28/08/2026
ထိုင်းနိုင်ငံရောက် တရားမဝင်နိုင်ငံခြားသားတွေကို ပြည်နှင်ဒါဏ်ပေးမယ့် အမိန့်ညွှန်ကြားချက်တခုကို ဝန်ကြီးချုပ် နှင့် ပြည်ထဲရေးဝန်ကြီးဖြစ်တဲ့ အနုထင် ချန်ဝီရာကူမှမနေ့က (ဩဂုတ်လ၂၆ ရက်နေ့မှာ)လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီညွှန်ကြားချက်ဟာ မနက်ဖြန် ဩဂုတ်လ ၂၈ ရက်နေ့ကနေစပြီး စတင်အကျိုးသက်ရောက်တော့မှာဖြစ်ပါတယ်။
အဲဒီညွှန်ကြားချက် အမိန့်ထဲမှာ... အဓိကအနေနဲ့ အောက် မှာဖေါ်ပြမယ့် ပြစ်မှု ၆ ခုထဲက ပြစ်မှုတခုခုနဲ့ငြိစွန်းသူကို ကိုယ့်ရဲ့မိခင်နိုင်ငံ ဒါမှမဟုတ် နောက်ဆုံးနေထိုင်ခဲ့တဲ့နေရာကို ပြန်ပို့ရမှာဖြစ်ကြောင်း ညွှန်ကြားထားပါတယ်။ ပြစ်မှု ၆ ခုဆိုတာကတော့...
၁။ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ... ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာခြင်း သို့မဟုတ် နေထိုင်ခြင်း။
၂။ နိုင်ငံခြားသားလုပ်သားများစီမံခန့်ခွဲမှုဥပဒေအရ... တရားမဝင်အလုပ်လုပ်ကိုင်ခြင်း။
၃။ နိုင်ငံခြားစီးပွားရေးလုပ်ငန်းဥပဒေအရ... တရားမဝင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်း။
၄။ တရားဝင်စာရွက်စာတမ်းများကို အတုပြုလုပ်ခြင်း သို့မဟုတ် အသုံးပြုခြင်း။
၅။ ငါးနှစ် သို့မဟုတ် ၅ နှစ်ထက်ပိုသော ထောင်ဒဏ်ချမှတ် နိုင်သည့် ပြစ်မှုများကျူးလွန်ခြင်း။
၆။ အထက်ဖေါ်ပြပါ အချက် ၁ မှ ၅ အထိ အကြောင်း အ ရာများထဲမှ တခုခုကို ပြစ်မှုကျူးလွန်ရာတွင် ကြံရာပါသူ သို့မဟုတ် အားပေးအားမြောက်ပြုသူ... တို့ဖြစ်ပါတယ်။
ပြည်နှင်ဒါဏ်ပေးမယ့်သူကို နိုင်ငံတွင်းမှ မနှင်ထုတ်ခင် အ နည်းဆုံး ၁၅ ရက်ကြိုတင်ပြီး အမှုတွဲကို စဉ်းစားရန်နှင့် လို
အပ်ပါက ထပ်မံအရေးယူနိုင်ရန်အတွက် အမည်နှင့် မည် သည့်နိုင်ငံသားဖြစ်ကြောင်းကို အကျဉ်းဦးစီးဌာနအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်ထံ အ ကြောင်းကြားရမည် ဆိုပြီးညွှန်ကြားထားသလိုပြည်နှင် ဒဏ် ပေးတဲ့အမိန့်ကိုလည်း ထိုင်းနိုင်ငံအတွင်းပြန်လည်ဝင် ရောက်ခြင်းကို တားမြစ်တဲ့ကာလကိုသတ်မှတ်နိုင်တယ် ဆိုပြီး ပါရှိပါတယ်။
ဒါ့အပြင် တရားရုံးက ဆိုင်းငံ့ပြစ်ဒဏ် သို့မဟုတ် ဒဏ်ငွေချမှတ်မယ့်ကိစ္စများမှာလည်း တရားရုံးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့အမြဲတမ်းအတွင်းဝန်ထံချက်ချင်းအကြောင်း ကြားရမည် ဆိုပြီး ညွှန်ကြားထားပါတယ်။
-----------------------------------------
ပြည်တွင်း/ပြည်ပ လေယာဥ်လက်မှတ်များကိုစုံစမ်းမေး မြန်းဝယ်ယူလိုပါက Page Messenger နဲ့အောက်ဖော်ပြပါ ဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါသည် ခင်ဗျာ🙏
12/F on the 6th Floor, Hledan Road, Ward 3, Kamayut Township, Yangon.
+66985647060(BKK)/(Line,Viber)
+959766581337(RGN)
+959772217014(RGN)/(Viber)
#လေယာဥ်လက်မှတ်