Shwe Khayee by LATM

Shwe Khayee by LATM Save memories by traveling with Shwe Khayee ( ရွှေခရီး ) to Myanmar Travel & Tour .

“ဝါဆိုလပြည့် ဓမ္မင်္စကြာအခါတော်နေ့ “ရက်မြတ်ဝါဆို အချိန်ခါသမယမှာ မြန်မာပြည်သူပြည်သားများအားလုံး တရားဘာဝနာများ ပွါးများအား...
29/07/2026

“ဝါဆိုလပြည့် ဓမ္မင်္စကြာအခါတော်နေ့ “

ရက်မြတ်ဝါဆို အချိန်ခါသမယမှာ မြန်မာပြည်သူပြည်သားများအားလုံး တရားဘာဝနာများ ပွါးများအားထုတ်ပြီး ဘေးရန်ကင်းကွာကာ စိတ်၏ချမ်းသားခြင်း၊ ကိုယ်၏ကျန်းမာခြင်းများ ရပါစေကြောင်း Shwe Khayee ( ရွှေခရီး ) Travel & Tour မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် 🙏🏻

19/07/2026

စွယ်တော်လှည့်ပွဲနီးလာတာနဲ့အမျှစွယ်တော်ပွဲကျင်းပရာ Kandy မြို့ရဲ့အလှအပ

🇱🇰 Sri Lanka 🇱🇰 စွယ်တော်ဖူးရင်း သီဟိုဠ်မှာလည်မယ် 🙏🏻 🍀ကျွန်းတစ်ကျွန်းတည်းနဲ့ တောင်ပေါ်၊မြေပြန့်၊ကမ်းခြေအကုန််လည်မယ်နော် 🤩...
19/07/2026

🇱🇰 Sri Lanka 🇱🇰 စွယ်တော်ဖူးရင်း သီဟိုဠ်မှာလည်မယ် 🙏🏻

🍀ကျွန်းတစ်ကျွန်းတည်းနဲ့ တောင်ပေါ်၊မြေပြန့်၊ကမ်းခြေအကုန််လည်မယ်နော် 🤩
🍀များပြားလှတဲ့ကမ်းခြေမှာ အပန်းဖြေမယ် စိမ်းစိုလှပတဲ့လက်ဖက်ခင်းတွေရှိရာတောင် ပေါ် ဒေသတွေကိုလေ့လာမယ်။ ရှေးဟောင်းအနုပညာတွေကိုလေ့လာရင်း ဘုရားဖူးမယ်။ သဘာဝတောတောင်ရေမြေတွေကိုခံစားမယ်။

🙏🙏🙏 သီရိလင်္ကာနိုင်ငံရှိ တစ်နှစ်မှ တစ်ကြိမ် ကျင်းပသည့် ဗုဒ္ဓစွယ်တော်မြတ် လှည့်လည်ပူဇော်ပွဲ အထူးခရီးစဉ်

🙏 မြတ်စွာဘုရားရှင်၏ ပရိဘောဂစေတီထိုက်သော အနုရာဓပူရမြို့( Anurawapura ) ရှိ နှစ်ပေါင်း ၂၂၅၀ သက်တမ်းရှိ သင်္ဃမိတ္တာမဟာဗောဓိပင်
🙏ကန္ဒီမြို့( Kandy )ရှိ မြတ်စွာဘုရားရှင်၏ အောက်လက်ဝဲစွယ်တော်မြတ် ကိန်း၀ပ်စံပယ်တော်မူရာ စေတီတော်
🙏 သီရိလင်္ကာသို့ ရှင်မဟိန္ဒရဟန္တာတို့ စတင်ကြွလာစဉ် ကောင်းကင်ခရီးမှ သက်ဆင်းရာ မဟိန္ဒလေတောင်
🙏မြတ်စွာဘုရား၏ ညာဘက်ညှပ်ရိုးတော် ဌာပနာထားရှိသည့် ထူပါရာမစေတီတော်
🙏ကောဏဂုံဘုရားရှင်၏ ခါးပန်းကြိုးတော်နှင့် ဓာတ်တော်များကိန်း၀ပ်­စံပယ်တော်မူရာ တေဇ၀နစေတီတော်
🙏 မြတ်ဗုဒ္ဓဘုရား၏ ဆံတော်တစ်ဆုပ်နှင့် လည်ရိုးတော် ဓါတ်တော်များ ဌာပနာထားသည့် မဟိယင်္ဂဏစေတီတော်
🙏 စတုတ္ထသင်္ဂါယနာတင်တော်မူခဲ့ရာ အာဠုဝိဟာရမှ အာလောကလိုဏ်ဂူတော်
🙏 မီတာ ၂၀၀ ကျော်မြင့်မားသည့် ကျောက်တောင်ပေါ်တွင် နန်းတော်တည်ခဲ့သည့် စီဂရိယမြို့ ( Sigiriya )
🙏ကမ္ဘာပေါ်တွင် ဘုရားရှင်၏ ဓာတ်တော်အများဆုံး ကိန်း၀ပ်စံပယ်တော်မူရာမဟာစေတီ
🙏ဘုရားရှင်တရားဟောကြား­တော်မူသော ရတနာပလ္လင်ဌာပနာတော်မူရာ ကလျာဏီစေတီတော်
🙏ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း၀င် သီရိလင်္ကာနိုင်­ငံ၏ ရှေးဟောင်းမြို့တော်ဖြစ်သော အနုရာဓပူရမြို့ရှိ ရှေးဟောင်းသမိုင်း၀င်­ စေတီ ၊ ပုထိုးများ ( Anurawapura )
🙏မင်းဆက်ပေါင်းများစွာ နန်းစိုက်ခဲ့ရာ ဒုတိယရှေးမြို့တော်ဟောင်းကြီးတည်ရှိတော်မူရာ ပိုလောနာရုဝမြို့ ( Polonnaruwa )
🙏ရွှေချထားသော 'ကမ္ဘာ့အကြီးဆုံးဗုဒ္ဓရုပ်ပွါးတော်ကြီးနှင့် ဒမ္ဘူလလှိုဏ်ဂူ ( Dambulla )

⛰️ သာယာအေးချမ်းလှသော လက်ဖက်စိုက်ခင်းများနဲ့ Little England လို့တင်စားကြသော နုဝါရာအိလိယမြို့ ( Nuwara Eliya )

🏖️ ထို့ပြင် အပန်းဖြေစရာ ဂေါလ်ဖေ့( Galle Face) ကမ်းခြေ ၊ ဟီခဒူဝ ( Hikkaduwa ) ၊ နီဂွနိးဘို ( Negombo )၊ မစ်ရစ်ဆာ ( Mirissa )ကမ်းခြေများ

🛍️ စျေး၀ယ်ထွက်နိုင်ရန် ကိုလံဘိုမြို့( Colombo ) ရှိ Shopping Mall များနှင့် ဒေသန္တရဗဟုသုတများကိုကြည့်ရှု့လေ့လာ ခံစားနိုင်ကြမှာဖြစ်ပါတယ်

WhatsApp +959402526967
☎️ Group Tour ဖြစ်စေ Private Tour ဖြစ်စေ Shwe Khayee Chat Box မှာဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ

အာဇာနည်နေ့ 🇲🇲 “ 19 July မမေ့နိုင် ”ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်သူရဲကောင်းများအား လွမ်းဆွတ် သတိရစွ...
19/07/2026

အာဇာနည်နေ့ 🇲🇲 “ 19 July မမေ့နိုင် ”

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်သူရဲကောင်းများအား လွမ်းဆွတ် သတိရစွာဖြင့် Shwe Khayee Travel & Tour မိသားစုမှ ဦးညွတ်အလေးပြုအပ်ပါသည် 🇲🇲

’sday

🌴 Peaceful coastal vibes . Let the sound of the ocean refresh your soul and make your Sri Lanka journey even more memora...
14/07/2026

🌴 Peaceful coastal vibes . Let the sound of the ocean refresh your soul and make your Sri Lanka journey even more memorable. 🇱🇰
🌊 The Cliff Weligama 🌴

29/05/2026

🙏 သီရိလင်္ကာ စွယ်တော်လှည့်ပွဲ ( Esala Perahera)

🙏🏻စွယ်တော်လှည့်ပွဲသည် သီရိလင်္ကာနိုင်ငံ၏ အကြီးမားဆုံးနှင့် အထင်ကရအဖြစ်ဆုံးသောဘာသာရေးနှင့် ယဉ်ကျေးမှု ပွဲတော်တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ ဗုဒ္ဓဘာသာဝင်များနှင့် ခရီးသွားများ အလွန်အမင်း စိတ်ဝင်စားကြသော အခမ်းအနားတစ်ခုဖြစ်ပါသည်။ ဒီပွဲတော်ကို သီရိလင်္ကာနိုင်ငံ ကန်ဒီမြို့ ရှိ Temple of the Tooth Relic (မြတ်စွယ်တော်ကျောင်း) ကို အဓိကဗဟိုထားပြီး နှစ်စဉ် ဇူလိုင်–ဩဂုတ်လအတွင်း ကျင်းပလေ့ရှိပါသည်။

🙏🏻စွယ်တော်လှည့်ပွဲသည် ဗုဒ္ဓမြတ်စွယ်တော်အား ဂုဏ်ပြုလှည့်လည်ပူဇော်ခြင်း၊နိုင်ငံအတွင်း မိုးရေကောင်းမွန်စေရန် ဆုတောင်းခြင်း၊ပြည်သူ ပြည်သားများ အေးချမ်းသာယာစေရန် မေတ္တာပို့ခြင်းတို့ကို ရည်ရွယ်၍ ကျင်းပသော ဘာသာရေးအခမ်းအနားတစ်ခုဖြစ်ပါသည်။

🙏🏻ထို့အပြင် ရောင်စုံမီးအလှများဖြင့် အလွန်အမင်း လှပစွာ အလှဆင်ထားသော
ဆင်ကြီးများ၊မြတ်စွယ်တော်ကို ဆင်ကြီးပေါ်တင်၍ လှည့်လည်ပူဇော်ခြင်း၊သီရိလင်္ကာရိုးရာ အကအလှများ၊ ဒရမ်၊ တူရိယာသံများဖြင့် ညအခါမြို့လုံးကျွတ် လှည့်လည်ပွဲကျင်းပခြင်းကို ရင်သပ်ရှုမောဖွယ်မြင်တွေ့ရမှာဖြစ်ပါသည်။

🙏🏻ထိုပွဲတော်ကို ကြည့်ရှုရခြင်းသည် ဘာသာရေးအမြင်သာမက သီရိလင်္ကာနိုင်ငံ၏ အနက်ရှိုင်းဆုံးသောယဉ်ကျေးမှုအလှအပကိုပါ တစ်ပြိုင်နက်တည်းခံစားနိုင်စေသော အမှတ်တရအတွေ့အကြုံကိုရနိုင်မှာဖြစ်ပါသည်။

Credit to original video uploader 🙏🏻🙏🏻🙏🏻

#စွယ်တော်လှည့်ပွဲ #သီရိလင်္ကာစွယ်တော်

✨✨✨ဩဂုတ်လ၊ အောက်တိုဘာလအတွက် အရမ်းတန်တဲ့ခရီးစဉ်လေးတစ်ခုစီစဉ်ထားပါတယ် ။✨✨✨( အာယုဘိုဝမ်🙏🏻)✨✨✨🙏🏻ဘုရားလည်းဖူးမယ်၊  🐘 Safari အ...
27/05/2026

✨✨✨ဩဂုတ်လ၊ အောက်တိုဘာလအတွက် အရမ်းတန်တဲ့ခရီးစဉ်လေးတစ်ခုစီစဉ်ထားပါတယ် ။✨✨✨( အာယုဘိုဝမ်🙏🏻)✨✨✨

🙏🏻ဘုရားလည်းဖူးမယ်၊ 🐘 Safari အတွေ့အကြုံလည်းယူမယ်၊ ⛰️ တောင်တန်းတွေဆီကိုသွားရင်း ရေတံခွန်လည်းဝင်လည်မယ်၊🏖️ကမ်းခြေမှာအနားယူပြီး 🛍️စျေးဝယ်ထွက်မယ်။သက်တောင့်သက်သာရှိတဲ့ Tour Bus နဲ့သွားမယ်။ ⭐️⭐️⭐️⭐️ 4stars အဆင့်ရှိဟိုတယ်မှာတည်းပြီး ခရီးစဉ်တစ်လျှောက် မနက်စာ၊နေ့လည်စာ၊ညစာနှင့်ဝင်ကြေးများအားလုံးအပြီးအစီးပါဝင်ပြီး 6𝐍 7𝐃 or 𝟕𝐍 𝟖𝐃 𝐒𝐫𝐢 𝐋𝐚𝐧𝐤𝐚 🇱🇰 (သီရိလင်္ကာ) ခရီးစဉ် လေးကိုသွားဖို့ ဖိတ်ခေါ်ပါရစေ 🙏🏻🙏🏻🙏🏻

သွားရောက်လည်ပတ်မည့်နေရာများ
📍 𝐀𝐧𝐮𝐫𝐚𝐝𝐡𝐚𝐩𝐮𝐫𝐚 (အနူရပူရ)
📍 𝐏𝐨𝐥𝐨𝐧𝐮𝐫𝐚𝐰𝐚 (ပိုလာနရူ)
📍 𝐃𝐮𝐦𝐛𝐮𝐥𝐥𝐚 (ဒမ်ဘူလာ)
📍 𝐊𝐚𝐧𝐝𝐲 (ကန္ဒီ)
📍 𝐍𝐮𝐰𝐚𝐫𝐚𝐄𝐥𝐢𝐲𝐚 ( နူဝါရအဲလီယာ)
📍 𝐆𝐚𝐥𝐥𝐞 (ဂေါ့စ်)
📍 𝐔𝐧𝐚𝐰𝐚𝐭𝐮𝐧𝐚 𝐁𝐞𝐚𝐜𝐡(အူနဝတူနာ)
📍 𝐂𝐨𝐥𝐨𝐦𝐛𝐨 (ကိုလမ်ဘို)
အသေးစိတ်ခရီးသွားအစီအစဉ်ကို Chat Box မှာ တောင်းယူနိုင်ပါတယ်ရှင့်
🤩🤩🤩ဘာတွေပါလဲ 🤩🤩🤩
🔹 အသွားအပြန်လေယာဉ်လက်မှတ်
🔹Visa ( ဗီဇာ)
🔹သက်တောင့်သက်သာရှိသောTour Bus
🔹ကြယ်လေးပွင့်အဆင့်ရှိဟိုတယ် (4 stars)
🔹မနက်စာ၊နေ့လည်စာ၊ညစာ
🔹ဝင်ကြေးများ
🔹Tour Guide ( လမ်းညွှန်) စတဲ့ဝန်ဆောင်မှုများ

🔥 🔥 🔥 ဒီစခရီးစဉ်လေးရဲ့ Special ( ထူးခြားချက် ) ကတော့ စျေးသက်သက်သာသာနဲ့ Luxury ဆန်ဆန်ခရီးထွက်ရမှာဖြစ်ပါတယ် 💎💎💎
✅လိုက်ပါလိုသူများစတင်စာရင်းပေးလို့ရပါပီနော်
✅ခရီးစဉ်အသေးစိတ်ကိုလည်းအားမနာတမ်းဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်

. #သီရိလင်္ကာ #သီတင်းကျွတ် #ရုံးပိတ်ရက် #အောက်တိုဘာလ

ဆက်သွယ်ရန် ☎️ 09778878643

Thank you for being part of our travel story 😍
27/05/2026

Thank you for being part of our travel story 😍

Thank you for exploring the beauty of Myanmar ✨ Hope Myanmar stays in your heart 🤍
27/05/2026

Thank you for exploring the beauty of Myanmar ✨ Hope Myanmar stays in your heart 🤍

✨ကဆုန်လပြည့်နေ့✨ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ကဆုန်လပြည့်နေ့ အခါသမယမှာ ကိုယ်စိတ်နှလုံးအေးချမ်းပြီး ကုသိုလ် ကော...
30/04/2026

✨ကဆုန်လပြည့်နေ့✨

ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ကဆုန်လပြည့်နေ့ အခါသမယမှာ ကိုယ်စိတ်နှလုံးအေးချမ်းပြီး ကုသိုလ် ကောင်းမှုများပြုလုပ်ပွားများနိုင်ကြပါစေကြောင်း ရွှေခရီး ( Shwe Khayee by LATM ) Travel & Tour မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့် 🙏🏻

Address

Yangon

Telephone

+959402526967

Website

Alerts

Be the first to know and let us send you an email when Shwe Khayee by LATM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Khayee by LATM:

Shortcuts

Share

Category