Alpha Dragon Cargo & Logistic Service

Alpha Dragon Cargo & Logistic Service လူကြီးမင်းတို့၏ စီးပွားရေးကို တစ်ဘက်တစ်လမ်းမှ ကူညီပါရစေ

နေ့စဥ် exchange rate အပြောင်းအလဲပေါ်မူတည်ပြီးkilo ပို့ဆောင်ခ စျေးနှုန်းလေး အပြောင်းလဲရှိနိုင်တဲ့အတွက် ပစ္စည်းမပို့ဆောင်ခ...
26/03/2026

နေ့စဥ် exchange rate အပြောင်းအလဲပေါ်မူတည်ပြီး
kilo ပို့ဆောင်ခ စျေးနှုန်းလေး အပြောင်းလဲရှိနိုင်တဲ့အတွက်
ပစ္စည်းမပို့ဆောင်ခင် comfirm လုပ်ပေးကြပါလို့

Alpha Dragon Cargo & Logistic Service

သူတို့တောင် စျေးတက်​တာ
ကိုယ်တွေကို ဘာလို့ စျေးတက်တာလဲ လို့
မမေးကြေးနော်

Alpha Dragon Cargo & Logistic Service

MAI လေကြောင်းလိုင်းဖြင့် ခရီးသွားမည့်သူများ သိထားသင့်သည့် အိတ်အလေးချိန် ကန့်သတ်ချက်အသစ် 📢ခရီးသွားဖို့ ပြင်ဆင်နေတဲ့ မိဘပြ...
23/03/2026

MAI လေကြောင်းလိုင်းဖြင့် ခရီးသွားမည့်သူများ သိထားသင့်သည့် အိတ်အလေးချိန် ကန့်သတ်ချက်အသစ် 📢
ခရီးသွားဖို့ ပြင်ဆင်နေတဲ့ မိဘပြည်သူများအတွက် MAI လေကြောင်းလိုင်းမှ ၂၀၂၆ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့ ကစပြီး ပြင်ဆင်သတ်မှတ်လိုက်တဲ့ ခရီးဆောင်အိတ် (Baggage Allowance) အလေးချိန်တွေကို Global Visa Service မှ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
အခုနောက်ပိုင်း လေယာဉ်ဆီ ပြဿနာတွေကြောင့် အလေးချိန် ကန့်သတ်ချက်တွေ ပြောင်းလဲလာတာမို့ အောက်ပါအတိုင်း သေချာလေး ပြင်ဆင်သွားဖို့ အကြံပြုလိုပါတယ်ခင်ဗျာ။
🧳 Checked Baggage (လေယာဉ်ဝမ်းဗိုက်ထဲ ထည့်ရမည့်အိတ်)
• Business Class: ၃၀ ကီလို (၁ အိတ်သာ)
• Economy Class: ၂၀ ကီလို (၁ အိတ်သာ)
• သတိပြုရန်: အိတ်တစ်လုံးချင်းစီရဲ့ အလျား + အနံ + အမြင့် စုစုပေါင်းဟာ ၁၅၈ စင်တီမီတာထက် မကျော်ရပါ။
🎒 Cabin Baggage (လေယာဉ်ပေါ် လက်ဆွဲတက်မည့်အိတ်)
• ၇ ကီလို (၂ အိတ်အထိ ခွင့်ပြုသော်လည်း စုစုပေါင်း ၇ ကီလိုသာ)
• အရွယ်အစား စုစုပေါင်း ၁၁၅ စင်တီမီတာထက်
မကျော်ရပါ။
ခရီးမထွက်ခင် ကိုယ့်ရဲ့ အိတ်အလေးချိန်ကို သေချာပြန်စစ်ဖို့ မမေ့နဲ့ဦးနော်။ အလေးချိန်ကျော်ရင် လေဆိပ်မှာ အခက်အခဲဖြစ်နိုင်လို့ ကြိုတင်ပြင်ဆင်နိုင်အောင် Share ပေးလိုက်ပါတယ်။




Alpha Dragon Cargo & Logistic Service

သူတို့တောင် စျေးတက်​တာ ကိုယ်တွေကို ဘာလို့ စျေးတက်တာလဲ လို့ မမေးကြေးနော် Alpha Dragon Cargo & Logistic Service
21/03/2026

သူတို့တောင် စျေးတက်​တာ
ကိုယ်တွေကို ဘာလို့ စျေးတက်တာလဲ လို့
မမေးကြေးနော်

Alpha Dragon Cargo & Logistic Service

fuel စျေးတွေ တက်တော့ kilo ခ စျေးတွေ​လည်းနည်းနည်းလေး တက်ပါတယ်လို့ Alpha Dragon Cargo & Logistic Service
13/03/2026

fuel စျေးတွေ တက်တော့
kilo ခ စျေးတွေ​လည်း
နည်းနည်းလေး တက်ပါတယ်လို့
Alpha Dragon Cargo & Logistic Service

09/03/2026

နိုင်ငံခြားတော့ မပို့မိစေနဲ့
ဒီလို့ပို့လို့ကတော့ လေဆိပ်မှာ သိမ်းခံရမှာနော်

February 14 V-Day အတွက် အထူး ဝန်ဆောင်မှုမြန်မာပြည်ကနေ မလေးရှားကို ပို့ပေးဖို့ အဆင်မပြေတဲ့Birthday Cake / ပန်းစည်း နှင့် ...
27/01/2026

February 14 V-Day အတွက် အထူး ဝန်ဆောင်မှု

မြန်မာပြည်ကနေ မလေးရှားကို ပို့ပေးဖို့ အဆင်မပြေတဲ့

Birthday Cake / ပန်းစည်း နှင့်
အခြားသော Surprise Gift တွေကို
မလေးရှားမှာတင် မှာယူပေး ဝယ်ယူပေးပြီး
လက်ခံမည့်သူ လက်ထဲအရောက် ဝန်ဆောင်မှု ပေးနေပါပြီ။

Birthday / Anniversary Day / Valentine's Day စတဲ့ အမှတ်တရ နေ့တွေအတွက်သာမက
ချစ်ရသူတွေကို အချိန်မရွေး နေ့ရက်မရွေး Surprise တိုက်နိုင်ဖို့
Alpha Dragon Cargo & Logistic Service
ရှိပါတယ်နော်
Flight date မမှီမှာ / offload ကျမှာ / လမ်းခရီးမှာ ပျက်ဆီးမှာ ပူစရာမလိုတော့ဘူးပေါ့နော်

ပစ္စည်းဖိုး + ပါကင်ဖိုး + ပို့ဆောင်ခ မပါ
ဝန်ဆောင်ခ သီးသန့်နှုန်းထားလေးတော့ ရှိပါမယ်။

မလေးရှားက ရွှေမြန်မာတို့အတွက်လည်း
ရန်ကုန်မြို့တွင်း သီးသန့် ဝန်ဆောင်မှုလည်း
ရရှိနိုင်ပါတယ်နော်

အတွက် အော်ဒါများကို Feb 10 ရက်နေ့ထိသာ လက်ခံပါမယ်

09 40802 2208
+60 16 733 4956, +60 10 264 4956
(Whatsapp & Viber)

မလေးရှား ပို့မလို့တဲ့ဖော က်ခွဲရေး မိုင် း တွေလားလို့ လန့်တာဟာငါ့များ လာလုပ်ကြံတယ် ထင်စရာပြီးတော့မှ Alcohol meter တဲ့ငလူး
16/12/2025

မလေးရှား ပို့မလို့တဲ့
ဖော က်ခွဲရေး မိုင် း တွေလားလို့
လန့်တာဟာ
ငါ့များ လာလုပ်ကြံတယ် ထင်စရာ
ပြီးတော့မှ
Alcohol meter တဲ့
ငလူး

လေးစားရပါသော Customer များခင်ဗျာယခုကြုံတွေ့နေရသောCargo flight များ၏ နေရာ အခက်ခဲကြောင့် Offload ကျခြင်း မကြာခဏ ဖြစ်နေပါသည...
08/12/2025

လေးစားရပါသော Customer များခင်ဗျာ

ယခုကြုံတွေ့နေရသော
Cargo flight များ၏ နေရာ အခက်ခဲကြောင့်
Offload ကျခြင်း မကြာခဏ ဖြစ်နေပါသည်။

သို့ပါသောကြောင့်
-ပုပ်သိုး ပျက်ဆီးလွယ်သော ပစ္စည်းများ
-ပြင်ပ ပုံမှန်အပူချိန်တွင် အထားမခံသောပစ္စည်းများ
-expired date နည်းသော ( ရက်တိုပဲအထားခံသော) ပစ္စည်းများ
-ကျိုးပဲ့ ပျက်ဆီးလွယ်သော ပစ္စည်းများအား တာဝန်မယူပေးနိုင်ပါသဖြင့်
အထားခံသော အထိအခိုက်ခံနိုင်သော ပစ္စည်းများကိုသာ ပို့ဆောင်ပေးပါရန်နှင့်

Cargo Warehouse နေရာ ပြောင်းရွှေ့ထားသောကြောင့် offload ကျသော ပစ္စည်းများအား
ယခင်ကဲ့သို့ ပြန်လည် ထုတ်ယူခွင့်မရတော့ပါ။

ထို့ကြောင့် ယခု လတ်တလော ကာလတွင်
offload ကျသည့် ပစ္စည်းများ
ပျက်စီးမှုအတွက် တာဝန်ယူပေးရန် မဖြစ်နိုင်ကြောင်းကို လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်ခင်ဗျာ

Alpha Dragon Cargo & Logistic Service

Morning!  မိမိတို့ Cargo သမားတို့ အခြေအနေ😂Alpha Dragon Cargo & Logistic Service
04/12/2025

Morning!

မိမိတို့ Cargo သမားတို့ အခြေအနေ
😂

Alpha Dragon Cargo & Logistic Service

အတွင်းကို မမြင်ရ စစ်ဆီးရတာ အလုပ်ရှုပ်ရင်လွှင့်ပစ် ဖယ်ထုတ်တတ်ပါတယ်ပြောလည်း လုပ်ချင်တာ လုပ်ကြတာAlpha Dragon Cargo & Logist...
02/12/2025

အတွင်းကို မမြင်ရ
စစ်ဆီးရတာ အလုပ်ရှုပ်ရင်
လွှင့်ပစ် ဖယ်ထုတ်တတ်ပါတယ်ပြောလည်း
လုပ်ချင်တာ လုပ်ကြတာ

Alpha Dragon Cargo & Logistic Service
https://www.facebook.com/share/p/16WqphgqcD/

ရန်ကုန် --- >>> မလေးရှား  ✈✈အပတ်စဉ်  ဗုဒ္ဓဟူး  စနေ မလေးရှား --- >>> ရန်ကုန် ✈✈တစ်လ နှစ်ကြိမ် Alpha Dragon Cargo & Logist...
08/11/2025

ရန်ကုန် --- >>> မလေးရှား ✈✈
အပတ်စဉ် ဗုဒ္ဓဟူး စနေ

မလေးရှား --- >>> ရန်ကုန် ✈✈
တစ်လ နှစ်ကြိမ်

Alpha Dragon Cargo & Logistic Service

မြန်မာနိုင်ငံမှ ကမ္ဘာ့နိုင်ငံပေါင်း 200 ကျော်သို့   မှ တာဝန်ယူပြီး အပတ်စဉ် ပို့ဆောင်ပေးလျက်ရှိပါသည်။ထိုသို့ ပို့ဆောင်ရာတ...
05/11/2025

မြန်မာနိုင်ငံမှ ကမ္ဘာ့နိုင်ငံပေါင်း 200 ကျော်သို့ မှ တာဝန်ယူပြီး အပတ်စဉ် ပို့ဆောင်ပေးလျက်ရှိပါသည်။
ထိုသို့ ပို့ဆောင်ရာတွင် နိုင်ငံအလိုက်တွေ့ကြုံနိုင်သည့် အ‌ခြေအ‌နေနှင့် အချက်အလက်များကို customer လူကြီးမင်းများ သိရှိနိုင်ရန် အသိပေးအပ်ပါသည်။

ပို့ဆောင်ရန် ပစ္စည်းများ လက်မခံခြင်း မပြုမှီ လူကြီးမင်းတို့အား ဖြစ်ပေါ်လာနိုင်သော ကြုံတွေ့နိုင်သော အခြေအနေများကို အသိပေးမည်ဖြစ်ပြီး
မည်သို့ ပို့ဆောင်သင့်သည်ကိုလည်း အကြံပေးမည် ဖြစ်ပါသည်။
ပို့ဆောင်ခြင်း ပြုမည် မပြုမည် မည်သည့်နည်းလမ်းဖြင့် ပို့ဆောင်လိုသည်ကို လူကြီးမင်းတို့ ကိုယ်တိုင် ဆုံးဖြတ်ရန် လိုအပ်ပါသည်

ကုန်ပစ္စည်းများအားလုံးကို Myanmar Customs (အကောက်ခွန်) နဲ့ ပစ္စည်းလက်ခံမည့်နိုင်ငံ customs (အကောက်ခွန်) မှ စစ်ဆေးပါတယ်။

အပေါ်ရံ Documents စစ်ဆေးခြင်းနှင့် Physical exam (ဖွင့်ဖောက်စစ်ခြင်းတို့ပြုလုပ်တတ်ပါတယ်)။
ဖွင့်ဖောက်စစ်ဆေးသည့်အခါ detail/random စစ်ဆေးတတ်ပါသည်။ ထိုသို့ စစ်ဆေးသည့်အခါ မူလ packing ပျက်ဆီးနိုင်သည်ကိုလည်း သိရှိထားရပါမည်။ ထိုသို့ ပျက်ဆီးခြင်းအတွက်ကို company အနေဖြင့် တာဝန်ယူပေးနိုင်ခြင်း မရှိပါ။

Custom မှ စစ်ဆေးချိန် တရားဝင်ပစ္စည်းများဖြစ်ပေမဲ့ သတ်မှတ် အရေအတွက်ထက် ကျော်လွန်လျှင် (သို့) Personal အဖြင့် တင်ပို့/သွင်းခွင့်ပြုချက် မရသော ပစ္စည်းဖြစ်ပါက return/cancel (သို့) သိမ်းဆည်းပါသည်။

အထက်ပါ Customs ၏ ဆုံးဖြတ်ချက်ကြောင့်ဖြစ်ပေါ်လာသော ကိစ္စအဝဝကို ပို့ဆောင်သူ နှင့် လက်ခံသူ နှစ်ဦးနှင့်သာ သက်ဆိုင်သောကြောင့် သယ်ယူပို့ဆောင်ပေးသော company မှ custom နှုင့်အတတ်နိုင်ဆုံး ညှိုနှိုင်းပေးမည်ဖြစ်သော်လည်း ဝင်ရောက် ဆုံးဖြတ်ပိုင်ခွင့် မရှိသလို သယ်ယူစရိတ်ကို ပြန်လည်ထုတ်ပေးမည်မဟုတ်ပါ။

ပစ္စည်းလက်ခံသော တစ်ဖက်နိုင်ငံမှ Customs Duty /Tax အဖြစ်တောင်းခံပါက customer မှ ပေးဆောင်ရမည်ဖြစ်ပါတယ်။ Custom Duty / Tax သည် ပို့ဆောင်သော နိုင်ငံ၏ သတ်မှတ်နူန်းထားအတိုင်းပေးဆောင်ရပါမည်။

ပစ္စည်းပို့စဉ် Yangon airport မှာ Cancel ဖြစ်ပါက ကုန်ပစ္စည်းအားပြန်လည်ထုတ်‌ပေးသည့်အပြင် ပို့ဆောင်ခငွေကို ပြန်အမ်းပေးပါသည်။
တစ်ဖက်နိုင်ငံ Airport / customs မှ သိမ်းဆည်းပါက ပစ္စည်းတန်ဖိုး+ပို့ဆောင်ခငွေကို ပြန်အမ်းပေးမည်မဟုတ်ပါ။

နိုင်ငံအလိုက် အနည်းဆုံး ပို့ဆောင်နိုင်သည့် 📦 Kg အနည်းအများနှင့် ကုန်ပစ္စည်း size (dimensional weight) ပေါ်မူတည်ပြီး စျေးအနည်းအများရှိပါသည်။ Kg များလေ စျေးသက်သာလေဖြစ်ပါသည်။

Aircargo weight တိုင်းတာခြင်း

အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများသို့
Aircargo နှင့် ပစ္စည်း ပို့မည်ဆိုပါက မည်သည့်ပစ္စည်းမဆို
Weight ကို တိုင်းတဲ့အခါ
ပစ္စည်းကို Box ထဲ အရင်ထည့်ပြီး
(1)ကတ္တားစက်နဲ့ weight ကို ချိန်တွယ်ပါတယ်
(2)Box Dimension
အလျား x အနံ x အမြင့် ကို cm နဲ့ တိုင်းတာပြီး 5000 နှင့် စားပါတယ်
ရလာဒ်သည် volume kg ဖြစ်ပါတယ်

ရလာတဲ့ weight 2 ခုကို နှိုင်းယှဉ်ပြီး
များတဲ့ weight ကိုယူပါတယ်...
ဒသမအစွန်းထွက်ပါက
ဥပမာ
9.4kg ရှိပါက 10kg
14.3 kg ရှိပါက 15kg လို့ ယူပါတယ်
ထို့အတွက် customer များ မနစ်နာစေရန် ပစ္စည်းများ လျော့ခြင်း ဖြည့်ခြင်း ပြုလုပ်နိုင်ပါကြောင်း weight တိုင်းတာခြင်းနှင့် ပတ်သက်၍ မျှဝေအပ်ပါသည်။


ပို့ဆောင်ခ အသေးစိတ်ကို
-Chat box
09 40802 2208
(viber / whatsapp)
သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

Address

15, Aung Taw Mu Street, Sanchaung Township
Yangon
11111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959777370360

Alerts

Be the first to know and let us send you an email when Alpha Dragon Cargo & Logistic Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Alpha Dragon Cargo & Logistic Service:

Share