Shwe Kyae Ze Travel

Shwe Kyae Ze Travel မဂ်လာပါ

 ွတ်သွားမှာမို့လမ်းမှာမအိပ်ရတော့ဘူးနော်- #ရွှေကြေးစည်ရဲ့  ေးနဲ့လိုက်ပါဖို့ -ဖိတ်ခေါ်လိုက်ရပါတယ်... 🚩🚩 #တောင်ကြီး-အင်းလေး...
30/10/2023

ွတ်သွားမှာမို့လမ်းမှာမအိပ်ရတော့ဘူးနော်-

#ရွှေကြေးစည်ရဲ့ ေးနဲ့လိုက်ပါဖို့
-ဖိတ်ခေါ်လိုက်ရပါတယ်...

🚩🚩 #တောင်ကြီး-အင်းလေး-ရွာငံ-ပင်းတယ-ဂဏန်းကျရေတံခွန်

(3) ညအိပ် (4)ရက်ခရီးစဉ်..... 300000 ကျပ်

✔ 3 ညအိပ်(နှစ်ယောက်တစ်ခန်း)
lunch...dinner..breakfast.....9 နပ်
တဆင့်သွားစရိတ်အပြီး

🎆ခရီးစဉ် ထွက်ရှိမည့် နေ့ အပတ်စဥ်သောကြာမနက် နှင့်
November 24 ( မနက် ၅ နာရီ ထွက် )
November 27 ( ည ပြန်ရောက် )

#ရှမ်းပြည်ရဲ့ အလှအပအစုံအလင်ကို ခံစားဖို့ #ရွှေကြေးစည် က ဖိတ်ခေါ်လိုက်ပါတယ်

==========================================

🚩🚩 #ပုဂံညောင်ဦး #ပြည့်ငါးပြည့် #ပုပ္ပါး..

(2) ညအိပ် (3)ရက်ခရီးစဉ်"....... 190000 ကျပ်

✔hotel 2 ညအိပ်(နှစ်ယောက်တစ်ခန်း)
lunch...dinner..breakfast.....6 နပ်
တဆင့်သွားစရိတ်အပြီး

🎆ခရီးစဉ် ထွက်ရှိမည့် နေ့ အပတ်စဥ်စနေ မနက် နှင့်
November 25( မနက် ၅ နာရီ ထွက် )
November 27 ( ည ပြန်ရောက် )

🎆 လေးအတွက်
လက်မှတ်လေးတွေ ဝယ်ယူမယ် ဆိုရင်တော့
09 44 55 66 373
ဖုန်းနံပါတ် ကို ဆက်သွယ် ဝယ်ယူနိုင် ပါတယ်

Facebook Messenger မှ လည်း လက် မှတ် ဝယ်ယူ နိုင် ပါတယ်

🚩ခရီးစဉ်လက်မှတ်များကို မှာယူလိုပါက .....
#ရွှေကြေးစည်
09 44 55 66 373
09 400 700 373,
09 753 700 400

👉 လက်မှတ်များကိုအိမ်အရောက် အခမဲ့ဝန်ဆောင်မှု
ပေးပါသည် ။
👉စင်းလုံးငှား အသင်း အဖွဲ့ ၊ကုမ္ပဏီ ၊
မိသားစု ၊များကို စျေးနှုံးချိုသာစွာဖြင့် ဆောင်ရွက်
ပေးနေပါသည်။

#တောင်ကြီးမီးပုံးပျံပွဲ
#ဖောင်တော်ဦးဘုရား
#တောင်ကြီးကလောခရီး



#ပုဂံညောင်ဦး
#တန်ဆောင်တိုင်ပွဲတော်ရက်

🙏🙏🙏ယနေ့ကျရောက်သောသီတင်းကျွတ်လပြည့်နေ့၊အဘိဓမ္မာအခါတော်နေ့တွင်ညီအစ်ကိုမောင်နှမများနှင့်အားလုံးဘေးရန်အပေါင်းမှကင်းဝေးကြပါစေ...
29/10/2023

🙏🙏🙏
ယနေ့ကျရောက်သော
သီတင်းကျွတ်လပြည့်နေ့၊အဘိဓမ္မာအခါတော်နေ့တွင်
ညီအစ်ကိုမောင်နှမများနှင့်အားလုံး
ဘေးရန်အပေါင်းမှကင်းဝေးကြပါစေ။
ကိုယ်စိတ်နှလုံးချမ်းမြေ့ကြပါစေ။
အေးချမ်းစွာဖြင့်ဥပုသ်သီလစောင့်ထိန်းနိုင်ပါစေ။
ပူပင်သောကကင်းဝေးကြပါစေ။
မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘဝအမောများမှစိတ်သက်သာရလွန်မြောက်ကြပါစေ။
မြန်မာနိုင်ငံကြီးငြိမ်းချမ်းသာယာပါစေ။
ဘဝအမောများမှစိတ်သက်သာရလွန်မြောက်ကြပါစေ။
မြန်မာနိုင်ငံကြီးငြိမ်းချမ်းသာယာပါစေ။...လို့
#ရွှေကြေးစည် မိသားစုများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်

ဒီတစ်ခါတော့ မြန်မာ့မြေက ချစ်စရာကောင်းလှတဲ့ အင်းလေးကန်သာလေး 🥰အကြောင်း ပြောပြပေးသွားမယ်နော်  အင်းလေးကန် 💙 ဟာ ရှမ်းပြည်နယ်၏...
04/07/2020

ဒီတစ်ခါတော့ မြန်မာ့မြေက ချစ်စရာကောင်းလှတဲ့ အင်းလေးကန်သာလေး 🥰အကြောင်း ပြောပြပေးသွားမယ်နော်

အင်းလေးကန် 💙 ဟာ ရှမ်းပြည်နယ်၏မြို့တော်မှ (၃၀)ကီလိုမီတာအကွာတွင်တည်ရှိပြီး ရှမ်း ပြည်နယ်ရဲ့ အချက်အချာဒေသတစ်ခုဖြစ်သလို ခြေထောက်ဖြင့် လှေလှော်သည့် အင်းသား ဟုခေါ်သောကျော်ကြားသည့် ရွာသားများကြောင့် လူသိများပါသည်။ ခြေဖြင့် လှေလှော်နေသော အင်းသားနှင့် ကန်ရေပြင်အလှမှာ အင်းလေး၏ ရှုမငြီးဖွယ်ရာ ပန်းချီကားတစ်ချပ်ပင် ဖြစ်ပါတယ် 💛💛.

ကန်၏ဧရိယာပတ်လည်တွင် ဝန်းရံထားသော တောင်တန်းရှုခင်းတွေက ကန်၏ရေမျက်နှာပြင်တွင် ထင်ဟပ်လျက်ရှိပြီး ရင်သပ်ရှမောဖွယ်မြင်ကွင်းက အလွန်လှပလွန်းပါတယ်။ လာရောက်လေ့လာလည်ပတ်ကြတဲ့ ဧည့်သည်များအနေနဲ့ အင်းလေးရဲ့လှေလေးကိုစီးပြီး အင်းလေးကန်ကို လှည့်လည်ကြည့်ရှုရတာကိုက အင်းလေးရဲ့အရသာ 🤗ပါပဲ


ဒါ့အပြင် ရှုမောဖွယ်ကောင်းသော အင်းလေးကန်ရဲ့ ပတ်ပတ်လည်မှာရှိတဲ့ ရွာများက ရိုးသားလှတဲ့ ရွာသူရွာသာများနဲ့ သူတို့ရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့ရိုးရာများကို ကြည့်ရှုလေ့လာခြင်းဖြင့် ပျော်ရွှင်ဖွယ်ရာ အချိန်လေးတစ်ခုဖြစ်နိုင်ပါလိမ့်မယ်။✌️

အင်းလေးကန်လေးအကြောင်းကို https://tourism.gov.mm/mm/inle-lake/ Page လေးမှာလည်း သွားရောက်ပြီး ဖတ်ရှုနိုင်ပါတယ် 😍




#သဘာဝအလှခံစားခရီးသွား #အင်းလေးကန်
.myanmal travel

COVID  ပြီးသွားတဲ့အချိန်  မွန်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ မော်လမြိုင်မြို့ကို ရောက်ရင်  ကျိုက်သလ္လံစေတီတော်ကို သွားရောက်...
22/06/2020

COVID ပြီးသွားတဲ့အချိန် မွန်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ မော်လမြိုင်မြို့ကို ရောက်ရင် ကျိုက်သလ္လံစေတီတော်ကို သွားရောက်ဖူးမျှော်ရင်း မော်လမြိုင်မြို့ ညနေဆည်းဆာရှုခင်းအလှကို ကြည့်ရှုခံစားကြဖို့ တိုက်တွန်း လိုက်ပါရစေ... 🇲🇲🤩

သမိုင်းဝင် ကျိုက်သလ္လံစေတီတော် သည် မော်လမြိုင်မြို့ရဲ့ အကြီးဆုံးစေတီတော်တစ်ဆူဖြစ်ပြီးတော့ မြို့ရဲ့အရှေ့ဖက် သံလင်တောင်စွယ်တွင် တည်ရှိပါတယ်။ 🙏

ဤစေတီသမိုင်းနှင့် စပ်လျဉ်းပြီးတော့ အဆို ၂ မျိုး ရှိပါတယ် … တစ်မျိုးမှာ သာသနာနှစ် ၂၃၆ တွင် ယခု မော်လမြိုင် ခေါ် ရမ္မာဝတီမြို့မှ မွန်ဘုရင်မွတ်ပိရာဇာမင်းလက်ထက်မှာ သထုံပြည်မှသွားတော် ဓာတ်တစ်ဆူ ရရှိခဲ့လို့ မြတ်စွာဘုရားသခင် ကြွရောက်နားနေတော်မူဘူးရာ နာဂဝသီတောင်လည်းခေါ် သံလင်တောင်စွယ်တွင် ဌာပနာ၍ စေတီတည်ခဲ့ကြောင်း၊ 😍 ဆံတော်ဓာတ်ကိုလည်း ဌာပနာကြောင်းနှင့် အဆိုရှိပါတယ်။

ဘုရားတည်ရာတောင်ကို အစွဲပြု၍ စေတီကိုလည်း ကျိုက်သံလင်စေတီဟု ခေါ်တွင်ပြီးတော့ ယခုအခါ စကား ရွေ့လျောလာသဖြင့် ကျိုက်သလ္လံ ဖြစ်လာပါတယ်။ ရှေးအခါက ထိုစေတီတည်ထားရာ တောင်ခြေသည် ပြိုပျက်အံ့သကဲ့သို့ ရှိသောကြောင့် 😱မွန်ဘာသာဖြင့် 'သံလင်'ဟု သမုတ်ခဲ့တယ်လိုဆိုပါတယ်။

အခြားအဆိုတစ်ရပ်မှာကတော့ ရှေးအခါက ရှမ်းစစ်သည်နှင့် မြန်မာစစ်သည်များ သံလွင်မြစ် အရှေ့ဖက်ကမ်းမှာ စစ်ဦးချင်းဆိုင်ကြပြီးနောက် သတိတရားရရှိကြပြီး စစ်တိုက်ကြမည့်အစား စေတီတစ်ဆူစီတည်ကြ၍ ရှေးဦးစွာ ပြီးစီးသည့်ဖက်မှ အနိုင်ယူကြစတမ်းဟု ကတိပြုကြတယ်လို့ ဆိုပါတယ်။ ရှမ်းစစ်သည်တို့က အုတ်များဖြင့် တည်ရန် ပြင်ဆင်နေဆဲ၊ မြန်မာစစ်သည်တို့က ခြင်းကြားဖြင့်တည်၍ စေတီအတု ရှေးဦးစွာ ပြီးမြောက်နှင့်သောကြောင့် ထိုစေတီကို ရှမ်းတို့မြင်သဖြင့် အကယ်ထင်မှတ်ကာ အရှုံးပေး ဆုတ်ခွာသွားလေသည်။ ထိုသို့ ရှမ်းများလန်ပြေးသည်ကို အကြောင်းပြု၍ တည်စောစေတီတော်ကို 'ကျိုက်ရှမ်းလန်'ဟု ခေါ်ကြောင်း၊ 🤗🤩နောင်ကာလ ရွေ့လျောသဖြင့် 'ကျိုက်သလ္လံ'ခေါ်ကြောင်းနှင့်လည်း အဆိုရှိပါတယ်။ (စာသား Credit – Wikipedia)

ယခုအခါမှာ ကျိုက်သလ္လံစေတီရဲ့ ဉာဏ်တော်အမြင့် ပေ(၁၅၀)၊ ရွှေထီးတော်အဝ (၈ပေ) ၊ ထီးတော်အမြင့် (၂၅ပေ)၊ အောက်လုံးပတ်ပေ (၃၀၀)၊ ဖိနပ်အ၀န်းပေ(၄၅၀)ရှိပြီး သွားဓာတ် တော်နှင့် ဆံတော်ရှင်စေတီတော်မြတ်တစ်ဆူဖြစ်ပါတယ်။ စေတီတော်မြတ်ကို လက်ယာရစ်လှည့် လည်ပူဇော်လျှင် မဟာကဿပဘုရား၊ သက္ကရာဇ်၁၂၁၆-ခုနှစ်က တင်လှူထားသော မြတ်စောထီး ရှင်မင်း၏ ခေါင်းလောင်း၊ ရန်ပြေမာန်ရှင်းကြေးသွန်းဘုရား၊ ဗုဒ္ဓမြတ်စွာနှင့်ရှေးဟောင်းဆင်တု တော်များပြတိုက်၊ သက္ကရာဇ် ၈၉၉-ခုနှစ်က မော်လမြိုင်မြို့စား သိင်္ဂသူရလှူဒါန်းထားတဲ့ ရှေ့ မွန်စာပါခေါင်းလောင်းတော်ကြီး၊ ဦးထောလေးကျောက်စာ၊ ဦးနာအောက်အထိမ်းအမှတ်ကျောက် စာတိုင်များ စသည်တို့ကို စိတ်၀င်စားဖွယ် လေ့လာနိုင်ပါတယ်။ 📖🔍🧐

ဒါကြောင့်မို့ မွန်ပြည်နယ်ရဲ့မြို့တော် မော်လမြိုင်ကို ရောက်ရင် ကျိုက်သလ္လံစေတီတော်ကို သွားရောက်ဖူးမျှော်ရင်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ မော်လမြိုင်မြို့ရှုခင်းများကို ကြည့်ရှုလေ့လာနိုင်ပါတယ်လို့ အကြံပြုလိုက်ပါတယ်...

မွန်ပြည်နယ်မှာရှိတဲ့ ခရီးစဉ်ဒေသတွေအကြောင်းကို https://tourism.gov.mm/mm/mon/ မှာ လေ့လာဖတ်ရှုနိုင်ပါတယ် 📙 📖

အခုတစ်ခေါက်မှာတော့ အားလုံးသိကြတဲ့ ကမ္ဘာ့တတိယအကြီးဆုံး မင်းကွန်းခေါင်းလောင်း 😲😲😲 အကြောင်းကို ဖော်ပြလိုက်ပါတယ်။😍😍*********...
20/06/2020

အခုတစ်ခေါက်မှာတော့ အားလုံးသိကြတဲ့ ကမ္ဘာ့တတိယအကြီးဆုံး မင်းကွန်းခေါင်းလောင်း 😲😲😲 အကြောင်းကို ဖော်ပြလိုက်ပါတယ်။😍😍
************************************************************
မြန်မာတို့ရဲ့ ယဉ်ကျေးမှု အမွှေအနှစ်တစ်ခု ဖြစ်သော မင်းကွန်းခေါင်းလောင်းကြီးသည် ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ စစ်ကိုင်းမြို့မြောက်ဘက်တွင် တည်ရှိပြီး 😇 မန္တလေးမြို့မှ ၄၀ ကီလိုမီတာကွာဝေးပြီး ကားလမ်း၊ ရေကြောင်းလမ်းဖြင့် သွားရောက်လည်ပတ်နိုင်ပါတယ်။ မင်းကွန်းခေါင်းလောင်းကြီးကို ဘိုးတော်ဘုရားလက်ထက် ၁၈၀၈-၁၀ ခုနှစ် ၂ နှစ်အကြာ သွင်းလုပ်ခဲ့ပြီး ကြေးပိဿာချိန် ၅၅၅၅၅ ပိဿာရှိပြီး မင်းဖြူမှန်မှန်ပြော ဟူ၍ ကြေးပိဿာချိန်အား မှတ်သားထားရှိခဲ့ကြသည်။ 😲 ကမ္ဘာပေါ်ရှိ ထုထည်အကြီးမားဆုံးခေါင်းလောင်းများထဲတွင် တတိယအကြီးဆုံးဖြစ်ပြီး တီး၍ အသံမြည်သော ခေါင်းလောင်းများထဲတွင် ဒုတိယအကြီးဆုံးဖြစ်သည်။

နောက်ထပ်မင်းကွန်းသို့ရောက်လျင် လေ့လာစရာတွေကတော့ မင်းကွန်းပုထိုးတော်ကြီး၊ ဧရာဝတီမြစ်ဘေးက ၂၉ မီတာမြင့်တဲ့ ခြင်္သေ့ကြီးနှစ်ကောင်ရုပ်တု၊ လူတစ်ရစ်၊ နတ်တစ်ရစ် တည်ထားတယ်လို့ အဆိုရှိတဲ့ မြသိန်းတန်စေတီတော်၊ 😍၁၉၁၅ ခုနှစ်မှာ ဒေါ်ဦးဇွန်း စတင်တည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ပထမဆုံး ဘိုးဘွားရိပ်သာ၊ ကမ္ဘာ့ဉာဏ်အကောင်းဆုံးပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စာအုပ်မှာဖော်ပြခံရတဲ့ ဆရာတော်ဦးဝိစိတ္တသာရာဘိဝံသ သီတင်းသုံးခဲ့တဲ့ ကျောင်းကိုလည်း လေ့လာနိုင်ပါတယ်။ 😲 ဒါ့ကြောင် မန္တလေးသို့ရောက်လျင် မင်းကွန်းသို့ တစ်ခါတစ်ခေါက်အရောက်သွားကြဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။🤗😇
စစ်ကိုင်းမှာရှိတဲ့ လည်ပတ်စရာနေရာတွေအကြောင်းအသေးစိတ်ကိုတော့ >>https://tourism.gov.mm/mm/sagaing/ နှင့် https://tourisminmyanmar.com.mm/destinations/mandalay/ မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ် 📚

❝ မိုးညှင်းရဲ့ သံဗုဒ္ဓေဘေးရန်ကင်းအောင် ဖူးထိုက်စေ ❞▬▬▬▬▬▬▬▬▬▬▬▬▬မုံရွာမြို့ကို ရောက်ရင် မိုးညှင်းသံဗုဒ္ဓေစေတီတော်မြတ်ကြီ...
20/06/2020

❝ မိုးညှင်းရဲ့ သံဗုဒ္ဓေ
ဘေးရန်ကင်းအောင် ဖူးထိုက်စေ ❞
▬▬▬▬▬▬▬▬▬▬▬▬▬
မုံရွာမြို့ကို ရောက်ရင် မိုးညှင်းသံဗုဒ္ဓေစေတီတော်မြတ်ကြီးကို ဝင်ရောက်ဖူးမြော်နိုင်အောင် မျှဝေပေးလိုက်ပါတယ်နော်။💛

စစ်ကိုင်းဒေသကြီးရဲ့ မြို့တော်၊ သလ္လာဝတီ ခေါ်ချင်းတွင်းမြစ်ရဲ့🌉အရှေ့ဘက်ကမ်းမှာရှိတဲ့ ​မြို့လေးကတော့ အနောက်မြောက်တိုင်း မြို့တော် 🚩မုံရွာမြို့လေးဖြစ်ပါတယ်။ မုံရွာမြို့ရဲ့ အရှေ့တောင်ဘက် (၁၂)ကီလိုမီတာအကွာမှာတော့ လှပဆန်းကြယ်သော🌈 အနုသုခုမလက်ရာများ၊ ဗိသုကာလက်ရာများဖြင့် မိုးညှင်းသံဗုဒ္ဓေစေတီတော်မြတ်ကြီးက️ို ဖူးမြော်ကြည်ညိုနိုင်မှာဖြစ်ပါတယ်။ 🙏

သံဗုဒ္ဓေစေတီတော်မြတ်ကြီးကို ၁၉၃၉ခုနှစ်တွင် မိုးညှင်းဆရာတော်ဦးသုမန တည်ထားကိုးကွယ်ခဲ့သောကြောင့် 🌷 မိုးညှင်းသံဗုဒ္ဓေစေတီတော်မြတ်ကြီးဟု တင်စားခေါ်ဝေါ်ခဲ့ခြင်းဖြစ်ပါတယ်နော်။✨ အထင်ကရသာသနာတော် အထိမ်းအမှတ်စေတီတော်မြတ်ကြီးလည်းဖြစ်ပြီး (🎐မြ၊ ရွှေ၊ ငွေ၊ စိန်၊ သီး၊ ဆောင်း🎐)🤩 ငါးသိန်းတစ်သောင်း နှစ်ထောင်နှစ်ကျိပ်ရှစ်ဆူကုန်သော🙏 သံဗုဒ္ဓေ ဘုရားပေါင်းများစွာလည်းရှိပါတယ်။နှစ်စဉ်တန်ဆောင်မုန်းလပြည့်နေ့တွင်🌝 မိုးညှင်းသံဗုဒ္ဓေဘုရားပွဲတော်ကြီးကိုလည်း စည်ကားသိုက်မြိုက်စွာ🎡 ကျင်းပကြပါတယ်။

ကိုယ့်ရဲ့ ဘိုးဘိုးဘွားဘွား ၊ ဖေဖေမေမေ ချစ်ရတဲ့မိသားစုနဲ့ ပဲဖြစ်ဖြစ်👨‍👩‍👧‍👧 ချစ်သူ ခင်သူ သူငယ်ချင်း အပေါင်းအဖော်တွေနဲ့ပဲဖြစ်ဖြစ်ဘုရားဖူးခရီးထွက်မယ်ဆိုရင်တော့ 🚌လှပဆန်းကြယ်​ ခန့်ညားတဲ့ သံဗုဒ္ဓေဘုရားကြီးမှာ ကုသိုလ်တွေလည်းတိုး🙏 ဘေးရန်တွေလည်းကင်း ဓာတ်ပုံတွေလည်း📸 ရိုက်ကြရင်း ပျော်ရွှင်ဖွယ် ခရီးစဥ်လေးကိုဖန်တီးဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်။💛

မြန်မာနိုင်ငံမှာရှိတဲ့ ​​ကြည်ညိုဖွယ်တန်ခိုးကြီးဘုရားစေတီများနှင့်
မဖြစ်မနေသွားရောက်လည်ပတ်သင့်တဲ့ ခရီးစဥ်ဒေသလေးတွေကို ​​အသေးစိတ်သိရှိလိုပါက https://tourism.gov.mm/mm မှာ ဝင်ရောက်ကြည့်ရှုလိုက်ပါနော်။ ✌

ဒီနေ့တော့ Covid ပြီးရင် လွယ်လွယ်ကူကူ သွားလည်လို့ရမယ့် နေရာတွေထဲက  ပြင်ဦးလွင်မြို့လေးအကြောင်းကို ဖော်ပြလိုက်ပါတယ်နော်။......
19/06/2020

ဒီနေ့တော့ Covid ပြီးရင် လွယ်လွယ်ကူကူ သွားလည်လို့ရမယ့် နေရာတွေထဲက ပြင်ဦးလွင်မြို့လေးအကြောင်းကို ဖော်ပြလိုက်ပါတယ်နော်။...😍

မေမြို့ ၊ ပန်းမြို့တော်၊ တောင်စခန်း၊ တောင်လှေခါးမြို့တော်
လို့ တင်စားခေါ်ဝယ်ကြတဲ့ ပြင်ဦးလွင်မြို့လေးဟာပင်လယ်ရေမျက်နှာပြင် အထက် ၁၀၇၀ မီတာတွင် တည်ရှိပြီး တောင်ပေါ်အေးခဲသောရာသီဥတုဖြင့် မန္တလေးမြို့ နဲ့ အနီးဆုံးတောင်ပေါ်စခန်းမြို့လေးဖြစ်ပါတယ်။ ❄️ အေးချမ်းလှတဲ့ရာသီတုကြောင့် အင်္ဂလိပ်(ဗြိတိသျှ)တွေရဲ့ အပန်းဖြေစခန်းမြို့ ဖြစ်ခဲ့တယ်ဆိုတာကိုလည်း ကိုလိုနီခေတ် အဆောက်အဦတွေကို ကြည့်တာနဲ့ သိနိုင်ပါတယ်။ မန္တလေးမြို့ကနေဆိုရင် ၄၂ မိုင်သာ ကွာဝေးတဲ့အတွက် ရထားနဲ့ဖြစ်ဖြစ်၊ ကားနဲ့ဖြစ်ဖြစ် ဆိုင်ကယ်လေးနဲ့ဖြစ်ဖြစ် လည်ပတ်လို့အကောင်းဆုံးမြို့လေးပါ။.🚗

မန္တလေးမြို့ကနေ တက်လာရင်း တောင်ကို ပတ်လည်ဖောက်လုပ်ထားတဲ့ ခြောက်ထပ်ကွေ့လမ်းကို ရောက်တာနဲ့ အေးမြတဲ့လေထု နဲ့ သာယာလှပတဲ့ သဘာဝတရားကို ခံစားရမှာဖြစ်ပါတယ်။ ပြင်ဦးလွင်ရောက်တာနဲ့ သွားလည်ရမယ့် နေရာလေးတွေ၊ ဓာတ်ပုံလှလှလေးတွေ ရိုက်လို့ရမယ့်နေရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပြင်ဦးလွင်မြို့အပြင် မြန်မာနိုင်ငံရဲ့ အခြားလှပတဲ့နေရာတွေအကြောင်းကို ဖတ်ရှုချင်တယ်ဆိုရင်တော့ https://www.tourism.gov.mm/mm
မှာ သွားရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်...🤩


ဒီတစ်ခေါက် မှာတော့ အင်းဝမြို့အကြောင်းကို ပြောပြပေးချင်ပါတယ် 💁‍♀️💥 ************************************************ ဧရာဝတ...
19/06/2020

ဒီတစ်ခေါက် မှာတော့ အင်းဝမြို့အကြောင်းကို ပြောပြပေးချင်ပါတယ် 💁‍♀️💥

************************************************

ဧရာဝတီမြစ်နှင့် မြစ်ငယ်မြစ်(ခ)ဒုဌဝတီမြစ်တို့ဆုံရာမှာတည်ရှိတဲ့ အင်းဝမြို့ကို မင်းနေပြည်တော်အဖြစ် 🏛️အေဒီ ၁၃၆၄ ခုနှစ်တွင် သတိုးမင်းဖျားမှ တည်ထောင်ခဲ့တယ်။ မြန်မာ့သမိုင်းအထောက်အထားများအရ အင်းဝမြို့ကို မြန်မာခေတ်လေးခေတ်တွင် 🤴မြန်မာဘုရင်ပေါင်း (၃၁) ပါးမှ အုပ်စိုးခဲ့ပြီး မင်းနေပြည်တော်မြို့အဖြစ်လည်း လေးကြိမ်တောင် သတ်မှတ်ခြင်းခံရတယ်🤩
ဒုတိယပုဂံလို့ခေါ်ဆိုလည်း မမှားနိုင်တဲ့ အင္းဝၿမိဳ႕ဟာ ရှေးဟောင်းအမွေအနှစ်များစွာရှိလို့ ပုဂံကဲ့သို့ ဆွဲဆောင်မှုရှိတဲ့နေရာတစ်ခုလည်းဖြစ်တယ်😇။

လမ်းတစ်ဖက်တစ်ချက်စီမှာရှိတဲ့ 🌳🌳စိမ်းစိုတဲ့ သစ်ပင်တန်းကြီးတွေနဲ့ 🕍ခမ်းနားတဲ့ရှေးဟောင်းအဆောက်အအုံတွေဟာလည်း ခရီးသွားရင်း 📸ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့သူတွေအတွက် 😍အကြိုက်တွေ့စေမှာသေချာတဲ့အတွက် တကယ်လို့ မန္တလေးကိုရောက်ခဲ့ရင် အင်းဝကိုလည်း မမေ့မလျော့ဝင်ရောက်လည်ပတ်ဖို့ တိုက်တွန်းလိုက်ပါရစေ💚

မန္တလေးမြို့ရဲ့ အခြားလှပတဲ့နေရာတွေအကြောင်းကို ဖတ်ရှုချင်တယ်ဆိုရင်တော့ https://tourism.gov.mm/mm/mandalay မှာသွားရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ချင်ပါတယ် ✌️✌️


ရက်စွဲ။ ။၂၀၂၀-ခုနှစ်၊မတ်လ(၃၁)ရက်။🙏ရွှေကြေးစည် နှင့် (26.3.20) ရက်နေ့အတွက် ကြိုတင်လက်မှတ်ဝယ်ယူထားသူများအား"COVID-19"Virus...
31/03/2020

ရက်စွဲ။ ။၂၀၂၀-ခုနှစ်၊မတ်လ(၃၁)ရက်။

🙏ရွှေကြေးစည် နှင့် (26.3.20) ရက်နေ့အတွက်
ကြိုတင်လက်မှတ်ဝယ်ယူထားသူများအား"COVID-19"Virus၏
အခြေအနေများကြောင့်.....ခရီးစဉ်များရက်ရွှေဆိုင်းခြင်း နှင့်
တချို့တစ်ဝက်သော ခရီးသည်များအား
မိမိတို့ခရီးစဉ်အလိုက်ပေးသွင်းထားသောကြိုတင်
ပေးချေ/စရံငွေများအား ပြန်အမ်းပေးရန် အတွက်
လူစုလူဝေး မဖြစ်ရအောင် ငွေပြန်အမ်းမည့်အစီအစဥ်ကို
ဖုန်းဆက်သွယ်၍ အကြောင်းကြားပေးနေပါပြီ ရှင်...

🙏April လအတွက် ခရီးစဥ်များကို ဝယ်ယူထားသော ဓမ္မ မိတ်ဆွေ များ...
ခရီးစဥ်များကို လက်ရှိဖြစ်ပေါ်နေသော ကျန်းမာရေးအခြေအနေများကြောင့်
သတ်မှတ်ရက်..တွင် ထွက်ခွာပေးနိုင်တော့မည် .မဟုတ်ပါသောကြောင့်
ခရီးစဥ်ရက်စွဲများကို ပြောင်းရွေ့လို ပါက နှစ်သက်ရာ ခရီးစဥ်များ နှင့်
ခရီးစဥ်ထွက်ခွာရက်များ တိုက်ဆိုင်ပါက ရွှေပြောင်းလိုက်ပါနိုင်ပြီး

#ခရီးစဥ်ရွေ့ပြောင်းလိုက်ပါလိုခြင်း မရှိသော ဓမ္မ မိတ်ဆွေ များအား
မိမိတို့၏ခရီးစဉ်လက်မှတ်များကို သိမ်းဆည်းထားပါရန် နှင့်
ဂိတ်ပြန်လည်ဖွင့်လှစ်သည့်အခါမှ စ၍ ၆ လအတွင်း ခရီးစဥ်ပြန်အမ်းငွေများကို
ပြန်လည်ထုတ်ပေးသွားမည် ဖြစ်ပါကြောင်း
ဓမ္မ မိတ်ဆွေ များ...အားလေးစားစွာဖြင့်အသိပေးအပ်ပါသည်။

🙏ထို့ပြင် လက်မှတ်ခ ပြန်လည် မထုတ်သေးလိုသူများအတွက်လည်း စာရင်းသေချာမှတ်ထားပြီး သတ်မှတ်ကာလ အကျော် ခရီးစဉ်များ မှ နှစ်သက်ရာပမာဏတူခရီးစဉ်များသို့ပြောင်းလဲနိုင်ပါတယ်ရှင်..

🙏ဓမ္မ မိတ်ဆွေများ အပေါင်း ယခုဖြစ်ပေါ်နေသော ကပ်ရောဂါ မှ
ကင်းဝေးကြပါစေကြောင်း နှင့် ကျန်းမာရေးဂရုစိုက်ပါရန်
တိုက်တွန်းလိုက်ရပါတယ်..ရှင်

ရွှေကြေးစည် ဘုရားဖူးနှင့်ခရီးသွားလုပ်ငန်း

25/03/2020

Unicod
ရွှေကြေးစည် နှင့် ဘုရားဖူးသွားရောက်ရန်
ခရီးစဥ်များအား ဝယ်ယူထားသော ဓမ္မ မိတ်ဆွေများ...ရှင်
ယခု covid19 အရေးပေါ် အခြေအနေ ကြောင့်
ခရီးစဥ် အစီအစဥ်များ ရွှေ့ဆိုင်းကြောင်း အသိပေးအပ်ပါသည်ရှင်...

ဓမ္မ မိတ်ဆွေများ ထံသို့လည်း တယ်လီဖုန်းဆက်သွယ်၍
အကျိုးအကြောင်းများရှင်းပြသွားပါမည်။
ဓမ္မ မိတ်ဆွေ များနစ်နာမှုများ မရှိစေရန်..အတွက်
နိုင်ငံတော်မှ တရားဝင်ထုပ်ပြန်ထားသော
covid19 စောင့်ကြည့်ကာလ အပြီး
သင့်လျှော်သော အချိန်ကာလတခုတွင်
ဓမ္မ မိတ်ဆွေများနှင့် ညှိနှိုင်းကာ အစားထိုးခရီးစဥ် များ
စီစဥ်ပေးမည် ဖြစ်ပါသည်..
ကျေးဇူးတင်ပါတယ် ...ရှင့်🙏🙏🙏

Zawgyi

ဓမ္မ မိတ်ဆွေများနှင့် ညှိနှိုင်းကာ အစားထိုးခရီးစဉ် မ်ား

Address

No. 279, Min Nandar Road, DawponTownship
Yangon
11241

Telephone

+959445566373

Website

Alerts

Be the first to know and let us send you an email when Shwe Kyae Ze Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Kyae Ze Travel:

Share

Category