09/04/2021
မန်ဒဲလား(Mandela)၏ နည်းဗျူဟာ
ကမ္ဘာပေါ်မှာ အကြမ်းမဖက်လှုပ်ရှားမှုကိုလုပ်သူဟာ ဂန်ဒီ၊ မာတင်လူသာကင်းနဲ့ တောင်အာဖရိကကနယ်ဆင်မန်ဒဲလား
(Nelson Mandela)လို့ အစက ထင်ထားခဲ့ပါတယ်။
ဂန်ဒီနဲ့ မာတင်လူသာကင်းတို့ ပြန်တိုက်ခဲ့တာက အင်္ဂလိပ်အစိုးရနဲ့ အမေရိကန်အစိုးရပါ။ ဒါ့ကြောင့် ဂန်ဒီ့နည်းဟာ လူစိတ်မရှိတဲ့ စစ်အ
စိုးရတွေကို ပြန်ခုခံနိုင်မယ်လို့ ပြောမရပါ။ ယခုပြောလိုတာက သိပ်မသိသေးတဲ့ နိုဘယ်ဆုပိုင်ရှင် မန်ဒယ်လားနည်းဗျူဟာပါ။
ဂန်ဒီဟာ အကြမ်းမဖက်လှုပ်ရှားမှုနဲ့ အမှန်တရားဟာ ခွဲခြားလို့မရဘူးလို့ ကြေညာခဲ့ဖူးပါတယ်။ မန်ဒယ်လားကတော့ သူတို့လိုမဟုတ်ပါ။ တောင်အာဖရိကက လူအများစုက မန်ဒဲလားသာ အကြမ်းဖက်နည်းကို မသုံးခဲ့ရင် အသားအရောင် လူမျိုးရေးခွဲခြားမှုဟာ ကြာလိမ့်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။
မန်ဒဲလားငယ်စဉ်က ကြိုက်တဲ့အားကစားက လက်ဝှေ့ထိုးတာပါ။ ၁၉၅၀ မှာ ANCပါတီက အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုကို စလုပ်ခဲ့ပါတယ်။ ၁၉၅၃ မှာ မန်ဒဲလားက သူ့ANC ပါတီဥက္ကဌ Albert Luthuli ကို အကြမ်းမဖက်လှုပ်ရှားမှုဟာ အလုပ်မဖြစ်ကြောင်း ပြောခဲ့ပါတယ်။
၁၉၅၃ စက်တင်ဘာမှာ သူက Johannesburgမြို့ ဆင်ခြေဖုံးမှာ လွတ်လပ်ရေးဟာ အလွယ်မရဘူး “No easy way to freedom” ဆိုတဲ့ မိန့်ခွန်းကို ပြောခဲ့ပါတယ်။ ၁၉၅၆ မှာ သူ့ကို နိုင်ငံတ်ပေုန်ကန်မှုနဲ့ တရားစွဲပြီး ၁၉၆၁ မှာ ပြန်လွှတ်ခဲ့ပါတယ်။
၁၉၆၀ မှာ လူဖြူတွေက လူမဲဆန္ဒပြသူ ၆၉ ယောက်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပြီးမှာတော့ လက်နက်မကိုင်ရေး တိုက်တွန်းသူတွေ ရပ်သွားခဲ့ပါတယ်။
၁၉၆၁ မှာ မန်ဒဲလားက လက်နက်ကိုင်အဖွဲ့ “Umkhonto we Sizwe, or Spear of the Nation” သံမဏိအဖွဲ့ကို ထူထောင်ခဲ့ပါတယ်။ သူ့ကိုမကြိုက်သူများက မန်ဒဲလားက အကြမ်းဖက်မှုသုံးရင် လူဖြူအစိုးရက အင်အားပိုသုံးလို့ ပြည်သူတွေပိုသေနိုင်ကြောင်း ထောက်ပြကြပါတယ်။
သူက ဒေါသထွက်နေတဲ့ လူငယ်တွေက လက်နက်စွဲကိုင်နိုင်လို့ ဘာမှမလုပ်ဘဲထားရင် ပါတီဟာ သုံးစားမရဖြစ်သွားနိုင်ကြောင်း ထောက်ပြခဲ့ပါတယ်။
နောက်ဆုံးသူ့ပါတီဥက္ကဌ Luthuli ကို ဖျောင်းဖြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် Luthuli ဟာ ၁၉၆၁ အောက်တိုဘာမှာ နိုဘယ်ဆုရခဲ့လို့ သူထောက်ခံထားတဲ့ လက်နက်ကိုင်တော်လှန်ရေးကို မလုပ်ဖို့ပြောခဲ့ပါတယ်။ ဒီအချိန်မှာ မန်ဒဲလားက လုပ်ဖို့ ဆုံးဖြတ်ပြီးသား ဖြစ်သွားလို့ သူ့အဖွဲ့က ၁၉၆၁ ဒီဇင်ဘာ ၁၆ မှာ Port Elizabeth, Durban and Johannesburg မြို့တွေက ဓာတ်အားပေးစက်ရုံတွေ အစိုးရအဆောက်အအုံတွေကို ဖုံးခွဲပြီး တော်လှန်ရေးကို စခဲ့ပါတယ်။
သူကိုယ်တိုင် နိုင်ဂျီးယီးရားနဲ့ အီသီယိုးပီးရားကိုသွားပြီး စစ်ပညာသင်ယူခဲ့ပါတယ်။ ၁၉၆၂ မှာ မန်ဒဲလား ပြန်ရောက်လာပြီး ၁၉၆၄ မှာ ထောင်ချခံခဲ့ရပါတယ်။ သူ့အဖွဲ့ကတော့ လူဖြူရဲတွေကို တိုက်ခိုက်တာ အစိုးရကို တိုက်ခိုက်တာ ဆက်လုပ်နေခဲ့ပါတယ်။
မန်ဒဲလားဟာ လက်နက်ကိုင်တော်လှန်ရေးကို သူ့ပါတီဥက္ကဌမသိဘဲ စလုပ်ခဲ့သလို ၁၉၈၅ မှာ ထောင်ထဲကနေ လူဖြူအစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပြန်ပါတယ်။ သူဟာ ပြန်လွှတ်ခံရအပြီး သမ္မတဖြစ်လာချိန်မှာ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ခဲ့ပါတယ်။ သူ့ရဲ့ လက်နက်ကိုင်အဖွဲ့က တိုက်တာကို ၁၉၉၀ မှ ရပ်လိုက်တာပါ။ ဆွေးနွေးပွဲ အောင်မြင်ပြီးမှပါ။
ဒါက တောင်အာဖရိက သမိုင်းကိုသိအောင် သင်ခန်းစာယူနိုင်အောင် ရေးပြတာပါ။ ဒီနေရာမှာ ဆန္ဒပြသူတွေက ရဲတွေကို ဗလိုင်းကြီး သွားအကြမ်းဖက်ရင်တော့ တမျိုးပါ။ ဒါပေမယ့် လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်လာရင်တော့ ဘယ်လိုနည်းနဲ့ ခံချမလဲ သူတို့ပေးဆပ်မှုတွေရှိအောင် ဘယ်လိုပြန်လုပ်မလဲ စဉ်းစားသင့်ပါတယ်။
ရခိုင်က မြောက်ဦးမှာ အုပ်ချုပ်ရေးမှူး ဘိုဘိုဦးက ပစ်မိန့်နဲ့ လူတွေကို သတ်ခဲ့လို့ သူ့ကို AA က လုပ်ကြံပြီး ပြန်သတ်ခဲ့ပါတယ်။ နောက်ပိုင်း အုပ်ချုပ်ရေးမှူးတွေ ရခိုင်မှာ ငြိမ်သွားခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ်ရဲမှူးတွေဟာ အမြဲအစောင့်ရှိနေတာမဟုတ်ပါ။
တပ်ထဲက ဗိုလ်မှူးကြီးတောင် မိမိဂျူတီချိန်မဟုတ်ရင် အပြင်မှာ သေနတ်မရှိပါ။ မုံရွာမှာ ပြည်သူရဲ့ တုန့်ပြန်မှုက အားကောင်းပါတယ်။ သင်ခန်းစာ ယူစရာပါ။ အားလုံး ဆင်ခြင်ဖို့နဲ့ ဝေဖန်သုံးသပ်ဖို့ပါ။
Source: Mandela Biography “Long Walk to Freedom” and Los Angeles Times
-photo & content
Myanmar Travels & Tour