15/07/2026
🛳️ 𝗗𝗶𝘀𝗻𝗲𝘆 𝗔𝗱𝘃𝗲𝗻𝘁𝘂𝗿𝗲 သင်္ဘောကြီးပေါ်မှာ ညစာစားရင်း ဘယ်လို မျက်လှည့်ဆန်ဆန် အတွေ့အကြုံသစ်တွေ တွေ့ရမယ်လို့ ထင်ပါသလဲ? 🍽️✨
Singapore ကနေ စတင်ပြေးဆွဲနေပြီဖြစ်တဲ့ Disney Adventure အပျော်စီးသင်္ဘောကြီးပေါ်မှာ ခရီးသွားရင်း အဆန်းပြားဆုံးနဲ့ အမိုက်စားဆုံး အတွေ့အကြုံတစ်ခုကတော့ ဘာဖြစ်မလဲ သိကြလား ? 🤩
ဒါကတော့ စားသောက်ဆိုင်တွေကို တစ်ရက်တစ်မျိုး အလှည့်ကျ ပြောင်းလဲစားသောက်ခွင့်ရမယ့် 𝗥𝗼𝘁𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗗𝗶𝗻𝗶𝗻𝗴 စနစ်ပဲ ဖြစ်ပါတယ်။ မိမိရဲ့ ခရီးစဉ်အလိုက် မတူညီတဲ့ Theme တွေ၊ ပြင်ဆင်မှုတွေနဲ့ ထူးခြားဆန်းသစ်တဲ့ အဓိက စားသောက်ဆိုင်ကြီး ၆ မျိုး မှာ စိတ်လှုပ်ရှားဖွယ် ညစာတွေကို ခံစားခွင့်ရရှိမှာပါ။
ဘယ်ဆိုင်တွေက ဘယ်လိုမျိုး စိတ်လှုပ်ရှားဖို့ကောင်းလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်... 👇
🎙️ 1. 𝗚𝗼𝗹𝗱𝗲𝗻 𝗔𝗴𝗲 𝗚𝗹𝗮𝗺𝗼𝘂𝗿 𝗧𝗵𝗲𝗺𝗲
(Navigator’s Club သို့မဟုတ် Hollywood Spotlight Club)
Navigator’s Club: ပင်လယ်ရေကြောင်း ရိုးရာဓလေ့တွေ၊ ခေတ်ဟောင်းမြေပုံတွေနဲ့ အလှဆင်ထားတဲ့ ခန့်ညားထည်ဝါမှုတွေကြားမှာ Mickey Mouse, Minnie Mouse, Donald Duck, Daisy Duck တို့ရဲ့ဂီတဖျော်ဖြေပွဲတွေကို ကြည့်ရှုရင်း ညစာသုံးဆောင်ရမှာပါ။
Hollywood Spotlight Club: Classic Hollywood စတိုင်နဲ့ အမိုက်စား ပြင်ဆင်ထားပြီး အနုပညာမြောက် Live ဖျော်ဖြေမှုတွေနဲ့အတူ ခံစားရမယ့် ဆိုင်ဖြစ်ပါတယ်။
🎨 2. 𝗗𝗶𝘀𝗻𝗲𝘆 𝗔𝗻𝗶𝗺𝗮𝘁𝗶𝗼𝗻 𝗧𝗵𝗲𝗺𝗲
(Animator’s Palate သို့မဟုတ် Animator’s Table)
Disney Cruise Line ရဲ့ အကောင်းဆုံး Signature ဆိုင်ကြီးတွေဖြစ်ပြီး Disney နဲ့ Pixar ရဲ့ ရုပ်ရှင်ဖန်တီးမှု အနုပညာတွေကို မျက်ဝါးထင်ထင်တွေ့မြင်ရမယ့် နေရာပါ။
🪄 ထူးခြားချက်: ညစာစားနေစဉ်အတွင်းမှာ ဆိုင်ရဲ့ အပြင်အဆင်တွေက အဖြူအမည်း ကနေ ကာလာစုံအဖြစ် သက်ဝင်လှုပ်ရှားစရာ ပြောင်းလဲသွားပြီး The Little Mermaid, Encanto, Toy Story စတဲ့ ဇာတ်ကောင်တွေရဲ့ ပဉ္စလက်ဆန်တဲ့ Animation ရုပ်ပုံလွှာတွေကို တစ်ဝကြီး ခံစားရမှာ ဖြစ်ပါတယ်။
🌸 3. 𝗖𝗮𝘀𝘂𝗮𝗹 𝗙𝗮𝗻𝘁𝗮𝘀𝘆 𝗧𝗵𝗲𝗺𝗲
(Enchanted Summer Restaurant သို့မဟုတ်
Pixar Market Restaurant)
Enchanted Summer Restaurant: Disney Princess တွေရဲ့ ပုံပြင်ဆန်ဆန် ပတ်ဝန်းကျင်မျိုးကို ဖန်တီးထားတာကြောင့် မိသားစုလိုက် နွေးနွေးထွေးထွေးနဲ့ ပျော်ပျော်ရွှင်ရွှင် စားသောက်နိုင်ပါတယ်။
Pixar Market Restaurant: Toy Story, Monsters, Inc., Inside Out စတဲ့ Pixar ရုပ်ရှင်တွေကို ဂုဏ်ပြုပုံဖော်ထားပြီး အရောင်အသွေး စုံလင်လှပတဲ့ ဆိုင်ဖြစ်ပါတယ်။ (💡 နေ့ခင်းဘက်မှာ Buffet စတိုင် ဖွင့်လှစ်ပြီး၊ ညဘက် Rotational Dining အလှည့်ကျရင်တော့ စပယ်ရှယ် Seated Dinner စနစ်နဲ့ အကောင်းဆုံး ဝန်ဆောင်မှုပေးသွားမှာပါ )
🌈 ဒီလို ထူးခြားဆန်းသစ်ပြီး ပျော်စရာကောင်းတဲ့ အတွေ့အကြုံတွေကို အချစ်ရဆုံးသူတွေနဲ့အတူ ဖြတ်သန်းဖို့ အဆင်သင့်ဖြစ်ပြီလား? ဒါဆိုရင်တော့
🛳️ Disney Adventure အပျော်စီးသင်္ဘောခရီးစဥ်များ နှင့်ပတ်သက်ပြီး အသေးစိတ် စုံစမ်းမေးမြန်းလိုပါက -
💬 ကျွန်တော်တို့ Page Messenger မှတစ်ဆင့် အလွယ်တကူ မေးမြန်းနိုင်သလို၊
📲 ဖုန်းနံပါတ် 09-945089888 သို့လည်း တိုက်ရိုက် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။