DHL Express Myanmar

Directions

DHL Express Myanmar Welcome to the official DHL Express Myanmar page. Your trusted international express shipping provider, delivering secure and world-class service. 📦🚚✈️🌍

ပစ္စည်းအရောက်ပို့ဆောင်ပေးရမယ့် လမ်းခရီးက ဘယ်လောက်ပဲ မှောင်မိုက်ပြီး ခြောက်ခြားစရာကောင်းနေပါစေ၊ ပို့ဆောင်ပေးရမယ့် နေရာကို...
19/10/2026

ပစ္စည်းအရောက်ပို့ဆောင်ပေးရမယ့် လမ်းခရီးက ဘယ်လောက်ပဲ မှောင်မိုက်ပြီး ခြောက်ခြားစရာကောင်းနေပါစေ၊ ပို့ဆောင်ပေးရမယ့် နေရာကို အချိန်မီ လုံခြုံစွာရောက်ရှိဖို့က DHL Express Myanmar ရဲ့ တာဝန်ပါ။ 🎃📦

နိုင်ငံနဲ့ နယ်မြေပေါင်း ၂၂၀ကျော်ကို အရောက်ပို့ဆောင်ပေးဖို့ DHL Express Myanmar က အသင့်ပါပဲနော်။

website: https://www.dhl.com/discover/en-mm/ship-with-dhl/contact
Phone no : +95 9 77 100 3344 (Customer Service Hotline)
Email : [email protected]

သီတင်းကျွတ်ရောက်ပြီဆို မိသားစုတွေ စုံစုံလင်လင်နဲ့ ဖြတ်သန်းခဲ့တဲ့ အချိန်တွေကို အမှတ်ရကြစမြဲပဲနော် 🪔 ဒီကာလ ရောက်လာတိုင်း အ...
16/10/2026

သီတင်းကျွတ်ရောက်ပြီဆို မိသားစုတွေ စုံစုံလင်လင်နဲ့ ဖြတ်သန်းခဲ့တဲ့ အချိန်တွေကို အမှတ်ရကြစမြဲပဲနော် 🪔

ဒီကာလ ရောက်လာတိုင်း အကြောင်းအမျိုးမျိုးကြောင့် အဝေးရောက်နေသူတွေ အိမ်မပြန်ဖြစ်ခဲ့ရင်တောင် ကိုယ့်မိသားစုအတွက် နွေးထွေးတဲ့ အမှတ်တရတွေ ဖန်တီးဖို့ DHL Express Myanmar နဲ့ အိမ်တိုင်ရာရောက် ပို့ဆောင်လို့ရနေပါပြီ 🥰

အသေးစိတ် သိရှိလိုပါက
Website :https://mydhl.express.dhl/mm/en/help-and-support/customs-clearance-advice/customs-regulatory-updates.html
Phone no : +95 9 77 100 3344 (Customer Service Hotline)
Email : [email protected]

14/10/2026

၅၅% Discount အထိ သက်သာမယ့် အထူးအစီအစဉ်လေးတစ်ခု လာပါပြီ။📣✨

ဥရောပနိုင်ငံတွေဖြစ်တဲ့ အီတလီ၊ ပြင်သစ်၊ နော်ဝေး၊ ဆွီဒင်၊ ဒိန်းမက်၊ အင်္ဂလန်နဲ့ ဖင်လန်နိုင်ငံတွေဆီကို မြန်မာ့အစားအသောက် (၁၀ ကီလိုမှ ၁၅ ကီလိုအထိ) ပို့ဆောင်မယ်ဆို ၅၅% အထိ အထူးလျှော့စျေးပရိုမိုရှင်း ပေးနေပါပြီ။

📅 ပရိုမိုးရှင်းကာလက ၁၅ အောက်တိုဘာ ၂၀၂၆ မှ ၁၅ ဇန်နဝါရီ၂၀၂၇ အထိ မို့လို့ ဥရောပရောက် ချစ်ရသူတွေဆီကို DHL Express Myanmar နဲ့ အခုပဲ ပို့ဆောင်လိုက်ရအောင် 🥳✈️

📍Promotion လေးက အင်းစိန်လမ်း၊ ရန်ကုန် Service Center နဲ့ ဆာကူရာတာဝါ Service Point နှစ်ခုမှာသာ အကျုံးဝင်ပါတယ်။

📞 အသေးစိတ် မေးမြန်းစုံစမ်းရန်:
Customer Service Hotline: +95 9 77 100 3344

📍 DHL Express (Service Center, Yangon)
အမှတ် (၂၂၀)၊ အင်းစိန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
📞 +95 9 77 100 3344 (Customer Service Hotline)

📍 DHL ServicePoint (Yangon)
ဆာကူရာတာဝါ ၊ ၃ လွှာ၊ ယူနစ်အမှတ် ၀၃၀၇၊
အမှတ် (၃၃၉)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
📱 + 95 9 77 100 3344 (Customer Service Hotline)

🌏 နိုင်ငံတကာကို ပစ္စည်းတွေ ပို့တော့မယ်ဆို ဘာတွေလိုအပ်မှန်းမသိလို့ ခေါင်းစားနေပြီလား။ဒါဆိုရင်တော့ DHL Express Myanmar ရဲ့...
08/10/2026

🌏 နိုင်ငံတကာကို ပစ္စည်းတွေ ပို့တော့မယ်ဆို ဘာတွေလိုအပ်မှန်းမသိလို့ ခေါင်းစားနေပြီလား။

ဒါဆိုရင်တော့ DHL Express Myanmar ရဲ့ MyGTS (My Global Trade Services) ဆိုတဲ့ နိုင်ငံတကာပို့ဆောင်ရေးအတွက် လိုအပ်တာတွေကို ကြိုတင်လေ့လာလို့ရမယ့် Online Tool လေးအကြောင်း ပြောပြပေးချင်ပါတယ်။

MyGTS ကို သုံးမယ်ဆိုရင် –
📄 ဘာစာရွက်စာတမ်းတွေ လိုမလဲဆိုတာ ကြိုကြည့်ထားလို့ရမယ်။
🔢 ကိုယ်ပို့မယ့် ပစ္စည်းအတွက် မှန်ကန်တဲ့ အမျိုးအစားကုဒ် (HS Code) တွေကို ရှာလို့ရမယ်။
🌏 ပို့ချင်တဲ့ နိုင်ငံရဲ့ သွင်းကုန်/ပို့ကုန် စည်းမျဉ်းနဲ့ လိုအပ်ချက်တွေကို ကြိုလေ့လာထားနိုင်မယ်။
💰 ပြီးတော့ ကုန်ကျစရိတ် ဘယ်လောက်လောက် ကျမလဲဆိုတာပါ ခန့်မှန်းတွက်ချက်ကြည့်လို့ရသေးတယ်။

DHL Express Myanmar နဲ့ ပစ္စည်းမပို့ခင် ကြိုတင်ပြင်ဆင်ထားချင်ရင်တော့ ကောမန့်မှာပေးထားတဲ့ MyGTS လင့်ခ်လေးထဲ ဝင်ပြီး စမ်းသုံးကြည့်လိုက်နော်။

စီးပွားရေးလုပ်ငန်းတိုင်းအတွက် အချိန်နဲ့တပြေးညီ မြန်ဆန်ချောမွေ့စွာ လည်ပတ်နိုင်ဖို့က အဓိကကျပါတယ်။☝🏻 အပြည်ပြည်ဆိုင်ရာ ပါဆယ်...
04/10/2026

စီးပွားရေးလုပ်ငန်းတိုင်းအတွက် အချိန်နဲ့တပြေးညီ မြန်ဆန်ချောမွေ့စွာ လည်ပတ်နိုင်ဖို့က အဓိကကျပါတယ်။

☝🏻 အပြည်ပြည်ဆိုင်ရာ ပါဆယ်ပို့ဆောင်မှုတွေမှာ ပိုမိုလွယ်ကူ ချောမွေ့သွားစေဖို့ MyDHL+ website ကနေတစ်ဆင့် Click တစ်ချက်နှိပ်ပြီး အချိန်ကုန် သက်သာစွာ စီမံလိုက်ပါ။

30/09/2026

UK ကို ပစ္စည်း အမြန်ပို့ချင်တာလား 🤗

သိပ်ရတာပေါ့ …

✨ ၂-၄ ရက်ပဲကြာမယ်
✨ လမ်းခရီးမှာ ပစ္စည်းတွေ ထိခိုက် ပျက်စီးမှု မရှိစေဘဲ
✨ အိမ်ရှေ့တံခါးဝအထိ ပို့ဆောင်ပေးမယ်။

နိုင်ငံခြားက ဝယ်သူတွေဆီ ပို့မယ်ဆို ပိုသက်သာ၊ ပိုလွယ်ကူစေဖို့ Business Account ဖွင့်ထားနိုင်ပါတယ်။

မိသားစုနဲ့ ဆွေမျိုးသားချင်းတွေကိုပို့ဖို့ဆို Business Account မဖွင့်ထားလည်း Customer Service Hotline 📲 +959771003344 ကို ဆက်သွယ်နိုင်ပါတယ်။

DHL Express Myanmar က နိုင်ငံနဲ့ နယ်မြေပေါင်း ၂၂၀ တောင်ချိတ်ဆက်ထားတာဆိုတော့ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီးလုပ်ငန်းလုပ်ကိုင်န...
28/09/2026

DHL Express Myanmar က နိုင်ငံနဲ့ နယ်မြေပေါင်း ၂၂၀ တောင်ချိတ်ဆက်ထားတာဆိုတော့ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီးလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေအတွက် အရမ်းအဆင်ပြေပဲနော်။

✈️ ကုန်ပစ္စည်းတွေကို နေ့တိုင်းပို့ဆောင်နေရတဲ့သူတွေအတွက် လုပ်ငန်းတွင်ကျယ်စေဖို့ Business Account ဖွင့်၊ Salesperson နဲ့ တိုက်ရိုက်ဆက်သွယ်ပြီး နိုင်ငံတကာ အကောက်ခွန်အတွက် သိလိုသမျှကိုမေးမြန်းနိုင်သလို

✈️ Business Account မရှိသေးတဲ့ မိတ်ဆွေတွေအနေနဲ့ DHL Express Myanmar ရဲ့ Customer Service Hotline 📲 +959771003344 ကို ဖုန်းဆက်ပြီး မေးမြန်းနိုင်ပါတယ်နော်။


သင့်လုပ်ငန်းကို ကမ္ဘာအနှံ့အထိ အရောင်းမြှင့်တင်ချင်တာလား။ဒါဆိုရင်တော့ DHL Express Myanmar နဲ့ လက်တွဲပြီး နိုင်ငံတကာက ဝယ်ယ...
24/09/2026

သင့်လုပ်ငန်းကို ကမ္ဘာအနှံ့အထိ အရောင်းမြှင့်တင်ချင်တာလား။

ဒါဆိုရင်တော့ DHL Express Myanmar နဲ့ လက်တွဲပြီး နိုင်ငံတကာက ဝယ်ယူသူတွေဆီ ပစ္စည်းတွေကို လွယ်လွယ်ကူကူ အရောက်ပို့ဆောင်ရမှာပေါ့ 🤝

💯ကမ္ဘာ့နိုင်ငံနဲ့ နယ်မြေပေါင်း၂၂၀ကျော်အထိ အိမ်အရောက်စနစ်နဲ့ ပို့ဆောင်နိုင်တာကြောင့် ပြည်တွင်းဈေးကွက်ကနေ နိုင်ငံတကာက ဝယ်ယူသူတွေအထိ လုပ်ငန်းကို ချဲ့ထွင်နိုင်မှာပါ။

💯 ကုန်စည်တွေ ပို့ဆောင်တဲ့ ပမာဏအပေါ်မူတည်ပြီး သင့်လုပ်ငန်းနဲ့ ကိုက်ညီတဲ့ နှုန်းထားတွေကို ရရှိနိုင်တာကြောင့် ပို့ဆောင်စရိတ်တွေကိုလည်းလုပ်ငန်းအတွက် ပိုထိရောက်အောင် စီမံနိုင်ဦးမယ်။

💯 ဝယ်ယူသူတွေအတွက်လည်း ပိုမိုလွယ်ကူအဆင်ပြေစေမှာပါ။ DHL ရဲ့ On Demand Delivery ဝန်ဆောင်မှုကနေ ပစ္စည်းလက်ခံမယ့် အချိန်နဲ့ နေရာကို စိတ်ကြိုက်ရွေးချယ်နိုင်တာကြောင့် ကိုယ့်အတွက် သင့်တော်တဲ့ အချိန်နဲ့ နေရာမှာ ပစ္စည်းကို လက်ခံရယူနိုင်မှာ ဖြစ်ပါတယ်။

💯 နောက်တစ်ချက်ကတော့ DHL Express ကို ကမ္ဘာ့ထိပ်တန်း လုပ်ငန်းကြီးတွေနဲ့ အဖွဲ့အစည်းတွေက ယုံယုံကြည်ကြည်နဲ အသုံးပြုနေကြတာကြောင့် နိုင်ငံတကာကို ပစ္စည်းပို့တဲ့အခါ ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုတစ်ခုနဲ့ လက်တွဲပြီး ကိုယ့်လုပ်ငန်းအတွက် ပိုမိုကောင်းမွန်တဲ့အတွေ့အကြုံကို ဖန်တီးနိုင်မှာလေ။

ဒီလို အကျိုးကျေးဇူးတွေနဲ့ နိုင်ငံတကာဈေးကွက်ထဲကို ကိုယ့်လုပ်ငန်းကို ချဲ့ထွင်ပြီး ကမ္ဘာတစ်လွှားက ဝယ်ယူသူတွေဆီ ရောက်ရှိနိုင်ဖို့ DHL Express Myanmar နဲ့ လက်တွဲလိုက်တော့နော် 🌎

Business Account ဖွင့်ဖို့ ကောမန့်အောက်က လင့်ခ်ကို ဝင်ရောက်နိုင်ပါတယ်။


နိုင်ငံခြားကို ပစ္စည်းပို့လိုက်ပြီ၊ လက်ခံသူဆီ အချိန်တော်တော်ကြာ မရောက်လာသေးဘူးဆိုရင်…..ဒီအောက်က အချက်တွေကြောင့် နှောင့်န...
20/09/2026

နိုင်ငံခြားကို ပစ္စည်းပို့လိုက်ပြီ၊ လက်ခံသူဆီ အချိန်တော်တော်ကြာ မရောက်လာသေးဘူးဆိုရင်…..

ဒီအောက်က အချက်တွေကြောင့် နှောင့်နှေးမှုဖြစ်နိုင်တယ်ဆိုတာ သတိတားဖို့လိုပါတယ်နော်။

📄 စာရွက်စာတမ်း မပြည့်စုံတာ

ပစ္စည်းပို့တဲ့အခါ လိုအပ်တဲ့ စာရွက်စာတမ်းတွေထဲမှာ အချက်အလက် မပြည့်စုံတာ၊ မရှင်းလင်းတာတွေ ရှိနေရင် အကောက်ခွန်စစ်ဆေးမှုမှာ အချိန်ပိုကြာနိုင်ပါတယ်။

👉 ဒါကြောင့် မပို့ခင် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သေချာပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။

📝 ပစ္စည်းအကြောင်း ဖော်ပြချက် မမှန်တာ

ကုန်ပစ္စည်းအချက်အလက်စာရွက်မှာ ပို့လိုက်တဲ့ပစ္စည်းကို ရှင်းရှင်းလင်းလင်း မဖော်ပြထားတာ၊ အချက်အလက် မမှန်တာတွေရှိရင် အကောက်ခွန်ဘက်က ထပ်မံစစ်ဆေးတာ၊
အချက်အလက်တောင်းတာတွေ ဖြစ်လာနိုင်ပါတယ်။

👉 ပို့ဆောင်မယ့် ပစ္စည်းအကြောင်းကို တိတိကျကျ ဖော်ပြထားဖို့လည်း လိုအပ်ပါတယ်။

💰 ပစ္စည်းတန်ဖိုးကို မှန်မှန်ကန်ကန် မဖော်ပြတာ

ပစ္စည်းတန်ဖိုးကို တကယ့်တန်ဖိုးထက် လျှော့ပြီး ဖော်ပြတာက စစ်ဆေးမှုမှာ ကြန့်ကြာနိုင်ပါတယ်။

👉 လိုအပ်လာရင် ပစ္စည်းတန်ဖိုးကို သက်သေပြဖို့ အထောက်အထားတွေ ထပ်တောင်းနိုင်တာကြောင့် တန်ဖိုးကို အမှန်အတိုင်း ဖော်ပြထားဖို့ အရေးကြီးပါတယ်။

🔢 အမျိုးအစား သတ်မှတ်ချက် မမှန်တာ

တင်ပို့မယ့်ကုန်စည်အတွက် သတ်မှတ်ထားတဲ့ အမျိုးအစားကုဒ်ကို မှားယွင်း ထည့်သွင်းထားရင် အခွန်အခ တွက်ချက်ရာမှာ နှောင့်နှေးတာတွေ ဖြစ်လာနိုင်ပါတယ်။

👉 ဒါကြောင့် တင်ပို့မယ့်ကုန်စည်နဲ့ ကိုက်ညီတဲ့ အမျိုးအစားကုဒ်ကို မှန်ှမှန်ကန်ကန်ထည့်သွင်းရပါမယ်။

📑 လိုအပ်တဲ့ ခွင့်ပြုချက်တွေ မရှိတာ

ပစ္စည်းအမျိုးအစားအလိုက် နိုင်ငံတချို့မှာ တင်သွင်းခွင့်၊ တင်ပို့ခွင့်၊ လိုင်စင် ဒါမှမဟုတ် အခြားအစိုးရသတ်မှတ်ချက်တွေ လိုအပ်နိုင်ပါတယ်။

👉 မပို့ခင် သက်ဆိုင်ရာနိုင်ငံအလိုက် သတ်မှတ်ချက်တွေကို ကြိုတင်လေ့လာထားတာ ပိုကောင်းပါတယ်။

📞 အချက်အလက် ထပ်တောင်းတဲ့အခါ အချိန်မီ မပေးတာ

တစ်ခါတလေ အကောက်ခွန်ဘက်က ဒါမှမဟုတ် ပို့ဆောင်ရေးလုပ်ငန်းဘက်က ပစ္စည်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ထပ်တောင်းနိုင်ပါတယ်။ အဲဒီအချိန်မှာ လိုအပ်တဲ့ အချက်အလက်တွေကို အချိန်မီ မပေးနိုင်ရင် ပစ္စည်းနောက်ကျနိုင်ပါတယ်။

👉 ဒါကြောင့် အချက်အလက် ထပ်မံတောင်းခံလာတဲ့အခါ လိုအပ်တာတွေကို မြန်မြန်လေး ပြန်လည်ပေးပို့ရပါမယ်။

နိုင်ငံတကာကို ပို့ဆောင်မှု မလုပ်ဆောင်ခင် လူကြီးမင်းတို့ လုပ်ဆောင်ရမှာက -

☑️ ပစ္စည်းအကြောင်းအရာ မှန်ကန်လား။
☑️ တန်ဖိုးကို မှန်ကန်စွာ ဖော်ပြထားလား။
☑️ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြည့်စုံလား။
☑️ ပို့မယ့်နိုင်ငံရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီလား။

ဒီအချက်တွေ ကြိုတင်စစ်ဆေးထားရပါမယ်။ အကောက်ခွန်ဆိုင်ရာ လိုအပ်ချက်တွေ၊ ပစ္စည်းအမျိုးအစား သတ်မှတ်ချက်တွေ၊ ကုန်ကျစရိတ်တွေကို DHL Express Myanmar ရဲ့ mygts.dhl.com/login မှာ ကြိုတင်လေ့လာနိုင်ပါတယ်။

17/09/2026

💛 DHL Express ရဲ့ပို့ဆောင်မှု နောက်ကွယ်မှာ ပိုစိမ်းလန်းတဲ့ ဇာတ်လမ်းတစ်ခုရှိပါတယ်။

DHL Express မှာအသုံးပြုတဲ့ လျှပ်စစ်ကားတွေအကြောင်းပေါ့။ ဒီလိုပို့ဆောင်မှုက ၂၀၁၃ ခုနှစ်ကတည်းက စတင်ခဲ့တာပါ။

ဂျာမနီနိုင်ငံ Boonမြို့မှာ ကာဗွန်ထုတ်လွှတ်မှုမရှိတဲ့ ပို့ဆောင်ရေးကို စတင်စမ်းသပ်ခဲ့ပြီး အဲဒီကနေတစ်ဆင့် လျှပ်စစ်ကားတွေကို ယနေ့အချိန်အထိ တဖြည်းဖြည်း တိုးချဲ့အသုံးပြုနေကြပါတယ်။

မြန်မာနိုင်ငံမှာလည်း လျှပ်စစ်ကားတွေနဲ့ စတင် ပို့ဆောင်ပေးနေပြီးတော့ ပိုကောင်းတဲ့ ပို့ဆောင်ရေးနဲ့ ပိုစိမ်းလန်းတဲ့ အနာဂတ်ဆီကို ဦးတည်နေတာပါ။

ဒီခရီးက ဒီနေ့နဲ့တင် မပြီးသေးပါဘူး။ DHL က ၂၀၃၀ ရောက်တဲ့အခါ လျှပ်စစ်ကားတွေနဲ့ ပို့ဆောင်မှုကို ၆၆% ကျော်အထိ တိုးမြှင့် အသုံးပြုမှာ ဖြစ်ပါတယ်။

၂၀၅၀ ခုနှစ်ရောက်ရင်တော့ သယ်ယူပို့ဆောင်ရေးကနေ ထွက်ရှိတဲ့ ကာဗွန်ဓာတ်ငွေ့တွေကို သုညအထိ ရောက်အောင် လျှော့ချနိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်တွေ ချမှတ်ထားကြပါတယ်။

ဒါကြောင့် လူကြီးမင်းတို့ ဒီနေ့ ပို့ဆောင်ပေးနေမှုတိုင်းဟာ မနက်ဖြန်အတွက် ပိုစိမ်းလန်းတဲ့ လမ်းကို ဖောက်ပေးနေတာပဲနော်။ 🌿


Address

No. 220, Insein Road
Yangon
11051

Website

Alerts

Be the first to know and let us send you an email when DHL Express Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share