YBS Explorers

Directions Website

YBS Explorers Exploring Yangon with YBS

🚍 Water Boom (ရန်ကုန်) သို့ ရောက်ရှိသော ယာဉ်လိုင်းများ(English Version Below 🇬🇧)♻️ ရှု့ခင်းသာပန်းခြံမှတ်တိုင်၃၁⚫ Nearest...
25/09/2026

🚍 Water Boom (ရန်ကုန်) သို့ ရောက်ရှိသော ယာဉ်လိုင်းများ

(English Version Below 🇬🇧)

♻️ ရှု့ခင်းသာပန်းခြံမှတ်တိုင်
၃၁

⚫ Nearest Bus Routes to Water Boom (Yangon)

♻️ ShuKhinnThar Park Bus Stop
31

🙏 ချမ်းမြေ့ဆရာတော်ကြီးဧ။် အန္တိမစဈာပနာသဂြိုလ်ခြင်း စေတသိက ပူဇော်ပွဲ အခမ်းအနားအတွက် လမ်းပိတ်၊ လမ်းလွှဲများကို ထပ်ဆင့်အသိပ...
24/09/2026

🙏 ချမ်းမြေ့ဆရာတော်ကြီးဧ။် အန္တိမစဈာပနာသဂြိုလ်ခြင်း စေတသိက ပူဇော်ပွဲ အခမ်းအနားအတွက် လမ်းပိတ်၊ လမ်းလွှဲများကို ထပ်ဆင့်အသိပေးခြင်း

စက်တင်ဘာ (၂၅) ရက်နေ့တွင် ကျင်းပမည့် ချမ်းမြေ့ဆရာတော်ကြီးဧ။် အန္တိမစဈာပနာသဂြိုလ်ခြင်း စေတသိက ပူဇော်ပွဲ အခမ်းအနားအတွက် ဈာပနကော်မတီမှ ထုတ်ပြန်ချက်များကို ကိုးကား၍ လမ်းပိတ်၊ လမ်းလွှဲဖြစ်နိုင်ခြေများကို YBS EXPLORERS မှတဆင့် ပြန်လည်ဖော်ပြပါတယ်။

ကမ္ဘာအေးဘုရာလမ်း၊ ပါရမီလမ်း၊ ဝေဇယန္တာလမ်းတို့ကို ဖြတ်သန်း၍ ပင့်ဆောင်မည်ဖြစ်သဖြင့် အဆိုပါလမ်းများအပါအဝင် ဝေဇယန္တာလမ်း၊ ပါရမီလမ်းကို ဖြတ်သန်းအသုံးပြုမည့် ယာဉ်လိုင်းများမှာ ယာဉ်လမ်းကြောင်းပြောင်းလဲသွားလာခြင်းများ ဖြစ်ပေါ်နိုင်ပြီး သက်ရောက်မှု ရှိနိုင်မည့် ယာဉ်လိုင်းများကို ဖော်ပြထားပါတယ်။

ဤဖော်ပြချက်များမှာ အချိန်နှင့် အမျှအပြောင်းအလဲရှိနိုင်ပြီး အပြောင်းအလဲအတွက် သက်ဆိုင်ရာ သတင်းဌာနများမှတဆင့် အချက်အလက်များကို ရယူနိုင်ပါတယ်။

🔵 ၂ ရက်ဆက်တိုက် DEMU ရထားများ ခဲပစ်ခံရ၊ တရားခံတဦးမှာ မီးရထားဝန်ထမ်းဖြစ်နေ၂၁၊ ၂၂ ရက်နေ့ (၂) ရက်တွင် ပြည် - ရန်ကုန်နှင့် မ...
23/09/2026

🔵 ၂ ရက်ဆက်တိုက် DEMU ရထားများ ခဲပစ်ခံရ၊ တရားခံတဦးမှာ မီးရထားဝန်ထမ်းဖြစ်နေ

၂၁၊ ၂၂ ရက်နေ့ (၂) ရက်တွင် ပြည် - ရန်ကုန်နှင့် မော်လမြိုင် - ရန်ကုန်တို့ကို ပြေးဆွဲလျက်ရှိတဲ့ DEMU (စပိန်) ရထားတို့မှာ ခဲဖြင့် ပေါက်ခံထိခဲ့ပြီး ပြတင်းမှန်များ ကြေကွဲပျက်စီးခဲ့ကြောင်း ပုံများအရ သိရှိရပါတယ်။

စက်တင်ဘာလ (၂၁) ရက်နေ့က အမှတ် (၇၄) ပြည် - ရန်ကုန်ခရီးစဉ်ကို မောငိးနှင်လာတဲ့ DEMU ရထားကို သနပ်ချောင်းနှင့် ဖလုံဘူတာအကြားတွင် ညနေ (၅) နာရီခန့်က အုတ်နီခဲဖြင့် ပစ်ပေါက်ခဲ့ပြီး ပစ်‌ပေါက်ခဲ့သူကို ရထားရဲတပ်ဖွဲ့မှ စုံစမ်းခဲ့ရာ တိုက်ကြီးမြို့နယ်၊ ဒုံးခိုက်ကျေးရွာနေ မီးရထားဂိတ်စောင့် ဝန်ထမ်းအမျိုးသား ဖြစ်နေကြောင်း သိရှိခဲ့ရ၍ ၎င်းကို ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ (၈၄) အရ အမှုဖွင့်ရှိထားပါတယ်။

ရန်ကုန်မှ စက်တင်ဘာလ (၂၂) ရက်နေ့တွင် ရန်ကုန်သို့ ထွက်ခွာလာတဲ့ အမှတ် (၈၃) DEMU ရထားကိုလည်း ကျွဲခြံဘူတာနှင့် သဲဖြူကုန်းဘူတာကြားတွင် ပစ်ပေါက်ခံခဲ့ရပြီးနောက် တရားခံဖြစ်သူဟု ယူဆရသူကို ရထားအား နောက်ပြန်ဆုတ်၍ ရထားရဲတပ်ဖွဲ့ဝင်များမှ သွားရောက် ဖမ်းဆီးခဲ့ပါတယ်။

ဖြစ်စဉ် (၂) ခုလုံးအတွင်း လူထိခိုက်ခြင်းမရှိခဲ့ပဲ ရထားများတွင် ပြတင်းမှန်များ ကြေမွပျက်စီးခဲ့ပြီး တရားခံများကို ဥပဒေနှင့် အညီ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။

Reference - One News Myanmar, Popular Journal, U Zaw Moe Aye

22/09/2026

မိုးရွာနေလို့ လမ်းတွေပျောက်နေလား ⛈️

ဘယ်ရာသီမရွေး အင်တာနက်မလိုအပ်ပဲ အသုံးပြုနိုင်မယ့် YBS GO က သင့်အတွက် ရှိနေမှာပါ။

YBS GO
📍 အင်တာနက်မလိုအပ်ခြင်း
📍 မှတ်တိုင်ကြေညာစနစ်ပါဝင်ခြင်း
📍 အချက်အလက်တိကျခြင်း
📍 ကြော်ငြာလုံးဝမတက်ခြင်း

တို့ကြောင့် YBS စီးသူတိုင်း ဖုန်းထဲမှာ ရှိသင့်တဲ့ Application လေးပဲနော် 🤓✨

📲 YBS GO ကို ဒေါင်းလုဒ်ရယူရန်

📮 Google Play Store | https://play.google.com/store/apps/details?id=com.ybsgo.app

📮 Huawei App Gallery | https://appgallery.huawei.com/ #/app/C115905381

📮 RuStore | https://www.rustore.ru/catalog/app/com.ybsgo.app

📮 APKPure | https://apkpure.com/ybs-go/com.ybsgo.app

👥 Community Group | https://t.me/YBSGOExploreYangonCommunity

📲 YBS GO 2.0.10 ကို အခုပဲ Update လုပ်ပြီး ပိုမိုကောင်းမွန်တဲ့ ခရီးစဉ်အတွေ့အကြုံကို စတင်အသုံးပြုလိုက်ပါ။

YBS GO — Explore Yangon 🚌💙

🔵 ၂၀၀၀ ခုနှစ်အောက် ကားမော်ဒယ်လ်များကို ပြေးဆွဲခွင့်ရပ်နားတော့မယ့် Grab၂၀၀၀ ခုနှစ်အောက် ထုတ်လုပ်ထားတဲ့ ၁၉၉၇၊ ၁၉၉၈ ခုနှစ်ထ...
22/09/2026

🔵 ၂၀၀၀ ခုနှစ်အောက် ကားမော်ဒယ်လ်များကို ပြေးဆွဲခွင့်ရပ်နားတော့မယ့် Grab

၂၀၀၀ ခုနှစ်အောက် ထုတ်လုပ်ထားတဲ့ ၁၉၉၇၊ ၁၉၉၈ ခုနှစ်ထုတ် မော်တော်ယာဉ်များကို လာမယ့် နိုဝင်ဘာ (၁၅) ရက်နေ့မှစကာ ပြေးဆွဲခွင့်ရပ်နားတော့ဖြစ်ပြီး အဆိုပါရက်ကို နောက်ဆုံးထား၍ ၂၀၀၀ ခုနှစ်အထက် မော်တော်ယာဉ်များသို့ အဆင့်မြှင့်တင်ထားရမည်ဖြစ်ကြောင်း Grab မှ အသိပေးလာပါတယ်။

အဆင့်မြှင့်တင်ထားရမည့် ယာဉ်အနေဖြင့် သတ်မှတ်‌မော်ဒယ်လ် ဖြစ်ရမည့်အပြင် ကြံ့ခိုင်မှု၊ သန့်ရှင်း အထူးကောင်းမွန်ဖို့ လိုအပ်ပြီး သတ်မှတ်ရက်ကျော်လွန်ပါက Grab ပလက်ဖောင်းပေါ်မှာ မောင်းနှင်နိုင်တော့မှာ မဟုတ်ကြောင်း ဖော်ပြထားပါတယ်။

ယာဉ်အဆင့်မြှင့်တင်ခြင်းအတွက် အဆင့်မြှင့်တင်မည့် ကားနှင့် ယာဉ်အချက်အလက်အသစ်တွေကို Grab ရဲ့ ယာဉ်မောင်းစင်တာတွေမှာ ကိုယ်တိုင်လာရောက် ထည့်သွင်းပေးရမှာဖြစ်တယ်လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။

Grab ဟာ မြန်မာနိုင်ငံတွင် ရန်ကုန်မြို့အပါအဝင် နေပြည်တော်၊ မန္တလေး၊ ပုဂံမြို့တွင် အွန်လိုင်းမှ တဆင့် ယာဉ်အငှားဝန်ဆောင်မှုကို ပေးနေတဲ့ Application တခုဖြစ်ကာ အရှေ့တောင်အာရှအတွင်း လူသုံးအများဆုံး အငှားယာဉ်ပလက်ဖောင်းအဖြစ် ရပ်တည်လျက် ရှိပါတယ်။

Photo - Internet

📍 YBS 108 တွင် KINGLONG အမှတ်တံဆိပ် ဘတ်စ်ကား‌များ ပြေးဆွဲမှုအခြေအနေဒလမြို့သို့ YUTONG သီးသန့်သာ ပြေးဆွဲနေကြရတဲ့အတွက် YBS...
21/09/2026

📍 YBS 108 တွင် KINGLONG အမှတ်တံဆိပ် ဘတ်စ်ကား‌များ ပြေးဆွဲမှုအခြေအနေ

ဒလမြို့သို့ YUTONG သီးသန့်သာ ပြေးဆွဲနေကြရတဲ့အတွက် YBS 108 တွင် ထည့်သွင်းထားတဲ့ ယာဉ်စီးရေ လျော့နည်းသွားတာကြောင့် (၅) နှစ်ကြာ ရပ်တန့်ထားခဲ့ရတဲ့ KINGLONG (KLQ6129G) များကို YBS 108 တွင် ယာဉ်အင်အားဖြည့်တင်းကာ ပြေးဆွဲလျက် ရှိပါတယ်။

နှစ်ရှည်လများစွာ ရပ်တန့်ထားခဲ့တဲ့ KINGLONG (KLQ6129G) အမျိုးအစားမှ (၅) စီးကို YBS 108 တွင် ထည့်သွင်းပြေးဆွဲနေပြီဖြစ်ပြီး နောက်ထပ် ယာဉ်အစီးရေ ထပ်မံထည့်သွင်းပြေးဆွဲနိုင်ရန် ကြိုးစားပြင်ဆင်လျက်ရှိကြောင်း သိရှိရပါတယ်။

YBS 108 မှာ လမ်းသစ် (ဒဂုံတက္ကသိုလ်) မှစ၍ ဘုန်းကြီးကျောင်းကွေ့၊ ဗိုလ်မှူးဗထူးလမ်း၊ ခေမာ၊ ဦးဝိစာရလမ်း၊ ဘေလီ၊ နန္ဒဝန်ဈေး၊ ရန်ကင်းစာတိုက်၊ (၁၂) လုံးတန်း၊ မြန်မာပလာဇာ၊ ရွှေဂုံတိုင်၊ ဆူးလေကို နေ့စဉ်ပြေးဆွဲပေးလျက်ရှိပါတယ်။

Photo - YBS EXPLORERS

🔵 လမ်းကြောင်းသစ်ကို EV City Bus များဖြင့် စမ်းသပ်ပြေးဆွဲရန် ပြင်နေတဲ့ GYCTGolden Yangon City Transportation မှ EV City B...
20/09/2026

🔵 လမ်းကြောင်းသစ်ကို EV City Bus များဖြင့် စမ်းသပ်ပြေးဆွဲရန် ပြင်နေတဲ့ GYCT

Golden Yangon City Transportation မှ EV City Bus အသစ်များတွင်သွင်း၍ ဝန်ဆောင်မှုများ ပေးရန် ပြင်ဆင်လျက်ရှိကြောင်း မော်တော်ယာဉ်သတင်းများ တင်ဆက်လျက်ရှိတဲ့ Auto Net မှ သိရှိရပါတယ်။

Auto Net ရဲ့ ဖော်ပြချက်အရ လျှပ်စစ်ဘတ်စ်ကားများတင်သွင်း၍ Pilot Project အနေဖြင့် စမ်းသပ်ပြေးဆွဲနိုင်ရန် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်သော ပစ္စည်းများတင်သွင်းခွင့်ပြုထားတဲ့ GYCT ရဲ့ မိတ်ဖက်ကုမ္ပဏီများဖြစ်ကြသော MyanBake Co.,Ltd နှင့် CRRC Myanmar Co.,Ltd တို့မှ GUOTAI အမှတ်တံဆိပ် ၈ မီတာ (၅) စီး၊ ၁၀.၉ မီတာ (၂) စီး၊ ၁၂ မီတာ (၁) စီး တင်သွင်းမှာ ဖြစ်ပြီး GYCT တွင် YBS ယာဉ်များအဖြစ် ပြေးဆွဲပေးမှာ ဖြစ်ကာ ကာလတန်ဖိုးအနေဖြင့် အနည်းဆုံး ငွေကျပ် သိန်း ၄,၀၀၀ တန်ကြေးမှ ရှိတယ်လို့ သိရှိရပါတယ်။

မူလက အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီမှ ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းများနှင့် အဆိုပါ ဘတ်စ်ကားသစ်ကြီးများ ရောက်ရှိလာပါက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်ဖြင့် ရန်ကုန်လေဆိပ်မှ အောင်မင်္ဂလာအဝေးပြေးကို ဖြတ်သန်းကာ ဆူးလေအထိ ပြေးဆွဲ၍ ရက် (၁၀၀) စီမံချက်အတွင်း ရောက်ရှိပြေးဆွဲနိုင်ရန် တိုင်းဒေသကြီးအစိုးရမှတဆင့် GYCT မှ တင်ပြထားတာဖြစ်ပါတယ်။

သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် တင်သွင်းခွင့်ပြုထားတဲ့ လမှ လအနည်းငယ်ကြာမြင့်သည်အထိ ဘတ်စ်ကားများ ရောက်ရှိရန် ကြာမြင့်နေပြီး Auto Net ရဲ့ အတည်ပြုချက်အရ ပြေးဆွဲရန် ပြင်ဆင်နေသည်မှန်ကန်ကြောင်း ဖြေကြားထားပါတယ်။

လက်ရှိတွင် ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိတဲ့ YBS ဘတ်စ်ကားကုမ္ပဏီများမှာ EV City Bus တင်သွင်းနိုင်ရေး ကြိုးစားလျက်ရှိကြပြီး Power Eleven ကုမ္ပဏီမှလည်း ၂၀၂၄ ခုနှစ်တွင် တင်သွင်းနိုင်ရေး ကြိုးစားလျက်ရှိတာကို တရားဝင်ပြောဆိုထားတာတွေလည်း ရှိပါတယ်။

Photo - Internet
Reference - Auto Net Automobile News Agency

🔴 YBSE Ticket & Travel ကို ပိတ်သိမ်းကြောင်း အသိပေးခြင်းYBS EXPLORERS မှ ခရီးသွားဝန်ဆောင်မှုပြုလုပ်ရန် ဖွင့်လှစ်ထားရှိခဲ့...
19/09/2026

🔴 YBSE Ticket & Travel ကို ပိတ်သိမ်းကြောင်း အသိပေးခြင်း

YBS EXPLORERS မှ ခရီးသွားဝန်ဆောင်မှုပြုလုပ်ရန် ဖွင့်လှစ်ထားရှိခဲ့တဲ့ YBSE Ticket & Travel ကို ပိတ်သိမ်းပြီဖြစ်ကြောင်း အသိပေးပါတယ်။

YBS EXPLORERS နှင့် ခရီးသွားလုပ်ငန်း စိတ်ဝင်စားသူလူငယ်တချို့မှ ခရီးသွားဝန်ဆောင်မှုများကို အကောင်းဆုံးဝန်ဆောင်မှုများ ပေးခဲ့ပြီး ယခုအခါ အခြေအနေအမျိုးမျိုးကြောင့် ရပ်နားလိုက်ခြင်း ဖြစ်ပါတယ်။

ဝန်ဆောင်မှုများကို အကောင်းဆုံးပေးနိုင်မည့် အချိန်ကာလတွင် ပြန်လည်ဖွင့်လှစ်ရန် စဉ်းစားထားပြီး ဖွင့်လှစ်ခဲ့သည်အချိန်မှ ယခုကာလအထိ အားပေးနေကြတဲ့ ခရီးသွားမိတ်ဆွေများကို YBS EXPLORERS မှ အထူးကျေးဇူးတင်ရှိပါတယ်။

🔵 ရန်ကုန် - မန္တလေး အမြန်လမ်းတွင် အလိုအလျောက်လမ်းအသုံးပြုခကောက်ခံသော စနစ်ကို အသုံးပြုမည်ရန်ကုန် - မန္တလေး အမြန်လမ်းတွင် ...
18/09/2026

🔵 ရန်ကုန် - မန္တလေး အမြန်လမ်းတွင် အလိုအလျောက်လမ်းအသုံးပြုခကောက်ခံသော စနစ်ကို အသုံးပြုမည်

ရန်ကုန် - မန္တလေး အမြန်လမ်းတွင် ၁၇ ရက်နေ့မှစကာ အလိုအလျောက် လမ်းအသုံးပြုခစနစ်ကို စတင်အသုံးပြုသွားမှာဖြစ်ပြီး လမ်းအသုံးပြုခကောက်ခံရာတွင် အသုံးပြုမယ့် Toll Pass RFID System ကိုလည်း နေ့စဉ် နံနက် (၀၉;၃၀) မှ ညနေ (၀၄:၃၀) အထိ ရောင်းချတပ်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။

ယခုအသုံးပြုမယ့် စနစ်မှာ ကတ်ကို အခြေပြုသုံးစွဲရမှာမဟုတ်ပဲ မိမိအသုံးပြုလိုတဲ့ ကားတွင် တပ်ဆင်၍ အသုံးပြုရမည်ဖြစ်ကာ တပ်ဆင်ပြီး ယာဉ်များအနေဖြင့် Toll Gate ရှိ Toll Pass Lane မှ အများဆုံး 20 km/hr ဖြင့် မောင်းနှင်၍ ယာဉ်ဝင်လာသည်နှင့် တပြိုင်နက် မောင်းတံပွင့်သွားမှာ ဖြစ်ပါတယ်။

Toll Pass အသုံးပြုလိုသူများအနေဖြင့် စမတ်ဖုန်း၊ တပ်ဆင်မည့်ယာဉ်၊ ဝှီးတက်တို့ကို လိုအပ်ပြီး လုပ်ငန်းစဉ်များမှာ Application ထည့်သွင်းခြင်း၊ အချက်အလက်များ မှတ်ပုံတင်ခြင်း၊ RFID Sticker ကပ်ခြင်း၊ TollPass Unit (TPU) ကို ၅,၀၀၀ ကျပ်နှင့်အထက် ကြိုတင်ဖြည့်သွင်းကာ RFID Sticker တနှစ်စာ ဝန်ဆောင်ခ ၂၀,၀၀၀ ကျပ် (ကတ်အသစ်တပ်ဆင်တိုင်း) ဆောင်ရွက်ပြီးပါက အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

လမ်းအသုံးပြုခပေးဆောင်ရာမှာလည်း ယာဉ်အမျိုးအစားအလိုက်၊ အကွာအဝေးလိုက် ကောက်ခံမည့် ပုံမှန်နှုန်းထားများအတိုင်းသာဖြစ်ပြီး TPU စနစ်သို့ ငွေဖြည့်သွင်းရာတွင် လတ်တလော ငွေသားဖြင့်သာ လက်ခံနေသော်လည်း မကြာခင် Mobile Wallet များဖြင့် ပေးချေနိုင်မည် ဖြစ်ကြောင်း အသိပေးထားပါတယ်။

ဆောင်ရွက်ထားတဲ့ လုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ အခက်အခဲများ ကြုံတွေ့ရပါက Hotline 09792574060, 09778888861 သို့ ဆက်သွယ်နိုင်ပြီး လတ်တလောတွင် တိုးဂိတ် (၆) ခုအထိ ဖြတ်သန်းနိုင်မယ်လို့ သိရပါတယ်။

Photo: Yangon - Mandalay Express Way Web Portal

🤔 Hyundai Bus တွေ မြန်မာပြည်မှာ အလုပ်ဖြစ်နိုင်သေးလားမထသခေတ်မှာ ဂျပန်ဘတ်စ်ကားတွေ အသုံးပြုခဲ့ပြီးနောက်ပိုင်း ၁၉၉၀ နောက်ပို...
17/09/2026

🤔 Hyundai Bus တွေ မြန်မာပြည်မှာ အလုပ်ဖြစ်နိုင်သေးလား

မထသခေတ်မှာ ဂျပန်ဘတ်စ်ကားတွေ အသုံးပြုခဲ့ပြီးနောက်ပိုင်း ၁၉၉၀ နောက်ပိုင်း မော်ဒယ်တွေကိုပဲ အသုံးပြုရမယ် ပြီးတော့ မော်တော်ယာဉ် လုံခြုံရေးအရ ဘယ်မောင်းပဲဖြစ်ရမယ်ဆိုတော့ အနီးစပ်ဆုံး ကိုရီးယားက အသုံးမပြုတော့တဲ့ သက်တမ်းလွန် Hyundai, Daewoo တို့က တရုတ်ဘတ်စ်ကားတွေ မတိုင်ခင်အထိ မင်းမူခဲ့သလို ယခုအချိန်အထိလည်း အသုံးပြုဆဲဖြစ်ပါတယ်။

ဒါပေမယ့် တရုတ်ထုတ်တွေကို ဘယ်လောက်ပဲ ဝေဖန်ကြပါစေဦးတော့ အာရှ တခွင်၊ အာဖရိက၊ ဥရောပတိုက်နဲ့ ယုတ်စ္စအဆုံး အမေရိကန်ရဲ့ တချို့ ဘတ်စ်ကားယာဉ်လိုင်းတွေမှာ BYD, YUTONG, Zhongtong, CRRC အစသဖြင့် China Brand တွေကို အသုံးပြုနေရတာက ဘာလို့လဲ။

🦭 မြန်မာပြည်နှင့် Hyundai

ရန်ကုန်မြို့မှာ လက်ရှိအသုံးပြုနေတဲ့ Hyundai တွေက အသက် ၂၀ ကျော်အရွယ် လူငယ်တွေနဲ့ အသက်တူတူဖြစ်ပြီး ကိုရီးယားမှာ အသုံးပြုခဲ့တဲ့ကာလ၊ ရန်ကုန်မှာ ဆက်လက်အသုံးပြုနေတဲ့ ကာလနဲ့ဆိုရင် နှစ်ပေါင်း ၂၀ အထက်ကို ကောင်းကောင်းကြီး ကျော်နိုင်ပါပြီ။

အတူတူဝင်လာတဲ့ Daewoo နဲ့ဆိုရင် Hyundai တွေက ပိုအရေအတွက်များပြီး ဝင်လာတဲ့ မော်ဒယ်လ်အမျိုးအစားအရဆိုရင် Low Entry Type နဲ့ Double Step Type ဆိုပြီး အကြမ်းအားဖြင့် (၂) မျိုးခွဲခြားနိုင်ပါတယ်။

အများအားဖြင့် သဘာဝဓာတ်ငွေ့ (CNG) အသုံးပြုယာဉ်ဖြစ်ပြီး မြို့တွင်းသုံးဘတ်စ်ကား (City Bus) အပြင် မြို့တွင်း၊ မြို့ပြင် ချိတ်ဆက်ပေးတဲ့ ဘတ်စ်ကား (Intercity) အမျိုးအစားတွေလည်း ရောပါလာတက်ပါတယ်။

အခြား မြို့ပြဘတ်စ်ကားတွေရဲ့ လုပ်ဆောင်မှုဖြစ်တဲ့ အဲကွန်း၊ စီစီတီဗီ၊ ငွေပုံးတွေကတော့ ပါပေမယ့် ဒီကိုရောက်တဲ့အခါမှာတော့ အများစုက ပျက်စီးတာ၊ သုံးမရတာမျိုးတော့ ဖြစ်နေပါတယ်။

🛣️ တချိန်က မြန်မာပြည်မှာ အလုပ်ပြန်ဖြစ်ခဲ့သလို ထပ်ဖြစ်နိုင်ဦးမလား

ဘတ်စ်ကားဈေးကွက်ကျွမ်းကျင်သူမဟုတ်လို့ အတိအကျတော့ မပြောနိုင်ပေမယ့် တရုတ်ဘတ်စ်ကားတွေရဲ့ ဈေးကွက်တွေက တနှစ်ထက် တနှစ်ပိုပိုကြီးလားတဲ့ အချိန်မှာ ကိုရီးယား၊ ဂျပန်၊ ဥရောပထုတ် ဘတ်စ်ကားတွေ ဝင်တိုးနိုင်ဖို့ဆိုတာ မခက်ပေမယ့်လည်း မလွယ်သလောက်ရှိနေပါတယ်။

Global Market Insight ရဲ့ အဆိုအရ ကမ္ဘာ့ဘတ်စ်ကားဈေးကွက်ရဲ့ ၁၀၀% မှာ ၁၈.၇% က တရုတ်၊ ဂျာမနီက ၁၄.၈%၊ ဆွီဒင်က ၁၂.၄%၊ အီတလီက ၃.၂% နဲ့အတူ ကျန်တဲ့နိုင်ငံတွေက ၅၀% ဖြစ်တယ်လို့ ဖော်ပြထားပြီး ကမ္ဘာ့ဈေးကွက်ရဲ့ ၁၀ ပုံ ၂ ပုံကို တရုတ်က အပိုင်ရထားတယ်လို့ ဆိုရမှာပါ။

Hyundai ရဲ့ လုပ်နိုင်စွမ်းက တောင်ကိုရီးယားတနိုင်ငံစာပဲ ဖူလုံနိုင်ပြီး တရုတ်ဘတ်စ်ကားကုမ္ပဏီတွေလို အလုံးလိုက် အရင်းလိုက် ထုတ်လုပ်မှုမှာ အားနည်းပါတယ်။

တရုတ်၊ ဂျပန်တို့ဟာ နည်းပညာအသစ်တွေ၊ ဒီဇိုင်းအသစ်တွေအစား တည်ငြိမ်မှုနှင့် ရေရှည်ကို ဆက်သွားကြပြီး တရုတ်ကုမ္ပဏီတွေက ဒီဇိုင်းအသစ်၊ နည်းပညာအသစ်တွေအပြင် လိုချင်တဲ့ ဈေးနှုန်းအလိုက်ကို ညှိနှိုင်းနိုင်တဲ့အပြင် အပြိုင်အဆိုင်လည်း များတာကြောင့် တရုတ်ဘတ်စ်ကားတွေကို လူကြိုက်ပိုများတာပဲဖြစ်ပါတယ်။

ရန်ကုန်မြို့မှာသုံးနေတဲ့ Hyundai Aero City တွေရဲ့ ပုံစံအတိုင်းပဲ တောင်ကိုရီးယားမှာလည်း ပုံစံအတူတူပဲဖြစ်ပြီး စက်ပိုင်းဆိုင်ရာမှာပဲ ကွဲပြားမှု ရှိပါတယ်။

ဘတ်စ်ကားတွေရဲ့ အဓိက ဖွဲ့စည်းတည်ဆောက်ပုံကို ပြောင်းလဲဖို့ ခက်နိုင်တဲ့ တောင်ကိုရီးယားဘတ်စ်ကားကုမ္ပဏီတွေကို "မင်းဘာလိုချင်လဲ ငါအကုန်လုပ်ပေးနိုင်တယ်" ဆိုတဲ့ တရုတ်ဘတ်စ်ကားကုမ္ပဏီတွေက ကျော်တက်သွားမှာက သိပ်မထူးဆန်းပါဘူး။

ဒါပေမယ့် ဒါတွေထက် ပိုတဲ့ အချက်တွေလည်း ကျန်ရှိနေပါသေးတယ်။

🤓 တကမ္ဘာလုံးဖြန့်ကျက်ထားတဲ့ ကွန်ယက်တွေ

တရုတ်ဘတ်စ်ကားတွေကို ပိုသုံးစွဲစေတဲ့ အချက်က တရုတ်နိုင်ငံရဲ့ ခိုင်မာတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ၊ ဈေးနှုန်းသင့်တာ၊ လိုချင်သလောက် ဘတ်စ်ကားအရေအတွက်ကို အဆင့်သင့်ထုတ်ပေးနိုင်တာဖြစ်ပြီး‌ တောင်ကိုရီးယားဘတ်စ်ကားကုမ္ပဏီတွေမှာ ဒါမျိုးအချက်တွေ မရှိနိုင်လို့ ယူဆပါတယ်။

ဒါပေမယ့် ပိုက်ဆံကို ဂရုမစိုက်ဘူး၊ ကြာမှာကိုလည်း ဂရုမစိုက်ရင် အမေရိကန်ဒေါ်လာ သုံးသိန်း တန်ကြေးရှိမယ့် Hyundai ရဲ့ အသစ်ထုတ် Hyundai Elec City Bus တွေ ရှိနေမှာပါ။

🇲🇲 မြန်မာ့မူဝါဒနှင့် Hyundai

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၂၆ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့် အမိန့်ကြော်ငြာစာအရ ခရီးသည်တင်ယာဉ်များမှာ ၂၀၂၂ ခုနှစ် ၂၀၂၆ ခုနှစ်အတွင်း ထုတ်လုပ်ထားသော ဘတ်စ်ကားများကို တင်သွင်းခွင့်ရှိပြီး Hyundai အနေနဲ့လည်း ဘတ်စ်ကားအသစ်တွေ ထုတ်လုပ်လျက် ရှိပါတယ်။

သို့သော်လည်း Yangon Bus Service အတွက် လျှပ်စစ်ဘတ်စ်ကားတင်သွင်းနိုင်ရန် ရွေးချယ်ထားတဲ့ Zhongtong ကုမ္ပဏီမှ ဘတ်စ်ကားတွေကိုသာ ဝယ်ယူတင်သွင်းရမယ့် ပုံစံကို သက်ရောက်နေပြီး တရုတ်ထုတ်ဘတ်စ်ကားတစီးရဲ့ ရန်ကုန်အရောက် ဈေးနှုန်းမှာ သိန်း ၆,၀၀၀ ဆိုတာ မနည်းလှတဲ့ ပမာဏဖြစ်ပါတယ်။

ဒါပေမယ့် ကိုရီးယားထုတ် ဘတ်စ်ကား‌နဲ့ တရုတ်ထုတ် ဘတ်စ်ကားကိုမှ တပတ်ရစ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ကိုရီးယားထုတ် ဘတ်စ်ကားတွေကို ပိုယုံကြည်မယ့် ကျွန်တော်တို့က တပတ်ရစ်တောင် ဝယ်ယူတင်သွင်းနိုင်ဖို့ ခက်ခဲနေပါတယ်။

အကယ်၍ Hyundai အသစ်တွေ တင်သွင်းခွင့်ရရင်တောင် ဈေးမနည်းလောက်ဘူးလို့ ယူဆပြီး တကယ်တော့ ဘတ်စ်ကားအသစ်တင်သွင်းဖို့ထက်စာရင် Hyundai ရဲ့ ဆက်စပ်အပိုပစ္စည်းတွေကို အခွန်လျှော့ပေါ့၍ လျင်လျင်မြန်မြန် မှာယူနိုင်မယ်ဆိုရင် လက်ရှိ ရပ်နားထားတဲ့ ကိုရီးယားထုတ် ဘတ်စ်ကားတွေကို ပြန်အသက်ဝင်လာမှာဖြစ်သလို လက်ရှိ‌ ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေကလည်း ခေါက်ရေပြည့် ပြေးဆွဲနိုင်မှာပါလို့ သတင်းပါးရင်း အတွေးအမြင်များကို ရေးသားလိုက်ရပါတယ်။

🔴 ဤဆောင်းပါးရေးသားသူသည် မည်သည့် အဖွဲ့အစည်းများနှင့် သက်ဆိုင်ခြင်းမရှိပဲ ဘတ်စ်ကားစနစ်များကို စိတ်အားထက်သန်စွာ လေ့လာနေသော ပြင်ပဆောင်းပါးရေးသားသူသာ ဖြစ်ပါသည်။‌

Address

Yangon

Alerts

Be the first to know and let us send you an email when YBS Explorers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share