Zwel Marine Transportation

Zwel Marine Transportation Shipping Transportation

04/07/2026

ဘဝမှာ အောင်မြင်ချင်တယ်။
စိတ်လည်း ချမ်းသာချင်တယ်။

ဒါဆို အသစ်တစ်ခု ထပ်ရှာဖို့ မလိုပါဘူး။
ရှိပြီးသား အမှား ငါးခုကို ရှောင်လိုက်ရုံပါ။

၁။ ဦးတည်ချက်မရှိဘဲ အလုပ်များနေခြင်း

အလုပ်များတာနဲ့ တိုးတက်တာ မတူပါဘူး။
ဦးတည်ရာ မသိဘဲ မြန်မြန်ပြေးရင်
မြန်မြန် ပင်ပန်းတာပဲ ကျန်ခဲ့မယ်။

လမ်းမှန်ပေါ်ရောက်မှ အရှိန်က အဓိပ္ပါယ်ရှိတယ်။
Clarity is Power.

၂။ ကိုယ့်ဘဝကို သူများဘဝနဲ့ နှိုင်းခြင်း

ကိုယ့်ရဲ့ Day 1 ကို
သူများရဲ့ Year 10 နဲ့ မတိုင်းပါနဲ့။

ပြိုင်ရမယ့်သူက သူများ မဟုတ်ဘူး။
မနေ့က ကိုယ့်ကိုယ်ကိုယ်ပါ။

ချမ်းသာချင်ရင် နှိုင်းတာ ရပ်လိုက်ပါ။
ကိုယ့်လမ်းကြောင်းပေါ် ပြန်တက်လိုက်ပါ။

၃။ အပြစ်တင်တဲ့စိတ် (Victim Mentality)

“စီးပွားရေး မကောင်းလို့…”
“ကံ မကောင်းလို့…”
“သူတို့ကြောင့်…”

ဒီစကားတွေက စိတ်ကို ခဏ သက်သာစေပေမယ့်
ပြဿနာကိုတော့ တစ်လုံးမှ မဖြေရှင်းပေးဘူး။

Epictetus ပြောခဲ့တာ ရှိတယ်။
ဖြစ်တာက အရေးမကြီးဘူး၊ တုံ့ပြန်ပုံကသာ အရေးကြီးတယ်တဲ့။

တာဝန်ယူတဲ့နေ့က
ဘဝက ကိုယ့်လက်ထဲ ပြန်ရောက်လာတယ်။

၄။ Perfect ဖြစ်မှ စမယ်ဆိုတဲ့စိတ်

Perfect ဆိုတာ လောကမှာ မရှိပါဘူး။
ရှိသမျှ အရာတိုင်း အနိစ္စ ဖြစ်နေတာ။

စမှ တိုးတက်မယ်။
လုပ်ရင်း ပြင်ရတာ။
Done is better than perfect.

၅။ အပျက်သဘော ဆောင်တဲ့ ပတ်ဝန်းကျင်

အနီးဆုံးလူ ငါးယောက်က
ကိုယ့်ရဲ့ အတွေး၊ အကျင့်၊ အနာဂတ်ကို ပုံဖော်တယ်။

အမြဲ ညည်းညူနေတဲ့သူတွေထက်
အမြဲ သင်ယူ ကြိုးစားနေတဲ့သူတွေနဲ့
ပိုနီးကပ်ပါ။

ဘဝပြောင်းဖို့ဆိုတာ
ကြီးကျယ်တဲ့ ဆုံးဖြတ်ချက်ကြီး တစ်ခု မဟုတ်ဘူး။

နေ့တိုင်း ရှောင်သင့်တာကို ရှောင်နိုင်တဲ့
သေးငယ်တဲ့ အလေ့အကျင့်လေးတွေ စုလိုက်တာပါ။

အောင်မြင်ခြင်းနဲ့ စိတ်ချမ်းသာခြင်းက
သီးခြားလမ်း နှစ်ခု မဟုတ်ဘူး။
တစ်ခုတည်းသော အလေ့အကျင့်ရဲ့ အသီးအပွင့် နှစ်မျိုးပါ။

ကျွန်တော်ကိုယ်တိုင်လည်း
ဒီငါးချက်ကို နေ့တိုင်း ပြန်ရှောင်နေဆဲပါ။
ပြီးပြည့်စုံလို့ ရေးတာ မဟုတ်ပါဘူး။
နားလည်သလောက် ကြိုးစားပြီး မျှဝေတာပါ။

အခု မိတ်ဆွေအတွက်
ဒီငါးချက်ထဲက ဘယ်အချက်က အခက်ခဲဆုံးလဲ။
Comment မှာ ရေးခဲ့ပါ။

ကျွန်တော့်အတွက်
အောင်မြင်မှုအဓိပ္ပာယ်ဖွင့်ဆိုချက်က
လုပ်ချင်တာလုပ်ပြီး ရချင်တာရနေတာဖြစ်ပါတယ်။

Phyo Paing @ Derek


Credit

28/04/2026
27/04/2026

မိုးရွာမည် 🌧

လာမယ့် ဧပြီလ ၂၉ရက်မှ မေလ ၄ရက်နေ့အတွင်း မကွေးတိုင်း ဒေသကြီးထဲက ဒေသအားလုံးမှာ နေရာအနှံ့ မိုးတွေရွာပါမယ်။ မကွေးတိုင်းထဲက ပူလို့အိုက်လို့ မိုးမျှော်နေကြသူတွေ၊ စိုက်ခင်း ရေသွင်းမယ့်သူတွေ ဝမ်းသာစေမယ့် မင်္ဂလာ သတင်းကောင်းလေး ဖြစ်ပါတယ်။ စိုက်ခင်း ရေသွင်းမယ့်သူတွေ ဆီဖိုးသက်သာသွားရင် မိုးလေဝသဒေတာ ဝယ်ယူတွက်ချက်ဖို့ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးဖို့ မမေ့ကြနဲ့ဦးနော်။ ပိုစ့်တိုင်းမှာ ထည့်ထည့်ပြောရတာလဲ ဖတ်ရှုသူများကို အားနာပါတယ်။ မိုးချစ်သူလေးတွေ ဝမ်းသာနိုင်စေဖို့ ကြိုတင်သတိပေးလိုက်ပါတယ်။ မိုးကြိုး မိုးသီး အန္တရာယ် ရှိတာမို့ မိုးတိမ်မဲမဲကြီးတွေ မြင်တာနဲ့ သစ်ပင်အောက်တွေ ကွင်းပြင်တွေမှာ မနေကြဘဲ လုံခြုံရာ အဆောက်အအုံထဲမှာ နေကြဖို့ သတိပေး တိုက်တွန်းလိုက်ပါတယ်။ ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်၊ မင်းဘူးခရိုင်၊ မကွေးခရိုင်နဲ့ ချောက်ခရိုင်တွေမှာ နေရာကွက် မိုးများမယ်နော်။

27-04-2026/6:00PM
Data Soure:GFS/GEM/JMA/ICON/UKMO/ECMWF/USAI
Dr. Sai Khun Arkar
Professional Research Meteorologist
Atmospheric Scientist
#တိကျသေချာ #ဒေါက်တာစိုင်းခွန်အာကာ #မကွေးတိုင်း #မကွေး #မင်းဘူး #မိုးလေဝသ

24/04/2026

ကြိုးစားတိုင်းမအောင်မြင်ဘူး။
ကြိုးစားတာက
အမြဲမပြတ် လမ်းလျှောက်တာနဲ့တူတယ်။

ဥာဏ်ကောင်းတိုင်းလဲ မအောင်မြင်ဘူး။
ဥာဏ်ကောင်းရင်လမ်းမြင်မယ်။
မလျှောက်ရင် မရောက်ဘူး။

ကံကောင်းတိုင်းလဲ မအောင်မြင်ဘူး။
ကိုယ်ရှိတဲ့နေရာနဲ့ အခွင့်အရေးတခါတွေ့လို့
အဆင်ပြေသွားကောင်း ကောင်းမယ်။
အမြဲတော့ ကံကောင်းနေမှာ မဟုတ်ဘူး။

ဥာဏ်ကောင်းရင် သွားရမည့်လမ်းမြင်မယ်။
ကံကောင်းရင် သွားတဲ့လမ်းမှာ
အခွင့်အလမ်းတွေ တွက်ချက်ထားတာထက်
ပိုများမယ်။
ဝိရိယကောင်းရင် အခွင့်အလမ်းနဲ့
ပြင်ဆင်ကြိုးစားမှုနဲ့တွေ့မယ်။

အောင်မြင်တယ်ဆိုတာ
ကိုယ်လိုချင်တာရတာ။
မလိုချင်တာ မရတာ။

လူတွေဘာတွေလိုချင်လဲ
ငွေ၊ အချစ်၊ တိုးတက်ရေး၊ ဂုဏ်၊ တရား။

Phyo Paing @ Derek

MV ZMMH-9 Dock
23/04/2026

MV ZMMH-9 Dock

ကမ်းရိုးတန်းသွားသင်္ဘောများ၏ DSMS(Domestic Safety management System)လိုက်နာဆောင်ရွက်မှုရှိ/မရှိ DMA နှင့် DPA တို့မှစစ်ဆ...
23/04/2026

ကမ်းရိုးတန်းသွားသင်္ဘောများ၏ DSMS(Domestic Safety management System)လိုက်နာဆောင်ရွက်မှုရှိ/မရှိ DMA နှင့် DPA တို့မှစစ်ဆေးလျှက်ရှိပါသည်။

17/04/2026

နှစ်သစ်မှာ အရေးကြီးဆုံးကတော့ အတိတ်က အညစ်အကြေးတွေကို လွှတ်ချနိုင်တဲ့ စိတ်ထားပဲ။ နှစ်ဟောင်းမှာ ကြုံခဲ့ရတဲ့ စိတ်နာစရာတွေ၊ အဆင်မပြေမှုတွေနဲ့ အာဃာတတွေကို အိတ်အဟောင်းကြီးတစ်ခုလို ထမ်းမလာပါနဲ့တော့။ 'ပြီးခဲ့တာတွေ ပြီးပါပြီ' ဆိုပြီး လွှတ်ချလိုက်မှသာ နှစ်သစ်ခရီးကို ပေါ့ပေါ့ပါးပါးနဲ့ ဝေးဝေးသွားနိုင်မှာ ဖြစ်ပါတယ်။

နောက်ပြီးတော့ ကိုယ့်မှာရှိနေတဲ့ အရာလေးတွေကို တန်ဖိုးထားတတ်တဲ့ ရောင့်ရဲတင်းတိမ်တဲ့ စိတ်ကလေးကိုလည်း မွေးမြူရမယ်။ 'ငါ့မှာ ဒါမရှိလို့၊ ဟိုဟာမရလို့' ဆိုပြီး မပြည့်စုံတာတွေကို လိုက်ကြည့်ပြီး စိတ်ညစ်နေမယ့်အစား ရှိနေတာလေးတွေနဲ့ အေးချမ်းအောင် နေတတ်ဖို့ လိုတယ်။ သည်းခံခြင်းဆိုတဲ့ စိတ်ထားကလည်း နှစ်သစ်မှာ အင်မတန် အရေးကြီးတယ်။ လောကမှာ လောကဓံဆိုတာ လာဦးမှာပဲ၊ အဲ့ဒီအခါ 'ဒါဟာ လောကရဲ့ သဘောပဲ' လို့ သည်းခံနိုင်တဲ့စိတ်ရှိရင် ဘယ်လိုအပူမျိုးပဲလာလာ ကိုယ့်စိတ်ကို မလောင်မြိုက်နိုင်တော့ဘူး။

အဓိကကတော့ ကိုယ့်ပတ်ဝန်းကျင်ကို မေတ္တာရှေ့ထားတဲ့ မျက်လုံးနဲ့ ကြည့်တတ်ဖို့ပဲ။ အပြစ်ရှာတဲ့စိတ်ထက် 'အားလုံး အဆင်ပြေကြပါစေ' ဆိုတဲ့ စေတနာစိတ်နဲ့ ဆက်ဆံမယ်ဆိုရင် ကိုယ့်ဆီကိုလည်း မေတ္တာတွေပဲ ပြန်လာလိမ့်မယ်။ အရာရာမှာ သတိနဲ့ အသိဉာဏ်ကို ယှဉ်ပြီး ဆုံးဖြတ်တတ်တဲ့ စိတ်ထားမျိုးရှိနေရင်တော့ ဘယ်တော့မှ လမ်းမှားမှာ မဟုတ်ပါဘူး။ ဒါကြောင့် နှစ်သစ်မှာ အဝတ်အစားသစ်တွေ လဲသလို ကိုယ့်ရဲ့ စိတ်ထားဟောင်းတွေကိုလည်း ဒီလို စိတ်ထားကောင်းလေးတွေနဲ့ လဲလှယ်ကြည့်ကြပါ။ စိတ်ထားစင်ကြယ်နေတဲ့သူအတွက် နှစ်သစ်ရဲ့ နေ့ရက်တိုင်းဟာ မင်္ဂလာရှိတဲ့ နေ့ရက်တွေ ဖြစ်နေမှာပါ"

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

#နှစ်သစ်ကူး2026 #ပါချုပ် #ပါမောက္ခချုပ်ဆရာတော် #နှစ်သစ်စိတ်ထား #စိတ်သစ်ဘဝသစ် #တရားတော် #မေတ္တာ #သတိ #ဓမ္မရသ

Address

615S Marlar Street , Pyay Road
Yangon

Telephone

+951505075

Website

Alerts

Be the first to know and let us send you an email when Zwel Marine Transportation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zwel Marine Transportation:

Shortcuts

Share