21/05/2026
စိမ်းလန်းသန့်ရှင်းသောပတ်ဝန်းကျင်သို့ Manulife Myanmar ရဲ့ ပထမခြေလှမ်း🐾
[English Version Below] Manulife Myanmar
လည်း စွန့်ပစ်အမှိုက်များကို တာ၀န်သိစွာဖြင့် recycle လုပ်ငန်းများလုပ်ဆောင်ရန် RecyGlo Myanmar
၏ waste management ဝန်ဆောင်မှုများကို 2026 May မှ စတင်အသုံးပြုနေပါပြီ။
Manulife Myanmar သည် လူမှုအသိုင်းအဝိုင်းအတွက် အသက်အာမခံဝန်ဆောင်မှုများပေးအပ်လျက်ရှိသော ကနေဒါအခြေစိုက် နိုင်ငံတကာအာမခံကုမ္ပဏီတစ်ခုဖြစ်ပြီး လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုများကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၆ခုနှစ်၊ မေလ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် Manulife Myanmar ရုံးအတွက် RecyGlo Myanmar မှ ရုံးတွင်းအမှိုက်စီမံခန့်ခွဲမှုနှင့် သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ရန် လျှော့ချဖို့လိုအပ်သည့် ပလတ်စတစ်အမှိုက်အမျိုးအစားများအကြောင်းသာမက စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်နည်းလမ်းနှင့်ပတ်သက်၍ သင်တန်းပို့ချပေးခဲ့ပါတယ်။
သင်တန်းတွင် အဓိကအနေဖြင့် ရုံးတွင်းမှထွက်သောအမှိုက်များကို သတ်မှတ်ထားသောအမှိုက်ပုံးအရောင်နှင့် အမှိုက်အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်ရန်အတွက် လိုက်နာရမည့်အချက်အလက်များ၊ ဆောင်ရန်ရှောင်ရန်များကို အသိပညာပေးခဲ့ပြီး Office Waste Management နှင့်ပတ်သက်၍ Manulife Myanmar မှ ဝန်ထမ်းတိုင်း ရုံးတွင်းအမှိုက်စီမံခန့်ခွဲခြင်း၏ တန်ဖိုးကို awareness ဖြစ်စေရန် Group Activity များဖြင့် လုပ်ဆောင်ပေးခဲ့ပါသည်။
စိမ်းလန်းစိုပြေသန့်ရှင်းတဲ့ပတ်ဝန်းကျင်ကို ကူညီပံ့ပိုးရုံသာမက မိမိတို့လုပ်ငန်းများ၏ မလိုလားအပ်သော ကုန်ကျစရိတ်များကို လျှော့ချလိုသော လုပ်ငန်းရှင်များအတွက် RecyGlo Myanmar မှ စနစ်တကျအမှိုက်စီမံခန့်ခွဲမှုဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။
ဝန်ဆောင်မှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက RecyGlo Myanmar page သို့မဟုတ် 09 404 245 800 မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
🌿 Manulife Myanmar’s First Step Towards a Cleaner and Greener Environment 🐾
Starting from May 2026, Manulife Myanmar has begun using RecyGlo Myanmar’s waste management services to responsibly manage and recycle office waste.
Manulife Myanmar is an international insurance company committed not only to providing reliable insurance services, but also to promoting environmental and social responsibility practices.
On May 13th and 14th, 2026, RecyGlo Myanmar conducted waste management training sessions at the Manulife Myanmar office. The sessions focused on plastic waste reduction, proper waste segregation methods, and systematic office waste management practices.
Employees were trained on how to properly separate and dispose of waste according to designated bin colors and waste types. The training also covered important do’s and don’ts, along with group activities designed to raise awareness among staff about the value of effective office waste management.
Through systematic waste management practices, Manulife Myanmar is contributing towards a cleaner and greener environment while also helping reduce unnecessary operational costs.
To learn more about RecyGlo Myanmar’s environmental services, please contact via the RecyGlo Myanmar page or call 09 404 245 800 today.