26/09/2026
ချစ်ခင်လေးစားရပါသော မိတ်ဟောင်း မိတ်သစ် ချစ်ကာကာများ နှင့်
လက်တွဲဖော်ဆောင်ပေးကြသော ဘဝတူ ညီအစ်ကို ကားဆရာကြီးများ ခင်ဗျာ—
ချစ်ကာကာတို့၏ ယုံကြည်စွာ အားပေးစီးနင်းပေးမှုများ၊ လက်တွဲဖော် ကားဆရာကြီးများ၏ စေတနာ၊ ကြိုးစားအားထုတ်မှုများ ဖြင့် Shwe Paduak Taxi Service အနေဖြင့် ရပ်တည်လာခဲ့သည်မှာ ၅ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ 🎊
ထိုကာလအတွင်း On Call စနစ် ဖြင့် ဝန်ဆောင်မှုပေးခဲ့ရာမှ ယခုအခါ မိတ်ဆွေများနှင့် ယာဉ်မောင်းကားဆရာကြီးများအတွက် ပိုမိုလွယ်ကူ၊ မြန်ဆန်ပြီး အဆင်ပြေစေရန်အတွက် 1.10.2026 စ၍
📱 Customer App
📱 Driver App
တို့ကို စတင်စမ်းသပ်အသုံးပြုတော့မည် ဖြစ်ပါကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။
ထို့အပြင် App နှစ်ခုလုံးကို Google Play Store မှတစ်ဆင့် လွယ်ကူစွာ Download ရယူပြီး စတင်အသုံးပြုနိုင်မည် ဖြစ်သည်။
Customer App Link
https://play.google.com/store/apps/details?id=com.microtech.spts_kilo_taxi_customer
Shwe Paduak Taxi Service ၏ ၅ နှစ်တာ ခရီးလမ်းတစ်လျှောက်တွင် အမြဲတမ်းယုံကြည်စွာ အားပေးခဲ့ကြသော မိတ်ဟောင်းမိတ်သစ် ချစ်ကာကာများနှင့် အတူတကွ လက်တွဲမောင်းနှင်ပေးခဲ့ကြသော ကားဆရာကြီးများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ❤️
ရှေ့ဆက်မည့် ခရီးလမ်းတွင်လည်း မိတ်ဆွေများနှင့်အတူ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါသည်။
🙏 ချစ်ခင်ရပါသော မိတ်ဟောင်း မိတ်သစ်များနှင့် ယာဉ်မောင်းကားဆရာကြီးများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပြီး လိုရာခရီးသို့ ဘေးမသီ ရန်မခဘဲ အေးချမ်းလုံခြုံစွာ ရောက်ရှိနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏
# # #🚕 Shwe Paduak Taxi Service
# # #**“ယုံကြည်မှုဖြင့် စီးနင်း၊ အားထားမှုဖြင့် လက်တွဲ”
SPTS Admin Team