21/10/2024
iPhone Region Code (Country code) ဆိုတာ ဘာလဲသိပြီးပြီလား?
Region codes တွေက iPhone ရဲ ရောင်းချရာ နိုင်ငံ/ဒေသ ကွာခြားမှု့အပေါ်လိုက်ပြီး device တူညီပေမယ့် region ကွဲရင် power adapter, packaging language နဲ့ အချို့ features များကိုခွဲခြားဖို့ သတ်မှတ်ချက်တစ်ခုပါ။ Software features တွေ၊ တချို့ functions တွေက ကိုယ်ဝယ်ခဲ့နေရာရတဲ့ iPhone region code အပေါ်လိုက်ပြီး ကွဲပြားသွားလေ့ရှိပါတယ်။ iPhone ကို ရောင်းချတဲ့နိုင်ငံတွေရဲ့ ဥပဒေသတ်မှတ်ချက်များအရ မဖြစ်မနေလိုက်နာဖို့ region ခွဲရခြင်းဖြစ်ပါတယ်။ Region code တွေအရ ဘယ် iPhone မှာတော့ ဘာရတယ် ဘာမရဘူးဆိုတာ iPhone မဝယ်ခင် သိထားရတာပေါ့။
မြန်မာပြည်ဈေးကွက်ထဲကို ဝင်လာနိုင်သော ကမ္ဘာ့နိုင်ငံတစ်ချို့ရဲ့ update အဖြစ်ဆုံး iPhone 16 Series, iPhone 16 Pro Series တို့ရဲ့ region code တွေက -
Philippine ZP/A
Thailand ZP/A
Singapore ZP/A
Malaysia ZP/A
Taiwan ZP/A
Vietnam VN/A
Korea KH/A
Japan J/A
India HN/A
New Zealand X/A
Australia X/A
England ( UK ) QN/A
Brazil BE/A
Canada VC/A
China CH/A
Spain QL/A
Switzerland QL/A
Italy QL/A
UAE AE/A
Germany ZD/A
Belgium ZD/A
Austria ZD/A
Mexico E/A
USA LL/A
Hong Kong 🇭🇰 ZA/A
Macau 🇲🇴 ZA/A
*အခြားသိချင်တဲ့ Region Code တွေရှိရင် မန့်ထဲမှာ မေးသွားလို့ရတယ်နော်!!
(တချို့ website တွေပေါ်မှာပြထားတဲ့ iPhone region codes တွေက update မဖြစ်တော့တဲ့အတွက် အပေါ်မှာပြထားတဲ့ တချို့ region code တွေနဲ့ လွဲနေပါလိမ့်မယ်။)
🇺🇸 USA Region LL/A, 🇨🇦 Canada Region VC/A တို့ရဲ့ iPhone တိုင်းက eSim + eSim ဖြစ်ပြီး Apple Intelligence စသုံးနိုင်ပြီပဲဖြစ်ပါတယ်။
🇭🇰 Hong Kong Region ZA/A ရဲ့ iPhone တိုင်းက Physical Dual SIM ဖြစ်ပြီး Apple Intelligence ကို နိုင်ငံတကာနည်းတူ သုံးနိုင်မှာဖြစ်ပါတယ်။ ZA/A region code ပါတဲ့ iPhone တိုင်းနဲ့ Apple iCloud ရဲ့ country / region မှာ Hong Kong ထားထားတဲ့ iPhone တိုင်း ရရှိနိုင်မှာပါ။
🇨🇳 China Region CH/A ရဲ့ iPhone တိုင်းက Physical Dual SIM ဖြစ်ပေမယ့် Apple Intelligence ရမှာ မဟုတ်ပါဘူး။ တရုတ်ပြည်ကြီးအပြင်မှာ ဝယ်ယူထားတဲ့ iPhone လည်း Apple Account တရုတ်နိုင်ငံ Region မှာ ရှိနေတဲ့အခါ မည်သည့် supported languages မဆို အသုံးပြုလို့ မရသေးပါဘူး။
🌍 European Union အတွင်း Region တွေရဲ့ iPhone တိုင်းက Physical SIM + eSim ဖြစ်ပြီး Apple Intelligence အသုံးမပြုနိုင်သေးပါဘူး၊ ကိုယ့် Apple iCloud ရဲ့ country / region ကလည်း EU Region ထဲမှာ ရှိနေရင် မရပေမယ့်၊ EU ပြင်ပမှာဆို supported language ဖြစ်တဲ့ English (US) နဲ့ အခြား languages ရွေးထားရင်တော့ သုံးနိုင်မှာပါ။
တခုရှိတာက French, German, Italian language တွေက EU ထဲမှာပါပေမယ့် EU region ထဲ ကိုယ့် Apple iCloud country / region ကို Set မလုပ်ထားရင်၊ EU region ထဲမှာ မဟုတ်ရင် သုံးလို့ရမှာပါ။
🌐 ကျန်ကမ္ဘာ့နိုင်ငံအားလုံးရဲ့ iPhone တွေက Physical SIM + eSim အဖြစ်ရရှိမှာပါ။
🇯🇵 Japan Region J/A ရဲ့ iPhone တွေက အရင်လို ဓာတ်ပုံရိုက်တဲ့အခါ shutter sound မထွက်အောင် Silent လုပ်မရတာမျိုး မရှိတော့ပါဘူး။ Japan region iPhone တွေလည်း တခြားနိုင်ငံတွေနည်းတူ အသံမထွက်ဘဲ camera ရိုက်လို့ရပါပြီ။ Apple Intelligence လည်းရမှာဖြစ်ပါတယ်။