06/08/2026
🍁 မေပယ်ရွက်လေးတို့ရဲ့ ရာသီအလှကြားက 𝐉𝐚𝐩𝐚𝐧 ခရီးစဥ် 🇯🇵👘🍂
အောက်တိုဘာရဲ့ အေးမြတဲ့ ဆောင်းဦးလေပြေနဲ့အတူ မေပယ်ရွက်ကြွေ လမ်းလေးတွေပေါ်မှာ လမ်းလျှောက်ရင်း အမှတ်တရတွေပုံဖော်ဖို့ စောင့်ကြိုနေတဲ့ ဆောင်းဦးအလှ ဂျပန်ခရီးစဉ်လေးဖြစ်ပါတယ်။ 🍁📸
🏯ရှေးဟောင်းယဉ်ကျေးမှု၊ ရဲတိုက်နဲ့ ကျောင်းတော်တွေ၊ သဘာဝရှုခင်းတွေ၊ တိုကျိုမြို့ပြရဲ့ ခေတ်မီဆန်းသစ်တဲ့ ဖျော်ဖြေရေးနေရာတွေအပါအဝင် စျေးဝယ်ထွက်ဖို့ အကောင်းဆုံးနေရာတွေအထိ တစ်ခေါက်တည်းနဲ့ စုံစုံလင်လင် လည်ပတ်ခွင့်ရရှိမှာပါ။🛍️🗼
𝐎𝐬𝐚𝐤𝐚-𝐊𝐲𝐨𝐭𝐨-𝐅𝐮𝐣𝐢-𝐇𝐚𝐤𝐨𝐧𝐞-𝐓𝐨𝐤𝐲𝐨
🇯🇵 24-31 Oct 2026 | 7 Days/ 8 Nights 🇯🇵
🇯🇵 28-Dec - 04 Jan 2027 | 7 Days/ 8 Nights 🇯🇵
ယဉ်ကျေးမှုနဲ့ သမိုင်းဝင်နေရာများဖြစ်တဲ့ : 𝐎𝐬𝐚𝐤𝐚 𝐂𝐚𝐬𝐭𝐥𝐞, 𝐓𝐨𝐝𝐚𝐢𝐣𝐢 𝐓𝐞𝐦𝐩𝐥𝐞, 𝐊𝐢𝐧𝐤𝐚𝐤𝐮𝐣𝐢 𝐓𝐞𝐦𝐩𝐥𝐞, 𝐅𝐮𝐬𝐡𝐢𝐦𝐢 𝐈𝐧𝐚𝐫𝐢, 𝐊𝐚𝐦𝐚𝐤𝐮𝐫𝐚 𝐁𝐮𝐝𝐝𝐡𝐚, 𝐌𝐞𝐢𝐠𝐞𝐭𝐬𝐮-𝐈𝐧 𝐓𝐞𝐦𝐩𝐥𝐞, 𝐀𝐬𝐚𝐤𝐮𝐬𝐚 𝐓𝐞𝐦𝐩𝐥𝐞.
🏯 အိုဆာကာကို ခြေချဖူးသူတိုင်း ရောက်ဖူးသင့်တဲ့ Osaka ရဲတိုက်
🛕 နာရာပန်းခြံထဲက သမိုင်းဝင် ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး စံမြန်းရာ Todaiji ကျောင်းတော်
✨ နေရောင်အလင်းကျလာတိုင်း ရွှေရောင်တလက်လက်ဝင်းလက်ပြီး ကြည်ညို၊သပ္ပါယ်စရာကောင်းလှတဲ့ ကျိုတိုမြို့က Kinkakuji ရွှေကျောင်းတော်ကြီး
⛩️ လမ်းတစ်လျှောက်လုံး အနီရောင် တိုရီ တိုင်ပေါင်းများစွာနဲ့ တောင်ပေါ်အထိ သွယ်တန်းထားတဲ့ သမိုင်းဝင် Fushimi Inari နတ်ကွန်း
🙏 စိတ်အေးချမ်းရတဲ့ အရိပ်အာဝါသဖြစ်သလို အမိုးအကာလွတ် ရင်ပြင်မှာ ကြံ့ကြံ့ခံ စံမြန်းနေတဲ့ Kamakura မဟာဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး
🍁 ရာသီအလိုက် အရောင်ပြောင်းလဲတတ်တဲ့ သဘာဝရှုခင်းအလှကို တွေ့ မြင်ခံစားနိုင်မယ့် Meigetsu-In ကျောင်းတော်
📸 ခရီးသွားတွေ မဖြစ်မနေ အမှတ်တရဓာတ်ပုံရိုက်လေ့ရှိရာ နေရာတစ်ခုဖြစ်တဲ့တိုကျိုမြို့ ရဲ့ သမိုင်းအရှည်ကြာဆုံး Asakusa ဗုဒ္ဓဘာသာ ကျောင်းတော်ကြီး
သဘာဝအလှအပနဲ့ ရှုခင်းများအတွက် : 𝐍𝐚𝐫𝐚 𝐏𝐚𝐫𝐤, 𝐇𝐚𝐤𝐨𝐧𝐞 𝐂𝐫𝐮𝐢𝐬𝐞, 𝐎𝐰𝐚𝐤𝐮𝐝𝐚𝐧𝐢 𝐑𝐨𝐩𝐞𝐰𝐚𝐲, 𝐎𝐬𝐡𝐢𝐧𝐨 𝐇𝐚𝐤𝐤𝐚𝐢 𝐕𝐢𝐥𝐥𝐚𝐠𝐞, 𝐌𝐭. 𝐅𝐮𝐣𝐢 (𝐋𝐞𝐯𝐞𝐥 𝟓)
🦌 လူယဥ်ပါးပြီး ချစ်စရာအရမ်းကောင်းတဲ့ သမင်လေးတွေကို အနီးကပ်အစာကျွေးရင်း ဓာတ်ပုံရိုက်လို့ရတဲ့ Nara ပန်းခြံ
🚢 Lake Ashi ရေပြင်ကျယ်ပေါ်မှာ ခမ်းနားထည်ဝါတဲ့ Hakone ပင်လယ်ဓားပြသင်္ဘောကြီးစီးရင်း ရှုခင်းအလှအပတွေ ကြည့်ရှုခံစားရမယ့် အခိုက်အတန့်
🚠 သက်ဝင်လှုပ်ရှားနေတဲ့ မီးတောင်ကြားချိုင့်ဝှမ်းပေါ်ကနေ ကေဘယ် ကြိုးတန်းကားစီးရင်း ထူးခြားဆန်းပြားတဲ့ မီးတောင်ရှုခင်းအလှကို အပေါ်စီးက မြင်တွေ့ရမယ့် မြင်ကွင်း
🏡 ကြည်လင်ပြာလဲ့နေတဲ့ သဘာဝရေကန် ၈ ကန် တည်ရှိရာ Oshino Hakkai ရိုးရာကျေးရွာထဲက သဘာဝကျေးလက်အလှအပ
🗻 ဂျပန်ရဲ့ Trademark တစ်ခုဖြစ်တဲ့ ဖူဂျီတောင်ကြီးဆီ အရောက်သွားမယ့် Level 5 အဆင့်ရှိအမြင့်
🛍️ ခရီးလမ်းတစ်လျှောက် Shopping နေရာများအနေနဲ့ : အိုဆာကာမှာဆိုရင် 𝐒𝐡𝐢𝐧𝐬𝐚𝐢𝐛𝐚𝐬𝐡𝐢, ဖူဂျီမှာဆိုရင် 𝐆𝐨𝐭𝐞𝐦𝐛𝐚 𝐎𝐮𝐭𝐥𝐞𝐭,တိုကျိုမှာဆိုရင် 𝐆𝐢𝐧𝐳𝐚 တို့ ပါဝင်မှာ ဖြစ်ပါတယ်။
Entertainment & Modern Attractions ပိုင်းအနေနဲ့
🗼 တိုကျိုမြို့ပြအလှကို အမြင့်ဆုံးကနေ စီးမိုးကြည့်ဖို့ Tokyo Skytree
🌊 ငယ်ဘဝက ကာတွန်းဇာတ်ကောင်တွေနဲ့ စိတ်ကူးယဉ် အံ့ဖွယ်ကမ္ဘာထဲ ရောက်သွားသလို ခံစားရမယ့် Tokyo Disneysea
🎨 အလင်းအမှောင်တွေကြားက ဆန်းသစ်တဲ့ Teamlab ဒီဂျစ်တယ်အနုပညာပြခန်း
🤖 ဧရာမ Gundamစက်ရုပ်ကြီးတွေနဲ့ စျေးဝယ်စင်တာများစွာရှိတဲ့ Odaibaမြို့ပြဖျော်ဖြေရေးကျွန်း
ခရီးတစ်လျှောက် 🍱 အရသာစွဲမက်ကောင်းမွန်တဲ့ အစားအသောက်တွေ၊ အဆင့်မြင့် ဟိုတယ်တွေ၊ သက်တောင့်သက်သာနဲ့ လိုက်ပါစီးနှင်းလို့ရမယ့် Transportation တွေနဲ့အတူ New Motion မှ အတွေ့အကြုံ ပြည့်ဝကျွမ်းကျင်တဲ့ Permanent Tour Leader များကိုယ်တိုင် လိုက်ပါဝန်ဆောင်မှုပေးသွားမယ့် ခရီးစဥ်တစ်ခုဖြစ်တာကြောင့် Group Member မပြည့်ခင် အခုပဲ ဆက်သွယ်လိုက်တော့နော်!
𝗡𝗲𝘄 𝗠𝗼𝘁𝗶𝗼𝗻 𝗧𝗿𝗮𝘃𝗲𝗹𝘀 & 𝗧𝗼𝘂𝗿𝘀
Escape From Everyday Life!
________
📍 ရန်ကုန်ရုံးချုပ်
✆ 𝟬𝟵 𝟮𝟲𝟬 𝟳𝟵𝟮 𝟴𝟴𝟯 နဲ့
ရုံးချိန်အတွင်း 𝟬𝟵 𝟮𝟲𝟬 𝟳𝟵𝟮 𝟴𝟴𝟭, 𝟬𝟵 𝟮𝟲𝟬 𝟳𝟵𝟮 𝟴𝟴𝟮, 𝟬𝟵 𝟮𝟲𝟬 𝟳𝟵𝟮 𝟴𝟴𝟰
အမှတ် (၂၇၅ ) 𝐑𝐞𝐝𝐡𝐢𝐥𝐥 𝐓𝐨𝐰𝐞𝐫 ( ၇ )လွှာ ၊ ပြည်လမ်း ၊ မြေနီကုန်း ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့။
📍 မန္တလေးရုံးခွဲ
✆ 𝟬𝟵 𝟵𝟭𝟬 𝟮𝟭𝟭 𝟮𝟮, 𝟬𝟵 𝟮𝟱𝟵 𝟬𝟯𝟯 𝟰𝟰𝟯
အမှတ် (၆၄) ၊ ၇၃လမ်း ၊ ၂၆-၂၇ လမ်းကြား ၊ ချမ်းအေးသာဇံမြို့နယ် ၊ မန္တလေးမြို့။
Google Maps - https://maps.app.goo.gl/HGsuhLCpG8sog4mx7
(New Motion Travels & Tours ရဲ့ Social Media Platforms တွေကိုလဲ အောက်ပါ Link တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင်)
Website - www.newmotion.com.mm
Instagram - https://bit.ly/4fBggSa
Linkedin - https://bit.ly/4hAl6Rs
Tiktok - https://bit.ly/3AGpygS
YouTube - https://bit.ly/4fdFgz9
New Motion Travels & Tours မှ ဧည့်သည်တော်များကို နွေးထွေးပျူငှာစွာ ကြိုဆိုလျှက်ပါ။
#ဂျပန်ခရီးစဉ် #ဂျပန်ခရီးသွား #ဆောင်းဦးရာသီ #မေပယ်ရွက် #ဖူဂျီတောင်