Kane Photography & Kane Express Bus Ticket

Kane Photography & Kane Express Bus Ticket Time & Tide wait for no men.Do or die.

08/05/2026

-ဒီရက်ပိုင်း လူပြောများနေတဲ့၊ ကုသဆေးမရှိသေးတဲ့ "ဟန်တာဗိုင်းရပ်စ်" အကြောင်း 🚨🦠

မင်္ဂလာပါခင်ဗျာ…. ဒေါက်တာရဲ ဖြစ်ပါတယ်။

အခုရက်ပိုင်း ကမ္ဘာ့ကျန်းမာရေးလောကမှာ အထူးသတိထားနေရတဲ့ သတင်းတစ်ခုကတော့ "ဟန်တာဗိုင်းရပ်စ် (Hantavirus)" သတင်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့နဲ့ နီးစပ်တဲ့ စင်ကာပူနိုင်ငံမှာ ဒီဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေရှိတဲ့ သံသယလူနာ ၂ ဦးကို အမျိုးသားကူးစက်ရောဂါဗေဒဌာန (NCID) မှာ သီးသန့်ခွဲခြားပြီး စောင့်ကြည့်နေရပြီလို့ သိရပါတယ်။

အခုနောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ အာဂျင်တီးနားက ထွက်ခွာလာတဲ့ MV Hondius အပျော်စီးသင်္ဘောပေါ်မှာ လူ ၃ ဦး သေဆုံးခဲ့ပြီး၊ အဲ့ဒီသင်္ဘောပေါ်မှာ ပါလာတဲ့ စင်ကာပူနိုင်ငံသား ၂ ဦးကိုလည်း လက်ရှိမှာ သီးသန့်ခွဲခြားပြီး စောင့်ကြည့်နေရပြီလို့ သိရပါတယ်။

ဒီအခြေအနေဟာ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေဆီကို ဟန်တာဗိုင်းရပ်စ်က ခြေဦးလှည့်ပြီး ခြိမ်းခြောက်လာနိုင်မလားဆိုတာ စောင့်ကြည့်ရမယ့်အခြေအနေဖြစ်ပါတယ်။

🔍 **ဘယ်လိုကနေ စတင်ခဲ့တာလဲ?**
အာဂျင်တီးနားနိုင်ငံကနေ ထွက်ခွာလာတဲ့ MV Hondius ဆိုတဲ့ အပျော်စီးသင်္ဘောပေါ်မှာ "Andes hantavirus" ကူးစက်မှု စတင်ဖြစ်ပွားခဲ့တာပါ။ လက်ရှိအချိန်အထိ ဒတ်ခ်ျဇနီးမောင်နှံ ၂ ဦးနဲ့ ဂျာမန်ခရီးသည် ၁ ဦး၊ စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ အဲဒီသင်္ဘောပေါ်မှာ လိုက်ပါခဲ့တဲ့ ခရီးသည် ၄၀ ခန့်ဟာ ကျန်းမာရေးစစ်ဆေးမှု မလုပ်ရသေးခင်မှာပဲ သူတို့ရဲ့ နေရပ်နိုင်ငံ ၁၂ နိုင်ငံဆီကို ပြန်သွားခဲ့ကြတာမို့ ကမ္ဘာအနှံ့မှာ အရေးပေါ် ပြင်ဆင်မှုတွေ လုပ်နေကြရပါတယ်။

⚠️ **လူအချင်းချင်း ကူးစက်နိုင်လား?**
ပုံမှန်အားဖြင့် ဟန်တာဗိုင်းရပ်စ်ဟာ ကြွက်တွေရဲ့ ဆီး၊ မစင်နဲ့ တံတွေးတွေကနေတဆင့် အသက်ရှူလမ်းကြောင်းကနေ ကူးစက်နိုင်ပါတယ်။လူကို ကူးစက်တာပါ။ ဒါပေမဲ့ အခုဖြစ်ပွားနေတဲ့ **Andes strain** မျိုးစိတ်ဟာ "လူအချင်းချင်း ကူးစက်နိုင်စွမ်းရှိတယ်" လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အတည်ပြုထားပါတယ်။ ဒါက တကယ့်ကို သတိထားရမယ့် အချက်ပါပဲ။

🤒 **ရောဂါလက္ခဏာများ**
* ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း
* အစာအိမ်နှင့် အူလမ်းကြောင်းပြဿနာများ ဖြစ်ခြင်း
* အသက်ရှူရ ခက်ခဲခြင်း (ပြင်းထန်ပါက အသက်အန္တရာယ်ရှိနိုင်ပါတယ်)

🚫 **ကုသဆေးနဲ့ ကာကွယ်ဆေး**
အခုအချိန်အထိ ဟန်တာဗိုင်းရပ်စ်အတွက် တိကျတဲ့ ကုသဆေးရော၊ ကာကွယ်ဆေးပါ မရှိသေးပါဘူး။ ဝေဒနာ သက်သာအောင်ပဲ ပြုစုကုသပေးနိုင်တာဖြစ်လို့ ကြိုတင်ကာကွယ်ဖို့က အဓိကဖြစ်ပါတယ်။

💡 **အကြံပြုချက်**
၁။ ဒီဗိုင်းရပ်စ်ရဲ့ ရောဂါပျိုးသက်တမ်းက ၆ ပတ် (၄၅ ရက်) အထိ ကြာမြင့်နိုင်တာမို့ လက္ခဏာ ချက်ချင်းမပြတတ်တာကို သတိပြုပါ။
၂။ ကြွက်နဲ့ပတ်သက်တဲ့ သန့်ရှင်းရေးကို အထူးဂရုစိုက်ပါ။ကိုယ့်အိမ်မှာ ကြွက်တွေမရှိအောင် ဂရုစိုက်ပါ။ ကြွက်ချေး၊ ကြွက်ဆီး ပေကျံနိုင်တဲ့ နေရာတွေကို သေချာ သန့်ရှင်းရေးလုပ်ပါ။

၃။ ဖျားနာတာ၊ အသက်ရှူရ ခက်ခဲတာမျိုးရှိရင် ဆရာဝန်နဲ့ အမြန်ပြသပါ။

WHO ရဲ့ ပြောကြားချက်အရ လုံလောက်တဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ရင်တော့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအသွင် (Pandemic) ဖြစ်လာနိုင်ခြေ မရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့် မကြောက်ပါနဲ့၊ ဒါပေမဲ့ သတိတော့ ထားကြစို့ဗျာ။

ဒီသတင်းလေးကို ကိုယ့်ရဲ့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေပါ သတိထားနိုင်အောင် **Share** လုပ်ပြီး မျှဝေပေးလိုက်ကြပါဦးနော်။

အခုလိုမျိုး အရေးကြီးတဲ့ ကျန်းမာရေးသတင်းတွေကို နေ့စဉ် သိရှိနိုင်ဖို့ Dr. Ye ရဲ့ page ကို **See First** လုပ်ထားကြပါဦးခင်ဗျာ။

အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ။

#ဟန်တာဗိုင်းရပ်စ် #ကျန်းမာရေးသတိပေးချက် #ဒေါက်တာရဲ

"သားသမီးကိုငရဲပေးတဲ့မိဘ တကယ်ရှိသလား"*********************************ရှိပါတယ်...​ဘယ်လိုမိဘအမျိုးအစားကများသားသမီးကိုငရဲပေ...
27/04/2026

"သားသမီးကိုငရဲပေးတဲ့မိဘ တကယ်ရှိသလား"
*********************************

ရှိပါတယ်...

ဘယ်လိုမိဘအမျိုးအစားကများ
သားသမီးကိုငရဲပေးလို့ရနေသလဲ
တွေးကြည့်ကြရအောင်...
ပြောမရဘူးလေ ဒီအမျိုးအစားတွေမှာ
ကိုယ့်မိဘလဲပါမယ် ကိုယ်လဲပါနိုင်တယ်လေ...

(1)အပြစ်တင်လွန်းတဲ့မိဘ...

ဒါကရိုးရှင်းပါတယ်
ဘာလုပ်လုပ်အပြစ်တင်နေတာ
တစ်နည်းဆိုရရင် လောဘကြီးမိတာပေါ့
အသုံးမကျ ဘူးဆိုတဲ့ ဘောင်ထဲသွတ်သွင်းတာ
သားသမီးက တကယ်အသုံးမကျ တာ
ဖြစ်ချင်ဖြစ်မယ် ဒါပေမဲ့
အသုံးမကျ ခြင်းကိုပဲ ဖောက်မြင်နေတာ
ဒါကိုကြားရဖန်များလာတဲ့အခါ ဒေါသက
မိဘကိုပြန်ခံပြောဖို့ စတင်လာတယ်...

(2)ဘက်လိုက်တာ...

သားသမီးချင်းတူရင်
ငါ့သမီးငယ်လေး ငါ့သားကြီးနဲ့
ဘက်လိုက်ဆက်ဆံတာ...
ဒါကအရမ်းဆိုးတယ် ဘက်လိုက်တတ်တဲ့
မိဘပိုင်ဆိုင်တဲ့ သားသမီးတွေဟာ
မစည်းလုံးကြတာများတယ်
မိဘကသွေးခွဲထားတာလေ
နင်ကညံ့တယ် နင်ကတော်တယ်ဆိုပြီး
ကွာလတီခွဲလိုက်တဲ့ ကုန်ပစ္စည်းတွေဟာ
ဘယ်တော့မှစျေးနှုန်းညှိမရကြတော့ဘူး...
ဘက်လိုက်မှုက မလေးစားမှုကို
အစပျိုးတယ် ပြီးရင်အချင်းချင်း
မနာလိုစိတ်ကနေ အမုန်းတရားပွားများတယ်
ကလေးဘဝကတည်းက
အရိုးစွဲတဲ့ အမုန်းတရားက
ဘယ်တော့မှဖျောက်မရဘူး...
မိဘရှေ့မို့ ဟန်ဆောင်ဆက်ဆံပြနေတာ
မိဘသေကြည့် ဒီမောင်နှမတွေဟာ
ပက်သက်စရာလုံးဝကိုမရှိတော့တဲ့
လူတွေအဖြစ်နေကြလိမ့်မယ်...
အချင်းချင်းကူညီဖို့ဆိုတာကတော့
ဟိုး အဝေးကြီးမှာပဲ...

(3)ဆဲဆိုလွန်းတာ...

နေ့စဉ်အဆဲခံရတဲ့လူဆိုတာ
ဒေါသများမယ်ထင်လား နည်းမယ်ထင်လား
ပြန်များပြောမိရင် မိဘကိုခံပြောတယ်
ငရဲကြီးမှာ ဒုက္ခရောက်မှာ
ခွေးဖြစ်မှာဆိုတဲ့ကျိန်စာဆန်ဆန်
စကားတွေကအရမ်းဆိုးတာ
ဒါဆို နေ့စဉ်သားသမီးကိုဆဲရေးနေတဲ့
မိဘကကော ငရဲမကြီးတတ်တော့ဘူးလား
ကောင်းကောင်းမွန်မွန်ပြောပြီးခိုင်းလို့မရရင်
မခိုင်းသင့်ဘူး ဆဲရေးပြီးမှ
ခိုင်းရတယ်ဆိုတာ အတော်ကိုနည်းလမ်းမကျ တာ
သူဘာလို့မလုပ်ချင်တာလဲဆိုတာ
တော်တော်ကို ချဉ်းကပ်ရခက်တဲ့ကိစ္စပါ
ဘာမှကိုမလုပ်ချင်တာလား
သူလုပ်ချင်တာဘာများလဲဆိုတဲ့လမ်းက
ဝေးတော့ ဆဲပြီးခိုင်းလိုက်တာမြန်တယ်လေ...ဒီနည်းပဲသုံးတယ်...😡😡

(4)သားသမီးအိမ်ထောင်ကိုစွက်ဖက်တာ...

တော်တော်များများဒါကိုလုပ်ကြတယ်...
နင်ယူထားတဲ့ ယောက်ျားကဘယ်လို
နင်ယူထားတဲ့ မိန်းမကဘယ်လိုဆိုတာမျိုး
မပြောသင့်ဘူး သားသမီးရဲ့
ရွေးချယ်မှုကိုလေးစားရမယ်
သူဟာ သူ့ဘဝကိုသူနေတတ်လို့
နေနေတာ သားသမီးက
သူ့အိမ်ထောင်နဲ့ပက်သက်ပြီးကူညီပါလို့
မပြောမချင်း ဝင်ပါစရာကိုမလိုတာ...
ငါ့သမီး ပဲ မှန်တယ် ငါ့သား က မှန်တယ် ဆိုတာ ချည်းပဲ ယူဆတာ မှားတယ်

သားသမီးအကြောင်းမိဘကသိတယ်ဆိုတာ
ကလေးဘဝမှာပဲဖြစ်လိမ့်မယ်...
သားသမီးအကြောင်းမသိကြလို့သာ
သားသမီးက လူသတ်မိရင်
မုဒိမ်းကျင့်တာမျိုးလုပ်မိရင်
မိဘက အံ့သြတကြီးဖြစ်ကြရတာပေါ့.....ငယ်စဉ်ကသိတယ်ဆိုတာ
ကလေးဘဝမှာမိဘနဲ့တစ်နေကုန်ရှိနေလို့
အကျင့်လေးတွေသိနေတာ...
သူတို့်အရွယ်ရောက်တဲ့အခါ မိဘနဲ့
အချိန်ကုန်တာနည်းလေ မိဘက
သားသမီးစိတ်ကိုမသိရလေပဲဆိုတာကို
သိထားသင့်တယ်...

သားသမီးဆိုတာ
မိဘကိုအစစအရာရာပြောပြချင်တဲ့
အရွယ်ဆ်ိုတာ အသက်လေးငါးဆယ်နှစ်
အရွယ်မှာပဲရှိတယ်...
ဒါကိုကလေးလိုပဲ အကုန်သိချင်
အကုန်ဖြေရှင်းပေးချင်တယ်ဆိုရင်
တကယ်ဖြစ်ရင်တောင် မိဘကိုမတိုင်ပင်
ကြတော့တာများတယ်... ငါပြောသားပဲ
ဆိုတဲ့စကားနောက်ကအပြစ်တင်မှုတွေဟာ
ပြဿနာကိုဖြေရှင်းဖို့ဝေးကွာစေတာ
သားသမီးတွေကရိပ်စားမိကြတယ်...
သားသမီးအကြောင်းတကယ်သာသိရင်
ဒါမျိုးမလုပ်သင့်တာကိုသိကိုသိထားရမယ်...

(5)သားသမီးကိုပြောဆိုဆက်ဆံပုံမှားတာ...

အချို့ မိဘတွေရှိပါတယ် ပြင်ပမှာတော့
လူငယ်လူကြီးမရွေးကို အရမ်းအလေးထား
ဆက်ဆံတတ်ပါတယ်
ပြောရရင် လူတွေအပေါ်လေးစားမှုရှိတာပေါ့
သားသမီးကိုကျ အဲ့လိုမလုပ်နိုင်ကြပါဘူး
သားသမီးဆိုတာ ငယ်နိုင်လိုဖြစ်နေတော့
စိတ်အလိုမကျတိုင်း သားသမီးကို
နှိမ်နေတတ်တာမျိုးပါ...
စေတနာစကားပေမဲ့ အပြောမတတ်ရင်
နားခါးတာလူ့သဘာဝပါ...

အပြင်ပန်းကမှတ်မထားတာမှန်ကောင်း
မှန်ပါလိမ့်မယ်... စိတ်ခံစားချက်က
မှတ်ထားတတ်လို့သာ မိဘပြောတိုင်း
မကောင်းမြင်တယ်ဆိုပြီး ဒေါသကြီးနေတတ်တဲ့ သားသမီးတွေရှိလာရတာပါ...

စိတ်ဆိုတာအမြဲမရှည်ပါဘူး
ဒါကြောင့် သားသမီးကိုအမြဲနားပူအောင်
နေ့စဉ်ဆုံးမစကားဆိုမနေပါနဲ့...
သူနေ့စဉ်လုပ်တာတွေမှတ်ထားပြီး
တစ်ပတ်တစ်ခါ တစ်လတစ်ခါလောက်သာ
စားပွဲဝိုင်းမှာ အေးအေးဆေးဆေးပဲ
ဆုံးမစကားတစ်ခွန်းချင်းပြောသင့်တာပါ
တစ်ပတ်တစ်ခါမို့ ဆုံးမရတာ
စိတ်လဲရှည်တယ် သားသမီးအနေနဲ့လဲမိဘက
ချက်ကျလက်ကျပြောတော့ ငြင်းရခက်တယ်
သူ့အမှားကိုဆင်ခြင်နိုင်တယ်
ဒေါသပါတဲ့ ဆုံးမစကားဟာ
ပြောင်းပြန်အကျိုးသက်ရောက်ပါတယ်
ဘာလို့လဲဆိုတော့ သားသမီးဆိုတာလူသားမို့
ဒေါသထွက်ရင်အရွဲ့တိုက်တတ်လို့ပါ...

***************
အဆင်မပြေမှုတွေကိုမလိုလားကြပါဘူး
ဒါပေမဲ့ ငြင်းဆန်မရရင်တော့
မိဘနဲ့ထိပ်တိုက်ရင်ဆိုင်ခြင်းထက်
အဝေးကို ပြေးသွားလိုက်တာ
အကုသိုလ်အနည်းဆုံး
အဆင်ပြေဆုံးလို့ထင်ပါတယ်...

မိဘအတွက်လဲ မျက်စိထဲအဆင်မပြေတဲ့
သားသမီးဟာ သူ့ဖာသာရပ်တည်နေတာ
ကိုယ်မမြင်ရဘူးဆို အပူသက်သာတယ်
မိဘရဲ့ အဝေးမှာနေမယ်ဆိုရင်လဲ
အဆင်ပြေပြေ မပြေပြေ မိဘသာမသိစေနဲ့
မေးလာရင်အဆင်ပြေတယ်ပဲပြောလိုက်ပါ
ဒါမှ အဝေးမှာမိဘကော သားသမီးပါ
စိတ်အေးလက်အေးနေနိုင်မှာပါ
နို့မို့ တွေးပူနေတာနဲ့ မိဘစိတ်ပင်ပန်းပါမယ်...

နေ့စဉ်တစ်ယောက်နဲ့တစ်ယောက်
အကုသိုလ်ယူနေရတာမျိုး
ဘာလို့လုပ်တော့မလဲ..

ကိုယ်တတ်နိုင်ရင် အဝေးကနေထောက်ပံ့ခြင်း
ကိုလုပ်လို့ရပါတယ်...

အနီးမှာပဲနေရမယ်ဆိုလဲ မိဘနဲ့
အဆင်ပြေအောင်နည်းလမ်းရှာ
စိတ်လျော့တာလဲလုပ်နိုင်ပါတယ်...

မိဘဆိုတာ အဖိုးတန်ပါတယ်
ဒါပေမဲ့ သားသမီးဆိုတာလဲ လူသားမို့
သူလဲသူ့တန်ဖိုးသူရှိတယ်ဆိုတာ
မိဘများ အထူးသတိချပ်ရင်
မိဘနဲ့သားသမီး ဆက်ဆံရေးက
အဆင်ပြေမှာပါ.....

#

23/04/2026
23/04/2026

🚃 မနက်စောစော RBE ရထားစီး 🚃

09/01/2026

တစ်ယောက်ထဲ တောက်ပပြမယ်လို့ကြွေးကြော်ပြီး မြို့ပြင်မှာကော်ဖီဆိုင်ဖွင့်ထားတဲ့ " ခင်အမရာသဲသဲပို" ဆိုတဲ့အပျိုကြီးတစ်ယောက်ရှိတယ် ။

အပူအပင်တွေမလိုချင်လို့
တခြားဘာစီးပွားရေးမှမလုပ်ဘဲ
ဝါသနာပါရာ ကော်ဖီဆိုင်လေးဖွင့်ပြီး ချေမိုးနေတာ။

ပြဿနာက ဘာလဲဆိုတော့ မီးတွေပျက်လွန်းလို့
လူတွေကအိမ်မှာအလုပ်လုပ်လို့မရတော့တာ...
ထုံးစံအတိုင်း ဆာဗာတိုင်တွေကပါ ဘက်ထရီဒေါင်းကုန်တော့ လူတွေက အဲကွန်းရ ဝိုင်ဖိုင်ရတဲ့ကော်ဖီဆိုင်တွေမှာ အလုပ်လာလုပ်ကုန်ကြတာပေါ့ ။

နောက်ပြဿနာက ပိုကြီးတယ်
လူတွေက ကော်ဖီတစ်ခွက် ၇၀၀၀/၈၀၀၀ ပေးသောက်ပြီး အိမ်ကနေဖုန်းတွေ လက်ပ်တော့တွေ ပါဝါဘဏ်တွေယူလာပြီး အားသွင်းကြတာ

ခင်အမရာသဲသဲပိုက အစကတော့ဘာမှမပြောပါဘူး
သူ့ဆိုင်လူလာတော့ပျော်တာပေါ့

ဒါပေမယ့် လူတွေကမရဘူး
အိတ်စတန်းရှင်းဘုတ်ကြီးပါယူချလာပြီး
အိမ်ကမီးခြောက်တွေပါ အားလာသွင်းကြတာမျိုးကျတော့
သဲသဲပိုအနေနဲ့ သည်းမခံနိုင်တော့ဘူးလေ

ကော်ဖီတစ်ခွက်မှာပြီး ၃နာရီလောက် အားလာသွင်းတာမျိုးကျတော့ လူပါးဝတယ်လို့ခံစားလာရတယ်။

နောက်နေ့အတွက် စာကပ်ထားလိုက်တယ် ..

"တစ်ဦးလျှင် တစ်ပေါက်သာသွင်းခွင့်ပြုမည်
နှစ်ပေါက်သုံးပေါက်သွင်းလိုလျှင် တခြားဆိုင်သွားပါ "

😂
MYKS

18/12/2025

ဆရာတို့ကုမ္ပဏီ မှာ လူခေါ်တယ် ဆိုလို့ အလုပ်လာလျှောက်တာပါ။
ဒီမှာ ကျွန်တော့် CV Form ပါ ခင်ဗျာ။

သြော် အေး အေး ပြစမ်းပါဦး။
အင်း.. မင်း စီဗီဖောင် အရဆိုရင် တစ်နှစ်အတွင်းကို ကုမ္ပဏီ သုံးခုတောင် ပြောင်းလုပ်ခဲ့တာနော်။

ဟုတ် ဒါက ဒီလိုပါခင်ဗျ
ပထမအလုပ်တုန်းက ဝင်ပြီး သိပ်မကြာဘူး၊ ကုမ္ပဏီက ဒေဝါလီ ခံသွားတာနဲ့မို့...
နောက်အလုပ် ပြောင်းခဲ့ရတာပါ

သြော်

ဒုတိယအလုပ်ကျတော့လည်း
ဝင်ပြီး သုံးလေးလလောက်ကျတော့
ကုမ္ပဏီက အကြွေးတွေဝိုင်းပြီး
သူဌေးက နိုင်ငံခြားထွက်ပြေးသွားပါလေရော

ဟင်

နောက်ကုမ္ပဏီကျ
အလုပ်ဝင်ပြီး လေးငါးလလောက်မှာ
ပိုင်ရှင်သူဌေးက ဆုံးသွားပြီး ကုမ္ပဏီပျက်သွားလို့ ခင်ဗျ

ဟမ်... ဒီအတိုင်းသာဆို
မင်းကို အလုပ်ခန့်ရမှာတောင် ခပ်လန့်လန့်ပဲ။
....... 🤔
ဒီလိုလုပ်ကွာ ... ဟိုဘက်လမ်းထိပ်မှာ ငါနဲ့ ပြိုင်ဘက်ကုမ္ပဏီတစ်ခု ရှိတယ်။
အဲဒီကို အလုပ်မရ ရအောင် သွားလျှောက်၊
သူတို့ပေးသလောက် လခနဲ့ပဲ လုပ်၊
ငါက မင်းအတွက် သပ်သပ် တစ်လကို သုံးသိန်း ထပ်ပေးမယ်... ဘယ်လိုလဲ

သုံးသိန်းဆိုတော့ နည်းတယ်ဗျ ဆရာကြီး။
သူတို့ကဆို ငါးသိန်းတောင် ပေးမယ်ပြောပြီး
ဒီကို သွားလျှောက်ခိုင်းလို့
ကျွန်တော် ရောက်လာတာပါ။

ငင့် 😬

(ကြားဖူးနားဝ)

ဖိုးဖွားရိပ်သာမှာ ညအလုပ်လိုချင်ပါကလိုက်နာရန်အချက်များ။လူမပါတဲ့ Wheelchair သွားနေတာတွေ့ရင် မလိုက်ပါနဲ့။ည ၁၁ နာရီ အခန်းနံပ...
09/12/2025

ဖိုးဖွားရိပ်သာမှာ ညအလုပ်လိုချင်ပါကလိုက်နာရန်အချက်များ။

လူမပါတဲ့ Wheelchair သွားနေတာတွေ့ရင် မလိုက်ပါနဲ့။

ည ၁၁ နာရီ အခန်းနံပါတ် ၃၀၂ မှာ ဆေးသွားပေးပါ။သူ ကုတင်ပေါ်မှာမရှိရင် မျက်နှာကျက်ကို မကြည့်ပါနဲ့။

ညဘက် ဓာတ်လှေခါး ခြောက်ထပ်မှာ ရုတ်တရက် ရပ်ရင် အပြင်ကိုမထွက်လိုက်ပါနဲ့။ အဲ့ ခြောက်ထပ် မှာ လူမရှိတာကြာပြီ။

ည ၁၂း၃၀ နာရီ ပထမထပ်အိပ်သာထဲက အကူအညီတောင်းတဲ့ဖုံးလာရင် မကိုင်ပါနဲ့။

နံနက် ၁း၃၀ ဖန်ခွက်ထဲ သကြားသုံးတုံးထည့် ငွေဇွန်းတချောင်းယူ၊ မီးထွန်းထားတဲ့ဖုရောင်းတိုင်တချောင်းကိုကိုင်ပြီး အခန်းနံပတ် ၆၆၆ ဆီသွား။ ရောက်ရင် တခါးကိုနှစ်ချက်ခေါက်၊တံခါးကိုသွားမဖွင်ပါနဲ့။နောက်ကိုလှည့်မကြည့်လိုက်နဲ့။ တခါးမခေါက်ခင် ဖုရောင်းတိုင်မီးငြိမ်းသွားလို့ရှိရင်တော့ ပြေးပေတော့။

ညအလုပ်လစာဘယ်လောက်ပေးမလဲမစဉ်းစားတော့ဘဲ အသက်ဘယ်လိုထွက်မလဲပဲ စဉ်းစားနေရတယ် 😨
Credit: anonymous

Address

KhayaypinYeikMon Street
Yangon

Website

Alerts

Be the first to know and let us send you an email when Kane Photography & Kane Express Bus Ticket posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share