17/07/2026
🛑 Burnout ဆိုတာ ပင်ပန်းတာတစ်ခုတည်း မဟုတ်ပါဘူး 🛑
လအနည်းငယ်က မိတ်ဆွေ အမျိုးသမီးတစ်ဦးက ခနတွေ့ကြရအောင်လို့ပြောလို့ ညနေပိုင်း အေးအေးဆေးဖြစ်တဲ့အချိန်မှာ ခနအချိန်ပေးပြီးသွားတွေ့ခဲ့ ပါတယ်။
ကျွန်မနဲ့မတွေ့ခင် တရက်ကျော်က သူအလုပ်ပြီးတဲ့အချိန် ကော်ဖီဆိုင်တစ်ဆိုင်မှာ တိတ်တိတ်လေးသွားထိုင်နေခဲ့တဲ့အကြောင်းပြောပြပါတယ်။
သူ့ကိုကြည့်ရတာ နေမကောင်းတာ မဟုတ်ပါဘူး။
ဘဝမှာ အကြီးမားဆုံး ပြဿနာတစ်ခုခု ကြုံနေတာလည်း မဟုတ်ပါဘူး။
အပြင်ကကြည့်ရင် အရာအားလုံး အဆင်ပြေနေသလိုပဲ မြင်ရပါတယ်။
အလုပ်ရှိတယ်။
တာဝန်တွေရှိတယ်။
သူမကို အားကိုးနေသူတွေလည်း ရှိတယ်။
ဒါပေမယ့် သူပြောပြတာက မနက်တိုင်း အိပ်ရာထတဲ့အခါ နေ့တိုင်းထက် ပိုလေးလံလာသလို ခံစားရတယ်။
အိပ်ရေးဝဝ အိပ်ထားပေမယ့် ပင်ပန်းနေတုန်းပဲ။
တစ်ချိန်က နှစ်သက်ခဲ့တဲ့ အရာတွေကို စိတ်မဝင်စားတော့ဘူး။
သေးငယ်တဲ့ အလုပ်လေးတွေတောင် လုပ်ရခက်လာတယ်။
လူတွေအရှေ့မှာတော့ ပြုံးနေတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ အားလုံးက ဗလာကျင်းနေသလို ခံစားရတယ်။
အချိန်အတော်ကြာ သူမက "ပိုကြိုးစားရမယ်"၊ "သန်မာနေရမယ်" လို့ပဲ ထင်နေခဲ့တယ်။
ဒါပေမယ့် ကျွန်မနဲ့အတူ အဲ့လိုအကြောင်းအရာတွေကိုရင်ဖွင့်ပြောပြရင်း၊ ဆွေးနွေးရင်းနဲ့ သူမကော ကျွန်မပါ နားလည်သွားခဲ့တာ တခုက
❌ သူမ ပျင်းနေတာ မဟုတ်ဘူး။
❌ အားနည်းနေတာလည်း မဟုတ်ဘူး။
❌ သူမ Burnout ဖြစ်နေခဲ့တာပါ။
Burnout ဆိုတာ တစ်ရက်တည်းနဲ့ ဖြစ်လာတာ မဟုတ်ပါဘူး ❌
ကိုယ့်ကိုယ်ကို ဂရုမစိုက်ဘဲ အခြားသူတွေအတွက်ပဲ အချိန်ပေးရင်း...
ခန္ဓာကိုယ်က ပေးနေတဲ့ သတိပေးချက်တွေကို လျစ်လျူရှုရင်း...
"အဆင်ပြေပါတယ်" လို့ ပြောနေခဲ့ပေမယ့် စိတ်ဖိစီးမှုတွေကို အမြဲသယ်ဆောင်နေရင်း... တဖြည်းဖြည်း ဖြစ်လာတာပါ။
Burnout ဟာ ဂုဏ်ယူစရာ မဟုတ်ပါဘူး။
ဒါဟာ ကျွန်မတို့ရဲ့ စိတ်၊ ကိုယ်၊ နှလုံးသားတို့လည်း ဂရုစိုက်မှုလိုအပ်တယ်ဆိုတဲ့ သတိပေးချက် တစ်ခုပါ။
အကယ်၍ သင်ဟာ အမြဲတမ်း ပင်ပန်းနေရင်...
စိတ်အားလျော့နေရင်...
အရာရာကို စိတ်မဝင်စားတော့ဘူးဆိုရင်...
ဒီစာက သင့်အတွက် သတိပေးချက်တစ်ခု ဖြစ်နိုင်ပါတယ်။
အဲ့လိုဖြစ်ခြင်းအတွက် ကုသမှုရဲ့အစဟာ
"နားဖို့ ကိုယ့်ကိုယ်ကို ခွင့်ပြုလိုက်ခြင်း" ဖြစ်ပါတယ်။ ကျွန်မတို့အားလုံး အနားယူဖို့လိုအပ်ပါတယ်။
ဘာကြောင့်လဲဆိုတော့...
✨ ခွက်အလွတ်တစ်ခွက်က အခြားသူတွေကို ဖြည့်ပေးလို့ မရပါဘူး။ ကိုယ့်မှာပြည့်နေမှ သူများတွေကို ဝေမျှနိုင်မှာပါ ✨
✨ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ ကိုယ်ကျန်းမာနေမှ ကိုယ့်နားက သူတွေကို ပိုပြီးတော့ ဂရုစိုက်ပေးနိုင်မှာပါ ✨
အဲ့ဒီတော့ သင်လည်း အနားယူဖို့ ထိုက်တန်ပါတယ်ဆိုတာ မမေ့လိုက်ပါနဲ့နော် 💜
🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶
🛑 Burnout isn't just being tired 🛑
A few months ago, a close friend reached out and asked if we could meet up. We caught up in the evening, during a quiet, relaxing time of the day.
▪️ She wasn't sick.
▪️ She wasn't facing a major crisis.
▪️On paper, everything looked fine.
▪️ She had a job, responsibilities, and people who depended on her.
▪️Yet every morning felt heavier than the day before.
▪️She woke up tired.
▪️She felt exhausted even after sleeping. ▪️The things she once enjoyed no longer excited her.
▪️Small tasks felt overwhelming.
▪️She smiled in front of others, but deep inside, she felt empty.
▪️For a long time, she thought she simply needed to "work harder" or "stay strong."
But eventually, she realized something important:
▪️She wasn't lazy. She wasn't weak. She was burned out.
▪️Burnout doesn't happen overnight.
It happens when we spend months—or even years—putting everyone else's needs before our own. When we ignore the signals from our body. When we keep saying "I'm fine" while carrying stress that never truly leaves.
▪️Burnout is not a badge of honor.
It's a reminder that our mind, body, and soul need care too.
If you've been feeling constantly tired, emotionally drained, unmotivated, or disconnected from yourself, perhaps this is your sign to pause and check in with your wellbeing.
Sometimes, healing begins with one simple decision:
💜 Giving yourself permission to rest
✨ An empty cup cannot pour into others. You must fill your own cup first before you can share it with the world.
✨ Take care of yourself. Only when you are healthy you can take care for the people you love.
💜 So please, never forget: You deserve to rest, too.