R2D Express - Ready to Deliver

R2D Express - Ready to Deliver များများပို့ များများ cash back ပြန်ရ

Delivery ပါနော် 🤪
26/05/2022

Delivery ပါနော် 🤪

နှစ်ဆန်း တစ်ရက်နေ့ အဖွင့်လေးကတော့ လှတယ်ရှင့် ❤️ OS 2 ခုပေါင်းတင် way 400 ကျော် 🥰ကျန်တဲ့ OS တွေက ပစ္စည်း ထုပ်လို့ မပြီးသေ...
17/04/2022

နှစ်ဆန်း တစ်ရက်နေ့ အဖွင့်လေးကတော့ လှတယ်ရှင့် ❤️

OS 2 ခုပေါင်းတင် way 400 ကျော် 🥰

ကျန်တဲ့ OS တွေက ပစ္စည်း ထုပ်လို့ မပြီးသေးလို့ အတိအကျမသိသေးဘူး 😬

နှစ်သစ်ကစ စီးပွါး လာဘ်လာဘတွေ တိုးပြီး အရောင်းအဝယ်တွေ ပိုကောင်းကြပါစေရှင့် 🙏🏻🙏🏻

ဒီအလုပ်လေး စချိန်ကနေ ခုထိ ချစ်ခင်ပြီး အလုပ်အပ်ပြီး support ပေးခဲ့ကြတဲ့ client တစ်ယောက်စီတိုင်းကို ကျေးဇူး အထူးတင်ပါတယ်ရှင့် ❤️ တစ်ချို့ OS တွေနဲ့ဆို ပြောပြောဆိုဆိုနဲ့ တစ်ယောက်ကို တစ်ယောက်နားလည်ပေးရင်း ညီအမတွေလိုကို ဖြစ်နေကြပီ 🥰

ကလေး ဖိနပ်တွေ ရှယ်တန်ရွေးချင်ရင် ညကျ အပြေးလေး ရွေးဝယ်လို့ရပါတယ်ရှင့် 🥰
18/03/2022

ကလေး ဖိနပ်တွေ ရှယ်တန်ရွေးချင်ရင် ညကျ အပြေးလေး ရွေးဝယ်လို့ရပါတယ်ရှင့် 🥰

ငွေလေး 90000 နဲ့  Blacklist မတင်ချင်လို့ အလုပ်အတူ လုပ်ခဲ့တဲ့ ကာလတစ်ခုကို တန်ဖိုးထားပြီး 5 လလောက် စိတ်ရှည်ရှည်နဲ့ စောင့်ပ...
19/02/2022

ငွေလေး 90000 နဲ့ Blacklist မတင်ချင်လို့ အလုပ်အတူ လုပ်ခဲ့တဲ့ ကာလတစ်ခုကို တန်ဖိုးထားပြီး 5 လလောက် စိတ်ရှည်ရှည်နဲ့ စောင့်ပေးခဲ့ပြီးမှ လုံးဝကို အကျိုးအကြောင်း မလာတော့လို့ တင်တဲ့ blacklist ပါရှင်...

ပုံပါ Su Yadanar Moe ( Yuuki Ann ) မြောက်ဒဂုံမြို့နယ် Supreme Hotelအနီး နေသူသည် ကျွန်မတို့ဆီ သူမ၏ အုန်းဆီ လက်ဖက်ဆီ ပစ္စည်းများပို့ဆောင်ပေးရန် service အပ်ခဲ့ပါသည်... ကျွန်မတို့ R2D Page တွင်လည်း သူမ၏ Online shop page ကို ကြော်ငြာပေးခဲ့ဖူးပါတယ်( အခုတော့ page လဲ မတွေ့တော့ပါဘူး)

2021 9 လပိုင်းလောက်မှာ သူမ ထံသို့ customer များမှ ငွေတိုက်ရိုက်လွှဲထားတဲ့ စာရင်းနဲ့ မမှာပဲ ပို့လို့ ဝယ်သူမယူတာတွေရယ် ရက်ချိန်းပြီး မယူတော့တာတွေရယ် စုစုပေါင်း 90000 ကို သူ့ထံ စာရင်းပို့ပေးခဲ့ပါတယ်... ပုံမှန်ဆို return တွေကို ပုံမှန်အပ်နေကျOS တွေထံ ပစ္စည်းယူရင်း ပြန်ပို့ပေးပြီး ငွေပြန်နုတ်ရမှာတွေဆို တစ်ခါထဲ သူ့ကို ကြိုရှင်းပေးရမှာထဲက ပြန်နုတ်ရှင်းနေကျပေမယ့် သူက OS ခနနားထားတယ်ဆိုလို့ R2D မှ သီတင်းကျွတ် လက်ဆောင် ပို့ပေးရင်း return ပစ္စည်းနှင့်တကွ ငွေပြန်ရရန်ရှိတဲ့ 90000 စာရင်းပါ ထပ်ပေးလိုက်ပါတယ်.... တစ်ခါထဲ မပေးလိုက်ပဲ လွှဲလိုက်မယ်ဆိုလို့ နောက်ရက်ကျ ငွေလွှဲပေးဖို့ ညမတို့ သတိပေးခဲ့ပါတယ် ။ ( ညမတို့ ပြန်ပေးခဲ့ချိန်က ပစ္စည်း ပျက်စီး ဘာညာ မရှိပါ )

ထိုအချိန်ထဲက ငွေ 90000 ကို ဟိုနေ့ရွှေ့ ဒီနေ့ရွှေ့နဲ့ ယနေ့ထိ ပြန်မပေးပါ... SS တွေ အစအဆုံး တင်ပေးထားပါတယ်ရှင့်...

ပိုက်ဆံ မရှိဘူးပြောလို့ စောင့်ပေး ... 40000 အရင်လွှဲမယ်ပြောပီး မလွှဲ.... တစ်ပြားမှကို မပေးတာပါ...

သူ OS နားထားတာ အကြောင်းပြပါတယ်.... OS နားတာသည် သူ့ကိစ္စပါ.... ကျွန်မတို့ကို ပြန်ပေးရမှာသည် သူ့ကို ငွေကြိုရှင်းထားတဲ့ ကြိုရှင်းငွေကို ပြန်ပေးရမှာပါ....

နောက် 2 လလောက် ကြာတော့ ပစ္စည်းတွေက ပျက်စီးနေလို့ ရောင်းမရဘူးအကြောင်းပြပါတယ်.... ဆီပုလင်းတွေသည် ကျွန်မတို့ပြန်ပေးတုန်းက ပုံပါအတိုင်း သူ့ပါကင်အထုပ်အတိုင်း ဖြစ်ပါတယ်.... ပိုက်ဆံ ပြန်မပေးချင်လို့ တမင်အကြောင်းပြတာပါ....

သူ့မှာ စာရင်းဇယားလဲ မရှိဘူး... ‌အပေါ်မှာ ငွေလွှဲတာ return အကုန် နာမည်နဲ့ သေချာ ပြောထားလဲ
သူမသိဘူး.... 90000 က ဘာတွေမှန်းလဲ သူမသိဘူး... ပုံထဲကအတိုင်းပဲ အကုန် အပေါ်ကဟာတွေ SS ပြန်ပြနေရတာ။

လွန်ခဲ့တဲ့ 2 လလောက်က blacklist တင်ချင်တင် ပိုက်ဆံမပေးနိုင်ဘူး သူပြောလာပေမယ့် မိန်းကလေးချင်း ကိုယ်ချင်းစာလို့ ခုထိ စောင့်ပေးခဲ့တာပါ.... Blacklist တင်ပါလို့ သူပြောပြီးပြီးချင်း သူ့ profile ကို lock လုပ်လိုက်ပါတယ်.... ပုံတွေ ယူမရတော့ပါဘူး.... အခုပုံတွေကတော့ သူအကြောင်းအမျိုးမျိုး ပြနေထဲက အခြေအနေမဟန်လို့ ကျွန်မ ကြို SS ရိုက်ထားတာတွေပါ ..... ဒါကတော့ သူ့ အကောင့်ပါ... Yadana Moe (Yuuki ) ဆိုပြီး နာမည်ချိန်းလိုက်ပီ 😅
https://www.facebook.com/z.linnyar

သူ့လို လူတွေများလာရင် ကျွန်မတို့ ငွေကြိုရှင်း deli တွေ အတွက် အဆင်မပြေပါဘူး။ အရမ်းအန္တရာယ်များလို့ ဆင်ခြင်လို့ ရအောင် တင်ပေးလိုက်ပါတယ်... ကျွန်မတို့ deli ခ 2000 ပေမယ့် တကယ် 500 လောက်ပဲ ကျန်ကြတာ deli သမားတွေ အသိဆုံးပါ.... အခုလို ငွေကြိုရှင်းယူပြီး ကလိမ်ကကျစ် ငွေပြန်မပေးချင်တဲ့ သူတွေနဲ့ဆို ကျွန်မတို့ ချွေးနဲစာတွေ အလကားဖြစ်ပါတယ်.... 90000 ဆိုတာလဲ မနည်းတဲ့ ပမာဏပါ.... တကယ်တွက်ကြည့်ရင် အာ့ 90000 ရဖို့ ကျွန်မတို့ way ရာကျော် ပို့ရပါတယ်.... အခုချိန်ခါ ငွေ ရှာရဖွေရ မလွယ်ကူပါဘူး....

သူနဲ့ အခုကိစ္စ ဖြစ်ပြီးတော့ ကျွန်မတို့ ငွေကြိုရှင်းပေးဖို့ကို အတော်စဉ်းစားပြီး ငွေကြိုရှင်းပါ ခနပိတ်လိုက်ပါတယ်.... အာ့အတွက်လဲ ပုံမှန် မှန်မှန်ကန်ကန် ငွေကြိုရှင်း အပ်နေတဲ့ OS တွေ အဆင်မပြေဖြစ်သွားကြရပါတယ်.... နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ် 🙏

အခုပိုစ့်ကြောင့် အရေးကြီးသတင်းတွေ ဖုံးသွားရင် ညမတို့ကပဲ တောင်းပန်ပါတယ်ရှင့်🙏🙏

ကြိုရှင်းပိတ်ထားလို့ စိတ်ကောက်နေကြတဲ့ ချစ်မတွေလဲ ကြိုရှင်းပြန်ဖွင့်ပါပြီလို့ ❤️ နောက်ပြီး ရန်ကုန် မြို့အပြင် မြို့ပေါင်း 40 ကျော်လဲ ထပ်တိုးပို့လို့ရပါပီရှင့် ❤️

Valentine Day အမှီ အမှတ်တရ လက်ဆောင်ပို့ပေးချင်တဲ့ အချစ်တွေ မနက်ဖြန် pick up လိုက်လုပ်ပေးမှာမို့ hello လိုက်ပါနော် 🥰 ဖုန်...
10/02/2022

Valentine Day အမှီ အမှတ်တရ လက်ဆောင်ပို့ပေးချင်တဲ့ အချစ်တွေ မနက်ဖြန် pick up လိုက်လုပ်ပေးမှာမို့ hello လိုက်ပါနော် 🥰

ဖုန်းလေးတစ်ချက်ဆက်ရုံနဲ့ အချစ်တွေကို ပေါင်းကူးဆက်သွယ် အရောက်ပို့ပေးဖို့ Ready ပဲနော် 👩‍❤️‍💋‍👨👩‍❤️‍💋‍👨

ရန်ကုန်မြို့ကနေ မြို့ပေါင်း ၄၀ ကျော် အိမ်အရောက်ပို့ ဝန်ဆောင်မှု ရရှိနိုင်ပါပြီနော် 🥰

ရန်ကုန်မှ -------->>>>

မန္တလေး 2500
နေပြည်တော် 3000
မုံရွာ 3000
တောင်ကြီး 3000
မော်လမြိုင် 3000
ပုသိမ် 3000
ပြည် 3000
ပဲခူး 3500
ဘားအံ 3500
ပြင်ဦးလွင် 3500
မြဝတီ 3500
အမရပူရ 3000
ပျဉ်းမနား 3500
လယ်ဝေး ၃၅၀၀
တပ်ကုန်း ၅၀၀၀
လားရှိုး ၄၅၀၀
ညောင်အင်း ၄၅၀၀
သာယာအေး ၄၅၀၀
အင်းတကော် ၄၅၀၀
ဘုရားကြီး ၄၅၀၀
ထုံးကြီး ၄၅၀၀
သနပ်ပင် ၄၅၀၀
တောင်ငူ 4500
သက္ကလ 5000
ရစ်ကန် 5000
ကဝ 5000
ကမာစဲ 5000
ပျဉ်ပုံကြီး 5000
ဝေါ 5000
ဒိုက်ဦး 5000
ညောင်လေးပင် 5000
ပြွန်တန်ဆာ 5000
ဖြူး 5000
ပဲနွယ်ကုန်း 5000
စစ်ကိုင်း 3500
တံတားဦး 4000
စဉ့်ကိုင် 4000
ပလိပ် 4000
မြစ်ငယ် 4000
မြင်းခြံ 3500
မြိတ် 5000

နောက်ထပ် မြို့လေးတွေလဲ ထပ်တိုးပေးဦးမယ်နော် 🥰
ကြာချိန်လေးကတော့ ချစ်တို့ဆီကနေ pick up ယူပြီး ‌ ၃ ရက်ကနေ ၅ ရက်အတွင်း အရောက်ပို့ပေးနေပါပြီရှင့်....

ဝန်ဆောင်မှု ပိုမို ကောင်းမွန် မြန်ဆန် အဆင်ပြေအောင် မင်မင်တို့ စဉ်ဆက်မပြတ် ကြိုးစားပြင်ဆင်နေတာမှု အဆင်မပြေမှု တစ်စုံတစ်ရာ ရှိခဲ့ရင် အားမနာပဲ page cb ကို ပြင်‌ဆင်ရမှာလေးတွေ ဝေဖန် အကြံပြု ပေးလို့ရပါတယ် ချစ်တို့ရေ ❤️ မင်မင်တို့ ပိုကောင်းအောင် ပြင်ဆင်ပေးပါ့မယ်ရှင့် ❤️

ပစ္စည်းယူမှာလား 😆 လူ ယူမှာလား 😆
17/01/2022

ပစ္စည်းယူမှာလား 😆 လူ ယူမှာလား 😆

အရင် လာယူနေကျဖုန်းကို Pick up ခေါ်ဖို့ ဖုန်းဆက်တာ မကိုင်လို့ ညမလေးတစ်ယောက်က စိတ်ကွေးပြီး တခြားနဲ့ ပြောင်းအပ်နေတာ မမရယ်တဲ...
09/01/2022

အရင် လာယူနေကျဖုန်းကို Pick up ခေါ်ဖို့ ဖုန်းဆက်တာ မကိုင်လို့ ညမလေးတစ်ယောက်က စိတ်ကွေးပြီး တခြားနဲ့ ပြောင်းအပ်နေတာ မမရယ်တဲ့ 😭

အရင် pick up လာယူနေကျ အကိုက သူ့တခြားအလုပ်ကိစ္စလေးနဲ့မို့ ဖုန်းခေါ်မရပဲ ‌ဖြစ်နေရင် 09441751422 ကို ရုံးချိန်အတွင်း ဆက်ပေးပါနော် ❤️ 09779476212 ကို ခေါ်လဲ ရပါတယ်ရှင့် 🥰 ပုံထဲက ရုပ်ချောချောနဲ့ အမကြီး လာယူပေးပါ့မယ်နော် 🥰😁

အရင် pick up ယူနေကျ အကိုက သူ့တခြားအလုပ်ကိစ္စနဲ့ ခန အဝေးရောက်နေပြီး ဖုန်းက အမြဲ silent ဖြစ်နေတော့ ဖုန်းမကိုင်မိလို့ပါ... အဆင်မပြေမှုလေးတွေရှိခဲ့ရင် အနူးအညွတ်တောင်းပန်ပါတယ်နော် 🙏

ရုံးဖုန်းကို ရုံးချိန်အတွင်းခေါ်လို့ မကိုင်မိရင် admin ညမလေးတွေကို ပြန်ခေါ်ခိုင်းထားတာမို့ ဖုန်းမကိုင်တာရှိရင် ပြန်ဆက်သွယ်ပေးဖို့ messenger မှာ ဖုန်းနံပါတ်လေးတွေ ချန်ထားပေးပါနော် 🥰

ချစ်ရတဲ့ customer များ၂၀၂၂ ခုနစ်မှာ ပျော်ရွှင်ဖွယ်ရာ အကြောင်း အရာလေး တွေကိုပဲ ပိုင်ဆိုင်နိုင်ပါစေလို့ ...R2D Express မှ ...
31/12/2021

ချစ်ရတဲ့ customer များ

၂၀၂၂ ခုနစ်မှာ ပျော်ရွှင်ဖွယ်ရာ အကြောင်း အရာလေး တွေကိုပဲ ပိုင်ဆိုင်နိုင်ပါစေလို့ ...

R2D Express မှ ဆုမွန်ကောင်းတောင်းဆု ပြုလိုက်ပါတယ်ဗျို့။

Address

No. 362/Ground Floor, Myint Zuu Street, 1 Ward, North Okkalapa Township
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959441751422

Website

Alerts

Be the first to know and let us send you an email when R2D Express - Ready to Deliver posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share