26/08/2026
Happy Birthday ဒုတိယဥက္ကဋ္ဌ ဦးသုခစိုး 🎂🎊
ယနေ့မှာ ကျရောက်တဲ့ ဒုတိယဥက္ကဋ္ဌ ဦးသုခစိုးရဲ့ မွေးနေ့မင်္ဂလာမှသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။
မွေးနေ့မင်္ဂလာအထိမ်းအမှတ်အဖြစ် အေးချမ်းတဲ့ ကောင်းမှုကုသိုလ်အလှူတော်များကိုလည်း စေတနာထက်သန်စွာနဲ့ ပြုလုပ်လှူဒါန်းခဲ့ကြပါတယ်။
**လှူဒါန်းမှု မှတ်တမ်းများ**
- လှည်းကူးမဟာဝိဟာရကျောင်းတိုက် - ကိုရင်သင်္ကန်း (၂၉) စုံ၊ ဘာလချောင်ကြော်နှင့် အလှူငွေ ကျပ် (၃၀) သိန်း
- မဟာနန္ဒာရာမကျောင်းတိုက် - အလှူငွေ ကျပ် (၁၀) သိန်း
- ရွှေမြင့်မိုရ် မဟာစည်ရိပ်သာ - ထပ်တိုးကျောင်းဆောက်လှူဒါန်းရန် ကျပ် (၅) သိန်း + ဆရာတော်နဝကမ္မ ကျပ် (၁) သိန်း
- မြိုင်မဟာသီလရှင်စာသင်တိုက်** - အလှူငွေ ကျပ် (၃) သိန်းခွဲ
- Save the Aged ဘိုးဘွားရိပ်သာ - တနေ့စာ အာဟာရအလှူ ကျပ် (၂) သိန်း
- ရန်ကုန်အမျိုးသမီးဆေးရုံကြီး - Naing Tha Louck အလှူမှတဆင့် ကလေး (၁) ယောက် မီးဖွားစရိတ် ကျပ် (၂) သိန်း
- Golden Heart Rescue Dog Shelter - တနေ့စာ အာဟာရအလှူ ကျပ် (၁) သိန်းခွဲ
- ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ စက်ရုံဝန်ထမ်းများ ကြက်သားဒံပေါက်ထမင်းကျွေးမွေးခြင်း
ပြုလုပ်ခဲ့သမျှ ကောင်းမှုကုသိုလ်အစုစုတို့ကြောင့် ကိုယ်စိတ်နှစ်ဖြာ အစဉ်အေးချမ်းပြီး လိုရာဆန္ဒတွေအကုန် ပြည့်ဝပါစေကြောင်း ထပ်လောင်းဆုတောင်းပေးလိုက်ပါတယ်ခင်ဗျ 👏🏻✨