21/01/2017
CJ Group မှ Page ကို Like လုပ်ထားသူ Follower အားလုံးကို ကျေးဇူးတင်ကြောင်းပြောပြီး အားလုံးပဲ မင်္ဂလာပါလို့ ပြောလိုသည်။
CJ Group ပိုင်လုပ်ငန်းခွဲ CJ Korea Express RT Myanmar Co.,Ltd သည် ကုန်တင်ယာဉ်ကြီး အစီး ၆၀ ဖြင့် ကုန်စည်ပို့ဆောင်ရေးလုပ်ဆောင်နေသော နိုင်ငံတော်အစိုးရနှင့် အကျိုးတူ ပူးပေါင်းထားသည့် ဖက်စပ် company တစ်ခုပင်။
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ကုန်စည်ပို့ဆောင်ရေးဌာနခွဲ မြေဧက ၃ ဒသမ ၂၅ ဧကပေါ်တွင် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ခြင်း နှင့် ကုန်ပစ္စည်းသိုလှောင်ရုံ များကို အချိန်နှင့် တပြေးညီ ဈေးနှုန်းသင့်တင့်စွာဖြင့် ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။
CJ ဆိုသည်မှာ Cheil Jedang ဟု ဆိုလိုပြီး တောင်ကိုရီးယား အဓိပ္ပါယ်မှာ “ အကောင်းဆုံး သကြား ” ဟု ဆိုလိုသည်။ ပထမဆုံး ပွဲဦးထွက်လုပ်ငန်း သကြားစက်ရုံမှ သန္ဓေတည်ကာ CJ သည် ၁၉၅၃ နိုဝင်ဘာ တွင် စတင် စီးပွါးရေးလောကအလယ် မွေးဖွားသန့်စင် ခဲ့ပါသည်။ ထို့နောက် အောင်မြင်တိုးတက်လာပြီး ယခုတွင် ကမ္ဘာတစ်ဝှန်း 1. Food & Food Service, Home 2.Shopping & Logistics 3.Entertainment & Media 4.Biotechnology & Pharmaceutics 5. Infrastructure စသည့် လုပ်ငန်းခွဲများဖြင့် ဖြန့်ကျက်ထားသည်။
CJ Korea Express
CJ Corporation
CJ O Shopping
CJ Entertainment & Media
CJ Cheil Jedang
CJ CGV
Tous Les Jours
CJ Foodville
CJ Hello Vision အစရှိသဖြင့် ကမ္ဘာအနှံ့ စီးပွါးရေး နာမည်ခွဲများသည် CJ Group ပင်ဖြစ်ပါသည်။
CJ Express/ Logistics သည် တောင်ကိုရီးယားနိုင်ငံတွင် နံပတ် ၁ ဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း ၅၀ စာရင်းဝင် Express/ Forwarder / 3rd Party Logistics ဖြစ်ပါသည်။
နိုင်ငံတကာ အဆင့်မြင့် နည်းပညာများ ၊ ကျွမ်းကျင် ထက်မြက်သော ဝန်ထမ်းများ ၊ နိုင်ငံတကာတွင် ဖြန့်ကျက်ထားသော ရုံးခွဲကွန်ရက်များကြောင့် ကျွန်တော်တို့ CJ Group / CJ Korea Express RT Myanmar Co.,Ltd ဝန်ဆောင်မှုများ လူကြီးမင်းတို့ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါကြောင်း တင်ပြလိုပါသည်။