07/09/2026
#အလွန်ဆိုအတွက်အခက်ခဲဆုံးပုစ္ဆာ
သည်ရာသီအတွက် Epl အပါအဝင်သုံးပွဲကစားပြီးချိန်မှာ ချဲလ်ဆီးအသင်းရဲ့ ပင်တိုင်အသုံးပြုနိုင်တယ့် ကစားကွက်မျိုးကို ပရိတ်သတ်တွေလည်း ကွဲကွဲပြားပြားသိပြီးဘောက်ပါပြီ။ အလွန်ဆိုရဲ့လက်ရှိကစားပုံကတော့ quick touch pay လို့ပြောလို့ရပြီး ဘောလုံးထိချက်အမြန်ဆုံး အနဲဆုံးနဲ့ ပြိုင်ဖက်ဂိုးသမားက နောက်ဆုံးရင်ဆိုင်ရမဲ့သူအနေနဲ့ ခင်ကျင်းပြင်ဆင်ထားတာမျိုးပါ။
လက်ရှိကစားကွက်အရတော့ ၃၄၃ ကိုသာအခြေပြုကစားဖို့ရှိပီး တစ်ခြားကစားကွက်တစ်မျိုး(၄၂၃၁) ကိုတော့ ရံဖန်ရံခါလောက်အသုံးပြုတာမျိုးတော့ တွေ့ရနိုင်ပါတယ်။ လက်ရှိ ၃၄၃ ကစားကွက်ကသာ နည်းပြရဲ့ idea နဲ့ အစပ်ဟပ်အတည့်ဆုံးဖြစ်နေရခြင်း အကြောင်းအရာတွေကို အရင်ဦးဆုံးတင်ပြပေးခြင်ပါတယ်။
ပထမဆုံးကတော့ ကိုလ်းပါးမားနဲ့မော်ဂန်ရော်ဂျာ တို့လို advanced 10 role ကစားသမားနှစ်ယောက်ကြောင့်ပါ။ သည်ကစားသမားနှစ်ယောက်လုံးဟာ လိုအပ်လာရင် wing player အထိကစားပေးနိုင်ကြသလို ten role မှာလည်း အရမ်းကောင်းအောင်ကစားနိုင်ကြသူတွေဖြစ်နေလို့ပါ။ သည်လိုနည်းစနစ်အရ လိုအပ်ချက်မရှိတဲ့ ဘယ်ခြမ်း ညာခြမ်းကစားသမားတစ်စုံကို ပိုင်ဆိုင်ထားမှတော့ အလွန်ဆိုအတွက် ၃၄၃ ကသာ အဆင်အပြေနိုင်ဆုံးဆိုတာ ခလေးအစလူကြီးအဆုံးအကုန်သိသာစေတဲ့ အချက်ပါပဲ။
နောက်ထပ်ထပ်ပြောစရာကတော့ wings back player တွေပါ။ အသင်းမှာရှိနှင့်နေပီးသား ဂျိမ်း ဂတ်စတို ဟာတို တို့လိုကစားသမားတွေအပြင် နည်းပြအကြိုက်ဖြစ်တယ့် ပက်လက်စထရာနဲ့ချီဗားရီးယားတို့ကိုပါ ထပ်မံခေါ်ယူလိုက်တဲ့အတွက် အလွန်ဆိုအနေနဲ့ ၃၄၃ ကစားကွက်ကိုပဲ အခြေပြုကစားဖို့ ပိုသေချာလာစေရတဲ့ အကြောင်းခိုင်လုံသွားရတပေါ့။ စကားချပ်အနေနဲ့ဆိုရင်တော့ ကွင်းလယ်လူနေရာမှာတော့ ဂျိမ်းကိုထည့်ကစားတာမျိုး သည်ရာသီဝက်ကာလထိ အတန်အသင့်ကျနော်တို့တွေ့ရနိုင်ပါတယ်။
နက်တိုကတော့ အပေါ်ကပြောခဲ့တဲ့ wings back ကစားသမားအားလုံးရဲ့ အပေါ်မှာ ခေါင်းတစ်လုံးစာ သာနေသူမို့ သီးသန့်ပြောနေစရာမလိုလောက်ဘူးထင်နေလို့ပါ။
ဂျီယိုဗန်နီကွမ်ဒါအပါအဝင် ကစားသမားခုနှစ်ယောက်ထိရှိနေတဲ့ wings back နေရာနှစ်ခုက ကစားသမားအရေအတွက်အရရော် ခြေစွမ်းအရရော် အားရစရာအကောင်းဆုံးနေရာဖြစ်နေပြီး အားအနဲဆုံးနေရာကလည်း ထိုနေရာကပဲ ဖြစ်နေပြန်ပါတယ်။ ဒါဟာကစားပြီးတဲ့ Epl နှစ်ပွဲတည်းအပေါ် သုံးသပ်ရတာဖြစ်လို့ သည်သုံးသပ်ချက်ဟာ အနည်းငယ်စောကောင်းစောနေနိုင်ပေမဲ့ သည်weak point ကိုပဲ ကျနော်က တစ်ရာသီလုံးအတွက် အားအနဲဆုံးနေရာအဖြစ် သတ်မှတ်ထားပါတယ်။
လက်ရှိ wings back ကစားထားတဲ့ နက်တို ဂတ်စတို ဟာတို သုံးယောက်လုံးရဲ့ တိုက်စစ်လိုက်ပါမှုတွေက အရမ်းအားရစရာကောင်းကြပေမဲ့ ခံစစ်ကိုပြန်လည်ဆင်းကူပြီး ၅၂၂၁ ကစားကွက်နဲ့ ခံစစ်ကိုတည်ဆောက်ရာမှာတော့ အတော်လေးဗရမ်းပတာ ဆန်နေသေးပါတယ်။ LCB ဖြစ်တဲ့ လီဗီကိုဝဲလ်နဲ့ဟာတိုဆိုရင် လုံးဝကိုအဆင်မပြေသည်အထိ မြင်နေရပီး ကစားသမားသစ် ချီဗာရီယားကတော့ လိဂ်ရဲ့အရှိုန်နဲ့အသားကျဖို့ အချိန်အနည်းငယ်ထပ်ယူရဖို့ရှိနေပေမဲ့ ဘက်ခြမ်းပြသနာက အဆင်ပြေဖို့ သိပ်စောင့်ရဖို့မလိုလောက်ဘူးထင်ပါတယ်။
ပြသနာအရှိဆုံးနဲ့အားအနဲဆုံးနေရာ အလွန်ဆိုကိုခေါင်းကိုက်စေမဲ့နေရာကတော့ Right wings back နေရာပါပဲ။ နက်တိုလိုကစားသမားမျိုးကို ဖယ်ပြီးဂတ်စတိုကိုနေရာပေးဖို့က ခက်ခဲလွန်းသလို နည်းပြစိတ်တိုင်းကျ အသစ်ခေါ်ပေးထားတဲ့ ၂၀၂၅/၂၀၂၆ စီးရီးအေရဲ့ အကောင်းဆုံးနောက်တန်းကစားသမားဆုရထားတဲ့ မာကိုပက်လက်စထရာကလည်း ရှိနေတာမို့ line up အတွက်တင်အတော် ခေါင်းစားရမဲ့ နေရာဖြစ်နေပါတယ်။ နောက်တစ်ချပ်ကတော့ RCB နေရာမှာကစားနေတဲ့ ဖိုဖာနာရဲ့ ကစားပုံပါ သည်ကစားသမားဟာ ပြိုင်ပွဲထဲကိုစိတ်နှစ်ပြီး passion အပြည့်နဲ့ကစားနေတယ်လို့ တစ်ခါမှမမြင်ဖူးပါဘူး။ နောက်ပြီး ဒဏ်ရာမကြာခနရတက်တဲ့ သူ့စရိုက်ကြောင့်ရော် တစ်ဦးချင်းခြေစွမ်းအရရော် မိုးထဲရေထဲဆို အားကိုးလို့မရတာက ပိုများပါတယ်။
အပေါ်မှာပြောခဲ့သလို နက်တိုနဲ့ဂတ်စတိုနှစ်ယောက်လုံးရဲ့ တိုက်စစ်ကိုလိုက်ပါပံ့ပိုးရမှာ အတော်ယုံကြည်လို့ရတဲ့ ခြေစွမ်းခြေစမျိုးရှိနေပေမဲ့ ခံစစ်ကိုပြန်လည်ဆင်းကူ ကစားတဲ့နေရာမှာတော့ အတော်လေးဖျင်းတဲ့အထဲ ပါပါတယ်။ သူတို့ကခံစစ်ကူဖို့ ဖျင်းနေရတဲ့အထဲ RCB မှာကျန်ခဲ့တဲ့သူက ဖိုဖာနာဆိုတော့ ကံဆိုးမသွားရာမိုးလိုက်ရွာဆိုတဲ့ အဖြစ်မျိုးလိုဖြစ်နေပါတယ်။
အလွန်ဆိုကို အဓိကခေါင်းကိုက်စေမဲ့ ပြသနာကလည်း ထိုအချက်လို့ပဲ မြင်မိပါတယ်။ ကစားသမားသစ် ပါလက်စထရာဟာ နက်တိုကိုကျော်ပြီးနေရာရလာဖို့တော့ သည်တစ်ရာသီလောက်တော့ အချိန်ယူရဦးမှာဖြစ်ပြီး RCB နေရာမှာလူစားဝင်ဘငယ်ကစားသမားလေး အာချီယန်ပေါင်းအတွက်လည်း သည်တစ်ရာသီတော့ ပွဲကစားချိန်နှင့်အတွေ့အကြုံတွေထပ်ပေါင်းထည့်ဖို့ လိုအပ်နေသေးတယ်လို့ ထင်ပါတယ်။
သည်ရာသီအသွင်သစ်ချဲလ်ဆီးရဲ့ အောင်မြင်မှုနဲ့ကျရှုံးမှုတွေက အဆိုပါနေရာနဲ့ အများကြီးသက်ဆိုင်နေလိမ့်မယ်လို့ ထင်မြင်ယူဆရင်း ဇာဘီအလွန်ဆိုကို ခေါင်းကိုက်စေမဲ့ အရာကို အမြန်ဆုံးဖြေရှင်းဖို့ အဖြေရှာသင့်ပီဆိုတဲ့အကြောင်း….