30/08/2023
မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း ဘေလီတံတားထိုးထားသည့်နေရာ၌ လမ်းကျဉ်းသဖြင့် ကားရာနှင့်ချီပြီးပိတ်ဆို့နေ
မဲဆောက်၊ ဩဂုတ် ၃၀ #သတင်းတို
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းပိုင်း တောနော်ရေတံခွန်အနီးတွင် မြေပြိုကျမှုဖြစ်ပွားခဲ့ခြင်းကြောင့် တည်ဆောက်ထားသည့် ဘေလီတံတားမှာ တံတားအကျယ်ကျဉ်းမြောင်းသည့်အတွက် ယနေ့ ဩဂုတ်လ ၃၀ ရက်တွင် ကားရာနှင့်ချီပြီး ပိတ်ဆို့မှုဖြစ်ပေါ်နေကြောင်း သိရသည်။
ထိုသို့ လမ်းပိုင်း ပိတ်ဆို့နေမှုကြောင့် ကုန်တင်ယာဉ်ကြီးများနှင့် အိမ်စီးကားယာဉ်ငယ်များမှာ အလှည့်ကျသွားလာနေရခြင်းကြောင့် အချိန်ကြန့်ကြာမှုများဖြစ်ပေါ်နေကြောင်း ဒေသခံယာဉ်မောင်းများထံက သိရသည်။
#မြဝတီမဲဆောက်မီဒီယာ
ဓါတ်ပုံ- CJ
မြဝတီ&မဲဆောက်မီဒီယာမှထုတ်လွှင့်တက်ဆက်လျက်ရှိသည့် သတင်းများအား အောက်ပါ YouTube Channel နှင့် Telegram တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Myawady&Measot Media YouTube Channel
👇👇👇
https://youtube.com/
Myawady& Measot Media Telegram Channel
👇👇👇
https://t.me/nwesmedia2023