01/05/2026
EcoHarvest O Solutions မှ မေလ (၁) ရက် ၂၀၂၆ ခုနှစ်တွင် ကရောက််သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ တွင် မတူညီသောနေရာစုံတွင် တာဝန်ထမ်းဆောင်နေသော အလုပ်သမားများအားလုံးကို လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။
အထူးသဖြင့် တောင်သူများ၊ လယ်ယာလုပ်သားများ၊ စိုက်ပျိုးရေးဆိုင်ရာဝန်ထမ်းများနှင့် နေ့စဉ်ဘဝအတွက် မမြင်နိုင်သောအခန်းကဏ္ဍများတွင် အားထုတ်နေကြသော လူတိုင်း၏ ကြိုးစားအားထုတ်မှုများကြောင့်သာ စားနပ်ရိက္ခာလုံခြုံရေးနှင့် အနာဂတ်တည်တံ့ခိုင်မြဲမှုကို တည်ဆောက်နိုင်ပါသည်။
EcoHarvest O Solutions အနေဖြင့်
🌱 တောင်သူများ၏အသက်မွေးဝမ်းကျောင်းတိုးတက်ရေး
🌱 ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်များ
🌱 လူမှုအသိုင်းအဝိုင်းဖွံ့ဖြိုးတိုးတက်ရေး
တို့အတွက် အတူတကွ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အလုပ်သမားအားလုံးအား ကျေးဇူးတင်ပါသည်။
သင်တို့သည် အနာဂတ်ကို စိုက်ပျိုးနေကြသူများဖြစ်ပါသည်။