Myanmar Highway Freight Transportation Service Association

Directions Website Contact the business

Myanmar Highway Freight Transportation Service Association I -37,Khattar Street,BayintNaung Warehouses,Mayangone,
Yangon,Myanmar.Ph. 09888868910, viber 09789102776

ယနေ့စက်သုံးဆီစျေးနှုန်း၁၆-၁၀-၂၀၂၆
15/10/2026

ယနေ့စက်သုံးဆီစျေးနှုန်း
၁၆-၁၀-၂၀၂၆

🏭 MHFTSA နှင့် MCTA ညီနောင်အသင်းများမှ Uni Link Logistics Warehouse သို့ သွားရောက်လေ့လာယနေ့ (၁၃-၁၀-၂၀၂၆) ရက်နေ့တွင် မြန်...
13/10/2026

🏭 MHFTSA နှင့် MCTA ညီနောင်အသင်းများမှ Uni Link Logistics Warehouse သို့ သွားရောက်လေ့လာ

ယနေ့ (၁၃-၁၀-၂၀၂၆) ရက်နေ့တွင် မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MHFTSA) နှင့် မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း (MCTA) တို့မှ တာဝန်ရှိသူများနှင့် အသင်းသားများ စုပေါင်း၍ မင်္ဂလာဒုံ၊ ဇေကမ္ဘာဝင်းအတွင်းရှိ Uni-Link Logistics Warehouse သို့ သွားရောက် လေ့လာခဲ့ကြပါသည်။

အဆိုပါ လေ့လာရေးခရီးစဉ်တွင် General Cargo (အထွေထွေကုန်စည်) များ လက်ခံသိုလှောင်နေမှု အခြေအနေများကိုသာမက အအေးခန်းစနစ် လိုအပ်သော ကုန်ပစ္စည်းများအတွက် Temperature Control Room များဖြင့် စနစ်တကျ ထိန်းသိမ်းသိုလှောင်ပေးနေသည့် အဆင့်မြင့် Cold Storage စနစ်များကိုပါ မျက်မြင်ကိုယ်တွေ့ လေ့လာခွင့် ရရှိခဲ့ကြပါသည်။

ယခုကဲ့သို့ အသင်းသားများအတွက် လက်တွေ့ကွင်းဆင်းလေ့လာနိုင်ရန် အစစအရာရာ စီစဉ်ဧည့်ခံပေးခဲ့သော Uni-Link Company အား ညီနောင်အသင်းကြီးများနှင့် အသင်းသူ/အသင်းသားများ ကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ 🤝✨

ယနေ့စက်သုံးဆီစျေးနှုန်း10-10-2026 စနေနေ့
11/10/2026

ယနေ့စက်သုံးဆီစျေးနှုန်း
10-10-2026 စနေနေ့

ယနေ့စက်သုံးဆီစျေးနှုန်း9-10-2026
08/10/2026

ယနေ့စက်သုံးဆီစျေးနှုန်း
9-10-2026

ယနေ့စက်သုံးဆီစျေးနှုန်း2-10-2026
01/10/2026

ယနေ့စက်သုံးဆီစျေးနှုန်း
2-10-2026

🤝 ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ရေဘေးကယ်ဆယ်ရေးအတွက် MHFTSA အသင်းကြီးမှ အလှူငွေကျပ် သိန်း (၁၅၀) သွားရောက်လှူဒါန...
30/09/2026

🤝 ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ရေဘေးကယ်ဆယ်ရေးအတွက် MHFTSA အသင်းကြီးမှ အလှူငွေကျပ် သိန်း (၁၅၀) သွားရောက်လှူဒါန်း

မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MHFTSA) အနေဖြင့် လူမှုအကျိုးပြုလုပ်ငန်း (CSR) တစ်စိတ်တစ်ပိုင်းအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေကျပ် သိန်း (၁၅၀) အား သွားရောက် လှူဒါန်းခဲ့ပါသည်။

အဆိုပါ လှူဒါန်းပွဲကို ယနေ့ ၃၀-၉-၂၀၂၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် ကျင်းပခဲ့ပြီး MHFTSA အသင်းကြီး၏ ဥက္ကဌ၊ ဒုဥက္ကဌ နှင့် တာဝန်ရှိသူများက သွားရောက် ပေးအပ်လှူဒါန်းရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများ အမြန်ဆုံး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိပါစေကြောင်း MHFTSA အသင်းသူ/အသင်းသားများ အားလုံးမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

💉 မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MHFTSA) ၏ ဒုတိယအကြိမ်မြောက် Hepatitis B (အသည...
28/09/2026

💉 မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MHFTSA) ၏ ဒုတိယအကြိမ်မြောက် Hepatitis B (အသည်းရောင်အဝါဘီပိုး) ကာကွယ်ဆေး ထိုးနှံပေးခဲ့သည့် သတင်းမှတ်တမ်း

ယနေ့ (၂၈-၉-၂၀၂၆) ရက်နေ့တွင် မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MHFTSA) မှ ဦးဆောင်၍ အသင်းသူ/အသင်းသားများ၊ လုပ်ငန်းခွင်အတွင်းရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များ ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန်အတွက် ဒုတိယအကြိမ်မြောက် Hepatitis B (အသည်းရောင်အဝါဘီပိုး) ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဘုရင်နောင်မိသားစု ဓမ္မရုံတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

လာရောက်ထိုးနှံကြသော အသင်းသူ/အသင်းသားများ၊ ဝန်ထမ်းများအားလုံးနှင့် ဝိုင်းဝန်းကူညီပေးကြပါသော ကျန်းမာရေးနှင့်ပညာရေးကော်မတီမှ တာဝန်ရှိသူများ၊ EC/CEC များနှင့် ကျန်းမာရေးဝန်ထမ်းများ အားလုံးကို MHFTSA အသင်းကြီးမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။

📸 ဆွေးနွေးပွဲ တက်ရောက်မှု သတင်းမှတ်တမ်း(၂၅.၉.၂၀၂၆) ရက်နေ့က ပြည်လမ်းမပေါ်ရှိ EFI General Training Center မှာ EFI General ...
26/09/2026

📸 ဆွေးနွေးပွဲ တက်ရောက်မှု သတင်းမှတ်တမ်း
(၂၅.၉.၂၀၂၆) ရက်နေ့က ပြည်လမ်းမပေါ်ရှိ EFI General Training Center မှာ EFI General Insurance နဲ့ Venture Synergy Co., Ltd. တို့ ပူးပေါင်းကျင်းပခဲ့တဲ့ “သယ်ယူပို့ဆောင်သူများဆိုင်ရာအက်ဥပဒေ (၁၈၆၅) အပေါ်အခြေခံပြီး ကုန်တင်မှတ်တမ်းဆိုင်ရာ ဖန်တီးခြင်းဆိုင်ရာ ဆွေးနွေးပွဲ” ကို MHFTSA အသင်းကြီး မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

အဆိုပါပွဲသို့ ညီနောင်အသင်း ၃ သင်းဖြစ်ကြသည့် MHFTSA, MCBA နှင့် MCTA အသင်းကြီးများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် အလုပ်အမှုဆောင်များ တက်ရောက်ကာ ကုန်းလမ်းပို့ဆောင်ရေးကဏ္ဍ ဥပဒေနှင့် မှတ်တမ်းစနစ်များ ပိုမိုကောင်းမွန်ရေးအတွက် တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

📸 Myanmar Auto & Parts Expo 2026 ဖွင့်ပွဲအခမ်းအနား မှတ်တမ်းယနေ့ကျင်းပသည့် Myanmar Auto & Parts Expo 2026 ပွဲကြီးမှာ MHFT...
25/09/2026

📸 Myanmar Auto & Parts Expo 2026 ဖွင့်ပွဲအခမ်းအနား မှတ်တမ်း

ယနေ့ကျင်းပသည့် Myanmar Auto & Parts Expo 2026 ပွဲကြီးမှာ MHFTSA က Supporting Organization အဖြစ် ပါဝင်အားဖြည့်ထားပြီး အသင်း၏ ဒုတိယဥက္ကဋ္ဌ ကိုယ်တိုင် တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။

အဆိုပါပွဲသို့ MHFTSA အသင်းဝင်အသင်းသားများအပြင် ညီနောင်အဖွဲ့အစည်းများဖြစ်ကြတဲ့ MCTA နဲ့ MMMDA တို့မှ ဥက္ကဋ္ဌများနှင့် အသင်းဝင်များပါ စုံစုံလင်လင် တက်ရောက်အားဖြည့်ပေးခဲ့ကြပါတယ်။
တက်ရောက်ပေးပါသော ညီနောင်အသင်းအဖွဲ့များနှင့် အသင်းသူ/အသင်းသားများအားလုံးကို MHFTSA မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယနေ့စက်သုံးဆီစျေးနှုန်း25-9-26
25/09/2026

ယနေ့စက်သုံးဆီစျေးနှုန်း
25-9-26

Address

I-37, Khattar Street, BayintNaung Warehouses, Mayangone
Yangon

Alerts

Be the first to know and let us send you an email when Myanmar Highway Freight Transportation Service Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Highway Freight Transportation Service Association:

Shortcuts

Share