝐁𝐨𝐱 မှတစ်ဆင့်ဖြစ်စေ

📱 𝟎𝟗 𝟕𝟓𝟖 𝟑𝟏𝟓 𝟑𝟎𝟑 (𝑽𝒊𝒃𝒆𝒓 / 𝑻𝒆𝒍𝒆𝒈𝒓𝒂𝒎) မှတစ်ဆင့်ဖြစ်စေ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။

✈️ 𝐃𝐚𝐧𝐝𝐞𝐥𝐢𝐨𝐧 𝐓𝐫𝐚𝐯𝐞𝐥 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭
𝑮𝒖𝒊𝒅𝒊𝒏𝒈 𝑬𝒗𝒆𝒓𝒚 𝑱𝒐𝒖𝒓𝒏𝒆𝒚 𝑾𝒊𝒕𝒉 𝑪𝒂𝒓𝒆.

♿𝐀𝐈𝐑𝐏𝐎𝐑𝐓 𝐖𝐇𝐄𝐄𝐋𝐂𝐇𝐀𝐈𝐑 𝐒𝐄𝐑𝐕𝐈𝐂𝐄ဘယ်သူတွေ အသုံးပြုနိုင်လဲ? ဘယ်လို ရယူရမလဲ?𝐀𝐈𝐑𝐏𝐎𝐑𝐓 ထဲမှာ အကွာအဝေးရှည် လမ်းလျှောက်ဖို့ ကို အခက်အ...
17/08/2026

♿𝐀𝐈𝐑𝐏𝐎𝐑𝐓 𝐖𝐇𝐄𝐄𝐋𝐂𝐇𝐀𝐈𝐑 𝐒𝐄𝐑𝐕𝐈𝐂𝐄
ဘယ်သူတွေ အသုံးပြုနိုင်လဲ? ဘယ်လို ရယူရမလဲ?

𝐀𝐈𝐑𝐏𝐎𝐑𝐓 ထဲမှာ အကွာအဝေးရှည် လမ်းလျှောက်ဖို့ ကို အခက်အခဲရှိသူတွေအတွက်
𝐖𝐡𝐞𝐞𝐥𝐜𝐡𝐚𝐢𝐫 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐜𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 ရှိပါတယ်။

𝐖𝐡𝐞𝐞𝐥𝐜𝐡𝐚𝐢𝐫 ကို ပုံမှန်အသုံးပြုနေသူတွေအပြင်—

👵 အသက်ကြီးပြီး Airport အတွင်း လမ်းအဝေးကြီး မလျှောက်နိုင်သူ
🩼 ခြေထောက်ဒဏ်ရာကြောင့် ယာယီလမ်းလျှောက်ရခက်သူ
🏥 ကျန်းမာရေးအခြေအနေကြောင့် လမ်းလျှောက်သွားလာဖို့ အခက်အခဲရှိသူ
🦽 Mobility အကူအညီလိုအပ်သူ

တွေမှာလည်း 𝐖𝐡𝐞𝐞𝐥𝐜𝐡𝐚𝐢𝐫 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐜𝐞 တောင်းခံနိုင်ပါတယ်။

♿ ဘယ်လို ရယူနိုင်လဲ?

𝐅𝐥𝐢𝐠𝐡𝐭 𝐓𝐢𝐜𝐤𝐞𝐭 𝐁𝐨𝐨𝐤𝐢𝐧𝐠 လုပ်တဲ့အချိန်မှာပဲ “Wheelchair Assistance လိုအပ်‌ကြောင်း” ကို Airline (သို့) Ticketing Agent ကို ကြိုတင်ပြောပေးပါ။

ခရီးသည် အနေနဲ့—

“အဝေးကြီး မလျှောက်နိုင်ပါဘူး”
“လှေကားတက်/ဆင်းဖို့ အခက်အခဲရှိပါတယ်”
“လုံးဝ လမ်းမလျှောက်နိုင်ပါဘူး”

စသဖြင့် မိမိရဲ့ လက်ရှိအခြေအနေကို တိတိကျကျ ပြောပြပေးရုံပါပဲ။

ဘယ်လို Wheelchair Assistance (WCHR? / WCHC? / WCHS?) လိုအပ်တယ်ဆိုတာကို
Airline / Ticketing Agent ဘက်က သင့်တော်တဲ့ Service ကို စီစဉ်ပေးပါလိမ့်မယ်။

⏰ ဘယ်လောက်ကြိုတင် request လုပ်ရမလဲ?

Airline တစ်ခုနဲ့တစ်ခု သတ်မှတ်ချက်တွေ ကွာနိုင်ပေမယ့်....အနည်းဆုံး 48 နာရီကြိုတင် Request လုပ်ထားတာ အကောင်းဆုံးပါ။

‼️‼️‼️နောက်ပြီး တချို့ AIRLINE တွေ မှာ Wheelchair service က Limited ဖြစ်တာမို့ ...out of stock မဖြစ်ခင် ရယူနိုင်ဖို့ Flight ထွက်ခါနီးမှ တောင်းတာထက် Ticket Booking လုပ်တဲ့အချိန်ကတည်းက ကြိုတင်ပြောထားသင့်ပါတယ်။

💡 မှတ်ထားသင့်တာက

Wheelchair Assistance ရဲ့ ဝန်ဆောင်မှုပုံစံ၊ အခကြေးငွေ၊ ကြိုတင်တောင်းခံရမယ့်အချိန် တွေက Airline / Airport အလိုက် ကွာခြားနိုင်ပါတယ်။

ဒါကြောင့် ခရီးစဉ်မစခင်ကတည်းက ခရီးသည် ရဲ့ လိုအပ်ချက်ကို သေချာပြောပြပြီး
သင့်တော်တဲ့ Assistance ကို ကြိုတင်စီစဉ်ထားတာ အကောင်းဆုံးပါ။

----------------------------------------

📩 Visa, Passport, Flight Ticket နဲ့ Travel Planning အတွက်
ဝန်ဆောင်မှုလိုအပ်ပါက—

💬 𝐂𝐡𝐚𝐭 𝐁𝐨𝐱 မှတစ်ဆင့်ဖြစ်စေ

📱 𝟎𝟗 𝟕𝟓𝟖 𝟑𝟏𝟓 𝟑𝟎𝟑 (𝑽𝒊𝒃𝒆𝒓 / 𝑻𝒆𝒍𝒆𝒈𝒓𝒂𝒎) မှတစ်ဆင့်ဖြစ်စေ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။

✈️ 𝐃𝐚𝐧𝐝𝐞𝐥𝐢𝐨𝐧 𝐓𝐫𝐚𝐯𝐞𝐥 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭
𝑮𝒖𝒊𝒅𝒊𝒏𝒈 𝑬𝒗𝒆𝒓𝒚 𝑱𝒐𝒖𝒓𝒏𝒆𝒚 𝑾𝒊𝒕𝒉 𝑪𝒂𝒓𝒆.

🏛️ သမိုင်းနဲ့ ယဉ်ကျေးမှုတွေကြားမှာအေးအေးဆေးဆေး လမ်းလျှောက်ချင်တယ်…တစ်နေ့တာရဲ့ ရှုပ်ထွေးမှုတွေကနေ ခဏလောက်ဝေးပြီးစိတ်ကို အ...
16/08/2026

🏛️ သမိုင်းနဲ့ ယဉ်ကျေးမှုတွေကြားမှာ
အေးအေးဆေးဆေး လမ်းလျှောက်ချင်တယ်…

တစ်နေ့တာရဲ့ ရှုပ်ထွေးမှုတွေကနေ ခဏလောက်ဝေးပြီး
စိတ်ကို အေးအေးဆေးဆေး အနားပေးချင်တယ်ဆိုရင်တော့—

🏛️ ပုဂံ — 𝐂𝐮𝐥𝐭𝐮𝐫𝐞 + 𝐑𝐞𝐥𝐚𝐱 𝐓𝐫𝐢𝐩
ကို အကြံပြုချင်ပါတယ်ရှင်။

𝐔𝐍𝐄𝐒𝐂𝐎 𝐖𝐨𝐫𝐥𝐝 𝐇𝐞𝐫𝐢𝐭𝐚𝐠𝐞 𝐒𝐢𝐭𝐞 အဖြစ်
𝟐𝟎𝟏𝟗 ခုနှစ်မှာ 𝐖𝐨𝐫𝐥𝐝 𝐇𝐞𝐫𝐢𝐭𝐚𝐠𝐞 𝐋𝐢𝐬𝐭 ထဲ ဝင်ရောက်ခဲ့တဲ့ ပုဂံ ဟာ
ရာစုနှစ်များစွာ ဆက်လက်တည်ရှိနေတဲ့ ရှေးဟောင်း အနုပညာ ယဉ်ကျေးမှုအမွေအနှစ်တွေ နဲ့ ဗိသုကာလက်ရာတွေ ကို တစ်နေရာတည်းမှာ ခံစားနိုင်တဲ့ နေရာတစ်ခုပါ။

🏛️ ပုဂံရောက်ရင် ဘာတွေလုပ်လို့ရလဲ?

① 🛕 𝐀𝐧𝐜𝐢𝐞𝐧𝐭 𝐓𝐞𝐦𝐩𝐥𝐞𝐬 & 𝐏𝐚𝐠𝐨𝐝𝐚𝐬
ရှေးဟောင်းဘုရားတွေကို လည်ပတ်ရင်း ပုဂံရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုကို လေ့လာနိုင်တယ်။

② 🚲 𝐄𝐱𝐩𝐥𝐨𝐫𝐞 𝐎𝐥𝐝 𝐁𝐚𝐠𝐚𝐧
E-bike လေးနဲ့ ရှေးဟောင်းဘုရားတွေအကြား အေးအေးဆေးဆေး လှည့်လည်ပြီး ပုဂံရဲ့ ထူးခြားတဲ့ Landscape ကို ခံစားကြည့်နိုင်တယ်။

③ 🌅 𝐒𝐮𝐧𝐫𝐢𝐬𝐞 / 𝐒𝐮𝐧𝐬𝐞𝐭 𝐕𝐢𝐞𝐰
မနက်ခင်းရဲ့ နေရောင်ခြည် နဲ့ ရှေးဟောင်းဘုရားတွေကို ကြည့်ရင်း ပုဂံရဲ့ အေးချမ်းတဲ့ မနက်ခင်းကို ခံစားနိုင်သလို ညနေခင်းမှာလည်း Sunset View လေးတွေကို အေးအေးဆေးဆေး ကြည့်နိုင်ပါတယ်။

④ ☕ 𝐋𝐨𝐜𝐚𝐥 𝐅𝐨𝐨𝐝
လည်ပတ်ပြီးတဲ့အချိန်မှာ အညာဒေသစာ စစ်စစ် Local Food လေးတွေ စမ်းစားပြီး Enjoy လုပ်လို့ရပါတယ်။

⑤ 🎨 𝐋𝐨𝐜𝐚𝐥 𝐂𝐮𝐥𝐭𝐮𝐫𝐞 & 𝐇𝐚𝐧𝐝𝐢𝐜𝐫𝐚𝐟𝐭𝐬
ဒေသခံတွေရဲ့ ရိုးရာ ယွန်းထည် လက်မှုပညာနဲ့ Local Life ကို လေ့လာရင်း အမှတ်တရလက်ဆောင်လေးတွေလည်း ရွေးချယ်နိုင်ပါတယ်။

⑥ 📸𝐓𝐢𝐦𝐞𝐥𝐞𝐬𝐬 𝐏𝐡𝐨𝐭𝐨𝐠𝐫𝐚𝐩𝐡𝐲
ရှေးဟောင်းဘုရားတွေ၊ သစ်ပင်တွေနဲ့ ကျယ်ပြန့်တဲ့ Landscape တွေကြားမှာ အမှတ်တရဓာတ်ပုံလှလှလေးတွေ ရိုက်ဖို့လည်း ပုဂံက အရမ်းသင့်တော်ပါတယ်။

---

🏛️ Culture ကို ခံစားရင်း စိတ်ကိုလည်း အနားပေးချင်ရင်… လာမယ့် 𝑾𝒆𝒆𝒌𝒆𝒏𝒅 မှာ ပုဂံကို ရွေးကြည့်ပါ။

ပုဂံခရီးစဉ်အတွက် လိုအပ်မယ့် ✈️ 𝐀𝐢𝐫 𝐓𝐢𝐜𝐤𝐞𝐭 နဲ့ 🚌 𝐁𝐮𝐬 𝐓𝐢𝐜𝐤𝐞𝐭t များကို 𝑫𝒂𝒏𝒅𝒆𝒍𝒊𝒐𝒏 မှာ ဝယ်ယူရရှိနိုင်ပါတယ်ရှင်။

📩 Visa, Passport, Flight Ticket နဲ့ Travel Planning အတွက်
ဝန်ဆောင်မှုလိုအပ်ပါက—

💬 𝐂𝐡𝐚𝐭 𝐁𝐨𝐱 မှတစ်ဆင့်ဖြစ်စေ

📱 𝟎𝟗 𝟕𝟓𝟖 𝟑𝟏𝟓 𝟑𝟎𝟑 (𝑽𝒊𝒃𝒆𝒓 / 𝑻𝒆𝒍𝒆𝒈𝒓𝒂𝒎) မှတစ်ဆင့်ဖြစ်စေ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။

✈️ 𝐃𝐚𝐧𝐝𝐞𝐥𝐢𝐨𝐧 𝐓𝐫𝐚𝐯𝐞𝐥 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭
𝑮𝒖𝒊𝒅𝒊𝒏𝒈 𝑬𝒗𝒆𝒓𝒚 𝑱𝒐𝒖𝒓𝒏𝒆𝒚 𝑾𝒊𝒕𝒉 𝑪𝒂𝒓𝒆.



🌊 ပင်လယ်ရေအောက် 240 မီတာ အနက်မှာ ရထား စီးဖူးလား? 🚄“ပင်လယ်ရေအောက်ကနေ ရထားစီးသွားလို့ရတယ်” ဆိုတာရုပ်ရှင်ထဲက ဇာတ်လမ်းတစ်ခုလ...
15/08/2026

🌊 ပင်လယ်ရေအောက် 240 မီတာ အနက်မှာ ရထား စီးဖူးလား? 🚄

“ပင်လယ်ရေအောက်ကနေ ရထားစီးသွားလို့ရတယ်” ဆိုတာ
ရုပ်ရှင်ထဲက ဇာတ်လမ်းတစ်ခုလို့ ထင်နေသေးလား?

တကယ်တော့…
🇯🇵 ဂျပန်နိုင်ငံမှာ စီးလို့ရပါတယ်နော်။

ဂျပန်နိုင်ငံရဲ့ 𝐇𝐨𝐧𝐬𝐡𝐮 နဲ့ 𝐇𝐨𝐤𝐤𝐚𝐢𝐝𝐨 ကျွန်းနှစ်ခုကြားမှာ 𝐓𝐬𝐮𝐠𝐚𝐫𝐮 𝐒𝐭𝐫𝐚𝐢𝐭 ဆိုတဲ့ ရေလက်ကြားရှိပါတယ်။

အဲ့ဒီ ရေလက်ကြားရဲ့အောက်မှာ 𝐒𝐞𝐢𝐤𝐚𝐧 𝐓𝐮𝐧𝐧𝐞𝐥 ဆိုတဲ့ ရထားဥမင်လိုဏ်ခေါင်းကို ဖောက်လုပ်ထားပါတယ်။ 🚆

အံ့ဩစရာကတော့…

🌊 ပင်လယ်အောက်ဖြတ်သန်းတဲ့ Tunnel အပိုင်းက 23.3 km ရှည်ပါတယ်။

⬇️ အနက်ဆုံးနေရာမှာတော့ ပင်လယ်ရေမျက်နှာပြင်အောက် 240 မီတာခန့် ရှိပါတယ်။

🏗️ ဒါတင်မကသေးပါဘူး…

ဒီလို ပင်လယ်အောက်က Tunnel ကြီးကို 𝟏𝟗𝟔𝟒 ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး 𝟏𝟗𝟖𝟖 ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။

ဆိုတော့ နှစ်ပေါင်း 𝟐𝟒 နှစ်ခန့် ကြာအောင် တည်ဆောက်ခဲ့ရတာပါ။ 😮

သင် ရထားပေါ်မှာ ထိုင်နေတဲ့အချိန် ... အပြင်မှာ ပင်လယ်ရေတွေ ရှိနေပြီး...သင်စီးနေတဲ့ရထားကတော့
ပင်လယ်အောက် 240 မီတာအထိ နက်တဲ့ Tunnel ထဲမှာ ဖြတ်သန်းနေမှာပါ။ 😮

🚄 လက်ရှိမှာတော့ 𝐇𝐨𝐤𝐤𝐚𝐢𝐝𝐨 𝐒𝐡𝐢𝐧𝐤𝐚𝐧𝐬𝐞𝐧 က ဒီ 𝑺𝒆𝒊𝒌𝒂𝒏 𝑻𝒖𝒏𝒏𝒆𝒍 ကို ဖြတ်ပြီး
𝐇𝐨𝐧𝐬𝐡𝐮 ↔ 𝐇𝐨𝐤𝐤𝐚𝐢𝐝𝐨 ကြား ပြေးဆွဲပေးနေပါတယ်။

လေယာဉ်နဲ့ဆို ✈️
ကောင်းကင်ပေါ်ကနေ နိုင်ငံတွေကို ဖြတ်သန်းသွားမယ်။

ဒီမှာတော့ 🚄ရထားနဲ့ ပင်လယ်အောက်ကနေ ... ကျွန်းတစ်ကျွန်းကနေ တစ်ကျွန်းကို ဖြတ်သန်းသွားနိုင်ပါတယ်။

🌍 ကမ္ဘာကြီးမှာ ကိုယ်မသိသေးတဲ့ အံ့ဩစရာ ခရီးသွားမှတ်တမ်းတွေ အများကြီးရှိနေပါသေးတယ်။

📩 ကမ္ဘာကြီးကို Explore လုပ်ဖို့ အတွက် Visa, Passport, Flight Ticket နဲ့ Travel Planning အတွက် ဝန်ဆောင်မှုလိုအပ်ပါက—

💬 𝐂𝐡𝐚𝐭 𝐁𝐨𝐱 မှတစ်ဆင့်ဖြစ်စေ

📱 𝟎𝟗 𝟕𝟓𝟖 𝟑𝟏𝟓 𝟑𝟎𝟑 (𝑽𝒊𝒃𝒆𝒓 / 𝑻𝒆𝒍𝒆𝒈𝒓𝒂𝒎) မှတစ်ဆင့်ဖြစ်စေ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။

✈️ 𝐃𝐚𝐧𝐝𝐞𝐥𝐢𝐨𝐧 𝐓𝐫𝐚𝐯𝐞𝐥 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭
𝑮𝒖𝒊𝒅𝒊𝒏𝒈 𝑬𝒗𝒆𝒓𝒚 𝑱𝒐𝒖𝒓𝒏𝒆𝒚 𝑾𝒊𝒕𝒉 𝑪𝒂𝒓𝒆.

🚌 ပြည်တွင်း အဝေးပြေးကားလက်မှတ်ဝယ်မယ်ဆို 𝑫𝒂𝒏𝒅𝒆𝒍𝒊𝒐𝒏 မှာ ရပါတယ်!ခရီးထွက်ဖို့ စီစဉ်တဲ့အခါကားလက်မှတ်ဝယ်ဖို့အတွက် ကားဂိတ်သွားရ...
14/08/2026

🚌 ပြည်တွင်း အဝေးပြေးကားလက်မှတ်ဝယ်မယ်ဆို 𝑫𝒂𝒏𝒅𝒆𝒍𝒊𝒐𝒏 မှာ ရပါတယ်!

ခရီးထွက်ဖို့ စီစဉ်တဲ့အခါ
ကားလက်မှတ်ဝယ်ဖို့အတွက် ကားဂိတ်သွားရတာ၊
အချိန်ဇယားတွေ လိုက်ရှာရတာ၊
ထိုင်ခုံရွေးရတာတွေက အချိန်ကုန်ပြီး အလုပ်ရှုပ်တတ်ပါတယ်။

𝑫𝒂𝒏𝒅𝒆𝒍𝒊𝒐𝒏 မှာတော့ အဲ့ဒီအလုပ်တွေကို ပိုလွယ်ကူအောင် ကူညီပေးနိုင်ပါတယ်‌ရှင်။ 🌿

🚌 ကားလိုင်း အမျိုးအစားများစွာ
🕐 ကိုယ်အဆင်ပြေတဲ့ အချိန်ရွေးချယ်နိုင်ခြင်း
💺 ကြိုက်တဲ့ ထိုင်ခုံနေရာ ရွေးချယ်နိုင်ခြင်း
💳 လွယ်ကူ၊ လျင်မြန်ပြီး စိတ်ချရတဲ့ ငွေပေးချေမှု
⏰ အချိန်ကုန်၊ အလုပ်ရှုပ်သက်သာစွာ ဝယ်ယူနိုင်ခြင်း

ပြီးတော့ အရေးကြီးတာတစ်ခုက—

ကားလက်မှတ်ဈေးနှုန်းကိုလည်း ကားလိုင်းတွေရဲ့ တရားဝင်သတ်မှတ်ရောင်းချတဲ့ နှုန်းထားအတိုင်း မှန်ကန်စွာ ဝယ်ယူရရှိနိုင်ပါတယ်။ ✅

ကိုယ်တိုင် ကားဂိတ်သွားစရာမလိုဘဲ
ခရီးစဉ်၊ အချိန်နဲ့ ထိုင်ခုံကို ရွေးချယ်ပြီး လွယ်လွယ်ကူကူ ဝယ်ယူနိုင်ပါပြီ။

📩 ပြည်တွင်း အဝေးပြေးကားလက်မှတ်လိုအပ်ရင် 𝑫𝒂𝒏𝒅𝒆𝒍𝒊𝒐𝒏 ကို ဆက်သွယ်လိုက်ပါ။

💬 𝐂𝐡𝐚𝐭 𝐁𝐨𝐱 မှတစ်ဆင့်ဖြစ်စေ

📱 𝟎𝟗 𝟕𝟓𝟖 𝟑𝟏𝟓 𝟑𝟎𝟑 (𝑽𝒊𝒃𝒆𝒓 / 𝑻𝒆𝒍𝒆𝒈𝒓𝒂𝒎) မှတစ်ဆင့်ဖြစ်စေ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။

✈️ 𝐃𝐚𝐧𝐝𝐞𝐥𝐢𝐨𝐧 𝐓𝐫𝐚𝐯𝐞𝐥 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭
𝑮𝒖𝒊𝒅𝒊𝒏𝒈 𝑬𝒗𝒆𝒓𝒚 𝑱𝒐𝒖𝒓𝒏𝒆𝒚 𝑾𝒊𝒕𝒉 𝑪𝒂𝒓𝒆.

✈️ 𝐘𝐀𝐍𝐆𝐎𝐍 ↔ 𝐏𝐇𝐔𝐊𝐄𝐓 𝐃𝐈𝐑𝐄𝐂𝐓 𝐅𝐋𝐈𝐆𝐇𝐓 ပြန်လာပါပြီ!ဖူးခက်ကို Transit မလုပ်ဘဲ တိုက်ရိုက်သွားချင်သူတွေအတွက် သတင်းကောင်း 💙𝑴𝒚𝒂𝒏𝒎𝒂𝒓...
13/08/2026

✈️ 𝐘𝐀𝐍𝐆𝐎𝐍 ↔ 𝐏𝐇𝐔𝐊𝐄𝐓 𝐃𝐈𝐑𝐄𝐂𝐓 𝐅𝐋𝐈𝐆𝐇𝐓 ပြန်လာပါပြီ!

ဖူးခက်ကို Transit မလုပ်ဘဲ တိုက်ရိုက်သွားချင်သူတွေအတွက် သတင်းကောင်း 💙

𝑴𝒚𝒂𝒏𝒎𝒂𝒓 𝑨𝒊𝒓𝒘𝒂𝒚𝒔 𝑰𝒏𝒕𝒆𝒓𝒏𝒂𝒕𝒊𝒐𝒏𝒂𝒍 (𝑴𝑨𝑰) ကနေ

🇲🇲 𝐘𝐚𝐧𝐠𝐨𝐧 → 𝐏𝐡𝐮𝐤𝐞𝐭 → 𝐘𝐚𝐧𝐠𝐨𝐧 𝑫𝒊𝒓𝒆𝒄𝒕 𝑭𝒍𝒊𝒈𝒉𝒕 ကို

📅 𝟏 𝐎𝐜𝐭𝐨𝐛𝐞𝐫 𝟐𝟎𝟐𝟔 မှစတင်ပြီး
🗓️ အပတ်စဉ် ကြာသပတေး & တနင်္ဂနွေ
✈️ တစ်ပတ် ၂ ကြိမ် ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။

ဒါဆို မကြာခင်ရောက်လာမယ့်
🌴 ပိတ်ရက်ရှည် အားလပ်ရက်တွေမှာ
Phuket Trip လေး စီစဉ်ဖို့ အချိန်ရောက်ပါပြီ။

✈️ Direct Flight
🏝️ Phuket
🗓️ Thursday & Sunday

ပိတ်ရက်နဲ့ Flight Schedule ကိုက်အောင်
အခုကတည်းက ကြိုတင်စီစဉ်ထားလို့ရပါပြီနော်။

ခရီးစဉ်အတွက် လိုအပ်တာမယ့် 𝑨𝑰𝑹 𝑻𝑰𝑪𝑲𝑬𝑻 & 𝑯𝑶𝑻𝑬𝑳 𝑩𝑶𝑶𝑲𝑰𝑵𝑮 ကို 𝑫𝒂𝒏𝒅𝒆𝒍𝒊𝒐𝒏 မှာ စီစဉ်နိုင်ပါတယ်။ 💙

📩 Visa, Passport, Flight Ticket နဲ့ Travel Planning အတွက်
ဝန်ဆောင်မှုလိုအပ်ပါက—

💬 𝐂𝐡𝐚𝐭 𝐁𝐨𝐱 မှတစ်ဆင့်ဖြစ်စေ

📱 𝟎𝟗 𝟕𝟓𝟖 𝟑𝟏𝟓 𝟑𝟎𝟑 (𝑽𝒊𝒃𝒆𝒓 / 𝑻𝒆𝒍𝒆𝒈𝒓𝒂𝒎) မှတစ်ဆင့်ဖြစ်စေ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။

✈️ 𝐃𝐚𝐧𝐝𝐞𝐥𝐢𝐨𝐧 𝐓𝐫𝐚𝐯𝐞𝐥 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭
𝑮𝒖𝒊𝒅𝒊𝒏𝒈 𝑬𝒗𝒆𝒓𝒚 𝑱𝒐𝒖𝒓𝒏𝒆𝒚 𝑾𝒊𝒕𝒉 𝑪𝒂𝒓𝒆.

🌴

📢 𝐃𝐀𝐍𝐃𝐄𝐋𝐈𝐎𝐍  — 𝐒𝐄𝐑𝐕𝐈𝐂𝐄 𝐔𝐏𝐃𝐀𝐓𝐄Admin မှ 𝟏𝟐 𝐀𝐔𝐆 – 𝟐𝟎 𝐀𝐔𝐆 အတွင်း ပြည်ပ ခရီးသွားနေမည်ဖြစ်ပါသဖြင့် စုံစမ်း မေးမြန်းလိုပါက **𝐏𝐡...
12/08/2026

📢 𝐃𝐀𝐍𝐃𝐄𝐋𝐈𝐎𝐍 — 𝐒𝐄𝐑𝐕𝐈𝐂𝐄 𝐔𝐏𝐃𝐀𝐓𝐄

Admin မှ 𝟏𝟐 𝐀𝐔𝐆 – 𝟐𝟎 𝐀𝐔𝐆 အတွင်း ပြည်ပ ခရီးသွားနေမည်ဖြစ်ပါသဖြင့် စုံစမ်း မေးမြန်းလိုပါက **𝐏𝐡𝐨𝐧𝐞 𝐂𝐚𝐥𝐥 မခေါ်ဘဲ 𝐂𝐡𝐚𝐭 𝐁𝐨𝐱 / 𝐕𝐢𝐛𝐞𝐫 / 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 မှသာ** ဆက်သွယ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ 💛

💬 စာပို့တဲ့အခါ…
“Hello” / “Hi” တစ်ခုပဲ ပို့ထားတာထက်
လိုချင်တာ၊ သိချင်တာ၊ ခရီးစဉ်အချက်အလက်တွေကို တစ်ခါတည်း ပြည့်ပြည့်စုံစုံ ပို့ပေးထားပါနော်။

Admin နားချိန်ရတဲ့အခါ Message တွေကို စစ်ဆေးပြီး အတတ်နိုင်ဆုံး မြန်မြန်ဆန်ဆန် Reply ပြန်ပေးသွားပါမယ်ရှင်။🤍

✈️ ဝန်ဆောင်မှု ရယူထားပြီးသား Customer များအတွက်တော့
လိုအပ်သည့်အချိန် အချိန်မရွေး Phone Call / Message ဖြင့် ဆက်သွယ်နိုင်ပါတယ်။💞

📌 အထွေထွေ စုံစမ်းမေးမြန်းမှုများကိုတော့
21 AUG မှစတင်ပြီး ပုံမှန်အတိုင်း ပြန်လည်ဖြေကြားပေးသွားပါမယ်။

⚡ အလျင်လိုသူများ / Ticket & Travel Service ဝယ်ယူလိုသူများအတွက်
လိုချင်တဲ့ ခရီးစဉ်၊ ရက်စွဲ၊ ခရီးသည်အရေအတွက် စတဲ့ လိုအပ်တဲ့အချက်အလက်တွေကို ပြည့်စုံစွာ ပို့ထားပေးပါက Admin အားတဲ့အချိန်မှာ အတတ်နိုင်ဆုံး မြန်မြန်ဆန်ဆန် စီစဉ်ပေးသွားပါမယ်။

ခရီးသွားနေချိန်အတွင်းလည်း Customer များအတွက် အဆင်ပြေစေရန် အတတ်နိုင်ဆုံး ဆက်လက်ဝန်ဆောင်မှုပေးသွားပါမယ်ရှင်။ 🌿

𝑻𝒉𝒂𝒏𝒌 𝒚𝒐𝒖 𝒇𝒐𝒓 𝒚𝒐𝒖𝒓 𝒖𝒏𝒅𝒆𝒓𝒔𝒕𝒂𝒏𝒅𝒊𝒏𝒈 & 𝒑𝒂𝒕𝒊𝒆𝒏𝒄𝒆.🤍

𝐂𝐨𝐧𝐭𝐚𝐜𝐭 𝐮𝐬 𝐯𝐢𝐚
💬 𝐂𝐡𝐚𝐭 𝐁𝐨𝐱
📱 𝟎𝟗 𝟕𝟓𝟖 𝟑𝟏𝟓 𝟑𝟎𝟑 (𝑽𝒊𝒃𝒆𝒓 / 𝑻𝒆𝒍𝒆𝒈𝒓𝒂𝒎)

✈️ 𝐃𝐚𝐧𝐝𝐞𝐥𝐢𝐨𝐧 𝐓𝐫𝐚𝐯𝐞𝐥 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭
𝑮𝒖𝒊𝒅𝒊𝒏𝒈 𝑬𝒗𝒆𝒓𝒚 𝑱𝒐𝒖𝒓𝒏𝒆𝒚 𝑾𝒊𝒕𝒉 𝑪𝒂𝒓𝒆.

MAI ရဲ့ ခရီးစဥ် အချိန်များ အပြောင်းအလဲ ရှိတာကြောင့် ခရီးမထွက်မီ သတိပြုပေးနိုင်ပါရန်!!!!!
12/08/2026

MAI ရဲ့ ခရီးစဥ် အချိန်များ အပြောင်းအလဲ ရှိတာကြောင့် ခရီးမထွက်မီ သတိပြုပေးနိုင်ပါရန်!!!!!

💗𝑷𝒆𝒏𝒂𝒏𝒈 မှာ 𝐏𝐢𝐧𝐤 𝐇𝐨𝐭𝐞𝐥 တစ်ခုရှိတယ်ဆိုရင်?ပန်းရောင်ကြိုက်တဲ့သူတွေဆို ဒီ Hotel က အခန်းလေးတွေကို မြင်တာနဲ့ သဘောကျသွားနိုင်ပ...
12/08/2026

💗𝑷𝒆𝒏𝒂𝒏𝒈 မှာ 𝐏𝐢𝐧𝐤 𝐇𝐨𝐭𝐞𝐥 တစ်ခုရှိတယ်ဆိုရင်?

ပန်းရောင်ကြိုက်တဲ့သူတွေဆို ဒီ Hotel က အခန်းလေးတွေကို မြင်တာနဲ့ သဘောကျသွားနိုင်ပါတယ်။ 🌷

🇲🇾 𝐆𝐞𝐨𝐫𝐠𝐞 𝐓𝐨𝐰𝐧, 𝐏𝐞𝐧𝐚𝐧𝐠 (𝐌𝐚𝐥𝐚𝐲𝐬𝐢𝐚) မှာရှိတဲ့ 𝑻𝒉𝒆 𝑷𝒊𝒏𝒌 𝑪𝒂𝒃𝒂𝒏𝒂 ဟာ
နာမည်နဲ့လိုက်အောင် ပန်းရောင် ကို အဓိက theme အဖြစ်ထားတဲ့ Boutique-style Hotel လေး ပါ။

Reception ကနေ Lobby အထိ…
အခန်းထဲဝင်လိုက်ရင်လည်း
🩷 နံရံ
🩷 Curtain
🩷 Furniture
🩷 Decoration

အားလုံးက Soft Pink tone လေးတွေနဲ့ ပြင်ဆင်ထားပါတယ်။

အထူးသဖြင့်
✨ Pink chandelier
✨ Neon sign
✨ Pink-themed seating area

တွေကြောင့် Photo ရိုက်ချင်စရာနေရာလေး တစ်ခုလို ဖြစ်နေတယ်။

📍 Location ကတော့ George Town အတွင်းမှာရှိတာမို့
Penang ရဲ့ Old Town လမ်းလေးတွေ၊ Street Art တွေနဲ့ အနီးအနားက နေရာတွေကို လည်ပတ်ချင်သူတွေအတွက်လည်း လွယ်ကူအဆင်ပြေပါတယ်။

တစ်ခါတလေ ခရီးသွားတဲ့အခါ Hotel ဆိုတာ အိပ်ဖို့နေရာတစ်ခုတည်း မဟုတ်ဘူး။

ကိုယ်သွားမယ့်နေရာရဲ့ အမှတ်တရတစ်ခု ဖြစ်လာနိုင်တဲ့နေရာလည်း ဖြစ်တယ်။ 💗

🌷 Penang ရောက်ရင် ဒီလို Pink Hotel လေးမှာ တည်းကြည့်ချင်လား?

Hotel Booking တင်ဖို့လိုအပ်ရင် Dandelion ကို ဆက်သွယ်လိုက်ပါ။

📩 Visa, Passport, Flight Ticket နဲ့ Travel Planning အတွက်
ဝန်ဆောင်မှုလိုအပ်ပါက—

💬 𝐂𝐡𝐚𝐭 𝐁𝐨𝐱 မှတစ်ဆင့်ဖြစ်စေ

📱 𝟎𝟗 𝟕𝟓𝟖 𝟑𝟏𝟓 𝟑𝟎𝟑 (𝑽𝒊𝒃𝒆𝒓 / 𝑻𝒆𝒍𝒆𝒈𝒓𝒂𝒎) မှတစ်ဆင့်ဖြစ်စေ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။

✈️ 𝐃𝐚𝐧𝐝𝐞𝐥𝐢𝐨𝐧 𝐓𝐫𝐚𝐯𝐞𝐥 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭
𝑮𝒖𝒊𝒅𝒊𝒏𝒈 𝑬𝒗𝒆𝒓𝒚 𝑱𝒐𝒖𝒓𝒏𝒆𝒚 𝑾𝒊𝒕𝒉 𝑪𝒂𝒓𝒆.


📕 Passport ပျောက်သွားရင် စာအုပ်အသစ် ဘယ်လိုပြန်လျှောက်ရမလဲ?Passport ပျောက်ဆုံးသွားတဲ့အခါ "စာအုပ်အသစ် ချက်ချင်းလျှောက်လို့...
11/08/2026

📕 Passport ပျောက်သွားရင် စာအုပ်အသစ် ဘယ်လိုပြန်လျှောက်ရမလဲ?

Passport ပျောက်ဆုံးသွားတဲ့အခါ "စာအုပ်အသစ် ချက်ချင်းလျှောက်လို့ရလား?" ဆိုတဲ့ မေးခွန်းကို မကြာခဏ တွေ့ရပါတယ်။

အဖြေကတော့... မရနိုင်ပါ။

Passport ပျောက်ဆုံးသွားပါက သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

📌 အဆင့် (၁)

Passport ပျောက်ဆုံးကြောင်း သတင်းစာမှာ ကြော်ငြာထည့်ရပါမယ်။

📌 အဆင့် (၂)

သတင်းစာကြော်ငြာ ထည့်ပြီးနောက် (၆) လ ပြည့်သည်အထိ စောင့်ရပါမယ်။

📌 အဆင့် (၃)

(၆) လ ပြည့်တဲ့နေ့အတွက် Passport Online Appointment ရယူပြီး ကာယကံရှင်ကိုယ်တိုင် Passport ရုံးမှာ သွားရောက်လျှောက်ထားရပါမယ်။

💬 အများဆုံး တွေ့ရတဲ့ အမှား

"၆ လ မစောင့်ချင်လို့ Passport အသစ်လျှောက်တာအနေနဲ့ လုပ်လိုက်ရင် ရမလား?"

မရနိုင်ပါဘူးရှင်။

Passport အသစ်လျှောက်ထားဖို့ ရုံးဝင်တဲ့အခါ လက်ဗွေ Scan နဲ့ အချက်အလက်တွေကို စစ်ဆေးပါတယ်။

Passport ရုံးမှာ ယခင်လျှောက်ထားဖူးတဲ့ မှတ်တမ်းတွေ ရှိနေတဲ့အတွက် အမည်၊ မွေးသက္ကရာဇ်နဲ့ လက်ဗွေရာ ကိုက်ညီတာနဲ့ ယခင် Passport ရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိနိုင်ပါတယ်ရှင့်။

အဲဒီအချိန်မှာ Passport စာအုပ်ကို တင်ပြနိုင်ခြင်း မရှိပါက Passport ပျောက်ဆုံးကြောင်း သတင်းစာကြော်ငြာထည့်ပြီး (၆) လ စောင့်ဆိုင်းတဲ့ လုပ်ငန်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

💡 Passport ပျောက်ဆုံးသွားပါက သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ခြင်းက အချိန်ကုန်မှုနဲ့ မလိုအပ်တဲ့ အခက်အခဲတွေကို လျှော့ချပေးနိုင်ပါတယ်နော်။

🌼 Dandelion Travel Consultant အနေနဲ့လည်း ခရီးသွားမိတ်ဆွေများအတွက် မှန်ကန်ပြီး အသုံးဝင်တဲ့ ခရီးသွားအချက်အလက်များ ကို အမြဲမျှဝေပေးသွားပါမယ်။

━━━━━━━━━━━━━━

📌 Passport Online Appointment ရယူရန် အကူအညီ လိုအပ်ပါက Dandelion Travel Consultant ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

💬 𝐂𝐡𝐚𝐭 𝐁𝐨𝐱 မှတစ်ဆင့်ဖြစ်စေ

📱 𝟎𝟗 𝟕𝟓𝟖 𝟑𝟏𝟓 𝟑𝟎𝟑 (𝑽𝒊𝒃𝒆𝒓 / 𝑻𝒆𝒍𝒆𝒈𝒓𝒂𝒎) မှတစ်ဆင့်ဖြစ်စေ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။

✈️ 𝐃𝐚𝐧𝐝𝐞𝐥𝐢𝐨𝐧 𝐓𝐫𝐚𝐯𝐞𝐥 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭
𝑮𝒖𝒊𝒅𝒊𝒏𝒈 𝑬𝒗𝒆𝒓𝒚 𝑱𝒐𝒖𝒓𝒏𝒆𝒚 𝑾𝒊𝒕𝒉 𝑪𝒂𝒓𝒆.

Address

No. 71, Kaingdan Street, Lanmadaw Township
Yangon
11131

Telephone

+959758315303

Website

Alerts

Be the first to know and let us send you an email when Dandelion - Travel Consultant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dandelion - Travel Consultant:

Shortcuts

Share

Category