04/05/2026
🙏🌹 🙏🌹🙏🌹🙏🌹🙏🌹🙏🌹🙏
ဒီတစ်ခေါက် 29ရက်နေ့ အော်ဒါလေးတွေ Cargo error ကြောင့် ပုံမှန်အချိန်ထက် အနည်းငယ်နောက်ကျသွားပါတယ်ရှင်
Cargo Flight က 2ရက်နေ့မှ ရက်ချိန်းသွားတဲ့အပြင် လာပို့တဲ့ Delivery လက်လွှဲလက်ပြောင်းတွေဖြစ်ပြီး ရောက်မလာလို့ မနည်းပြန်လိုက်ပြီး ဒီနေ့မှပဲ ရအောင်သွားယူခဲ့ရလို့ပါ
ပစ္စည်းတွေ စစ်ပြီးတာနဲ့ မနက်ကျ အော်ဒါလေးတွေ အကုန် ဒယ်လီအပ်ပြီး အိမ်အရောက်ပို့ပေးပါမယ်
သင်္ကြန်တွင်းကတည်းကမှာထားတဲ့ အစ်မတွေ ညီမလေးတွေအတွက် ပစ္စည်းအရောက် အနည်းငယ်နောက်ကျသွားလို့ အားနာပါတယ်ရှင်
သင်္ကြန်ကျော်ပြီးမှ မှာထားတဲ့ အစ်မတို့ကိုလည်း ပုံမှန်ချိန် 2ပတ်အတွင်းရောက်နိုင်အောင် ကြိုးစားပေးထားပါတယ်ရှင်။ စိတ်ရှည်ရှည်စောင့်နေပေးကြ ဝယ်ယူအားပေးကြသူ အယောက်စီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်
တစ်ယောက်စီတိုင်းကို ,စာပြန်ဖို့ အဆင်မပြေလို့ ပို့စ်လေးတင်ပြီးတော့ပဲ အကုန်လုံးကို အသိပေးအကြောင်းကြားပါရစေရှင်
ကျေးဇူးတင်တယ်ပါတယ်
SWEL SONE Market