Ayarwaddy Bagan Travel

Ayarwaddy Bagan Travel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ayarwaddy Bagan Travel, Transportation Service, Wai Zayan Dar West Street 15, Yangon.

Fly With Ayarwaddy Bagan

AYARWADDY BAGAN NLO COMPANY LIMITED
(Company Registration No. 142989468)

Myanmar 09886633553
Thai Phone +66815535431/
+959443500162 ( Available Viber, Telegram, Whatsapp )

Budget လိုင်းတွေ ပေါနေတဲ့ခေတ်မှာ ဘာလို့ Full Service ကိုပဲ ရွေးစီးတာလဲ? လေကြောင်းလိုင်း တစ်ခုတည်းကိုပဲ ဘာလို့ စွဲစီးသင့်...
17/08/2026

Budget လိုင်းတွေ ပေါနေတဲ့ခေတ်မှာ ဘာလို့ Full Service ကိုပဲ ရွေးစီးတာလဲ? လေကြောင်းလိုင်း တစ်ခုတည်းကိုပဲ ဘာလို့ စွဲစီးသင့်တာလဲ?

​လေယာဉ်လက်မှတ်ဝယ်တော့မယ်ဆိုရင် Budget Airlines (Low-Cost) တွေ စျေးသက်သာရဲ့သားနဲ့ ဘာလို့ Full Service Airlines (FSA) တွေကိုပဲ ရွေးစီးနေရတာလဲလို့ မေးစရာရှိပါတယ်။ အဓိကကတော့ "စျေးနှုန်း" နဲ့ "တန်ဖိုး (Value)" ကို တွက်ချက်ပုံ ကွာခြားသွားလို့ပါပဲ။

​FSA နဲ့ Budget ဘာကွာလဲ?
Budget လိုင်းတွေက လက်မှတ်စျေး (Base Fare) သက်သက်ပဲဖြစ်ပြီး အိတ်ပိုဆွဲတာ၊ ထိုင်ခုံရွေးတာ၊ အစားအသောက်ကအစ အကုန် ပိုက်ဆံလိုက်ပေါင်းရပါတယ်။ Transit ရှိရင်လည်း အိတ်ပြန်ရွေးပြီး Check-in ပြန်ဝင်ရတာမျိုးတွေ ရှိတတ်ပါတယ်။ Full Service ကတော့ ခရီးဆောင်အိတ်၊ အစားအသောက်နဲ့ In-flight Entertainment ကအစ တစ်ပါတည်း ပါဝင်ပြီးသားဖြစ်သလို Flight Delay ဖြစ်တာ၊ ချိတ်ဆက်ခရီးစဉ်တွေမှာ အဆင်မပြေတာတွေရှိရင် တာဝန်ယူမှု ပိုမြင့်မားပါတယ်။

​ဘာလို့ Full Service ကိုပဲ ရွေးစီးတာလဲ?
အဓိကကတော့ "အချိန်" နဲ့ "သက်တောင့်သက်သာရှိမှု" ကို ရင်းနှီးမြှုပ်နှံတာပါ။ လေဆိပ်ရောက်တဲ့အချိန်ကစပြီး Priority Check-in လိုင်းကနေ ဝင်ရတာ၊ ခရီးမထွက်ခင် Premium Lounge တွေမှာ အေးအေးဆေးဆေး နားနေခွင့်ရတာတွေက ခရီးပန်းတာကို အများကြီး သက်သာစေပါတယ်။ အထူးသဖြင့် ခရီးဝေး (Long-haul) သွားတဲ့အခါ ခြေထောက်ဆန့်ဖို့ နေရာကျယ်ကျယ်ဝန်းဝန်းရှိတာက တကယ့်ကို အသက်ပါပဲ။

​ဒါဆို ဘာလို့ လေကြောင်းလိုင်း (ဒါမှမဟုတ် Alliance) တစ်ခုတည်းကိုပဲ စွဲစီးသင့်တာလဲ?

လေကြောင်းလိုင်းတစ်ခုတည်းကိုပဲဖြစ်ဖြစ်၊ Star Alliance လို မဟာမိတ်အဖွဲ့တစ်ခုတည်းကိုပဲဖြစ်ဖြစ် ဂွင်ချပြီး စွဲစီးတာက ရေရှည်မှာ အရမ်းကို အကျိုးအမြတ်များပါတယ်။ ဟိုလိုင်းနည်းနည်း ဒီလိုင်းနည်းနည်း ခွဲစီးရင် မိုင်တွေက ပြန့်ကျဲနေပြီး ဘယ်တော့မှ အရာရောက်မှာ မဟုတ်ပါဘူး။

​ဒီလို တစ်နေရာတည်းမှာပဲ စုစည်းထားတဲ့အခါ -
​Award Ticket တွေရဲ့ မှော်ဆန်မှု: ကိုယ်စုထားတဲ့ Airline Miles တွေနဲ့ ကိုယ့်အတွက် Business Class အဆင့်မြှင့်တာ (Upgrade) လုပ်လို့ရသလို၊ ကိုယ့်ရဲ့ ချစ်သူကောင်မလေးကို Award Ticket တွေ အလွယ်တကူ လဲလှယ်ပြီး ခေါ်သွားလို့ရတဲ့အထိ Mechanics က အရမ်းမိုက်ပါတယ်။

​Frequent Flyer Status အကျိုးကျေးဇူး: လေကြောင်းလိုင်းတစ်ခုတည်းကို စွဲစီးတဲ့အခါ Tier Status (Gold, Platinum စသည်) တွေ မြန်မြန်တက်ပါတယ်။ Status တစ်ခုရသွားပြီဆိုတာနဲ့ Star Alliance လို Network တစ်ခုလုံးမှာ အကျုံးဝင်သွားပြီး Economy လက်မှတ်ပဲ ဝယ်စီးစီး Lounge ဝင်ခွင့်ရတာ၊ အိတ်ပိုသယ်ခွင့်ရတာနဲ့ Waiting List မှာ ဦးစားပေးခံရတာတွေ အလိုအလျောက် ရရှိနေမှာပါ။

​ဒါကြောင့် ခဏခဏ ခရီးသွားမယ့်သူတွေအနေနဲ့ ကိုယ့်ရဲ့ ခရီးစဉ်တွေကနေ အများဆုံး အကျိုးအမြတ်ပြန်ရချင်တယ်ဆိုရင်တော့ အစကတည်းက သေချာရွေးချယ်ပြီး လေကြောင်းလိုင်းတစ်ခုတည်းကိုပဲ Loyalty ထားပြီး စုဆောင်းတာက အတန်ဆုံးပါပဲ။

အားလပ်ရက်မှာ ဈေးဝယ်ထွက်မလား၊ အရသာရှိတဲ့ အစားအသောက်တွေ လိုက်စားမလား၊ စိတ်အေးလက်အေးပဲ အနားယူမလား?သင့်ရဲ့ နောက်လာမယ့် ထိုင်...
09/08/2026

အားလပ်ရက်မှာ ဈေးဝယ်ထွက်မလား၊ အရသာရှိတဲ့ အစားအသောက်တွေ လိုက်စားမလား၊ စိတ်အေးလက်အေးပဲ အနားယူမလား?

သင့်ရဲ့ နောက်လာမယ့် ထိုင်းနိုင်ငံခရီးစဉ်ကို ထင်ထားတာထက် ပိုမိုသက်သာတဲ့ ဈေးနှုန်းလေးတွေနဲ့ အလွယ်တကူ သွားရောက်နိုင်ဖို့ AYARWADDY BAGAN TRAVEL မှ MAI လေကြောင်းလိုင်းရဲ့ အထူးပရိုမိုးရှင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။

မြန်မာနိုင်ငံ (ရန်ကုန် နှင့် မန္တလေး) မှ ထိုင်းနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ရွေးချယ်သွားရောက်နိုင်မယ့် ခရီးစဉ်တွေကတော့ -

✈️ ဘန်ကောက် (BKK & DMK) သို့ တစ်ပတ်လျှင် (၇၇) ကြိမ်

✈️ ချင်းမိုင် သို့ တစ်ပတ်လျှင် (၁၇) ကြိမ်

✈️ ဖူးခက် သို့ တစ်ပတ်လျှင် (၂) ကြိမ် (၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ စတင်၍)

ဒါ့အပြင် ခရီးသွားမိဘပြည်သူများအတွက် အထူးခံစားခွင့်တွေအနေနဲ့ -

✅ လေယာဉ်ပေါ်တွင် သရေစာ (Inflight snack) ဧည့်ခံခြင်း

✅ အခမဲ့ ဝန်စည်စလည် သယ်ဆောင်ခွင့် (Free Baggage Allowance)

✅ ကြိုတင် Baggage ဝယ်ယူပါက 20% Discount

✅ Sky Deals ပါတနာဆိုင်ပေါင်း ၇၀ ကျော်တွင် 60% အထိ Discount

✅ Sky Smile အဖွဲ့ဝင်အသစ်များအတွက် 500 Welcome Points လက်ဆောင်
မိုးရာသီအထူးအစီအစဉ် (𝐌𝐨𝐧𝐬𝐨𝐨𝐧 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐬) လေးနဲ့မို့ လက်မှတ်တွေမကုန်ခင် အမြန်ဆုံး လာရောက်ဘွတ်ကင်လုပ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

ခရီးစဉ်အသေးစိတ် စုံစမ်းမေးမြန်းလိုသည်ဖြစ်စေ၊ လေယာဉ်လက်မှတ် ဝယ်ယူလိုသည်ဖြစ်စေ AYARWADDY BAGAN TRAVEL Page Messenger (သို့မဟုတ်) အောက်ပါဖုန်းနံပါတ်များသို့ ယခုပဲ ဆက်သွယ်လိုက်ပါ 💬👇
📞 09443500162 / +66653102199
📱 Viber / WhatsApp Available

✈️ MAI ကနေ Embraer လေယာဉ်တစ်စီး နှုတ်ဆက်ထွက်ခွာသွားပြီ… ပြီးတော့ Airbus တွေလာတော့မယ်​✈️ XY-ALO ရဲ့ နောက်ဆုံးခရီးစဉ်​MAI ...
09/08/2026

✈️ MAI ကနေ Embraer လေယာဉ်တစ်စီး နှုတ်ဆက်ထွက်ခွာသွားပြီ… ပြီးတော့ Airbus တွေလာတော့မယ်

​✈️ XY-ALO ရဲ့ နောက်ဆုံးခရီးစဉ်
​MAI မှာ "Hakha" လို့ နာမည်ပေးထားပြီး ပြည်တွင်း/ပြည်ပ ခရီးစဉ်တွေကို ပြေးဆွဲပေးခဲ့တဲ့ Embraer ERJ-190 (မှတ်ပုံတင်အမှတ်: XY-ALO) လေယာဉ်ဟာ ၎င်းရဲ့ ငှားရမ်းခွင့်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

​ဒါကြောင့်မို့လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက် က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်ကာပူနိုင်ငံ Seletar Airport (XSP) သို့ 8M250 ခရီးစဉ်အမှတ်နဲ့ နောက်ဆုံးအကြိမ် ပြန်လည်ထွက်ခွာသွားခဲ့ပါပြီ။

​ခရီးသည်တွေအတွက် နေရာထိုင်ခင်း ပိုမိုကျယ်ဝန်းပြီး သက်တောင့်သက်သာရှိစေဖို့အတွက် MAI အနေနဲ့ Embraer E-190 Regional Jet အမျိုးအစားတွေနေရာမှာ ခရီးသည် ပိုမိုဝင်ဆံ့တဲ့ Airbus (A320/A319) လေယာဉ်ကြီးတွေကို အစားထိုးပြေးဆွဲပေးသွားတော့မှာပါ။ ဒါကြောင့် ရှေ့လျှောက် ခရီးစဉ်အသစ်တွေနဲ့ ဝန်ဆောင်မှုအသစ်တွေကို ပိုမိုတွေ့မြင်ရတော့မှာဖြစ်ပါတယ်!

​🎟️ ခရီးသွားဖို့ လေယာဉ်လက်မှတ် လိုအပ်နေပြီဆိုရင်တော့...
​ပြည်တွင်း/ပြည်ပ ခရီးစဉ်တိုင်းအတွက် MAI အပါအဝင် လေကြောင်းလိုင်းအသီးသီးရဲ့ လေယာဉ်လက်မှတ်များကို စျေးနှုန်းမှန်ကန်စွာနဲ့ အဆင်ပြေဆုံး ဝယ်ယူနိုင်ဖို့ Ayarwaddy Bagan Travel ကို သတိရလိုက်ပါနော်

​📞 Hotline (MM): 09443500161
​📞 Hotline (TH): +66653102199
​💬 Page Messenger: Ayarwaddy Bagan Travel

✈️ Full Service Airline နဲ့ Low Cost Airline ဘာတွေကွာခြားလဲ? 🤔​လေယာဉ်လက်မှတ်ဝယ်တဲ့အခါ ကိုယ့်ခရီးစဉ်နဲ့ ဘတ်ဂျက်ပေါ်မူတည်ပ...
08/08/2026

✈️ Full Service Airline နဲ့ Low Cost Airline ဘာတွေကွာခြားလဲ? 🤔

​လေယာဉ်လက်မှတ်ဝယ်တဲ့အခါ ကိုယ့်ခရီးစဉ်နဲ့ ဘတ်ဂျက်ပေါ်မူတည်ပြီး အကောင်းဆုံးရွေးချယ်နိုင်ဖို့ ဒီအချက်လေးတွေကို သိထားဖို့လိုပါတယ် ⬇️

​✨ Full Service Airlines (ဝန်ဆောင်မှုအပြည့်အဝပေးသော လေကြောင်းလိုင်းများ)

လက်မှတ်ဝယ်လိုက်တာနဲ့ အောက်ပါဝန်ဆောင်မှုတွေ တစ်ခါတည်း ပါဝင်ပြီးသားဖြစ်ပါတယ်-

​🧳 Baggage Allowance (23KG, 25KG, 30KG သို့မဟုတ် 23KG*2)

​🍱 In-Flight Meals (လေယာဉ်ပေါ်တွင် အစားအသောက်)

​💺 Seat Selection (ခုံရွေးချယ်ခွင့်)

​🎬 In-Flight Entertainment (ရုပ်ရှင်၊ သီချင်း)

​🛋️ ပိုမိုကျယ်ဝန်းပြီး သက်တောင့်သက်သာရှိသော ထိုင်ခုံများ

​📶 B777, A350, B787 ကဲ့သို့ လေယာဉ်ကြီးများတွင် On-Board WiFi ရရှိခြင်း

Baggage Check-Through အတွက် Code Share နှင့် Interline Connection များရှိခြင်း
​ဥပမာအားဖြင့် - Singapore Airlines, Thai Airways, Malaysia Airlines, Cathay Pacific, Korean Air, Emirates, Qatar Airways နှင့် ပြည်တွင်းမှ MAI, MNA တို့ဖြစ်ပါတယ်။

​ခရီးဝေးသွားမည့်သူများ၊ ခရီးဆောင်အိတ်များစွာပါသူများနှင့် သက်တောင့်သက်သာရှိမှုကို အလေးထားသူများအတွက် အထူးသင့်လျော်ပါတယ်။

​💸 Low Cost Airlines (စရိတ်သက်သာ လေကြောင်းလိုင်းများ)

ခရီးစရိတ်ကို အဓိကလျှော့ချလိုသူများအတွက် အကောင်းဆုံးဖြစ်ပြီး Base Fare (အခြေခံလက်မှတ်ခ) စျေးသက်သာပါတယ်။ ဒါပေမယ့် အောက်ပါဝန်ဆောင်မှုများအတွက် Optional Extra အနေဖြင့် ငွေထပ်ပေးဝယ်ရပါမယ်-

​🧳 Checked Baggage (ဝန်စည်စလွယ်)

​🍱 In-Flight Meals (အစားအသောက် )

​💺 Seat Selection (Premium/Hot Seats ဝယ်ယူပါက စျေးကွာခြားမည်ဖြစ်ပြီး၊ မဝယ်ပါက Check-in Counter မှ ချပေးသောခုံတွင်သာ ထိုင်ရပါမည်)

​🚫 In-Flight Entertainment များသောအားဖြင့် မပါဝင်ပါ

​✈️ Economy Class တစ်ခုသာရှိပြီး၊ လေဆိပ်များတွင်လည်း Secondary Airport များကိုသာ အသုံးပြုများပါတယ်

​🛩️ များသောအားဖြင့် Airbus A320 သို့မဟုတ် Boeing 737 ကဲ့သို့ လေယာဉ်တစ်မျိုးတည်းကိုသာ အသုံးပြုကြပါတယ် (Singapore Airlines ၏ မွေးစားသမီး Scoot မှလွဲ၍)

​ဥပမာအားဖြင့် - Air Asia, Vietjet, Nok Air, Jetstar တို့ဖြစ်ပါတယ်။

​ခရီးတိုသွားမည့်သူများနှင့် မလိုအပ်သော ဝန်ဆောင်မှုများအတွက် ငွေပိုမသုံးလိုသူများအတွက် ကွက်တိပါပဲ။

​🇲🇲 မြန်မာနိုင်ငံ၏ ပြည်တွင်းလေကြောင်းလိုင်းများအခြေအနေ

မြန်မာနိုင်ငံရှိ လေကြောင်းလိုင်းအများစုသည် Full-Service နှင့် Low-Cost ကြား Hybrid ပုံစံမျိုးဖြင့် ဝန်ဆောင်မှုပေးကြပါတယ်။

​MNA နှင့် MAI: လက်မှတ်ခတွင် ခရီးဆောင်အိတ်နှင့် အစားအသောက်များ ပါဝင်ပြီးဖြစ်သောကြောင့် Low-Cost များနှင့်မတူဘဲ Full-Service အနေဖြင့် ရပ်တည်လျက်ရှိပါတယ်။

​✅ အနှစ်ချုပ်ရလျှင် - မိမိ၏လိုအပ်ချက်၊ ဘတ်ဂျက်နှင့် ခရီးစဉ်အမျိုးအစားပေါ်မူတည်၍ အသင့်တော်ဆုံး လေကြောင်းလိုင်းကို ရွေးချယ်နိုင်ပါတယ်။
​လေယာဉ်လက်မှတ်အတွက် ဘယ်ခရီးစဉ်ပဲလိုလို Ayarwaddy Bagan Travel မှာ ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ပါပြီ ✈️🌍

​📲 ဆက်သွယ်ရန်
Viber : +959443500162
WhatsApp : +66815535431

​(မျက်စိအညောင်းခံပြီးတော့ ရေးထားတဲ့စာဖြစ်လို့ Copy ကူးယူဖော်ပြခွင့်မပြုပါ။ Share လိုပါက လွတ်လပ်စွာ Share နိုင်ပါသည်။)

08/08/2026

In Flight WiFi ရဲ့အတွေ့အကြုံလေးတစ်ဖြတ်

ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်များကို ယုံကြည်စိတ်ချစွာဝယ်ယူလို့ရပါတယ်

Viber - +959443500162

✈️ MAI နဲ့ MNA လေယာဉ်လက်မှတ်တွေကို နိုင်ငံခြား Website တွေကနေဝယ်ရင် ဘာတွေ နစ်နာနိုင်လဲ? 🤔 (PSA vs OTA ဘယ်လိုကွာခြားလဲဆို...
08/06/2026

✈️ MAI နဲ့ MNA လေယာဉ်လက်မှတ်တွေကို နိုင်ငံခြား Website တွေကနေဝယ်ရင် ဘာတွေ နစ်နာနိုင်လဲ? 🤔

(PSA vs OTA ဘယ်လိုကွာခြားလဲဆိုတာ သိထားဖို့ လိုပါမယ်)

​အခုနောက်ပိုင်း Agoda, Trip.com စတဲ့ Online Website တွေကနေ လေယာဉ်လက်မှတ် ဝယ်လာကြတာ များပါတယ်။ လွယ်ကူတယ်ထင်ရပေမယ့် မြန်မာပြည်အခြေစိုက် လေကြောင်းလိုင်းတွေဖြစ်တဲ့ MAI နဲ့ MNA လက်မှတ်တွေ ဝယ်တဲ့အခါ မထင်မှတ်ထားတဲ့ ဆုံးရှုံးမှုတွေ ရှိလာနိုင်ပါတယ်။

ဘာတွေ နစ်နာနိုင်လဲဆိုရင်...
​🔴 ၁။ မြန်မာနိုင်ငံသားတွေအတွက် သီးသန့်ဈေးနှုန်း (Citizen Fare) ဆုံးရှုံးရခြင်း
MNA (Myanmar National Airlines) မှာ မြန်မာနိုင်ငံသား (မှတ်ပုံတင်ပြနိုင်သူ) တွေအတွက် သီးသန့်လျှော့ချပေးထားတဲ့ ဈေးနှုန်းတွေ ရှိပါတယ်။ ဒါပေမယ့် Agoda, Trip.com တို့လို နိုင်ငံခြား Website တွေကနေ ဝယ်မယ်ဆိုရင် အဲဒီ Citizen Fare ကို မသိနိုင်တဲ့အတွက် နိုင်ငံခြားသား ဈေးနှုန်းနဲ့ ဖြတ်မိပြီး ဈေးသက်သာရမယ့်အစား ပိုပြီးတောင် ပေးလိုက်ရတာမျိုးတွေ မကြာခဏ ဖြစ်တတ်ပါတယ်။

​🔴 ၂။ ပြဿနာတစ်ခုခုကြုံရင် "ဘော်လီဘောပုတ်" ခံရခြင်း 🤭
Agoda လို Website ကနေ MAI လက်မှတ် ဝယ်ထားတယ်ဆိုပါစို့။
​ခရီးစဉ်ရက် ပြောင်းချင်တာ (Date Change)
​နာမည်စာလုံးပေါင်း မှားသွားလို့ ပြင်ချင်တာ
​လေကြောင်းလိုင်းဘက်က Flight Cancelled ဖြစ်သွားတာမျိုး ကြုံလာရင်...
Website (Agoda) ဘက်ကို ဆက်သွယ်ရင် "လေကြောင်းလိုင်းကိုသာ ဆက်သွယ်ပါ" လို့ ပြောပါလိမ့်မယ်။ လေကြောင်းလိုင်း (MAI) ကို ဆက်သွယ်ပြန်ရင်လည်း "ဝယ်ထားတဲ့ Agent ဆီမှာပဲ ပြန်လုပ်ပါ" လို့ ပြောပါလိမ့်မယ်။ နောက်ဆုံးတော့ ကြားထဲမှာ ခရီးသည်ပဲ ဘော်လီဘောပုတ်ခံရသလို ဟိုပို့ဒီပို့နဲ့ အချိန်တွေကုန်၊ စိတ်တွေရှုပ်ရပါတော့တယ်။

​💡 ဒါဆို PSA နဲ့ OTA ဘာကွာလဲ?
​🌐 OTA (Online Travel Agency - ဥပမာ Agoda, Trip.com)
စက်ယန္တရားနဲ့ အလိုအလျောက် ရောင်းချပေးတဲ့ စနစ်ဖြစ်လို့ ကိုယ်တိုင်ဝယ်ရတာ လွယ်ကူပါတယ်။ ဒါပေမယ့် ဝယ်ပြီးနောက်ပိုင်း ဝန်ဆောင်မှု (After-sales Service) အပိုင်းမှာ အားနည်းပါတယ်။ ပြဿနာဖြစ်လာရင် လူကိုယ်တိုင် ချက်ချင်း တာဝန်ယူဖြေရှင်းပေးဖို့ ခက်ခဲပါတယ်။

​🤝 PSA (Passenger Sales Agent - တရားဝင် ကိုယ်စားလှယ်)

လေကြောင်းလိုင်းတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ တရားဝင် လက်မှတ်အရောင်းကိုယ်စားလှယ် (ဥပမာ - ကျွန်တော်တို့လို Travel Agent) တွေ ဖြစ်ပါတယ်။

✅ မြန်မာနိုင်ငံသား ဈေးနှုန်း (Citizen Fare) ကို သေချာစစ်ဆေးပြီး အသက်သာဆုံး ဖြတ်တောက်ပေးနိုင်ပါတယ်။

✅ Date Change တာ၊ နာမည်ပြင်တာ၊ Refund လုပ်တာစတဲ့ ကိစ္စတွေ အားလုံးကို ဘော်လီဘောပုတ် မခံရစေဘဲ Agent ဘက်ကနေ လေကြောင်းလိုင်းနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး တာဝန်ယူ ဖြေရှင်းပေးပါတယ်။

​✨ အချုပ်ပြောရရင်...
အွန်လိုင်းကနေ ကိုယ်တိုင်နှိပ်ဝယ်တာက မြန်ဆန်တယ် ထင်ရပေမယ့် အရေးကြုံလာတဲ့အခါ တာဝန်ယူမှုအပြည့်နဲ့ ချက်ချင်းဖြေရှင်းပေးနိုင်တဲ့ ကိုယ့်ပြည်တွင်းက Local PSA တွေဆီမှာ ဝယ်တာက သင့်အတွက် အချိန်ရော၊ ငွေရော၊ စိတ်သက်သာမှုပါ ပိုရစေမှာ အသေအချာပါပဲ။ 💯

MAI မှ ပြည်ပခရီးစဥ်များ  ECO Class KG 30 ပြန်လည်ခွင့်ပြု
25/03/2026

MAI မှ ပြည်ပခရီးစဥ်များ ECO Class KG 30 ပြန်လည်ခွင့်ပြု

မြန်မာနိုင်ငံတွင် Jet A1 လေယာဥ်ဆီ မလုံလောက်မှု ပြဿနာများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် MAI သည် နိုင်ငံတကာလေကြောင်းခရီးစဉ်များကိ...
21/03/2026

မြန်မာနိုင်ငံတွင် Jet A1 လေယာဥ်ဆီ မလုံလောက်မှု ပြဿနာများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် MAI သည် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို အခက်အခဲမရှိ ဆက်လက်ပြေးဆွဲနိုင်ရန်အတွက် ခရီးဆောင်အလေးချိန် ကန့်သတ်ချက်များကို မဖြစ်မနေ လျှော့ချသတ်မှတ်ရခြင်း ဖြစ်ပါသည်။ ယခုဆုံးဖြတ်ချက်သည် ပြည်တွင်းလေကြောင်းစျေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ခရီးစဉ်ဖျက်သိမ်းခြင်းများ ထပ်မံမဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်ပါသည်။

ထို့ကြောင့် MAI သည် နိုင်ငံတကာလေကြောင်းခရီးစဉ်အားလုံးအတွက် ယာယီခရီးဆောင်အလေးချိန် ပြင်ဆင်ချက်ကို အောက်ပါအတိုင်း ချက်ချင်းအကျိုးသက်ရောက်စေမည်ဖြစ်ပြီး နောက်ထပ်ကြေညာချက်အသစ် မထုတ်ပြန်သည်အထိ အကျုံးဝင်ကာ အသုံးပြုသွားမည် ဖြစ်ပါသည်။
• Economy Class: 20KG (တစ်အိတ်သာ ခွင့်ပြု)
• Business Class: 30KG (တစ်အိတ်သာခွင့်ပြု)
• Hand-carry: 7KG (အများဆုံး ၂ အိတ်သာခွင့်ပြု)
• Excess Baggage: အများဆုံး ၅ ကီလိုဂရမ်
• မှတ်ချက် - အပိုခရီးဆောင်အိတ်များကို လက်ခံခြင်းသည် လေဆိပ်ရှိတာဝန်ကျဝန်ထမ်းများ၏ ဆုံးဖြတ်ချက်အပေါ် မူတည်၍ ဆောင်ရွက်မည် ဖြစ်ပါသည်။

ထို့အပြင် MAI သည်ပျံသန်းမှု လိုအပ်ချက်များအရ ခရီးဆောင်အိတ်များကို လေဆိပ်တွင် ပယ်ချခြင်း သို့မဟုတ် မတင်ဆောင်နိုင်ခြင်း ဖြစ်ပေါ်နိုင်ကြောင်း အသိပေးအပ်ပါသည်။ မတင်ဆောင်နိုင်ခဲ့သော ခရီးဆောင်အိတ်များကို ၇၂ နာရီအတွင်း ပိုင်ရှင်ခရီးသည်များထံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရန် အကောင်းဆုံး ကြိုးပမ်းသွားမည် ဖြစ်ကြောင်းအသိပေးအပ်ပါသည်။ ထို့ပြင် ယခုထုတ်ပြန်ချက်အရ ကြိုတင်ဝယ်ယူထားသော Prepaid excess baggage များကို ယာယီမတင်ဆောင်နိုင်သဖြင့်ခရီးသည်များအား refund ပြန်လည်ပေးအပ်သွားမည် ဖြစ်ပါသည်။

MAI အနေဖြင့် ခရီးသည်များ အဆင်ပြေ ချောမွေ့စွာခရီးသွားနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချစေ လို ပါသည်။ ယခုအခြေအနေသည် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို အချိန်ဇယားအတိုင်း ဆက်လက်ပြေးဆွဲခြင်း သို့မဟုတ် လုံးဝ ဖျက်သိမ်းခြင်း ဟူသော ရွေးချယ်စရာ နှစ်ခုသာ ကျန်ရှိပါတော့သည်။ ဖျက်သိမ်းမည်ဆိုပါက MAI နှင့် ခရီးစဉ်များ စီစဉ်ထားပြီးသား ခရီးသည်ထောင်ပေါင်းများစွာအပေါ် သက်ရောက်မှုရှိနိုင်ပါသဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။

ယခုကဲ့သို ခက်ခဲလှသည့် အခြေအနေများတွင် ဖြစ်ပေါ်လာသည့် အဆင်မပြေမှုများအတွက် MAI မှ ခရီးသည်များအားအထူးတောင်းပန်အပ်ပါသည်။ယခုကဲ့သို့ခက်ခဲသောကာလအတွင်း ခရီးသည်များ၏ နားလည်ပံ့ပိုးပေးမှုကို လေးစားစွာ ဖြင့် ကျေးဇူးတင်ရှိပါသည်။

✈️ ရန်ကုန်  - စင်ကာပူ ခရီးစဉ်အတွက် သတင်းကောင်း!🇲🇲 🇸🇬 အခုဆိုရင် MAI (Myanmar Airways International) ကနေ ရန်ကုန်-စင်ကာပူ ခ...
17/03/2026

✈️ ရန်ကုန် - စင်ကာပူ ခရီးစဉ်အတွက် သတင်းကောင်း!🇲🇲 🇸🇬
အခုဆိုရင် MAI (Myanmar Airways International) ကနေ ရန်ကုန်-စင်ကာပူ ခရီးစဉ်ကို တစ်နေ့လျှင် (၃) ကြိမ်အထိ တိုးမြှင့်ပြေးဆွဲပေးနေပြီဖြစ်လို့ မိမိတို့အဆင်ပြေမယ့် အချိန်ကို စိတ်ကြိုက်ရွေးချယ် ပျံသန်းနိုင်ပါပြီ။
လူကြီးမင်းတို့ရဲ့ ခရီးစဉ်များအတွက် လေယာဉ်လက်မှတ် လိုအပ်လျှင်ဖြစ်စေ၊ ခရီးစဉ်နဲ့ပတ်သက်ပြီး သိလိုသမျှ (သို့မဟုတ်) ဗီဇာကိစ္စရပ်များကို ဆွေးနွေးလိုလျှင်ဖြစ်စေ Ayarwaddy Bagan Travel မှာ အခမဲ့ လာရောက်မေးမြန်းတိုင်ပင်နိုင်ပါတယ်ခင်ဗျာ။

Enjoy your trip and make great memories ✨with Ayarwaddy Bagan 🌇

✅ Inflight meal included
✅ Baggage included
✅ Special deals available

💻 Book now at Ayarwaddy Bagan Travel

For more details about your trip, please contact us:

📩 Messenger – m.me/Ayarwaddybagantravel
📱 Myanmar – 09443500162 (Viber)
09886633551
09886633552
09886633553
📱 Thailand – +66815535431 (Viber, WhatsApp)
+6693435679(whatsApp,Line )
📧 Email – [email protected]

ရန်ကုန် မန္တလေး မန္တလေး ရန်ကုန် မှာတော့ ရွှေမန္တလာက ခရီးသည်တို့အတွက် စိတ်ကြိုက်ရွေးချယ်စရာအများဆုံး ယာဉ်လိုင်းကြီးပါရွှေ...
28/02/2026

ရန်ကုန် မန္တလေး
မန္တလေး ရန်ကုန် မှာတော့ ရွှေမန္တလာက ခရီးသည်တို့အတွက် စိတ်ကြိုက်ရွေးချယ်စရာအများဆုံး ယာဉ်လိုင်းကြီးပါ

ရွှေမန္တလာ ကားလက်မှတ်များ ဝယ်ယူလိုပါက
ရွှေမန္တလာ ရဲ့ တရားဝင် ဂိတ်ခွဲ (အရောင်းကိုယ်စားလှယ် ) ဖြစ်တဲ့
Ayarwaddy Bagan Travel မှာ ဂိတ်ရင်းဈေးနှုန်းများအတိုင်း ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ပါတယ်

YGN

09 78 1313 634
09 685 988 491

Address

Wai Zayan Dar West Street 15
Yangon

Opening Hours

Monday 05:00 - 23:00
Tuesday 05:00 - 23:00
Wednesday 05:00 - 23:00
Thursday 05:00 - 23:00
Friday 05:00 - 23:00
Saturday 05:00 - 23:00
Sunday 05:00 - 23:00

Alerts

Be the first to know and let us send you an email when Ayarwaddy Bagan Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share