09/03/2021
ချစ်ရပါသောOSများခင်ဗျ
အလုပ်မဖွင့်သေးဘူးလား ပစ္စည်းတွေကြာနေပီ
ခဏခဏမေးနေကြလို့ အားနာလှပါပီ
အဲ့တာကြောင့် ခုလိုလေးရေးပြီးရှင်းပြလိုက်ပါတယ်နော်
တစ်ချို့Deliveryလေးတွေပို့တယ်
Deliveryဘာကြောင့် မဖွင့်သေးတာလဲပြောပြပါ့မယ်
ဒီအချိန်မှာငွေရေးကြေးရေးအခက်ခဲတွေရှိတဲ့အတွက်
Deliveryသမားလေးတွေကလဲပစ္စည်းလိုက်ပို့ချင်ပါတယ်အလုပ်မနားချင်တာတော့အမှန်ပါ
သို့သော်အလုပ်ခေါ်ပြီးပစ္စည်းသွားပို့ခိုင်းလိုက်တဲ့နေ့မှာ
ဘာမှမဖြစ်ခဲ့ရင်တော့ကောင်းတာပေါ့
ဖြစ်ခဲ့ရင် အဖမ်းခံခဲ့ရရင် အရိုက်ခံလိုက်ရရင်
တစ်ခုခုဖြစ်လာခဲ့ရင် ငါခေါ်ခိုင်းလိုက်မိလို့ဆိုပြီး
ရင်ကျိုးရမှာမို့လို့ပါရှင်
တို့လဲအလုပ်ဖွင့်ချင်တာပေါ့
ဝင်ငွေမှမရှိတာအလုပ်သိပ်လုပ်ချင်တာပေါ့
ပစ္စည်းပို့တဲ့ကောင်လေးတွေဆိုပိုဆိုးတယ်
အလုပ်မရှိတော့အခက်ခဲတွေအများကြီးရှိတယ်
အလုပ်မပေးနိုင်ပေမဲ့စားရေးသောက်ရေး
အခက်ခဲရှိနေရင်တတ်နိုင်တဲ့ဘက်က
ကူညီပေးပါတယ်
ရုံးမှာပစ္စည်းတွေအများကြီးရှိတယ်ပို့ခိုင်းလို့ရတယ်
ဒါပေမဲ့မပို့ခိုင်းဘူးလူရောပစ္စည်းအတွက်ပါ
အန္တရာယ်များလို့ပါ
ဟိုခွေးထက်ယုတ်ညံ့တဲ့မသာတွေကြောင့်
ပစ္စည်းသွားပို့တဲ့သူတစ်ခုခုဖြစ်မှာ
ပစ္စည်းတွေတစ်ခုခုဖြစ်မှာစိတ်ပူတယ်
လူရောပစ္စည်းရောထိခိုက်ခဲ့ရင်
အမှန်တိုင်းပြောမယ်နော်
ဒီအချိန်မှာမလျော်ပေးနိုင်ဘူး
အဲ့အတွက်ကြောင့်အရဲမစွန့်တာပါ🥺
အလုပ်ပိတ်ထားတာမှအကောင်း
အလုပ်ဖွင့်ပြီးပစ္စည်းပို့ခိုင်းလိုက်တော့မှ
တစ်စုံတစ်ရာဖြစ်ခဲ့ရင်အဲ့ခါကျOSနဲ့Deli
နှစ်ဦးနှစ်ဖက်မိတ်ပျက်ရမယ်
အဲ့အခြေနေတွေဖြစ်လာမှာစိတ်ပူတယ်
တစ်ခုခုဖြစ်ခဲ့ရင်စိတ်ကမခံစားနိုင်လို့ပါ😔
အဲ့တာကြောင့်အလုပ်မဖွင့်နိုင်သေးတာလေးကို
နားလည်ပေးကြပါလို့မေတ္တာရပ်ခံပါတယ်နော်🙏
စိတ်ချရလောက်မဲ့အခြေနေတစ်ခုထိ
ခဏစောင့်ပြီးပြန်ဖွင့်တာနဲ့အကြောင်းကြားပေးပါ့မယ်အမြန်ဆုံးပစ္စည်းတွေပြန်ပို့ပေးပါ့မယ်ဗျ
customerအရေးကြီးလိုချင်နေတာရှိလို့
အပ်ထားတဲ့ပစ္စည်းတွေ လာပြန်ယူချင်တယ်ဆိုလဲ
ရပါတယ်နော်တစ်ရက်တော့ကြိုပြောပေးကြပါနော်
Customerကိုယ်တိုင်ရုံးလာယူမယ်ဆိုလဲရပါတယ်
ထွက်မလာခင်ဖုန်းလေးတော့အရင်ကြိုဆက်ပေးပါလို့နော်ရောက်ခါနီးမှဖုန်းဆက်လာရင်
ဆန္ဒထွက်ပြနေတဲ့အချိန်နဲ့တိုးရင်
လာမောကြီးဖြစ်မှာစိုးလို့ပါ
ဖုန်းကြိုဆက်ထားရင် ကြိုပြီး
စီစဉ်ပြီးထားခဲ့ပေးလို့ရအောင်ပါ
ဒီဘက်မှာဖြစ်နေတဲ့အခက်အခဲ ပူပန်မှု့လေးကို
နားလည်ပေးကြမယ်လို့ထင်ပါတယ်❤️
အလုပ်အပ်ပေးကြတဲ့Customerများအားလုံးကို
ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ