Poe Poe

Poe Poe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Poe Poe, Travel Service, Yangon.

23/08/2025
18/08/2025
“ သေမယ့်အတူတူ စိတ်ညစ်မခံပါနဲ့ “မိုးကုတ်ဆရာတော်ဘုရားကြီးကအနာပျောက်အောင်ရှုခိုင်းတာ မဟုတ်ဘူး၊သူ့သဘောကိုသိအောင် ရှုခိုင်းတာ...
16/08/2025

“ သေမယ့်အတူတူ စိတ်ညစ်မခံပါနဲ့ “

မိုးကုတ်ဆရာတော်ဘုရားကြီးက
အနာပျောက်အောင်ရှုခိုင်းတာ မဟုတ်ဘူး၊
သူ့သဘောကိုသိအောင် ရှုခိုင်းတာ၊
သူ့သဘောဆိုတာက ဖြစ်ပျက်၊
ဖြစ်ပျက်ကိုမြင်ရင် သူ့သဘောကဖြစ်ပျက်၊
ရှုတဲ့ဉာဏ်က မဂ်၊ဖြစ်ပျက်က ဒုက္ခသစ္စာ၊
ရှုတဲ့ဉာဏ်က မဂ္ဂသစ္စာ။

အဲဒီအချိန်မှာ ကိလေသာမသေဘူးလား..?
အကြောင်းသမုဒယသစ္စာသိမ်းတော့
အကျိုးဒုက္ခသစ္စာ ငြိမ်းတယ်၊
အကြောင်းသိမ်းလို့အကျိုးငြိမ်းတာက
နိရောဓသစ္စာ၊အဲဒါနိဗ္ဗာန်ပဲ မဟုတ်လား..?

ဒါကြောင့် နိဗ္ဗာန်ကိုအာရုံပြုနိုင်အောင်
ကြိုးစားပြီး ရှုကြ၊
နာတာကိုပျောက်အောင် ရှုရမှာလား..?
နိဗ္ဗာန်ကိုအာရုံပြုနိုင်အောင် ရှုရမှာလား..?
မဂ်တွေဖိုလ်တွေမရသေးလို့
နိဗ္ဗာန်အစစ်ကိုမရသေးတောင်မှ
တဒင်္ဂနိဗ္ဗာန်တော့ ရတာပဲ၊
နိဗ္ဗာန်နဲ့ သဘောချင်းတူတဲ့
တဒင်္ဂနိဗ္ဗာန်တော့ ရတာပဲပေါ့။

အဲဒီလိုမဟုတ်ပဲနဲ့
အနာတွေကိုပျောက်အောင်ထိုင်ရှုနေရင်
အနာပျောက်သွားတဲ့အခါ
သဘောတွေကျတယ်၊ ခံစားတယ်၊
ဘာဝေဒနာလဲ..? သုခဝေဒနာ၊
သုခဝေဒနာနောက်မှာ ဉာဏ်မလိုက်နိုင်ရင်
သုခဝေဒနာ ပစ္စယာ တဏှာ၊
တဏှာ ဝင်သွားပြီ၊
တဏှာ ဥပါဒါန် ကံတွေဖြစ်သွားပြီ။

အဲဒါကြောင့် မိမိသန္တာန်မှာ
နာတယ်၊ကျင်တယ်၊ကိုက်တယ်၊ခဲတယ်၊
ခံစားတယ်ဆိုရင် ဖြစ်လာတာက ဒေါသ၊
အဲဒါလေးကို ဖြစ်ပျက်ရှု၊ဖြစ်ပျက်ရှုတော့
ဝေဒနာက ဖြစ်ပျက်၊ရှုတဲ့ဉာဏ်က မဂ်၊
တဏှာဆိုလည်း တဏှာက ဖြစ်ပျက်၊
ရှုတဲ့ဉာဏ်က မဂ်၊ ရောဂါကို မေ့ထားလိုက်။

သေချင်တာတွေ မသေချင်တာတွေ
စဉ်းစားမနေနဲ့ ၊အချိန်တန်ရင် အကုန်သေရမှာ၊
သေမယ့်အတူတူ ဘာလို့စိတ်ညစ်ခံနေမှာလဲ..?
ကိုယ့်ရှုမှတ်မှုလေးနဲ့ကိုယ် နေပါလား၊
သေမယ့်ရောဂါဖြစ်ရင် သေမှာပဲ၊
ဒီတော့ ဘာအမြတ်ထုတ်မှာလဲ၊
ဖြစ်ပေါ်လာတဲ့ရုပ်၊ဖြစ်ပေါ်လာတဲ့ဝေဒနာ၊
ဖြစ်ပေါ်လာတဲ့စိတ်ကို ဖြစ်ပျက်ရှု။

အဲဒီလိုဆိုရင်
ခန္ဓာကဖြစ်ပျက် ရှုတဲ့ဉာဏ်ကမဂ်၊
ဖြစ်ပျက်နဲ့မဂ်၊ဖြစ်ပျက်နဲ့မဂ်၊
ဖြစ်ပျက်က ဒုက္ခသစ္စာ၊ရှုတဲ့ဉာဏ်က မဂ္ဂသစ္စာ၊
ကိလေသာလေး မသေဘူးလား..?
ကိလေသာကိုနှိမ်နိုင်တာ ဒီနည်းပဲရှိတယ်၊
အခြားနည်းနဲ့နှိမ်လို့ မရဘူး၊
သမုဒယသစ္စာသေရင် အငြိမ်းဓာတ်ရမယ်၊
အငြိမ်းဓာတ်က နိရောဓသစ္စာ၊
နိရောဓသစ္စာဆိုတာ နိဗ္ဗာန်ပါပဲ။

ကျိုက္ကလော့ဆရာတော်
အဂ္ဂမဟာပဏ္ဍိတ၊
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊
ဒေါက်တာဘဒ္ဒန္တစန္ဒာဝရာဘိဝံသ
ထေရဝါဒမိုးကုတ်ဓမ္မရိပ်သာ၊လှည်းကူးမြို့။

(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)

14/08/2025

ဖြေကြည့်ပါ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Poe Poe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category