တိုးဒီနဲ့ GO ပြီ။ ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့

  • Home
  • Myanmar
  • Yangon
  • တိုးဒီနဲ့ GO ပြီ။ ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့

တိုးဒီနဲ့ GO ပြီ။ ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့ ဗုဒ္ဓဂယာဘုရားဖူးခရီးစဥ်​တွေ ​စီစဥ်​ပေး​နေပါပြီရှင်

 #ချစ်သားအာနန္ဒာ ... 🌿သဒ္ဓါတရားနဲ့ ပြည့်စုံကြတဲ့ အမျိုး​ကောင်းသား အမျိုး​ကောင်းသမီးတို့သည် .... ငါဘုရား မရှိငြား​သော်လည်...
08/08/2026

#ချစ်သားအာနန္ဒာ ... 🌿
သဒ္ဓါတရားနဲ့ ပြည့်စုံကြတဲ့ အမျိုး​ကောင်းသား အမျိုး​ကောင်းသမီးတို့သည် .... ငါဘုရား မရှိငြား​သော်လည်း ငါဘုရား ရှိသည့်အလား စိတ်ထဲ အာရုံထဲမှာ ရည်မှန်းပြီး​တော့ သံ​ဝေဂဥာဏ် ပွားပြီး ဖူးရမယ့်​နေရာ ၄ ​နေရာ ရှိတယ် ...

(၁)မြတ်စွာဘုရားပွင့်​တော်မူရာ
#လုမ္ပဏီသာမောအင်ကြင်းတော

(၂)မြတ်စွာဘုရားပွင့်​တော်မူရာ
#ဗောဓိပင်နဲ့ရွှေပလ္လင်

(၃)ဓမ္မစကြာတရားဦး​ဟော​တော်မူရာ #မိဂဒါဝုန်တော

(၄)ပရိနိဗ္ဗာန်စံ​တော်မူရာ မလ္လာမင်းတို့ရဲ့ အင်ကြင်း​တော #ကုသိနာရုံ

တကယ်လို့များ ဤ (၄) ဌာနကို သံ​ဝေဂဥာဏ်နဲ့ ဖူးခဲ့ရပြီး #ကုသိုလ်စိတ်နဲ့သေသွားခဲ့သည်ရှိသော် ကုသိုလ်စိတ်​ကြောင့် နတ်ရွာ သုဂတိကို ​ရောက်မှာဖြစ်တယ်လို့ ဘုရားက မှာကြားခဲ့ပါတယ် 🪷🙏🪷

🗓️ ​အောက်တိုဘာလမှ ဧပြီလထိ
(လစဥ်ခရီးစဥ်​တွေရှိတာမို့ အခုပဲ စာရင်း​ပေးသွင်းထားလို့ရပါပြီရှင််)

#ထွက်မည့်ရက်နှင့်စျေးနှုန်း
0ct -21-31 (11 D) -USD 1050

Nov 26-Dec 3 (8 D) -USD 950

Feb 25-Mar 11 (15D)-USD 1150

#ဂါရဝတရား
ဆရာ​တော် သံဃာ​တော်များနဲ့-သီလရှင်များဆို- တဦး USD 30 ပြန်လည် ကန်​တော့ပါမည်ဘုရား🙏

#မေတ္တာတုန့်ပြန်ခြင်း
အ​စောဆုံး လူဦး​ရေ ၃၀ ကို ​မေတ္တာတုန့်ပြန်ခြင်း အစီအစဥ်အဖြစ် Early Bird-USD 30 ​​လျော့​ပေးပါမည်🤗

#အထူးဝန်ဆောင်မှု အ​နေနဲ့
ခရီးသွားအာမခံထည့်​ပေးဦးမှာပါရှင်

#ကုသိုလ်ရပြီးပါရမီထူးစေဖို့ တိုးဒီနဲ့ဘုရားဖူးသွားစို့​နော် 🤗

📞 အသေးစိတ်မေးမြန်းစုံစမ်းရန်နှင့် စာရင်းပေးသွင်းရန်

Tour De Myanmar
Travels & Tour Co,Ltd
လိုင်စင်အမှတ်-TO(YGN)0012
#ရုံးချုပ်-အမှတ်(၈၂)၊လမ်းသစ်လမ်း, Junction Mawtin အနီး ၊လမ်းမတော် မြို့နယ်၊ရန်ကုန်မြို့
#မန္တလေးရုံးခွဲ-အကွက်(၄၇၂)၊ချီပါရပ်ကွက်၊တမ္ပဝတီ၊ချမ်းမြသာစည်မြို့နယ်၊မန္တ​လေးမြို့
#ပြင်ဦးလွင်ရုံးခွဲ-အမှတ်(၃၃၂)၊နှီးဘုရားလမ်း၊ ရပ်ကွက်ကြီး(၁၇)၊ပြင်ဦးလွင်မြို့

⚜️ခရီးစဥ်လိုက်ပါသော ရဟန်းရှင်လူအ​ပေါင်းတို့အား ဂါရဝတရား ​ရှေ့ထား၍ နိဗ္ဗာန်၏အ​ထောက်အပံ့​ကောင်း ဖြစ်ပါ​စေ​ကြောင်း ဆု​တောင်း​မေတ္တာ ပို့သအပ်ပါတယ်ရှင် 🙏😊🍀

#သိင်္ဂီလှိုင်ဦးဆောင်သော
#ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့

တိုးဒီနဲ့ GO ပြီ။ ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့

09444222523,09777250050,09790194572, 09779999147

04/08/2026

တိုးဒီရဲ့​နံနက်ခင်းအလှူ​လေး 🙏😊

ခရီးစဥ် အစ အလှူ​လေးနဲ့စပါတယ်ရှင် ။ ​လေဆိပ်မှာ အဆာ​ပြေ​
KFC , Coffee, Juice ကပ်လှူပါတယ်

မတ်လမှာ ထွက်ရှိခဲ့တဲ့ ခရီးစဥ်ကို မှတ်တမ်းတင်အပ်ပါတယ်

🪷🙏🪷🙏🪷🙏🪷🙏🪷🙏

​အောက်တိုဘာလမှ ဧပြီလဆန်းထိ လစဥ် ဘုရားဖူးခရီးစဥ်ထွက်ပြီမို့ အခုပဲ စာရင်း​ပေးသွင်းလို့ရပါပြီ

ပထမဆုံးစာရင်း​ပေးသွင်းသး အ​ယောက် ၃၀ ကို -တ​ယောက် USD 30 ​​မေတ္တာတုန့်ပြန်ပါမယ်ရှင့်

သံဃာ​​တော် သီလရှင်များအား USD 30 ကန်​တော့ပါမယ်ဘုရား 🙏

Tour De Myanmar
Travels & Tour Co,Ltd
လိုင်စင်အမှတ်-TO(YGN)0012
ရုံးချုပ်-အမှတ်(၁၀၉)၊စဥ့်အိုးတန်းလမ်း၊လသာမြို့နယ်၊ရန်ကုန်မြို့
ရုံးခွဲ-အမှတ်(၃၃၂)၊နှီးဘုရားလမ်း၊
ရပ်ကွက်ကြီး(၁၇)၊ပြင်ဦးလွင်မြို့

⚜️ခရီးစဥ်လိုက်ပါသော ရဟန်းရှင်လူအ​ပေါင်းတို့အား ဂါရဝတရား ​ရှေ့ထား၍ နိဗ္ဗာန်၏အ​ထောက်အပံ့​ကောင်း ဖြစ်ပါ​စေ​ကြောင်း ဆု​တောင်း​မေတ္တာ ပို့သအပ်ပါတယ်ရှင် 🙏😊🍀

#သိင်္ဂီလှိုင်ဦးဆောင်သော
#ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့
#တိုးဒီနဲ့GOပြီ
တိုးဒီနဲ့ GO ပြီ။ ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့

09444222523,09777250050,09695311905,09779999147

03/08/2026

ဘဝရဲ့အနှစ်သာရ ခရီးစဥ်​လေးဖြစ်​စေဖို့ ဘက်စုံ ပါရမီဖြည့်​ပေးဖို့ ရည်ရွယ်ပါတယ် 🙏

မတ်လမှာ ထွက်ရှိခဲ့တဲ့ ခရီးစဥ်ကို မှတ်တမ်းတင်အပ်ပါတယ်

🪷🙏🪷🙏🪷🙏🪷🙏🪷🙏

​အောက်တိုဘာလမှ ဧပြီလဆန်းထိ လစဥ် ဘုရားဖူးခရီးစဥ်ထွက်ပြီမို့ အခုပဲ စာရင်း​ပေးသွင်းလို့ရပါပြီ

ပထမဆုံးစာရင်း​ပေးသွင်းသး အ​ယောက် ၃၀ ကို -တ​ယောက် USD 30 ​​မေတ္တာတုန့်ပြန်ပါမယ်ရှင့်

သံဃာ​​တော် သီလရှင်များအား USD 30 ကန်​တော့ပါမယ်ဘုရား 🙏

Tour De Myanmar
Travels & Tour Co,Ltd
လိုင်စင်အမှတ်-TO(YGN)0012
ရုံးချုပ်-အမှတ်(၁၀၉)၊စဥ့်အိုးတန်းလမ်း၊လသာမြို့နယ်၊ရန်ကုန်မြို့
ရုံးခွဲ-အမှတ်(၃၃၂)၊နှီးဘုရားလမ်း၊
ရပ်ကွက်ကြီး(၁၇)၊ပြင်ဦးလွင်မြို့

⚜️ခရီးစဥ်လိုက်ပါသော ရဟန်းရှင်လူအ​ပေါင်းတို့အား ဂါရဝတရား ​ရှေ့ထား၍ နိဗ္ဗာန်၏အ​ထောက်အပံ့​ကောင်း ဖြစ်ပါ​စေ​ကြောင်း ဆု​တောင်း​မေတ္တာ ပို့သအပ်ပါတယ်ရှင် 🙏😊🍀

#သိင်္ဂီလှိုင်ဦးဆောင်သော
#ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့
#တိုးဒီနဲ့GOပြီ
တိုးဒီနဲ့ GO ပြီ။ ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့

09444222523,09777250050,09695311905,09779999147

30/07/2026

#အာနန္ဒာဗောဓိပင် သမိုင်း
တချိန်က မြတ်စွာဘုရား သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်မှာ
ကိန်းအောင်းမွေ့လျော် သီတင်းသုံးတော်မူစဉ်တုန်းက၊ အမှန်တော့
သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းဆိုတာ မြတ်စွာဘုရား အများဆုံး သီတင်းသုံးတဲ့
ကျောင်းတော်ကြီး ဖြစ်ပါတယ်။ သာဝတ္ထိမြို့ဟာလည်း မြတ်စွာဘုရား အများဆုံး
သီတင်းသုံးတဲ့ မြို့တော်ကြီး ဖြစ်ပါတယ်။

ဇေတဝန်ကျောင်းတော်ကြီးရဲ့ ဒကာ အများကြားဖူးတဲ့ အနာထပိဏ်သူဌေးကြီး၊ အဲဒီ ဇေတဝန်ကျောင်းမှာ မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ်တုန်းက၊ သီတင်းသုံးတယ်ဆိုပေမယ့် မြတ်စွာဘုရားဟာ ဘယ်ကျောင်းမှာမှ အမြဲ မနေနိုင်ပါဘူး။
သတ္တဝါများအတွက် တရားဟောဖို့ ဒေသစာရီ ကြွချီပြီးတော့ သွားနေရစမြဲပါ။
အေးအေးချမ်းချမ်း အေးအေးဆေးဆေး ကျောင်းမှာထိုင်ပြီး သီတင်းသုံးနေတယ်ဆိုတာ
အင်မတန်မှ နည်းပါတယ်။

ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးသော်လည်းပဲ ကျွတ်ထိုက်တဲ့ ဝေနေယျသတ္တဝါများ နေ့တိုင်းနေ့တိုင်း ဉာဏ်မျက်စိမှာ ဖြန့်ကြည့်ပြီးတော့ ဉာဏ်ထဲမှာ ကျွတ်ထိုက်တဲ့
ပုဂ္ဂိုလ်များ၊ ဘုရားရဲ့ ကျေးဇူးပြုခံထိုက်တဲ့ ပုဂ္ဂိုလ်များ ပေါ်လာတယ်ဆိုရင်
ဘယ်လောက်ပဲ ဝေးဝေး၊ တယောက်တည်းဖြစ်ပါစေ ဆင်းရဲချမ်းသာမရွေး၊
အယုတ်အလတ် အမြတ်မရွေး ကြွရောက်ပြီးတော့ တရားဟောရတယ်။
တခါတရံလည်း နေ့ချင်းပြန်ပေါ့။ တခါတရံလည်း ရက်ရှည် ခရီးကြွနေရတာပဲ။

အဲဒီလို မြတ်စွာဘုရား သတ္တဝါများအတွက် တရားဟောဖို့ ခရီးဒေသစာရီ ကြွချီတဲ့အခါ မြို့ထဲမှာ ရှိတဲ့ ဒကာ ဒကာမတွေကတော့ နေ့တိုင်းနေ့တိုင်း ကျောင်းသို့ လာနေကျပါ။
ဘုရားရှိလည်း လာတာပဲ။ ဘုရားမရှိလည်း လာကြတာပဲ။
မနက်ပိုင်းလာလည်း မနက်ပိုင်း လှူဖွယ်တန်းဖွယ်တွေနဲ့။
နေ့လည်ပိုင်းလာလည်း နေ့လည်ပိုင်းအလျောက် လှူဒါန်းဖွယ်တွေနဲ့။
ညနေပိုင်းရောက်တော့လည်း ပန်းတို့ ဆီမီးတို့ စတဲ့ လှူဖွယ်တန်းဖွယ်တွေနဲ့
ကျောင်းလာကြတယ်။

အထူးအားဖြင့် မြတ်စွာဘုရားအား ပူဇော်ဖို့ ဖူးဖို့ဆိုပြီးတော့ ပန်းစသည် ယူပြီးတော့ ဒကာ ဒကာမတွေ ဇေတဝန်ကျောင်းလာကြတော့
မြတ်စွာဘုရား ဒေသစာရီ ကြွချီခိုက်နဲ့ ကြုံကြိုက်တဲ့အခါမှာ ဘုရားနှင့် မတွေ့ကြရဘူး။

သူတို့ ရည်ရွယ်ချက်က ဘုရားပူဇော်မယ်ဆိုတဲ့ ရည်ရွယ်ချက်နှင့် ပန်းစသည်
လှူဒါန်းဖွယ်မျိုးစုံ ယူလာကြတယ်။ လှူဖို့ ယူလာကြတယ်။

ကျောင်းရောက်တော့ ဘုရားနဲ့ မတွေ့တော့ စိတ်ထဲမှာ ဟာခနဲ ဖြစ်သွားကြတယ်။
စိတ်ထဲမှာ ဟာခနဲဖြစ်တော့ ဘုရားကို ပူဇော်ဖို့ ယူခဲ့တာ ဘုရားနှင့်က မတွေ့၊
ဘုရားကိုယ်စား ဘယ်အနား သွားပူဇော်ရမယ်လို့လည်း အသိတရားက မရှိသေး။
ဒီလိုဆိုတော့ ယူလာခဲ့တဲ့ ပန်းစတဲ့ လှူတန်းဖွယ်တွေကို မြတ်စွာဘုရား သီတင်းသုံးတဲ့
ဂန္ဓာကုဋိကျောင်းတံခါးဝနား စွန့်ထားခဲ့ပြီးတော့ အားငယ်တဲ့စိတ်ကလေးတွေနဲ့
အိမ်ပြန်,ပြန်သွားကြရတယ်။

တစ်ခါ မဟုတ်ဘူး၊ နှစ်ခါ မဟုတ်ဘူး။ အကြိမ်ကြိမ်ပဲ အဲဒီလို ဖြစ်ကြတယ်။
ဘုရားကလည်း ကျောင်းမှာ အမြဲတမ်း သီတင်းသုံးနေနိုင်တာ မဟုတ်ဘူး။
ဒေသစာရီ ကြွချီရတာက အများကြီး။

အဲဒီလို ဘုရား ဒေသစာရီ ကြွချီခိုက်နဲ့ ကြုံရတဲ့အခါများမှာ ဘုရားဖူးလာတဲ့ ပုဂ္ဂိုလ်တွေ၊
ဘုရားနှင့် မတွေ့ကြရတော့ အားငယ်ကြတယ်တဲ့။
ဆောက်တည်ရာ မရှိသလိုလို ကိုးကွယ်ရာ မရှိသလိုလို အဲလို ဖြစ်ကြတယ်။
လှူဖို့တန်းဖို့ ယူခဲ့ကြတဲ့ ပန်းစတဲ့ လှူဒါန်းဖွယ်များကိုလည်းပဲ ပူဇော်စရာ နေရာက
မသိသေးတော့ ဂန္ဓကုဋိကျောင်းတံခါးဝ စသည်မှာ ပစ်ထားခဲ့ကြတယ် တဲ့။

အဲဒါနဲ့ မြတ်စွာဘုရား ဒေသစာရီ ကြွချီရာက ပြန်လာတဲ့အခါ
အရှင်အာနန္ဒာလည်း ပါလာတယ်။
ဘုရားကြွသွားရင် အရှင်အာနန္ဒာလည်း လိုက်သွားရသဖြင့်
ဘုရားပြန်ကြွလာရင် အရှင်အာနန္ဒာလည်း ပါလာစမြဲ။

ဒီတော့ ဒကာ ဒကာမတွေက ဒီအကြောင်းကို ပဓာနကျောင်းဒကာကြီးဖြစ်တဲ့
အနာထပိဏ်သူဌေးကြီးကို ပြောကြတာပေါ့။
မြတ်စွာဘုရားဖူးဖို့ မြတ်စွာဘုရားထံ လှူဖို့တန်းဖို့ ပူဇော်ဖို့ သွားတဲ့အခါ
ဘုရားနဲ့ မတွေ့ရလို့ အားငယ်တဲ့အကြောင်း၊ ပူဇော်စရာ မတွေ့လို့ ပန်းစသည်ကို
ဂန္ဓကုဋိကျောင်းတံခါးမှာ စွန့်ပစ်ထားခဲ့ရတဲ့အကြောင်း၊
ဒါကြောင့် တကယ်လို့များ ဘုရားရှင် ဒေသစာရီ ကြွချီတဲ့အခါမှာ
ဘုရားအား ပူဇော်စရာ ဘုရားကိုယ်စား ပူဇော်စရာလေးများ ရှိရင် ကောင်းမှာ၊
မြတ်စွာဘုရားအား လျှောက်ပေးပါဦးလို့ လူတွေက
ကျောင်းဒကာ အနာထပိဏ်သူဌေးကြီးကို ပူဆာကြ ပြောကြတယ်။

အဲဒါနဲ့ မြတ်စွာဘုရား ဒေသစာရီ ကြွချီရာက ပြန်ကြွလာတဲ့အခါ
အရှင်အာနန္ဒာလည်း ပါလာတော့ အရှင်အာနန္ဒာထံ သွားပြီးတော့
အနာထပိဏ်သူဌေးကြီးက လျှောက်တယ်။

အရှင်ဘုရား .. မြတ်စွာဘုရားက ဇေတဝန်ကျောင်း သီတင်းသုံးတယ်ဆိုပေမယ့်
အမြဲတမ်း သီတင်းသုံးနိုင်တာ မဟုတ်တော့ သတ္တဝါများအတွက်
တရားဟောဖို့ သွားရတယ်ဆိုတော့၊ မြတ်စွာဘုရား ဒေသစာရီ ကြွချီတဲ့အခါ
ဟောဒီ ဇေတဝန်ကျောင်းထဲမှာ ဘုရားဆိတ်သုဉ်းသလိုပဲ ဖြစ်နေပါတယ်ဘုရား။

ဘုရားဖူးဖို့ လှူဖို့ တန်းဖို့ လာတဲ့ ပုဂ္ဂိုလ်များ ဘုရားနဲ့ မတွေ့တော့ အားငယ်ကြတယ် ဘုရား။ ဘုရားကိုယ်စား ကိုးကွယ်စရာကလည်း မရှိတော့ လှူဖို့ တန်းဖို့ ယူခဲ့တဲ့ ဥစ္စာတွေကို ဂန္ဓကုဋိကျောင်းတိုက်တံခါးနားမှာ ဒီအတိုင်းပဲ ချထားခဲ့ စွန့်ထားခဲ့ရတယ် ဘုရား။

ဒါကြောင့် မြတ်စွာဘုရားကို လျှောက်ပေးပါပေါ့။
ဘုရားမရှိတဲ့အခါ ဘုရားကိုယ်စား ကိုးကွယ်စရာ ပူဇော်စရာများ
မြတ်စွာဘုရား မိန့်ကြားပေးပါဘုရား၊ ညွှန်ကြားပေးတော်မူပါဘုရား။
အဲဒီလို အရှင်ဘုရားက မြတ်စွာဘုရားကို လျှောက်ပေးပါဦးဘုရားလို့
ကျောင်းဒကာ အနာထပိဏ်သူဌေးကြီးက
(အရှင်အာနန္ဒာ၊ လောကအပြောတော့ ဘုရားရဲ့ ကိုယ်ရေးအရာရှိပေါ့။
ဘုရားရဲ့ ကိုယ်ရေးအရာရှိလို့ ခေါ်ဆိုရမယ့်) အရှင်အာနန္ဒာကို လျှောက်တော့ -
အရှင်အာနန္ဒာက မြတ်စွာဘုရားထံ သွားလျှောက်တယ်။

“မြတ်စွာဘုရား၊ လောကမှာ စေတီဘယ်နှမျိုး ရှိပါသလဲ ဘုရား”
“သုံးမျိုးရှိတယ် အာနန္ဒာ”
“အဲဒီ သုံးမျိုးက ဘာတွေလဲဘုရား”
‘ပရိဘောဂစေတီ’၊ ‘ဥဒ္ဒိဿစေတီ’၊ ‘ဓာတုစေတီ’ပေါ့”
(ဓာတုစေတီကို ‘သရီရစေတီ’လို့လည်း ခေါ်တယ်)

အဲဒီ သုံးမျိုးထဲမှာ ‘ဓမ္မစေတီ’ထည့်လိုက်ရင် စေတီလေးမျိုးဆိုတာ ပေါ်လာတယ်။
စေတီဆိုတာ ပါဠိလို ‘စေတိယ’။ မြတ်နိုးထိုက်တယ်၊ ပူဇော်ထိုက်တယ်၊
လေးစားထိုက်တယ်၊ မြတ်မြတ်နိုးနိုး အားကိုးထိုက်တယ်
အဲဒါကို စေတီလို့ ခေါ်ပါတယ်။

မြတ်စွာဘုရားက မိန့်ကြားတော့ အရှင်အာနန္ဒာက -

“မြတ်စွာဘုရား .. အဲဒီ စေတီသုံးမျိုးကို
မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်မှာပဲ တည်လို့ ဖြစ်ပါသလား ဘုရား”လို့
အရှင်အာနန္ဒာက ပညာရှိပီပီ လျှောက်တယ်။

“နှစ်မျိုးတည်လို့ ဖြစ်တယ် အာနန္ဒာ”

ဓာတုစေတီဆိုတာ ဘုရားရဲ့ အရိုးဓာတ်တော်ကို ခေါ်တာ။
အရိုးဓာတ်တော်ဆိုတာကတော့ ဘုရားမရှိတဲ့နောက် ပရိနိဗ္ဗာန်စံပြီးမှပဲ ရမှာပေါ့။
ပရိဘောဂစေတီနဲ့ ဥဒ္ဒိဿစေတီဆိုတာကတော့ ငါဘုရား သက်တော်ထင်ရှားရှိနေစဉ်မှာပဲ
တည်လို့ ဖြစ်ပါတယ် အာနန္ဒာဆိုတော့

အရှင်အာနန္ဒာက
ဒီလိုဆို မြတ်စွာဘုရား၊ မြတ်စွာဘုရား သက်တော်ထင်ရှားရှိနေစဉ်မှာပဲ
ပရိဘောဂစေတီနှင့် ဥဒ္ဒိဿစေတီ တည်လို့ဖြစ်တယ်ဆိုရင်
တပည့်တော် စေတီတည်ချင်ပါတယ်ဘုရား ဆိုတော့ -

မြတ်စွာဘုရားက
ပရိဘောဂစေတီဆိုတာ ငါဘုရားရဲ့ အသုံးအဆောင်တွေဖြစ်တဲ့
သပိတ်တော်တို့၊ သင်္ကန်းတော်တို့ စတဲ့ ဥစ္စာအားလုံး၊
အသုံးအဆောင်အားလုံးဟာ ပရိဘောဂစေတီ ဖြစ်ပြီး

သီတင်းသုံးရာကျောင်းဆောင်ကြီးတွေ အုတ်ဂူ၊
အုတ်ကျောင်းကြီးများဟာလည်း
ပရိဘောဂစေတီအရာမှာ တည်ပါတယ်။

ဗောဓိပင်တို့ဆိုတာလည်းပဲ သဗ္ဗညုတရွှေဉာဏ်ကို ထိုးထွင်း၍
သိရာနေရာဖြစ်တဲ့အတွက် ပရိဘောဂစေတီလို့ပဲ ခေါ်ပါတယ်။

ဥဒ္ဒိဿစေတီဆိုတာကတော့
ငါဘုရားရဲ့ ဂုဏ်တော်ကို အာရုံပြုပြီးတော့
ကြည်ညိုမြတ်နိုးစွာ ကိုးကွယ်ရတဲ့ အလုပ်ပါ။
အဓိကတော့ အာရုံပြုတတ်ဖို့
စိတ်အားထက်သန်ဖို့သာ ပဓာနပါ။

အဲဒီလိုဆိုတော့ မြတ်စွာဘုရား အဲလို မိန့်ကြားတော်မူတော့
အရှင်အာနန္ဒာက အဲလိုဆိုလို့ရှိရင်
တပည့်တော် ဟောဟိုက ဇေတဝန်ကျောင်းတံခါးပေါက်မှာ
မြတ်စွာဘုရား သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိမြင်ရာဖြစ်တဲ့
မဟာဗောဓိပင်က ဗောဓိစေ့ကို ယူပြီးတော့
ဗောဓိပင် စိုက်ပျိုးချင်ပါတယ် ဘုရား တဲ့။

မြတ်စွာဘုရား ကျောင်းမှာ မရှိတဲ့အခါမှာ
ဒကာ ဒကာမတွေ ပူဇော်ဖို့ လာတဲ့အခါမှာ မြတ်စွာဘုရားနဲ့ မတွေ့တော့
ပူဇော်စရာနေရာ မတွေ့တော့ အားငယ်ကြတယ် ဘုရား။
ဒါကြောင့် မြတ်စွာဘုရား မရှိတဲ့အခိုက် ဒကာ ဒကာမတွေ ပူဇော်ဖို့
လှူတန်းဖို့ လာကြတဲ့အခါ

ပူဇော်စရာ လှူတန်းစရာ ဘုရားကို အာရုံပြု ပူဇော်လှူတန်းစရာအဖြစ်ဖြင့် ရအောင်
ပရိဘောဂစေတီအဖြစ် ဇေတဝန်ကျောင်းတံခါးပေါက်မှာ ဗောဓိပင် စိုက်ချင်တယ်ဘုရား၊
ဗောဓိပင်ကလည်း မြတ်စွာဘုရား သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိရာဖြစ်တဲ့
မဟာဗောဓိပင်က ဗောဓိညောင်စေ့ကို ယူပြီးတော့ စိုက်ပျိုးမှာပါဘုရားလို့
အရှင်အာနန္ဒာက လျှောက်တော့ မြတ်စွာဘုရားက -

ကောင်းတာပေါ့ အာနန္ဒာ၊ ဇေတဝန်ကျောင်း တံခါးပေါက်မှာ
ဗောဓိပင်ကြီး စိုက်ပျိုးလိုက်တော့
ဒီဇေတဝန်ကျောင်းထဲမှာ ငါဘုရား အမြဲသီတင်းသုံးနေသလို ဖြစ်တော့မှာ။
လာသမျှလူတွေ လှူဖို့တန်းဖို့ ပူဇော်ဖို့ အားကိုးဖို့ လာကြတဲ့ ပုဂ္ဂိုလ်အားလုံး ဘုရားရဲ့ဂုဏ် အာရုံပြုပြီးတော့ လှူကြတန်းကြ ပူဇော်ကြမယ်ဆိုရင် ကုသိုလ်တွေ ပွားကြမှာပေါ့။
ငါဘုရားနဲ့ အမြဲတွေ့နေသလိုပဲ နေမှာပေါ့ အာနန္ဒာ။
ဘုရားက ခွင့် ပြုပါတယ်။

အဲဒီ အကြောင်းအရာကို အရှင်အာနန္ဒာက ပသေနဒီကောသလမင်းကြီးထံလည်း
နဲ့ ကျောင်းဒကာ အနာထပိဏ်သူဌေးကြီးထံလည်း အကြောင်းကြားတယ်။
ပုပ္ဖါရုံကျောင်းအမကြီး ဝိသာခါ နဲ့ ဒီအပြင် ဒကာ ဒကာမတွေထံလည်း
အကြောင်းကြားပါတယ်။

ပြီးတော့ အရှင်အာနန္ဒာက
အရှင်မဟာမောဂ္ဂလာန်ထံ သွားအကူအညီတောင်းပါတယ်။
“အရှင်ဘုရား .. တပည့်တော် ဇေတဝန်ကျောင်းတံခါးပေါက်မှာ
ဗောဓိပင် စိုက်ပျိုးချင်တယ် ဘုရား၊ အရှင်ဘုရားရဲ့ တန်ခိုးနှင့်
မဟာဗောဓိပင်က ဗောဓိညောင်စေ့ရအောင်
ဆောင်ရွက်ပေးတော်မူစေချင်ပါတယ်ဘုရား” ဆိုတော့ -

အရှင်မဟာမောဂ္ဂလာန်က “
ငါ တာဝန်ယူပါတယ်” ဆိုပြီးတော့ အရှင်မဟာမောဂ္ဂလာန်က
တန်ခိုးနဲ့ ကောင်းကင်ခရီးကနေ မြတ်စွာဘုရား ပွင့်ခဲ့တဲ့ မဟာဗောဓိပင်ကို ကြွ၊
အဲဒီကို ကြွပြီးတော့ ဗောဓိညောင်သီးတစ်လုံးဟာ
အညှာကနေ ကြွေကျခိုက် အရှင်မဟာမောဂ္ဂလာန်က
မြေကြီးပေါ် မရောက်မီ ကြွေကျလျှင် ကြွေကျချင်း
သင်္ကန်းနဲ့ လှမ်းခံယူပြီးတော့ ကောင်းကင်ခရီးနဲ့ပဲ
ဇေတဝန်ကျောင်းကို ပြန်ကြွခဲ့တယ်။

အရှင်အာနန္ဒာက ဒကာ ဒကာမတွေ အသိပေးပြီးတော့ စေခိုင်းသင့်တဲ့
ပုဂ္ဂိုလ်များကို ကျောင်းတံခါးပေါက်မှာ မြေရှင်း၊ တွင်းများတူးခိုင်းပေါ့။
အားလုံး ကိစ္စပြီးပြီဆိုတဲ့အခါမှာ ရွှေပေါင်းချောင်ထဲမှာ နံ့သာနဲ့ထုံထားတဲ့
မြေများ ထည့်ပြီးတော့ အဲဒီ ဗောဓိညောင်စေ့များကို ချပြီးတော့
ပသေနဒီကောသလမင်းကြီးကို စိုက်ပျိုးခိုင်း။

ပသေနဒီကောသလမင်းကြီးကလည်း
ကျောင်းဒကာ အနာထပိဏ်သူဌေးကြီးလက်ထဲ လွှဲ။
အနာထပိဏ်သူဌေးကြီးက ဗောဓိညောင်စေ့ကို
အဲဒီထဲမှာ ကြဲချ စိုက်ပျိုးလိုက်တယ်ဆိုရင်ပဲ
အံ့သြစရာကောင်းလောက်အောင်တဲ့ ဗောဓိညောင်ပင်ကြီး
ဘွားခနဲဆို ချက်ချင်း ပေါ်ပေါက်လာသတဲ့။

စေတနာအားတွေ၊ သဒ္ဓါအားတွေ၊ တန်ခိုးအားတွေ အကုန်လုံးပေါ့။
နှလုံးသာ တရားတည်ဆိုတဲ့အတိုင်း ဘုရားယုံကြည်မှုက သိပ်အားကောင်း၊
တရားယုံကြည်မှုက သိပ်အားကောင်း၊ စွမ်းအားတွေက
အင်မတန် အားကောင်းလွန်းလို့ ယုံနိုင်စရာ မရှိဘူးတဲ့။

အထက်ကို အတောင်ငါးဆယ်၊
ဘေးလေးဖက်လေးတန်ကိုလည်း အတောင်ငါးဆယ်၊
အကိုင်းအခက်တွေ တခါတည်း ရှုမငြီး အံ့မခန်းနိုင်လောက်အောင်
ဗောဓိပင်ကြီး ဘွားခနဲ ပေါက်လာသတဲ့။

အဲဒါနဲ့ အရှင်အာနန္ဒာက ဘုရားထံ သွားလျှောက် -
“ဗောဓိပင် စိုက်ပျိုးပြီးပါပြီ ဘုရား၊ အဲဒီ ဗောဓိပင်မှာ
မြတ်စွာဘုရား ဖလသမာပတ် ဝင်စားတော်မူပါဘုရား၊
အသုံးချတော်မူပါ ဘုရား” ဆိုတော့ မြတ်စွာဘုရားလည်း
အဲဒီ စိုက်ပျိုးထားတဲ့ ဗောဓိပင်အောက်သွားပြီး
တစ်ညလုံး ဖလသမာပတ်ဝင်စားတော်မူတယ်။

အရှင်အာနန္ဒာကို အကြောင်းပြုပြီးတော့ စိုက်ပျိုးတဲ့ ဗောဓိပင်ဖြစ်လို့
“အာနန္ဒာဗောဓိ”လို့ ခေါ်ပါတယ်။

ဒီတော့
ဘုရားဂုဏ်ကို အာရုံပြုတာ အဓိကပါ။
အဓိကအားဖြင့် နှလုံးသားမှာ တရားတည်တာပါ။
နှလုံးသား တရားတည်တဲ့ စွမ်းအားကြောင့်မို့လို့
ဇေတဝန်ကျောင်းတံခါးပေါက်မှာ ဘုရားကိုယ်စား
ဘုရားရဲ့ အသုံးအဆောင် မဟာဗောဓိပင်မှ အပွားဖြစ်တဲ့
ဗောဓိပင်ဆိုတာ ပေါ်လာရတယ်။

ဒါကြောင့် စေတီဆိုတာ ဘုရားရှိကတည်းက ပေါ်လာတဲ့ ဥစ္စာပါ။
ဘုရားကိုယ်တိုင်လည်း ခွင့်ပြုထားတယ်။
ငါဘုရား မရှိတဲ့နောက် ငါဘုရား မရှိတဲ့အခါ ငါဘုရားကိုယ်စား ဘုရားကို အာရုံပြု ပူဇော်ရင် တကယ်တွေ့ရသလိုပဲ ပူဇော်ရသလို အကျိုး ရပါတယ်လို့ ဘုရားကလည်းပဲ ချီးမွှမ်းဂုဏ်တင်ထားပါတယ်။

(တိပိဋကဓရ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ, ယောဆရာတော် ၏ “နှလုံးသားဝယ် ဘုရားတည် - ဓမ္မစာစုများ အမှတ် (၁)”

🪷🙏🪷🙏🪷🙏🪷🙏🪷🙏
​အောက်တိုဘာလမှ ဧပြီလဆန်းထိ လစဥ် ဘုရားဖူးခရီးစဥ်ထွက်ပြီမို့ အခုကဲ စာရင်း​ပေးသွင်းလို့ရပါပြီ

ပထမဆုံးစာရင်း​ပေးသွင်းသး အ​ယောက် ၃၀ ကို -တ​ယောက် USD 30 ​​မေတ္တာတုန့်ပြန်ပါမယ်ရှင့်

Tour De Myanmar
Travels & Tour Co,Ltd
လိုင်စင်အမှတ်-TO(YGN)0012
ရုံးချုပ်-အမှတ်(၁၀၉)၊စဥ့်အိုးတန်းလမ်း၊လသာမြို့နယ်၊ရန်ကုန်မြို့
ရုံးခွဲ-အမှတ်(၃၃၂)၊နှီးဘုရားလမ်း၊
ရပ်ကွက်ကြီး(၁၇)၊ပြင်ဦးလွင်မြို့

⚜️ခရီးစဥ်လိုက်ပါသော ရဟန်းရှင်လူအ​ပေါင်းတို့အား ဂါရဝတရား ​ရှေ့ထား၍ နိဗ္ဗာန်၏အ​ထောက်အပံ့​ကောင်း ဖြစ်ပါ​စေ​ကြောင်း ဆု​တောင်း​မေတ္တာ ပို့သအပ်ပါတယ်ရှင် 🙏😊🍀

#သိင်္ဂီလှိုင်ဦးဆောင်သော
#ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့

တိုးဒီနဲ့ GO ပြီ။ ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့

09444222523,09777250050,09695311905,09779999147

 #ဝါဆိုလပြည့်နေ့အကြောင်း===============================မြန်မာဆယ့်နှစ်လ ရာသီပွဲတော်တွင် ဝါဆိုလ၏ အဓိပ်ပါယျမှာ ရဟန်းသံဃာတော...
29/07/2026

#ဝါဆိုလပြည့်နေ့အကြောင်း
===============================

မြန်မာဆယ့်နှစ်လ ရာသီပွဲတော်တွင် ဝါဆိုလ၏ အဓိပ်ပါယျမှာ ရဟန်းသံဃာတော်တို့ မိမိ၏ ကျောင်းအရာမ်အတွင်း၌ ဝါတွင်းသုံးလပတ်လုံး အရပ်တစ်ပါးသို့ မရွှေ့မပြောင်းဘဲ နေထိုင် သီတင်းသုံးခြင်းကို ရည်စူး၍ ဝါဆိုလ ခေါ်သည် ဟု ဖွင့်ဆိုသည်။ ဝါဆိုလတွင် ရှင်၊ ရဟန်း ပဉ္စင်းခံသည့်လဟုလည်း သတ်မှတ်ကြသည်။ အကြောင်းကား ဝါတွင်းသုံးလအတွင်း ညအိပ် ခရီးသွားလာခွင့် မရှိသဖြင့် ရဟန်းသံဃာတော်များ အစုံအလင်ရှိကြသည်။ ထိုကြောင့် ရှင်၊ ရဟန်း ခံရန်၊ ပြုရန် အတင့်တော်ဆုံးလဟု ဆိုသင့်ပေသည်။

ဗုဒ္ဓဘာသာဝင်ဖြစ်ကြသည့် ကြှနျုပျတို့သညျ ဝါဆိုလပြည့်နှင့် သက်ဆိုင်သည့် ဗုဒ္ဓဝင် အချက်အလက် များကို သိရှိထားကြသည်။ ကျက်မှတ်ထားကြသည်။ သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို ဟူ၍ နှုတ်တက်နေကြသည်။ ဗုဒ္ဓရှင်ဘုရား ပဋိသန္ဓေ တည်တော်မူခြင်း၊ ထွက်တော်မူ နန်းက ခွါခြင်း၊ တရားဦးဓမ္မစကြာ ဟောကြားခြင်းတို့သည် တိုက်ဆိုင်စွာ ဝါဆိုလပြည့်နေ့ချည်း ဖြစ်နေခဲ့သည်။ ထိုကြောင့်လည်း ဗုဒ္ဓဘာသာ တိုင်းပြည်မှန်သမျှ ဝါဆိုလပြည့်ကို နေ့ထူးနေ့မြတ် တစ်ရက်အဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်ပေသည်။

ဓမ္မစကြာတရားဦးဟောကြားနေပုံ
ဝါဆိုလမြတ်
ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အဖြစ်လည်းကောင်း၊ သံဃာတော်များ ဝါကပ်သည့်နေ့ အဖြစ်လည်းကောင်း လူသိများကြသည်။

တကယ်တမ်း စီစစ်ကြည့်ပါမူ အထက်ပါ ကြှနျုပျတို့ နှုတ်တက်နေသော ကဗျာလင်္ကာအတိုင်း ဗုဒ္ဓရှင်တော်ဘုရား မယ်တော်မဟာမာယာဒေဝီ ဝမ်းကြာတိုက်သို့ ပဋိသန္ဓေ ယူတော်မူသည့်နေ့၊ နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ တောထွက်တော်မူသည့်နေ့၊ ဘုရားအဖြစ်သို့ ရောက်ရှိကာ တရားဦး ဓမ္မစကြာ ဟောကြားတော်မူသောနေ့တို့သည် ဝါဆိုလပြည့်နေ့တွင် ဖြစ်ကြပါသည်။ သို့သော်လည်း တရားဦး ဓမ္မစကြာ ဟောကြားသောနေ့ကိုသာ အဖျားဆွတ် ယူလိုက်ခြင်းဖြစ်သည်။ လူအဖြစ်သို့ မရောက်ရှိဘဲ၊ ဘုရားအဖြစ်သို့ မရရှိဘဲနှင့် ဓမ္မစကြာ တရားတော်ကို ဟောတော်မမူနိုင်။ ထိုကြောင့်လည်း ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့အဖြစ် (ရလာဒ်ကိုကြည့်) သတ်မှတ်ခြင်းသည် သင့်တော်သော သတ်မှတ်ချက်ဟု ဆိုနိုင်ပါသည်။

ပထမဦးဆုံး ဓမ္မစကြာ (ဓမ္မစက္ကပဝတ္တနသုတ်) တရားတော်ကို ပဉ္စဝဂ္ဂီ ၅-ဦးတို့အား ဟောကြားခြင်း သည်လည်းကောင်း၊ တရားတော်၏ အနှစ်ချုပ်ဖြစ်သော အစွန်း ၂-ပါးလွတ် အလယ်အလတ်လမ်း ကျင့်စဉ်ကိုလည်းကောင်း ဗုဒ္ဓဘာသာဝင်တိုင်း သိရှိကြပြီး ဖြစ်သည်။ သို့သော် ဤတရားဦးမှ ခန္ဓာ ၅-ပါးအကြောင်းနှင့် သစ္စာ ၄-ပါးတို့အကြောင်းကို လူသားတို့အား ပထမဦးဆုံးအဖြစ် ဗုဒ္ဓဂေါတမ တစ်ပါးသည်သာ မိတ်ဆက်ပေးနိုင်ခဲ့သည်ကိုကား လူသိနည်းလှပါသည်။ ဗုဒ္ဓမှတပါး အခြား မည့်သည့်ဆရာကမှ ဤအဆန်တရားတော်ကို ဟောကြားခြင်း မရှိသေး။

ဒုတိယ တရားတော် ဖြစ်သော အနတ္တလက္ခဏသုတ်တွင်လည်း မိမိသည် မရှိ၊ ငါ၊ သူတစ်ပါး၊ ယောင်္ကျား၊ မိန်းမ မရှိ၊ ခန္ဓာ ၅-ငါးတို့၏ အစုအဖွဲ့မျှသာဟု ရဲဝံ့စွာ ထုတ်ဖော်ခဲ့ပြန်သည်။ ငါ၊ ငါ ဟူ၍ လူသားတိုင်း လက်ခံထားသည့် အချိန်တွင် အနတ္တ-ငါမရှိဟု ထုတ်ဖော် ဟောကြားခဲ့ခြင်းသည် အဆန်တရားတော်ကို ဟောကြားခြင်းဖြစ်သကဲ့သို့ လူအကြိုက်ကို မလိုက်၊ အမှန်တရားကိုသာ လက်ကိုင်ထား ဟောကြားသည့် တရားတော်လည်း ဖြစ်သည်။ ထိုကြောင့်လည်း ဗုဒ္ဓ၏ ပထမခြေလှမ်း ဤတရားတော် ၂-ပုဒ်သည် လောကကြီး တစ်ခုလုံးကို ပွက်လောစေခဲ့သည်။ ဗုဒ္ဓဘာသာဝင်တို့အတွက် ပထမဦးဆုံး စတင်ကျင့်သုံးရမည့် ပထမခြေလှမ်း အခြေခံတရားတော် တစ်ကွက်ဟုလည်း ဆိုနိုင်သော တရားတော်များ ဖြစ်သည်။

ဝါကပ် သံဃာတော်
သံဃာတော်တိုင်း (ဝါထပ်ပါက ဒုတိယ) ဝါဆိုလပြည့်နေ့တွင် ဝါကပ်တော်မူကြရပါသည်။ ဝါကပ်ခြင်းကို ဝါဆိုခြင်း၊ ဝါဝင်ခြင်းဟုလည်း ခေါ်ဝေါ်ကြသည်။ ဝါကပ်ခြင်း အဓိပ်ပါယျမှာ ဝါတွင်းသုံးလပတ်လုံး အရေးကြီးသော ကိစ္စရပ် ငါးခုမှ အပ ကျောင်းတိုက်တစ်ခု၏ အရာမ် (ဝင်း) အတွင်းတွင်သာ ညဉ့်အိပ်ညဉ့်နေ သီတင်းသုံး (ကပ်နေရ) ခြင်းကို ဆိုလိုသည်။ ပါဠိဝေါဟာရ ဝဿံ ဥပေမိ - ကြှနျုပျ ဝါကပ်ပါ၏ ဟု အဆိုရှိသဖြင့် ဥပ-သဒ်ဒါကို ဆည်းကပ်ခြင်း၊ ကပ်ခြင်းဖြင့် အဓိပ်ပါယျ ဖွင့်ထားသည်။

ဝါဆိုလပြည့်နေ့တွင် ဝါကပ်ရမည်၊ ဝါဆိုရမည်ဟု သာမန် ဆိုလိုက်သော်လည်း အမှန်ကား ဝါဆိုလပြည့်ကျော် ၁-ရက်တွင်မှ ဝါကို စတင် ကပ်ရ၊ ဝင်ရခြင်း ဖြစ်သည်။ ဝါဆိုလပြည့်နေ့သည် နေ့ထူးနေ့မြတ် ဖြစ်သည့်အားလျှော်စွာ မိမိ အမှန်တကယ် သီတင်းသုံးရမည့် ကျောင်း (သို့မဟုတ်) ကျောင်းတိုက်အတွင်း အသင့်ရှိနေရမည်ကို ရည်ရွယ်ကာ ဝါဆိုလပြည့်နေ့တွင် ဝါကပ်မည်ဟု သာမန် ဆိုလိုက်ခြင်း ဖြစ်ပေသည်။ သီတင်းကျွတ်လပြည့်နေ့တွင် ပဝါရဏာပြုရမည်ကို နောက်ပြန် တွက်ချက်ခြင်းအားဖြင့် ဝါဆိုလပြည့်ကျော် ၁-ရက်တွင် ဝါကပ်မှသာလျှင် သုံးလအတိ ပြည့်မည် ဖြစ်သောကြောင့်တည်း။ ပါဠိအလို တေ မာသံ - သုံးလ ဟု လာရှိသည်။

ရဟန်း သံဃာတော်တိုင်း ဝါမကပ် မနေရ၊ ကပ်ကို ကပ်ရမည်ဟု ပညတ်ချက်ရှိသည်။ ဗုဒ္ဓမြတ်စွာ ရာဇဂြိုဟ်မြို့၊ ရှဉ့်များကို အစာကျွေးရာ ကလန္ဒကနိဝါပ ဥယျာဉ်၊ ဝေဠုဝန်ကျောင်းတွင် သီတင်းသုံးစဉ် သံဃာတော်များအား မိုးတွင်းသုံးလ ဝါကပ်ကြရန် ပညတ်ချက် ထားတော်မူသည်။ ပညတ်တော်မူရခြင်း အကြောင်းရင်းကား ဤသို့တည်း။

ရဟန်းတော်များသည် မြတ်စွာဘုရား၏ သာသနာပြု အဓိဌာန်ဖြစ်သော မာ ဧကနေ ဒွေ- လမ်းတစ်ကြောင်းတည်း နှစ်ပါးမသွားပါနှင့် အလိုတော်အရ သာသနာပြုခရီး ကြွချီကြသည်။ နေ့မရွေး၊ ညမနား၊ နေမိုးကို အန်တု၊ ဆောင်းကို မမှု သာသနာပြု စိတ်ဓာတ်ဖြင့် အရပ်အရပ် အရွာအရွာသို့ လှည့်လည်ကာ အသိအမြင် မပွင့်လင်းသေးသော သူတို့အား ဗုဒ္ဓတရားတော်များ ပြန့်ပွါးအောင် ပြောဆိုဆုံးမ သွန်သင်ကြသည်။ သို့ဖြင့် ရာသီမရွေး ခရီးထွက်ကြသည်။ နွေရာသီ၊ ဆောင်းရာသီတို့တွင် ခရီးထွက်သည့်အခါ ကိစ္စမရှိ။ လမ်းခရီးများ ခြောက်သွေ့နေသဖြင့် ခရီးထွင်သည်။ ကြွလိုသည့် လမ်းခရီးကို အလွယ်တကူနှင့် အမြန်ရောက်နိုင်သည်။ သို့သော် မိုးတွင်းကာလတွင် ခရီးထွက်သည့်အခါ ပြဿနာ ရှိနိုင်သည်။ လမ်းခရီးတွင် ရွံနွံဗွက်အိုင်တို့ဖြင့် ပြည့်နှက်နေမည်။ ချောင်းမြစ်အင်းအိုင်တို့တွင် ရေဖြင့် ပြည့်လျှံနေမည်။ ထိုအခါ ကွေ့ရ ပတ်ရမှ သွားနိုင်သကဲ့သို့၊ မြေဖို့ထားသော လယ်ကန်သင်းကို လမ်းအဖြင့် အသုံးပြုကာ သွားရမည်လည်း ရှိနိုင်ပေသည်။ လယ်ယာလုပ်သည့်ကာလ ဖြစ်သည့်အလျှောက် လယ်သမားများက သူတို့ ဖို့ထားသည့် ကန်သင်းကို ဖြတ်သန်းသွားလာနေသည်မှာ ကြိုက်မည်မဟုတ်။ ဘာသာခြား လယ်သမားဆို ပိုပင် ဆိုးမည်။

ထိုကြောင့် ခရီးသွားသည့်ရဟန်းကို မြင်တိုင်း ကဲ့ရဲ့ပြစ်တင်ကြသည်။ သာကီဝင်နွယ်ဖြစ်တဲ့ ရဟန်းတွေများ နွေမိုးဆောင်း မရှောင် ခရီးသွားနေကြတာပဲ။ စိမ်းလန်းတဲ့ ကောက်တွေကို ဖျက်စီးပစ်ကြလိုက်တာ၊ ပိုးမွှားတွေကို ဖြတ်နင်းသတ်လိုက်ကြတာ။ စွတ်စိုတဲ့ကာလမှာတောင် တစ်နေရာထဲ နေဖို့ မကြိုးစားကြချင်ဘူး။ ကျေးငှက်သာရကာတွေတောင် မိုးတွင်းကာလရောက်ရင် အသိုက်အမြုံ အကျအန ဆောက်ပြီး နေကြသေးတာပဲ။ ဒီရဟန်းတွေက ခရီးထွက်ဖို့ပဲ စိတ်ကူးနေကြတာ အစရှိသည့် စကားတို့ဖြင့် ကဲ့ရဲ့ကြသည်။ အပြစ်တင် ကြသည်။ ဝေဖန်ကြသည်။

ဤအမနာပ စကားသံတို့သည် ဗုဒ္ဓဘုရားထံ တိုက်ရိုက်ရောက်လာသည့်အခါ အများ၏ အကြည်ညိုခံ ရဟန်းတော်များအတွက် သာသနာပြုလမ်း ဖြောင့်တန်းရေးအတွက် ဝါကပ်ကြရန် ပညတ်ချက် ထားတော်မူရသည်။ ပညတ်ချက်အပေါ်တွင် အကျိုးခံစားခွင့်လည်း ဗုဒ္ဓက ဖွင့်ပေးထားသည်။ ကထိန်သင်္ကန်း ဆက်ကပ်သည့် အလှူရှင်ပေါ်လာသည့်အခါ ဝါတွင်းသုံးလအတွင်း ဝါမကျိုးသော (ကျောင်းပြင်ပသို့ မထွက်ဘဲ ထိန်းနိုင်သော) ရဟန်းတော်များအတွက် ကထိန်အနိသင် ၅-မျိုး ခံစားခွင့်ရကြသည်။

မြန်မာပြက္ကဒိန်အရ လေးနှစ်ရောက်တိုင်း ပထမဝါဆို ဒုတိယဝါဆို ဟူ၍ ခွဲခြားထားသော်လည်း သံဃာတော်များ၏ ပထမဝါဆို ဒုတိယဝါဆိုမှာ ပြက္ကဒိန်အလို မဟုတ်ပါ။ ဝါဆိုလပြည့်ကျော် ၁-ရက်နေ့တွင် ဝါဆို ဝါဝင် ဝါကပ်သော ရဟန်းတော်များကို ပုရိမ-ဝါဆို ပုရိမ-ဝါဝင် ပုရိမ-ဝါကပ် (အရပ်သုံးစကား- ပထမ-ဝါဆို၊ ပထမ-ဝါဝင်၊ ပထမ-ဝါကပ်) ဟူ၍ ခေါ်ပြီး၊ အကြောင်းကြောင်းကြောင့် ဝါခေါင်လပြည့်ကျော် ၁-ရက်တွင်မှ ဝါဆို ဝါဝင် ဝါကပ်နိုင်သော သံဃာတော်များကို ပစ္ဆိမ-ဝါဆို ပစ္ဆိမ-ဝါဝင်၊ ပစ္ဆိမဝါကပ် (အရပ်သုံးစကား- ဒုတိယ-ဝါဆို၊ ဒုတိယ-ဝါဝင်၊ ဒုတိယ-ဝါကပ်) ဟူ၍ သတ်မှတ်သည်။

ဝါဆိုလပြည့်ကျော် ၁-ရက်နေ့တွင် ဝါဆို ဝါဝင် ဝါကပ်သော သံဃာတော်များသည် သီတင်းကျွတ်လပြည့်နေ့တွင် သုံးလပြည့်၍ ဝါကျွတ်သည်။ ပဝါရဏာပြု ရသည်။ ကထိန်အကျိုး ၅-မျိုး ခံစားခွင့် ရသည်။ ဝါခေါင်လပြည့်ကျော် ၁-ရက်နေ့တွင်မှ ဝါဆို ဝါဝင် ဝါကပ်သော သံဃာတော်များသည် တန်ဆောင်မုန်းလပြည့်နေ့တွင် သုံးလပြည့်၍ ဝါကျွတ်သည်။ ပဝါရဏာပြု ရသည်။ ကထိန်အကျိုး ၅-မျိုး ခံစားခွင့် ဆုံးရှုံးသည်။

ဝါပန်ခြင်းနှင့် ဝါကျိုးခြင်း
ဝါဆိုဝါကပ်ထားတဲ့ ရဟန်းတော်များဟာ ဝါတွင်းကာလမှာ တခြားနေရာအရပ်ဒေသသို့ ညအိပ်ညနေ ကြွသွားလို့ မရပါဘူး။ နေ့လည်နေ့ခင်း နောက်နေ့ အာရုဏ်မတက်မီ ကျောင်းကိုပြန်ရောက်နိုင်ရင်တော့ ကြွလို့ရပါတယ်။ ဒါပေမယ့် အကြောင်းကိစ္စရှိလို့ မဖြစ်မနေ ကြွရောက်ရမယ့် ကိစ္စပေါ်ပေါက်လာပါက ဝါပန်ပြီး ခုနှစ်ရက် ကြွလို့ရပါတယ်။ ခုနှစ်ရက်ထက်ပိုပြီး ကြွလို့မရပါဘူး။ ကျော်လွန်ပါက အာပတ်သင့်ပါတယ်။ ဝါပန်တယ်ဆိုတာ ခုနှစ်ရက်အတွင်း မိမိဝါဆိုဝါကပ်ပြုထားသည့် ကျောင်းကိုပြန်လည်ကြွရောက် ပါမည့်အကြောင်း အဓိဋ္ဌာန်ပြုခြင်းကို ဝါပန်တယ်လို့ ဆိုပါတယ်။ ဝါဆိုဝါကပ်ပြုပြီး ဝါမပန်ဘဲ ကြွသွားခဲ့မိသော် သို့မဟုတ် ခုနှစ်ရက်ထက် ကျော်လွန်သွားခဲ့သော် ဝါကျိုးပါတယ်။

ဝါကျိုးခြင်းနှင့် ဝါအရေအတွက် မရခြင်း
ဝါကျိုးတယ်ဆိုတာ ဝိနည်းဥပဒေ မလိုက်နာမိ၍ ဥပဒေ ကျိုးပျက်သွားခြင်းဖြစ်ပြီး ဒုက္ကဋ်အာပတ်သင့်ခြင်းကို ဆိုပါတယ်။ တစ်ချို့က ဝါကျိုးရင်ကိုပဲ ဝါမရဘူး ဒီကျိုးတဲ့ ဝါကို ဝါအရေအတွက်ထဲ ထည့်ရေလို့မရဘူးလို့ ထင်တတ်ပါတယ်။ ရေတွက်လို့ရပါတယ်။ ဝါကျိုးပျက်လို့ အာပတ်သင့်ခြင်း၊ ကထိန်ခံခွင့် မရခြင်းပဲ ရှိပါတယ်။ ဝါအရေအတွက်လျော့ခြင်း မရှိပါဘူး။ ဒါပေမယ့် ဝါကျိုးပျက်တိုင်းလည်း အာပတ်မသင့်ပါဘူး။ အန္တရာယ်တစ်စုံတစ်ခု ကျရောက်ဖြစ်ပေါ်ခြင်း သံဃာကွဲခြင်းကြောင့် ဝါဆိုဝါကပ်ပျက်ခြင်း ဝါကျိုးခြင်း ဖြစ်တဲ့အခါ ဒီဝါပျက်ဝါကျိုးခြင်းကြောင့် အာပတ်မသင့်ပါဘူး။

ဝါဆိုသင်္ကန်း
ဝါဆိုသင်္ကန်းဆိုပြီး ကပ်လှူလေ့ရှိတဲ့ သင်္ကန်းကို စာပေကတော့ ဝဿဝါသိကစီဝရလို့ ခေါ်ပါတယ်။ တိုက်ရိုက်မြန်မာပြန်ရင် မိုးရေခံသင်္ကန်းလို့ အဓိပ်ပါယျရပါတယျ။ ဝိသာခါ ဒါယိကာမကြီးရဲ့ တောင်းဆိုချက်ကြောင့် မြတ်စွာဘုရားရှင်က ဒီသင်္ကန်းလှူဒါန်းမှုကို ခွင့်ပြုတော်မူပါတယ်။ ဒီသင်္ကန်းလှူဒါန်းမှုမှာ တစ်ချို့က ဝါမဆိုခင်ပဲ လှူဒါန်းလို့ ရတယ်လို့ ထင်ကြပါတယ်။ အဲလိုမဟုတ်ပါဘူး။ ဝါမဆိုခင်ရော ဝါဆိုနေတဲ့ ဝါတွင်းအချိန်မှာရော ကြိုက်သလောက် ကြိုက်သလို လှူဒါန်းနိုင်ပါတယ်။ ကထိန်သင်္ကန်းနဲ့ မတူတဲ့အချက်က ကထိန်သင်္ကန်းကတော့ ကာလသတ်မှတ်ချက် ကျောင်းသတ်မှတ်ချက်စတာတွေ ရှိပါတယ်။ ဝါဆိုသင်္ကန်းကတော့ အဲလိုသတ်မှတ်ချက်မရှိဘဲ ဝါမဆိုခင်ရော ဝါတွင်းမှာရော ကြိုက်သလို လှူနိုင်တဲ့အချက်ပါ။ များသောအားဖြင့် ဝါမဆိုခင်မှာ လှူကြတာများပါတယ်။ အဲဒါမှ ဝါတွင်းမှာ ဒီသင်္ကန်းကို ဝတ်ရုံပြီး မိုးစိုတဲ့သင်္ကန်းကို အလဲအလှယ် လုပ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ကအာရုံပြုပြီး အချိန်မရွေး လှူဒါန်းနိုင်ပါတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

ဝါတွင်းသုံးလပတ်လုံး (ပုရိမ+ ပစ္ဆိမနှစ်မျိုးလုံး) ဝါဆို ဝါဝင် ဝါကပ်ထားသော သံဃာတော်များတို့သည် ကိစ္စကြီး ၅-ရပ် ပေါ်ပေါက်လာပါက ဝါတွင်းကာလ ခရီးထွက်ခွင့် ရပါသေးသည်။ သို့သော် ဝါပန်ရမည်။ ၇-ရက်၊ ၇-ည မပြည့်မီ (၆-ရက်၊ ၆-ည) ကာလအတွင်း ဝါကပ်ထားသည့် ကျောင်းကို အရောက် ပြန်လာရမည်ဟု အဓိဌာန်ပြု ရွတ်ဆိုရမည်။ ဤကာလအတွင်း မူလဝါဝင်ကျောင်းကို ပြန်မရောက်ပါက ဝါကျိုးသည် ဝါပျက်သည်ဟု ခေါ်ဆိုသည်။ ဝါ-အရေအတွက် ကျိုးသွားသည်၊ ပျက်သွားသည်ဟု မမှတ်ယူဘဲ၊ ကထိန်အနိသင်သာ မရရှိခြင်း ဖြစ်သည်။ ဝါကျိုး၊ ဝါပျက်သော်လည်း သိက္ခာတော် ၁-ဝါ၊ ၂-ဝါ ရေတွက်နိုင်ပါသည်။ ထိုကြောင့် ဝါတွင်း၌ သံဃာတော်များ ညအိပ် ခရီးမထွက်ရဟု ပုံသေ တွက်မထားကြပါရန်နှင့် ဝါတွင်းကာလ ခရီးထွက်နေသော ရဟန်းတော်များကိုလည်း အပြစ်မမြင် ကြရန် လိုအပ်လှပေသည်။

ရှေးခေတ် ရဟန်းတော်များ ခရီးထွက်ရသည်မှာ သာသနာပြုခရီး ကြွချီကြလော့ ဟူသော မြတ်ဗုဒ္ဓ၏ စကားတော်ကို လိုက်နာနေကြခြင်း ဖြစ်သည်။ ပြန်ပြောင်း တင်ပြရမည် ဆိုသော်-
ဝါဆိုလပြည့်ညတွင် တရားဦးဓမ္မစကြာ နာကြားပြီးသည့်နောက် ပဉ္စဝဂ္ဂီငါးပါးအစုတွင် အကြီးဆုံးဖြစ်သော ကောဏ္ဍညထေရ် သောတာပန် တည်သည်။ ဝါဆိုလပြည့်ကျော် ၅-ရက်နေ့တွင် ဒုတိယ တရားတော်ဖြစ်သည့် အနတ္တလက္ခဏသုတ်တော်ကို နာကြားပြီးနောက် ပဉ္စဝဂ္ဂီငါးပါးလုံး ရဟန္တာ ဖြစ်ကြသည်။ ဘုရားအပါအဝင် လူသား ၆-ဦး ရဟန္တာ ဖြစ်ကြသည်။ ယသထေရ် အစရှိသော လူသား ၅၅-ဦး ရဟန်းဝတ်ပြီးနောက် ရဟန်းတရား အားထုတ်သဖြင့် မဂ်ဖိုလ်ပေါက် ရဟန္တာအဖြစ်သို့ ရောက်ရှိပြန်သည်။ ထိုနှစ် တန်ဆောင်မုန်းလပြည့် မတိုင်ခင် ကာလအတောအတွင်း လူသား ၆၁-ဦးတို့ ရဟန္တာဖြစ်နှင့်နေကြပေပြီ။ ပါဠိအဆိုကား- တေန ခေါ ပန သမယေန ဧကသဌိ လောကေ အရဟန္တော ဟောန္တိ- ထိုအချိန်တွင် လောကကြီး၌ ၆၁-ပါးသော ရဟန္တာများ ပေါ်ပေါက်ခဲ့သည်။(မဟာဝါ ပါဠိတော်၊ မဟာခန္ဓကဝဂ်)

ထိုသို့ ရဟန္တာ ခြောက်ကျိပ်တစ်ပါး ပေါ်ထွန်းလာသောအခါ တစ်နေရာတည်းတွင် စုဝေးမနေကြဘဲ နယ်လှည့် သာသနပြုကြရန် မြတ်ဗုဒ္ဓက မိန့်ကြားသည်။ သို့ဖြင့် နေ့မအား၊ ညမနား ရဟန်းတော်များ ခရီးထွက်ကာ မြတ်ဗုဒ္ဓဒေသနာတော်ကို ပြန့်ပွားအောင် လုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။

🪷🙏🪷🙏🪷🙏🪷🙏🪷🙏

Tour De Myanmar
Travels & Tour Co,Ltd
လိုင်စင်အမှတ်-TO(YGN)0012
ရုံးချုပ်-အမှတ်(၁၀၉)၊စဥ့်အိုးတန်းလမ်း၊လသာမြို့နယ်၊ရန်ကုန်မြို့
ရုံးခွဲ-အမှတ်(၃၃၂)၊နှီးဘုရားလမ်း၊
ရပ်ကွက်ကြီး(၁၇)၊ပြင်ဦးလွင်မြို့

#သိင်္ဂီလှိုင်ဦးဆောင်သော
#ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့

#တိုးဒီနဲ့GOပြီ
တိုးဒီနဲ့ GO ပြီ။ ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့

09444222523,09777250050,09695311905,09779999147

🙏🙏🙏🙏🙏

28/07/2026

ချောက်ခန္တီ​စေတီ​​တော် 🙏

ပဥ္စဝဂ္ဂီ ငါးဦးတို့ ဘုရားရှင်အား ခရီးဦးကြိုဆို​တော်မူရာ ဗာရာဏသီမြို့ ​ချောက်ခန္တီ​စေတီ​တော် ...

စိတ်နှလုံး ​အေးချမ်းဖွယ်ရာပါတကား

🌿🌿🌿

ပထမဆုံးစာရင်း​ပေးသွင်းသူ အ​ယောက် ၃၀ ကို -တ​ယောက် USD 30 ​​မေတ္တာတုန့်ပြန်ပါမယ်ရှင့်

(သံဃာ​​​တော််များ၊ သီလရှင်များဖြစ်ပါက USD 30 ပြန်လည် လှူဒါန်းပါတယ်ဘုရား 🙏 )

Tour De Myanmar
Travels & Tour Co,Ltd
လိုင်စင်အမှတ်-TO(YGN)0012
ရုံးချုပ်-အမှတ်(၁၀၉)၊စဥ့်အိုးတန်းလမ်း၊လသာမြို့နယ်၊ရန်ကုန်မြို့
ရုံးခွဲ-အမှတ်(၃၃၂)၊နှီးဘုရားလမ်း၊
ရပ်ကွက်ကြီး(၁၇)၊ပြင်ဦးလွင်မြို့

09444222523,09777250050,09695311905,09779999147

⚜️ခရီးစဥ်လိုက်ပါသော ရဟန်းရှင်လူအ​ပေါင်းတို့အား ဂါရဝတရား ​ရှေ့ထား၍ နိဗ္ဗာန်၏အ​ထောက်အပံ့​ကောင်း ဖြစ်ပါ​စေ​ကြောင်း ဆု​တောင်း​မေတ္တာ ပို့သအပ်ပါတယ်ရှင် 🙏😊

#သိင်္ဂီလှိုင်ဦးဆောင်သောဘုရားဖူးအဖွဲ့ #တိုးဒီနဲ့Goပြီ #ဗုဒ္ဓဂယာ 🙏🙏🙏

27/07/2026

🌸 ဖွား​တော်မူရာ- လုမ္ဗနီ 🌸
လွန်ခဲ့​သော နှစ်ပေါင်း (၂,၅၀၀) ကျော်က မယ်တော်မာယာဟာ လုမ္ဗနီဥယျာဉ်မှာရှိတဲ့ အင်ကြင်းပင်ရဲ့ အကိုင်းကို ဆွဲကိုင်တော်မူပြီး၊ သိဒ္ဓတ္ထမင်းသား​လေးကို ဖွားမြင်တော်မူခဲ့တဲ့​နေရာ ...

ဒီ​နေရာကို ခြေချလိုက်တဲ့အခါတိုင်း... ဗုဒ္ဓဘုရားရဲ့ ပထမဆုံးခြေတော်ရာကို ကိုယ်တိုင် ထိတွေ့နေရသလို ခံစားရလို့ လာ​ရောက်ဖူး​မြော်ကြသူအ​ပေါင်းကို နှလုံးစိတ်ဝမ်း​အေးချမ်း​စေတဲ့ ​မြေမြတ်မဟာ ...

"ဒီနေရာက ... မဟာ ဂရုဏာအပြည့်နဲ့ လူသားတွေကို လမ်းပြပေးမယ့် မြတ်ဗုဒ္ဓရဲ့ ဘဝအစကို စတင်ခဲ့တဲ့ နေရာ..."
အဲဒီအတွေးလေး တစ်ခုပဲ... လုမ္ဗနီမြေကို ရောက်နေသူတိုင်းရဲ့ နှလုံးသားကို တိတ်တဆိတ် လှုပ်ခတ်စေပါတယ်

🪷🙏🪷🙏🪷🙏🪷🙏🪷🙏

​အောက်တိုဘာလမှ ဧပြီလဆန်းထိ လစဥ် ဘုရားဖူးခရီးစဥ်ထွက်ပြီမို့ အခုပဲ စာရင်း​ပေးသွင်းလို့ရပါပြီ

ပထမဆုံးစာရင်း​ပေးသွင်းသူ အ​ယောက် ၃၀ ကို -တ​ယောက် USD 30 ​​မေတ္တာတုန့်ပြန်ပါမယ်ရှင့်

Tour De Myanmar
Travels & Tour Co,Ltd
လိုင်စင်အမှတ်-TO(YGN)0012
ရုံးချုပ်-အမှတ်(၁၀၉)၊စဥ့်အိုးတန်းလမ်း၊လသာမြို့နယ်၊ရန်ကုန်မြို့
ရုံးခွဲ-အမှတ်(၃၃၂)၊နှီးဘုရားလမ်း၊
ရပ်ကွက်ကြီး(၁၇)၊ပြင်ဦးလွင်မြို့

09444222523,09777250050,09695311905,09779999147

⚜️ခရီးစဥ်လိုက်ပါသော ရဟန်းရှင်လူအ​ပေါင်းတို့အား ဂါရဝတရား ​ရှေ့ထား၍ နိဗ္ဗာန်၏အ​ထောက်အပံ့​ကောင်း ဖြစ်ပါ​စေ​ကြောင်း ဆု​တောင်း​မေတ္တာ ပို့သအပ်ပါတယ်ရှင် 🙏😊

#သိင်္ဂီလှိုင်ဦးဆောင်သောဘုရားဖူးအဖွဲ့ #တိုးဒီနဲ့Goပြီ #ဗုဒ္ဓဂယာ 🙏🙏🙏

26/07/2026

#ကမ္ဘာ့အကြီးဆုံးတရားထိုင်စင်တာ World's Largest Meditation Center

လူ​ပေါင်း ၂ ​သောင်းခန့်ထိ တပြိုင်နက်တည်း တရားထိုင်နိုင်တဲ့ တရားထိုင် ဗိမ္မာန်ကြီး ဖြစ်ပြီး ၂၀၂၃ ဒီဇင်ဘာကကမှ ဝန်ကြီးချုပ် နရန်ဒြာမိုဒီ ဖွင့်လှစ်​ပေးထားပါတယ် ။

ဘာသာ​၊ လူမျိုး၊ လူတန်းစားခွဲခြားခြင်း မရှိ​သော ​နေရာ ...

🪷🙏🪷🙏🪷🙏🪷🙏🪷🙏
​အောက်တိုဘာလမှ ဧပြီလဆန်းထိ လစဥ် ဘုရားဖူးခရီးစဥ်ထွက်ပြီမို့ အခုပဲ စာရင်း​ပေးသွင်းလို့ရပါပြီ

ပထမဆုံးစာရင်း​ပေးသွင်း​တဲ့ အ​ယောက် ၃၀ ကို -တ​ယောက် USD 30 ​မေတ္တာတုန့်ပြန်ပါမယ်ရှင် 🤗

⚜️ Tour De Myanmar
Travels & Tour Co,Ltd
လိုင်စင်အမှတ်-TO(YGN)0012
ရုံးချုပ်-အမှတ်(၁၀၉)၊စဥ့်အိုးတန်းလမ်း၊လသာမြို့နယ်၊ရန်ကုန်မြို့
ရုံးခွဲ-အမှတ်(၃၃၂)၊နှီးဘုရားလမ်း၊
ရပ်ကွက်ကြီး(၁၇)၊ပြင်ဦးလွင်မြို့

⚜️ခရီးစဥ်လိုက်ပါသော ရဟန်းရှင်လူအ​ပေါင်းတို့အား ဂါရဝတရား ​ရှေ့ထား၍ နိဗ္ဗာန်၏အ​ထောက်အပံ့​ကောင်း ဖြစ်ပါ​စေ​ကြောင်း ဆု​တောင်း​မေတ္တာ ပို့သအပ်ပါတယ်ရှင် 🙏😊🌿

#သိင်္ဂီလှိုင်ဦးဆောင်သောတိုးဒီနဲ့GOပြီ ဘုရားဖူးအဖွဲ့ #ဗုဒ္ဓဂယာ
09444222523,09777250050,09695311905,09779999147

25/07/2026

ဂင်္ဂါမြစ်တွင်လှေစီးခြင်း ... 😍

ဘဝရဲ့အမှတ်တရခရီးစဥ်ဖြစ်​စေဖို့ ပြီးပြည့်စုံ​အောင် စီစဥ်​ပေးတာ တိုးဒီရဲ့ ​စေတနာပါ 🤗

သံဝေဇနိယ (၄) ဌာနသို့ ဘုရားဖူးခရီးစဥ် 🙏

မိဘဘိုးဘွားများကို ကျေးဇူးဆပ်ချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင် ဘဝမှာ တန်ဖိုးရှိလှတဲ့ ဗုဒ္ဓါနုဿတိ ကုသိုလ်ထူးကို ပွားများချင်လို့ပဲဖြစ်ဖြစ် အခါအခွင့်သင့်တုန်းမှာ တိုးဒီ နှင့်အတူ အိန္ဒိယ-နီပေါ ဗုဒ္ဓဂယာ ခရီးစဉ်ကို လိုက်ပါခဲ့ဖို့ ဖိတ်ခေါ်အပ်ပါတယ်။

​ရောက်ရှိမယ့်​နေရာ​တွေက ..

☝️ ဖွား - သုံးလောကထွဋ်ထား မြတ်စွာဘုရားရှင် မီးရှူးသန့်စင် ဖွားမြင်တော်မူရာ #လုမ္ဗိနီ သာ​မော အင်ကြင်း​တော

🧘‍♂️ ပွင့် - သဗ္ဗညုတ ဉာဏ်တော်ကို ရရှိကာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူရာ #ဗုဒ္ဓဂယာ ​ မြေမြတ်မဟာ

🪷 ဟော - ဓမ္မစကြာ ဒေသနာတော်ကို စတင်ဟောကြားတော်မူရာ #မိဂဒါဝုန်

🛏️ စံ - အနိစ္စသဘောကို ပြသရင်း ပရိနိဗ္ဗာန်စံဝင်တော်မူရာ #ကုသိနာရုံ

ကျန်းမာရေး၊ စားသောက်ရေးနှင့် တည်းခိုရေးအတွက် ဘာမှ စိတ်ပူစရာမလိုလဲ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နိုင်ဖို့ တိုးဒီနဲ့ဂိုးပြီ ရဲ့ အတွေ့အကြုံရှိ အဖွဲ့သားများက အစစအရာရာ စနစ်တကျ ​ပြည့်စုံအောင် တာဝန်ယူပေးသွားမှာဖြစ်ပါတယ်။

🗓️ ​အောက်တိုဘာလမှ ဧပြီလထိ
(လစဥ် ထွက်ရှိပါမယ်)

၈ရက် ခရီးစဥ်- USD 950
၁၀ရက် ခရီးစဥ်- USD 1050
၁၅ရက် ခရီးစဥ်- USD 1150

📞 အသေးစိတ်မေးမြန်းစုံစမ်းရန်နှင့် စာရင်းပေးသွင်းရန် -

သိင်္ဂီလှိုင်ဦး​ဆောင်​သော တိုးဒီနဲ့ဂိုးပြီ ဗုဒ္ဓဂယာ ဘုရားဖူးအဖွဲ့

Address: ရုံးချုပ်-အမှတ် (109)စဥ့်အိုးတန်းလမ်း လသာမြို့နယ် ရန်ကုန်
ရုံးခွဲ -အမှတ်(332)ရပ်ကွက်ကြီး (17)ပြင်ဦးလွင်မြို့
Phone: 09444222523 777250050,695311905,09779999147
Viber / Telegram: 09444222523

#ပထမဆုံးစာရင်းပေးသွင်းသူ အ​ယောက် ၃၀ အား​ကျေးဇူးတုန့်ပြန်​သောအားဖြင့် Early Bird - USD 30 ​​​လျော့​ပေးမှာဖြစ်လို့ အမြန် စာရင်းသွင်းနိုင်ပါပြီရှင် 🤗

(Passport မရှိ​ပါက ကူညီပြုလုပ်​ပေးပါမည်)

Address

109, 1st Floor, Sinohdan Street
Yangon
11141

Alerts

Be the first to know and let us send you an email when တိုးဒီနဲ့ GO ပြီ။ ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to တိုးဒီနဲ့ GO ပြီ။ ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့:

Shortcuts

Share