03/08/2024
** Slow ချက် ချိန်တတ်ဖို့**
=================
July2024
တချို့ Userတွေက စလိုးချက်တောင်မချိန်တတ်တာတွေရှိပါတယ်
အလွယ်ဆုံးကိုပြောပြပါ့မယ် ကိုယ်တိုင်ကလိဖို့ပေါ့
အရင်ဆုံးစက်နှိုးလိုက်ပါ စက်နိုးသွားတဲ့အခါ နံပါတ် 1စလိုးချက်နပ်ကို စက်မရပ်တဲ့ထိ တင်းပါ စက်သံနည်းနည်းမြန်တဲ့ထိပေါ့ နံပါတ် 1လို့ရေးထားတဲ့နပ်ပါ
များသောအားဖြင့် စပရင်ကိုပါ မြင်နေရတဲ့နပ်ပါ
ပြီးတဲ့အခါ နံပါတ်၂နပ်ကို အကုန်ကြပ်လိုက်ပါ ပြီးမှ ဖြည်းဖြည်းဆီပြန်လျော့ပေါ့
တစ်ပတ်ဝန်းကျင်လောက်မှာ စက်သံအမှန်ဆုံးနေရာကိုရောက်လာပါလေ့မယ်
ရိုးရိုးဘီးတွေမှာတော့ ဒီလိုပဲ စက်သံကိုမှန်းချိန်ရတာပေါ့
1နပ်ကိုတင်ထား စက်မြန်တဲ့ထိ ပြီးရင်2နပ်ကိုအဆုံးထိကြပ်လိုက် ဆုံးသွားတဲ့ချိန် စက်သံက ဆီအင့်သလိုဖြစ်သွားမယ် ပြီးတဲ့အခါ 2နပ်ကိုဖြည်းဖြည်းဆီပြန်လျော့ စက်သံမှန်တဲ့ထိ တစ်ပတ်ဝန်းကျင်ပေါ့ ပြီးမှ 1နပ်ကို ကိုယ်လိုသလောက်အနှေးမြန်ချိန်ပါ
2နပ်ကိုအရမ်းကြပ်မိထားရင် ဆီစားတာတွေဖြစ်နိုင်တယ် အရမ်းလျော့ထားမိရင် မနက်ပိုင်းနှိုးရတာမလွယ်တာ အစမှာစက်လီဗာမပါတာ တွေဖြစ်တတ်ပါတယ်
1နပ်ကတော့ ကြပ်ရင်မြန်မယ် လျော့ရင်နှေးမယ် ဒါပါပဲ
အလွယ်ပြောရရင် 1က ဆီဂျက်
2ကလေဂျက်ပေါ့။