15/12/2025
Toe & Brothers Co., Ltd. (Aroma Bakery)၊ အမှတ် ၂၇၈/၁၃၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ ရွှေလင်ပန်းစက်မှုဇုံ၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ အရောင်းဌာနတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးများအတွက် ဝန်ထမ်းများခေါ်ယူနေပါတယ်။
၁။ Sale Drive - အရောင်းဝန်ထမ်း
ကျား (၂၀) ဦး
တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ (သို့) အခြေခံပညာအထက်တန်း အောင်မြင်ပြီးသူ
သက်တမ်းရှိ ယာဥ်မောင်းလိုင်စင် အနိမ့်ဆုံး (ခ) အဆင့် (သို့) (ဃ) လိုင်စင်အနီ ကိုင်ဆောင်ထားသူ၊
လိုင်စင်သက်တမ်း (၁) နှစ်ရှိရမည်။
အရောင်းပိုင်း စိတ်ပါဝင်စားသူဖြစ်ရမည်။
အလုပ်ကြိုးစားပြီး အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။
၂။ အရောင်းအကူဝန်ထမ်း
ကျား (၂၀) ဦး
အရောင်းပိုင်း စိတ်ပါဝင်စားသူဖြစ်ရမည်။
အလုပ်ကြိုးစားပြီး အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။
လျှောက်ထားလိုသူများသည် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းနှင့် လေဘာ မူရင်း-မိတ္တူ၊ ရပ်ကွက်နှင့် ရဲစခန်း ထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ (၄)ပုံတို့နှင့်အတူ အထက်ပါလိပ်စာသို့ လာရောက်လျှောက်ထားနိုင်ပါသည်။