Forever Connected Group

Forever Connected Group Caravan Tours - Escorted tours and all-inclusive vacations. Self-drive Caravan trip crossing border

လက်ရှိ ကမ္ဘာ့နိုင်ငံများတွင် CoVid19 အခြေအနေ ပြင်းထန် နေပါသောကြောင့် ယခင်စီစဉ် ထားသော သင်္ကြန်ကာလ ၅နိုင်ငံ မော်တော်ယာဉ် ...
05/03/2020

လက်ရှိ ကမ္ဘာ့နိုင်ငံများတွင် CoVid19 အခြေအနေ ပြင်းထန် နေပါသောကြောင့် ယခင်စီစဉ် ထားသော သင်္ကြန်ကာလ ၅နိုင်ငံ မော်တော်ယာဉ် ဖြတ်သန်းမောင်းနှင်ကြမည့် အစီအစဉ်အား ရွေ့ဆိုင်းလိုက်ကြောင်း စိတ်မကောင်းစွာ အသိပေးအပ်ပါသည်။

Deposit ပေးချေပြီးသောကားများနှင့်customers များ B2B မှရောင်းချပေးထားသော customers များကိုလည်း ပေးသွင်းပြီးငွေများ လာရောက်ထုတ်ယူနိုင်ပြီး CoVid19 ရောဂါ ကပ်ဆိုးကိုကျော်လွှားကာ အခြေအနေတည်ငြိမ်မှ ပြန်လည်စီစဉ်ထွက်ခါပါမည်

Forever Connected Group

Forever Connected Group ရယ့် April (5) နိုင်ငံနယ်စပ်ဖြတ်ကျော်ခရီးစဉ်ဟာဆိုရင်ဖြင့် လိုက်ပါမည့်🚓🚙🚙🚙🚙🚙🚙ကား (၆) စီးကြောင့်ပိ...
04/02/2020

Forever Connected Group ရယ့် April (5) နိုင်ငံနယ်စပ်ဖြတ်ကျော်ခရီးစဉ်ဟာဆိုရင်ဖြင့် လိုက်ပါမည့်🚓🚙🚙🚙🚙🚙🚙ကား (၆) စီးကြောင့်ပိုမိုရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းလာပါပြီ
🚨🚨🚨ကားအစီးရေနှင့်အချိန်အကန့်အသတ် ရှိတာကြောင့်ကျန်ခဲ့တာမျိုးမဖြစ်ရလေအောင်
👉👉February 29 မတိုင်မှီအမြန်ဆုံးဆက်သွယ်စာရင်းပေးဖို့ ဖိတ်ခါ်ပါရစေ✍🏻
📞📞📞📞📞အမြန်ဆက်သွယ်ရန်ဖုန်းတွေကတော့
#095037883 (Kelvin)
#095146212 (James)
#095035661 (Chaw)
#09797000017 (Chaw Ei)

၂၀၂၀ သင်္ကြန်ပိတ်ရက်ရှည်အတွက် အမှတ်တရ ဖြစ်စေမယ့် Forever Connected ရဲ့ ၅ နိုင်ငံဖြတ်သန်း မောင်းနှင်မည့် Caravan ခရီးစဉ်က...
16/01/2020

၂၀၂၀ သင်္ကြန်ပိတ်ရက်ရှည်အတွက် အမှတ်တရ ဖြစ်စေမယ့် Forever Connected ရဲ့ ၅ နိုင်ငံဖြတ်သန်း မောင်းနှင်မည့် Caravan ခရီးစဉ်ကို မိတ်ဆက်ပါရစေ

April ၉ ရက် နေ့မှ April ၂၀ ရက် အထိ (၁၀ညအိပ် ၁၁ရက်) ခရီးစဉ် ဖြစ်ပါတယ်
နာမည်ကျော် 4 Stars Hotel များမှာတည်းခိုပြီး

Cambodia 🇰🇭
Casino နဲ့ အန်ကောဝတ်

Vietnam 🇻🇳
ဟိုချီမင်းမြို ့
မွေ့နဲ ကမ်းခြေ ( White & Red Sand Dunes )
ဒါနန် Golden Hand Bridge

Laos 🇱🇦
Vientiane နဲ့ မဲခေါင်မြစ်

Thailand 🇹🇭
သာယာလှတဲ့ နယ်မြို့လေး Pai

တို့ကို အဓိကထား လည်ပတ်မည့်ခရီးစဉ် ဖြစ်ပြီး ဒေသ အစားအစာ ဗဟုသုတ အပြင် တောင်တရုတ်ပင်လယ်ရဲ့ အလှကို ကမ်းရိုးတန်း တလျှောက်ခံစားရမှာ ဖြစ်ပါတယ်။

Car Related Fee $4000 ကျသင့်ပြီး ယာဉ်ပေါ်တွင်လိုက်ပါမည့်သူများ မှ
မျှခံရပါမည်။ ခရီးစဉ် စရိတ်အဖြစ် တစ်ဦးလျှင် $ 1500 ကျသင့်ပါမည်။

ပထမဆုံး Registrar လုပ်တဲ့ကား ၃စီး အတွက်အထူးလက်ဆောင်ပေးဖို့ရှိပါတယ်
February 29 နောက်ဆုံးထားစာရင်းသွင်းရပါမယ်ရှင့်

ခရီးလှည့်လည်ရေးပြည်ပလိုင်စင်နံပါတ် ပခ/၀၀၂၈

အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များကိုဆက်သွယ်စုံစမ်းမေးမြန်နိုင်ပါတယ်ရှင့်
095146212
095037883
09455003111
095035661


#သင်္ကြန်
#ခရီးစဥ◌်
#မြန်မာ
#ထိုင်း
#ကမ္ဘောဒီးယား
#ဗီယက်နမ်
#လာအို
#နယ်စပ်ြဖတ်ကျော်

ကားမောင်းချင်တယ်မဟုတ်လား 🏎🏎🏎ဝါသနာကလဲပါတယ်ဟုတ် ဘာမှမေးမနေနဲ့ လိုက်ခဲ့လိုက်တော့မောင်းမှာကကား သွားမှာကနိုင်ငံခြား နိုင်ငံခြ...
12/07/2019

ကားမောင်းချင်တယ်မဟုတ်လား 🏎🏎🏎ဝါသနာကလဲပါတယ်ဟုတ် ဘာမှမေးမနေနဲ့ လိုက်ခဲ့လိုက်တော့
မောင်းမှာကကား သွားမှာကနိုင်ငံခြား နိုင်ငံခြားဆိုလို့လဲ Shopping တွေဇိမ်ကျကျ ခေတ်လွန်နေရာတွေမထင်နဲ့ သဘာဝသစ်တောတွေရယ် စိမ်းစိမ်းစိုစိုနဲ့အနားယူမယ် ရေကူးမယ် ဘယ်သွားမလဲဆိုတော့ ထိုင်းတစ်ခွင်ပေါ့🧳🧳
Yangon-Myawaddy-Patchaburi-Kanchanaburi တစ်လျောက်မောင်းကြမယ်လေ ငါးညအိပ်၆ရက်ဆိုအပျင်းပြေ စိတ်တွေချမ်းသာရုံလောက်ပေါ့ ဘယ်လိုနေရာတွေ ဘာတွေကိုဝင်လည်ကြမလဲဆိုတာပုံလေးတွေကြည့် ⛰🏕🏕
ထိုင်းမြန်မာ သေမင်းတမန်ရထားလမ်းနဲ့တံတား
ဒုတိယ ကမ္ဘာစစ် အတွင်းက စစ် အကျဉ်းသားတွေရဲ့ ဝိညာဉ်တို့ လှဲလျောင်းရာနေရာနဲ့ အမှတ်တရပြတိုက်
Hell fire pass
Erawan National Park
ပြီးတော့ မြစ်ကမ်းဘေးက အေးချမ်းတဲ့ Resort လေးမှာ 2ညအနားယူမယ်
စက်တင်ဘာလနောက်ဆုံးအပတ်(သို့)အောက်တိုဘာပထမအပတ်အတွင်း စိတ်ဝင်စားသူအများဆုံးအဆင်ပြေမယ့်ရက်ကိုစထွက်မယ် ကားဆယ်စီးပြည့်ရင်ထွက်မယ် ရင်ခုန်ရမယ့်လူ ၃၀လောက်နဲ့ 5ညအိပ်6ရက်ခရီးကို လူတစ်ယောက်600++ကျသင့်ပါမယ်
လူတစ်ဦးကျသင့်ငွေတွင်ပါဝင်မည့် ဝန်ဆောင်မှုများမနက်စာ,နေ့လယ်စာ,ညစာ,4star Hotel , Team Jacket
ယူလာမယ့်ကားအတွက်တစ်စီးကို 781$ကျမယ်ဆိုတော့ တူတူစီးမယ့်သူတွေမျှခံကြရမယ် ကားစာရိတ်ကျသင့်ငွေတွင်ပါဝင်မည့်ဝန်ဆောင်မှုများ နိုင်ငံဖြတ်ကျော်မောင်းနှင်ခွင့်,ထိုင်းနိုင်ငံအတွင်းမောင်းနှင်စဉ် မိမိကြောင့်သူတစ်ပါးထိခိုက်မှုအာမခံ,ခရီးစဉ်တစ်လျောက်စက်သုံးဆီဖြည့်တင်းမှုများ, ဧည့်လမ်းညွှန်,ယာဉ်တန်းအစီအစဉ်စသည်များပါဝင်ပါသည်
သြဂုတ်လ(၂၄)ရက်နေ့နောက်ဆုံးထားစာရင်းပေးသွင်းနိုင်ပါသည်

နွေရာသီမကုန်ဆုံးခင်လေးကိုမှ ခရီးထွက်လိုက်ချင်တယ်ပေါ့? သင်္ကြန်ရဲ့ အငွေ့အသက်ကလဲ မကုန်သေးတော့ ရေလဲကစားချင်နေတဲ့စိတ်လဲ ရှိနေေ...
14/03/2019

နွေရာသီမကုန်ဆုံးခင်လေးကိုမှ ခရီးထွက်လိုက်ချင်တယ်ပေါ့?
သင်္ကြန်ရဲ့ အငွေ့အသက်ကလဲ မကုန်သေးတော့ ရေလဲကစားချင်နေတဲ့စိတ်လဲ ရှိနေသေးပြန်တယ်ပေါ့?
ကိုယ့်မြန်မာနံပါတ်နဲ့ကားလေး ကိုယ်တိုင်မောင်းရင်းနဲ့ တနယ်တကျေးက ဒေသန္တရဗဟုသုတနဲ့ အစားအသောက်လေးတွေကို လဲ အတွေ့အကြုံရချင်ပြန်တယ်ပေါ့ ...
Forever Connected Group ကနေ ပျော်စရာ, ရင်ခုန်စရာ caravan ခရီးစဉ်လေးစီစဉ်ဖို့ ရှိတယ်...
ကိုယ့်နိုင်ငံနဲ့ အနီးဆုံး ထိုင်းနိုင်ငံရဲ့ Kanchanaburi ပြည်နယ်လေးဆိုဘယ်လိုလဲ? စိတ်ဝင်စားကြလား? မေလ မကုန်ခင်လေး... လူကြီးတွေနားချိန်လေး
ကလေးတွေကျောင်းပိတ်နေချိန်လေး ဆိုရင်ရော?

သမိုင်းရှိခဲ့တဲ့ Thailand Burma railway တို့, နာမည်ကျော် Hellfire Pass တို့, Erawan National Park တို့, Srinagarindra National park နဲ့ ဆည်ကြီးကလဲရှိတယ်ဗျ.....
water sportsတွေ, activities တွေလုပ်လို့ရမယ့် Ananta river hill resort မှာတည်းမယ်
Maldives နဲ့တူတယ်ဆိုတဲ့ Z9 resort ဆိုလဲ luxuary life ကိုရမယ်
ဖောင်လေးနဲ့ ဝါး တဲလေးတွေနဲ့ တည်းရမယ့် River Kwai jungle raft လည်းနေလို့ရမယ်လေ ....

စိတ်ဝင်စားကြလား? ပြောပေးအုံးနော် ... စိတ်ဝင်စားရင် တခါထဲ စာရင်းပေးထား, အသေးစိပ်နဲ့ကျသင့်ငွေကို မကြာခင်ပြန်ပြောပေးမယ် ချိဖတို့ ချိမတို့ရေ.....

အောက်မှာပုံလေးတွေကြည့်ပီး ကြိုစိတ်ကူးယဉ်ထားလို့လဲရတယိနော်
Page မှာပဲ ပြောပြော
Post မှာပဲပြောပြော
စိတ်ဝင်စားရင်လက်တို့ပြောပေါ့

ဈေးကသေချာတယ် ... အချိုဆုံးပဲ Forever Connected ရဲ့ အားသာချက်ပေါ့

ကဲကွယ် ... အားလုံးပဲစောင့်မျှော်နေကြတဲ့ Forever Connected Group ရဲ့ လေးနိုင်ငံ နယ်စပ် ဖြတ်ကျော်ခရီးစဉ်အသေးစိတ်လေး လာပါပြ...
27/02/2019

ကဲကွယ် ... အားလုံးပဲစောင့်မျှော်နေကြတဲ့ Forever Connected Group ရဲ့ လေးနိုင်ငံ နယ်စပ် ဖြတ်ကျော်ခရီးစဉ်အသေးစိတ်လေး လာပါပြီနော် 🚘🚖🚙

အားလုံးသိကြတဲ့အတိုင်းပဲ..အားလပ်ရက်လေးတွေများတဲ့ April သင်္ကြန်ပိတ်ရက်အတွင်းမှာ (9) ညအိပ် (10) ရက် နယ်စပ်ဖြတ်ကျော် ကားမောင်း ခရီးစဉ်လေးပါနော် ... 🚘🚖🚙

ခရီးစဉ်စတင်မယ့် ရက်ကတော့ (11) April မှ (20) April အထိ ဖြစ်ပြီး အသေးစိတ်ခရီးစဉ်လေးတွေကိုတော့
တစ်ချက်ကြည့်လိုက်နော်..........👉👉👉👉👉👉
မြန်မာ- ထိုင်း -ကမ္ဘောဒီယား- ဗီယက်နမ် ပေါ့ ☺️

Day 1... ရန်ကုန်-မြဝတီ-မဲဆောက် (4 Stars Hotel)
ရန်ကုန် မြဝတီနယ်စပ်ကတဆင့် ထိုင်းနိုင်ငံ မဲဆောက်အထိ VIP ယာဉ်တန်းခရီးစဉ်လို မောင်းပြီး ကြယ်လေးပွင့် အဆင့်ဟိုတယ်မှာ ညအိပ်အနားယူမှာနော် ☺️

Day 2... မဲဆောက်-ပွိုင်ပက် (4 Stars Hotel)
မနက်စာသုံးဆောင်မယ် ... မဲဆောက်မြို့ကတဆင့်VIP ရဲအစောင့်အရှောက်နဲ့ ကမ္ဘောဒီယားနယ်စပ် ပွိုင်ပက် border အထိမောင်းကြမှာတဲ့ 🚗
ဒီညလဲညစာစားပြီးရင် 4 stars hotel မှာပဲအိပ်ကြဦးမှာ 😴
အော် .... တစ်ခုတော့ကြိုပြောထားမယ်နော် 📣 ခရီးစဉ်တစ်လျောက်လုံးဟိုတယ်တွေက 4 stars/ 5stars တွေကြီးပဲနော်လို့ 👏🚨🚨🚨

Day 3... ပွိုင်ပက် - ဆီယမ်ရိ- ဟိုချီမင်း(5 Stars Hotel)
ပွိုင်ပက်ကနေဆီယမ်ရိ ကို ဆက်ထွက်ကြပြီနော် 🚗 အန်ကောဝပ်ကျောင်းတော်ကြီးဆိုတာလဲ ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်တော့ ဝင်လည်မှဖြစ်မှာပေါ့ ...
ဒီနေ့လေးကိုတော့ ဟိုချီမင်းမြို့ပေါ်က 5 Stars Hotel မှာထုံးစံအတိုင်းပေါ့😞😞😞 🤪🤪

Day4.... ဟိုချီမင်း City Tour(5 Stars Hotel)
မနက်စာက 5stars......🍽☕️
ဟိုချီမင်းကအမိုက်စား...... 👍👍
အထင်ကရတွေကိုလည်စို့လား 💃
ညအိပ်ပြန်ပြီ 5stars 🤷‍♀️
မောလဲမောတယ် ပျော်ပျော်ပါးပါး 😄😄
(ရှေးဟောင်း General Post Office, Notre Dame Cathedral Reunification Palace, Ban Thanh Market,Shopping Malls)

Day 5... ဟိုချီမင်း -မွေ့နဲ(4 Stars Hotel)
စောစောလေးဗိုက်ဖြည့်ပြီးရင် ရင်ခုန်စရာတွေပြည့်နှက်နေတဲ့ သဲကန္တာရနဲ့ ကမ်းခြေရှိရာ မွေ့နဲမြို့လေးသို့ ဆက်သွားကြမယ်လေ ...
သဲကန္တာရမှာပဲ ကြမ်းကြမ်း 🏎
ကမ်းခြေမှာပဲ ဖလန်းဖလန်း 👙👣💃
ညစာကတော့ ပင်လယ်စာဘူဖေးလေးနဲ့ ခပ်လန်းလန်း 🐙🦑🦐🦀
စားပြီးကြရင် 4stars လှမ်း🛌🛌 😴😴

Day 6... မွေ့နဲ - ဖနွမ်းပင်(5 Stars Hotel)
ကမ္ဘောဒီယားနယ်စပ် ကို ပြန်ကြဖို့ အချိန်ကျပြီဆိုတော့ နံနက်စာလေးတော့ စားဦးမှပါလေ 😋
ဒေသစာတွေစားပြီး Casino ကစားဖို့ 5 Stars Hotel ကိုဒိုးကြစို့.. 💃💃
ကစားမလား... နားမလား ယူတို့ပဲစဉ်းစား 😜😜

Day 7... ဖနွမ်းပင် - ပတ္တရားကမ်းခြေ (4 Stars Hotel)
မနက်စာစား Royal palace ကိုသွား ........ပြီးမှ ထိုင်းနယ်စပ်ကိုဖြတ်စို့လား ...
ပတ္တရားကတော့နောက်ထပ်နားမယ့် 4Stars...

Day 8... ပတ္တရားကမ်းခြေ (4 Stars Hotel)
နာမည်ကျော်ကြားတဲ့ ပတ္တရား သင်္ကြန်ကို ပါဝင်စီးမျောရင်း ပင်ပန်းခဲ့သမျှကို 4 Stars Hotel မှာပဲ တစ်ညဆက်နားကြရအောင်နော်လို့... 🤗🤗

Day 9... ပတ္တရား-မဲဆောက် (4 Stars Hotel)
ကဲ ... အပန်းတွေပြေပြီဆိုတော့ ရွှေနိုင်ငံဆီပြန်ကြဖို့ မဲဆောက်ကိုပဲသွားကြစို့ ... 😍
စခန်းသာတဲ့နေရာမှာ ထိုင်းရိုးရာ အစားအသောက်တွေစားပြီး ညနေမှာ ရိုးရာမပျက်မဲဆောက် Robinson မှာဈေးဝယ်ဖို့ တာဝန်ကလဲရှိသေးတယ်လေ 💄👡👗👖👚
ဟင် ... 😳😳 😜 လာပြန်ပြီလား 4Stars Hotel

Day 10... မဲဆောက် - ရန်ကုန်
နံနက်အဆာပြေစားပြီး နယ်စပ်ကိုဖြတ်ကျော် မြန်မာနိုင်ငံကိုပြန်ကြစို့နော် ... 🚘🚖🚙 ဘားအံမြို့က ချစ်သူမြိုင် ထမင်းစားချိန်မှာတော့ နှုတ်မဆက်နဲ့ ငိုချင်တယ်ပေါ့နော် 😭😭

😍😍 မှာလိုက်ချင်တာကတော့ နောက်လာမယ့်ခရီးတွေမှာ ပြန် မဆုံခင်အထိတော့ ကျန်းမာရေးဂရုစိုက်ပါနော် ... လို့ 😍😍

အားလုံးသိချင်မှာကတော့ ဈေးနှုန်းပဲပေါ့နော် ...
အလင်းပြလိုက်ပါပြီကွယ် ...

လူတယောက်ကို ----
(၁) ခရီးစဉ် (၁၀) ရက်စာ တည်းခိုစားသောက်မှုအတွက် အတွက် 1399$ ရယ်
(၂) ဆီဖိုး,ကားနဲ့ နယ်စပ်ဖြတ်ကျော်ခတွေ ကို 350$ စီကျသင့်မှာဖြစ်ပါတယ်

ဧပြီလရဲ့ လေယာဉ်လက်မှတ်ချည်းတောင် ဗီယက်နမ်ကို 600-700$ , ဘန်ကောက်ကို 300$ စီကျနေချိန်မှာ ဒီရက်နဲ့ ဒီဈေးကတော့ ဘယ်လိုပြောပြော, ဘယ်ဘက်ကကြည့်ကြည့် တန်တယ်ရဲ့ ဟိုဘက်ကို လွန်နေပြီဆိုတော့ ... မြန်မြန်သာ booking တင်လိုက်တော့ပေါ့နော် .... 😍

👜👜👜ကီလို အပိုဝယ်စရာမလိုပဲ ကြိုက်သလောက် shopping ထွက်လို့ရတဲ့ အစောင့်အရှောက်ယာဉ်တန်းနဲ့မြို့တွေကို အရောက်သွားမှာမို့ လုံခြုံစိတ်ချရဖို့တော့ ပြောနေစရာတောင်မလိုတော့ပါဘူးနော် ... 😍
ဈေးဝယ်ဖို့ လည်ပတ်ဖို့အတွက်လည်း အချိန် အများကြီးပေးထားတဲ့ အတွက်စဉ်းစားမနေပဲ အရမ်းတန်တဲ့ဈေးလေးနဲ့ (9) ညအိပ် (10) ရက်ခရီးစဉ်လေးနဲ့ လိုက်ပါခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ် 🤗🤗🤗

ခရီးစဉ်စတင်မယ့် ရက်ကတော့ (11) April မှ (20) April အထိ ဖြစ်ပါတယ်..

🎯စိတ်တိုင်းကျစေရမယ့် ဝန်ဆောင်မှုတွေရယ်,
🎯 နွေးထွေးတဲ့ မိသားစုဆန်တဲ့ ဆက်ဆံရေးတွေရယ်,
🎯သူများနဲ့မတူတဲ့ ခရီးစဉ်နဲ့ အစားအသောက်တွေရယ်,
🎯4 stars,5 stars ထက်မနိမ့်တဲ့ တည်းခိုစရာတွေ ...
🎯 တော်ပါပြီလို့တားယူရမယ့် အလျှံအပယ် အစားအသောက်တွေက Forever Connected ရဲ့ ထူးခြားမှုတွေပေါ့...

ခရီးစဉ်လေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဖုနိးနံပါတ်လေးတွေကိုဆက်သွယ်ဖို့မမေ့ပါနဲ့နော်..
License Pa ka/0028

☎️095037883
☎️09400400066
☎️095035661

😍 အသေးစိတ်ကိုသိချင်ရင်လဲ Forever connected က ဖြေပေးဖို့ အမြဲကြိုဆိုလျက်ပါလို့ ..... 😍




ပိတ်ရက်တွေအများကြီးနဲ့ ပျော်စရာကောင်းလှတဲ့ April လထဲမှာ Forever Connected Group နဲ့ (၄)နိုင်ငံ ဖြတ်ကျော် အလည်သွား လန်းကြ...
02/02/2019

ပိတ်ရက်တွေအများကြီးနဲ့ ပျော်စရာကောင်းလှတဲ့ April လထဲမှာ Forever Connected Group နဲ့ (၄)နိုင်ငံ ဖြတ်ကျော် အလည်သွား လန်းကြမလားး..

January လထဲက (၂)နိုင်ငံ လည်ပတ်ခဲ့တဲ့ Caravan Tour ကို ပျော်လို့မ၀သေးခင် ပြီးဆုံးသွားတာ မကျေနပ်သေးလို့ ဒီတစ်ခေါက်တော့ (၄)နိုင်ငံတောင် သွားကြဦးမှာတဲ့..
ဟိုတစ်ခေါက်တုန်းက အကြောင်းအမျိုးမျိုးနဲ့ မလိုက်ဖြစ်ခဲ့တဲ့ လူတွေလဲ လိုက်နိုင်အောင်လို့ အားလပ်ရက်တွေအများကြီးနဲ့ April လကိုမှ ရွေးပြီး စီစဉ်ထားတဲ့အပြင် ရက်ကလေးတိုတိုလေးပဲလားဆိုသူတွေအတွက်ပါ အပျော်ကြီး ပျော်နိုင်ဖို့ (၉)ညအိပ် (၁၀)ရက်ခရီး ဆွဲထားပေးတာနော..

ကဲ.. ဘယ်နိုင်ငံတွေ သွားမှာလဲ ??.. ဆိုတဲ့ မေးခွန်းတွေ အတွက် လာပါပြီ..
Myanmar ကတော့သေချာတယ်ပေါ့နော်.. Cambodia တဲ့., Vietnam နဲ့ Thailand ကလဲ မပါမဖြစ်တဲ့ တကယ့်အလန်းကြီးး......

** Cambodia နယ်စပ်က Casino Club ကို အလည်သွားမယ်.. သတိ! စိတ်အလိုမလိုက်ရ! 😀 😀..
** Vietnam နိုင်ငံ Ho Chi Minh မြို့တော်မှာ မတူညီတဲ့ ရိုးရာယဉ်ကျေးမှုတွေနဲ့ ရှုခင်းတွေကို ကြည့်ရှုကြမယ်.. ရိုးရာအစားအသောက်တွေကလဲ မပါမဖြစ်နော်..
** Business Matching Event လဲ စီစဉ်ပေးဦးမှာဆိုတော့ ကိုယ်ရဲ့စီးပွားရေးလုပ်ငန်းတိုးတက်ဖို့အတွက် လက်မလွှတ်သင့်တဲ့အခွင့်အရေး တစ်ခုပေါ့နော်
** နောက်တစ်မြို့ကူးပြီး Mui Ne (မွေ့နဲ) မှာ အရမ်းလှတဲ့ ကမ်းခြေကို အလည်သွားမယ်..... ........ သဲကန္တာရထဲမှာလဲ ကားတွေမောင်းရင် အတွေ့အကြုံသစ်တွေ ယူမယ်လေ ...
** Vietnam နိုင်ငံထဲ လည်လို့ဝပြီဆို Cambodia နိုင်ငံ Phnom Penh မြို့မှာ အစားအသောက်အသစ်အဆန်းတွေနဲ့ ပျော်ဖို့ကောင်းတဲ့ Night Life တွေမှာ စီးမျောကြမယ်..
** Cambodia ရောက်ပြီဆို မသွားမဖြစ် Angkor Wat Temple ကိုတော့ အရောက်သွား လေ့လာမှ ပြည့်စုံမှာပေါ့.. အသေးစိတ်အနုပညာ လက်ရာတွေနဲ့ ထွင်းထု တည်ဆောက်ထားတဲ့ အန်ကောဝပ်ဘုရားကျောင်းကြီးကတော့ တကယ့်ကို အံ့မခန်းပါပဲ..
** Pattaya Beach သင်္ကြန်လဲ မပါမဖြစ်.. ဘန်ကောက်ထက်တောင် လည်ပတ်စရာနေရာတွေများလွန်းတဲ့ pattaya မြို့ထဲ အပျော်တွေ လွန်နေမှာ မြင်ယောင်နေသေး..

ကဲ.. စိတ်ကူးနဲ့ လည်ပတ်ကြည့်တာတောင် တော်တော်ပျော်ဖို့ကောင်းနေတဲ့ Special Program တွေနဲ့ Caravan Tour ကြီးကို စိတ်ဝင်စားတဲ့ ဧည့်သည်များအတွက် Forever Connected Group Team က မေးခွန်းတွေ ဖြေကြားပေးဖို့ အဆင်သင့်စောင့်ကြိုနေပါတယ်နော်..

ခရီးစဉ် လေးကို တခေါက်ပြန်ပြောမယ်နော်

YANGON -THAILAND-CAMBODIA--VIETNAM လေးနိုင်ငံ 9ညအိပ် 10ရက် အတွက်
လူတဦးကို 1299USD + car permit 450USD
.. သေချာတယ် သက်သာစေရမယ်, ပျော်ရွှင်စေရမယ် ... ပီးတော့ အဆင့်မြင့်မြင့် ရဲယာဉ်တန်း အစောင့်အရှောက်နဲ့ နိုင်ငံတိုင်းမှာသွားရမယ်လေ ..
ဘာတွေတွေးနေလဲ ... ခုပဲစာရင်းပေးထားတော့နော် .... လူတွေများလေ ပျော်စရာကောင်းလေပဲ

Day-2
24/01/2019

Day-2


Address

Yangon
11191

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Forever Connected Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category