Lwin Family Travel and Tours

Lwin Family Travel and Tours Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lwin Family Travel and Tours, Travel Service, No (269), 39 Street (Upper Block), Yangon.

If you want to buying or rental a house in Turkey, you can contact my brother.တူရကီမှာ အိမ်ဝယ်ချင်ရင် ဒါမှမဟုတ် ငှားချင်...
19/04/2026

If you want to buying or rental a house in Turkey, you can contact my brother.

တူရကီမှာ အိမ်ဝယ်ချင်ရင် ဒါမှမဟုတ် ငှားချင်ရင်ဖြင့် ကျွန်တော့ညီကို ဆက်သွယ်နိုင်ပါတယ်ခင်မျ

ArkarLwin
+905376798950

မင်္ဂလာပါ!!!
AKL House Rental and Services မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်။ 🏫🇹🇷
Istanbul မြို့မှာ ပညာသင်ကြားနေတဲ့ ကျောင်းသား/သူမိတ်ဆွေများအားလုံးအတွက် အိမ်ငှားရမ်းခြင်းဆိုင်ရာ အခက်အခဲတွေကို AKL က တာဝန်ယူဖြေရှင်းပေးတော့မှာဖြစ်ပါတယ်။

ကျွန်တော်တို့ Team ဟာ မြန်မာလူမျိုးအချင်းချင်း ယုံကြည်စိတ်ချစွာနဲ့ အဆင်ပြေဆုံး နေထိုင်နိုင်ဖို့ ရည်ရွယ်ပြီး အောက်ပါ One-Stop Services တွေကို ဝန်ဆောင်မှုပေးနေပါတယ် -

✅ အိမ်ငှားရမ်းခြင်း (House and Room Rental): ကျောင်းသားများအတွက် ဈေးနှုန်းသင့်တင့်ပြီး သန့်ရှင်းသပ်ရပ်တဲ့ အခန်းကောင်းများကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးရွေးချယ်ပေးခြင်း။

✅ အိမ်ငှားစာချုပ်ချုပ်ဆိုခြင်း (Legal Contract): ဥပဒေနှင့်အညီ ခိုင်မာတဲ့ အိမ်ငှားစာချုပ်များ ဖြစ်စေရန် ကူညီဆောင်ရွက်ပေးခြင်း။

✅ နိုတြီဝန်ဆောင်မှု (Notary Services): အိမ်ငှားစာချုပ်နှင့် လိုအပ်သော စာရွက်စာတမ်းများကို Notary ပြုလုပ်ရာတွင် လွယ်ကူမြန်ဆန်အောင် ကူညီပေးခြင်း။

✅ အကြံပေးဝန်ဆောင်မှု: Istanbul ရဲ့ နယ်မြေဒေသအလိုက် သွားလာရေးနဲ့ နေထိုင်ရေး အဆင်ပြေစေဖို့ အခမဲ့ အကြံပြုပေးခြင်း။

"Istanbul မှာ အိမ်ရှာရတာ Stress မများရအောင်၊ AKL က လူကြီးမင်းတို့ရဲ့ ယုံကြည်စိတ်ချရတဲ့ အဖော်မွန်အဖြစ် ရှိနေမှာပါ"

📩 အသေးစိတ်သိရှိလိုပါက Page Messenger မှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ဗျ။

19/04/2026
မြေငလျင် လှုပ်ခတ်မှု့ကြောင့် ရပ်ဆိုင်းသွားတဲ့ EID (immigration System)/Passport Online Appointment Systemများ ယခု ရက်ပို...
22/04/2025

မြေငလျင် လှုပ်ခတ်မှု့ကြောင့် ရပ်ဆိုင်းသွားတဲ့ EID (immigration System)/Passport Online Appointment Systemများ ယခု ရက်ပိုင်းအတွင်း ပြန်လည်စတင်ရရှိမည်။

-Smart Card မလုပ်ရသေးသူများ သက်ဆိုင်ရာလဝကရုံးများထံ သွားရောက်စုံစမ်းနိုင်ပြီး ဖြစ်ကြောင်း အသိပေးအပ်ပါသည်

-ငလျင်လှုပ်ခတ်မှု့ကြောင့် စက်ချိူ့ယွင်းသွားသည့် Passport Online Appointment System ပြန်လည်ပြုပြင်ခြင်းများဆောင်ရွက်နေပြီး မကြာပြီး အချိန်အတွင်းရရှိနိုင်မည် ဖြစ်ကြောင်း ကြားသိရပါသည်

#တခြားထူးခြားမှုများကိုလည်းအချိန်နှင့်တပြေးညီတင်ပေးသွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(မနလ)( For Online Appointment ) ထုတ်ပြန်ချက်
31/08/2024

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(မနလ)
( For Online Appointment ) ထုတ်ပြန်ချက်

ရန်ကုန်လေဆိပ်အထွက်မှာPV နဲ့ထွက်မယ်ဆို - မှတ်ပုံတင်- UID card- လေယာဉ်လက်မှတ် ( အသွား + အပြန် )- ပိုက်ဆံ ဒေါ်လာ500ခန့်- ဟိ...
05/08/2024

ရန်ကုန်လေဆိပ်အထွက်မှာ

PV နဲ့ထွက်မယ်ဆို
- မှတ်ပုံတင်
- UID card
- လေယာဉ်လက်မှတ် ( အသွား + အပြန် )
- ပိုက်ဆံ ဒေါ်လာ500ခန့်
- ဟိုတယ် ဘိုကင် ( တခါတလေ ငွေချေထားတာပါပြခိုင်း၊ အသိအိမ်မှာနေမယ်ဆိုလည်း ကိုယ်နေမယ့်နေရာကို အသိငှါးထားတဲ့စာရွက်စာတမ်းတွေအဆင်သင့်ယူလာပြီး ရှင်းပြရင်ရနိုင် )

တွေကို စစ်တတ်ပါတယ်။ ပေါ့ပေါ့ပါးပါးပုံစံနဲ့ အချက်အလက်စုံအောင်ပြပြီး အေးဆေးဖြေပါ။ ထွက်လို့ရပါတယ်။

PJ နဲ့ထွက်မယ်ဆို
- OWIC card
- မှတ်ပုံတင် ပါရင်ရပါတယ်
( အသက် ၂၃ မှ ၃၁ ကြား PJ နဲ့ထွက်မရပါ )

တခြားနိုင်ငံအဝင်မှာတော့ PJ/PV ခွဲခြားမှုမရှိပါ

ဒါတွေက ရန်ကုန်လေဆိပ်ရဲ့ ဒီနေ့ ၃/၈/၂၀၂၄ ထိအခြေအနေပါ။ လွဲနေတာ၊ Update ပိုဖြစ်ပြီး ကိုယ်သိထားတဲ့ အချက်အလက်တွေကိုလည်း မျှဝေပေးခဲ့ပါ

အချင်းချင်း ကူညီကြပါစို့ခင်ဗျာ

(Shwe Network မှ ကျေးဇူးတင်စွာ ကူးယူ ဝေမျှပါသည်)

ကျွန်တော်များ Travelထံ Passportလုပ်ဖို့ အပ်ထားသော မိတ်ဟောင်း မိတ်သစ် Customerများခင်မျာရက်ချိန်းရောက်သည့် အချိန်တွင်  Sm...
27/04/2024

ကျွန်တော်များ Travelထံ Passportလုပ်ဖို့ အပ်ထားသော မိတ်ဟောင်း မိတ်သစ် Customerများခင်မျာ
ရက်ချိန်းရောက်သည့် အချိန်တွင် Smart Card(UID) ယူဆောင်လာပေးပါရန်နှင့် မလုပ်ရသေးသူများလည်း လုပ်ထားပေးပါရန် အသိပေးအပ်ပါသည်။

မြစ်ကြီးနား ၁/မုံရွာ ၅/လာရှိုး,ကျိူင်းတုံ  ၁၃/(ရှမ်းမြောက်)တောင်ကြီး ၁၃/(ရှမ်းတောင်)စစ်တွေ ၁၁/ဟားခါး ၄/ဘားအံ ၃/ထားဝယ် ၆/...
27/04/2024

မြစ်ကြီးနား ၁/
မုံရွာ ၅/
လာရှိုး,ကျိူင်းတုံ ၁၃/(ရှမ်းမြောက်)
တောင်ကြီး ၁၃/(ရှမ်းတောင်)
စစ်တွေ ၁၁/
ဟားခါး ၄/
ဘားအံ ၃/
ထားဝယ် ၆/
မကွေး ၈/

2.5.2024
ရက်နေ့မှ စ၍
online Booking စနစ် စတင် အသက်ဝင်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်

Passport ဝန်ဆောင်မှု များရနိုင်ပါပြီ---------------------------------------------👉ပတ်စပို့တ်စာအုပ် အသစ်လျှောက်👉ပတ်စပို့တ...
24/02/2024

Passport ဝန်ဆောင်မှု များရနိုင်ပါပြီ
---------------------------------------------
👉ပတ်စပို့တ်စာအုပ် အသစ်လျှောက်
👉ပတ်စပို့တ်စာအုပ် အပျောက်လျှောက်
👉ပတ်စပို့တ်စာအုပ် သက်တမ်းတိုး

တို့ကိုတန်းစီစရာ မလိုဘဲ မြန်မြန် ဆန်ဆန် ရနိုင်ရန် အတွက် ဝန်ဆောင်မှု ပေးနေပါပြီ။


https://www.facebook.com/315872822274040/posts/1094449714416343/

👉PV အမျိုးအစား Passport (visit)

-မှတ်ပုံတင်
-သန်းခေါင်စာရင်း
-သက်တမ်းတိုးမည်ဆိုလျှင်စာအုပ်အဟောင်းလိုပါမည်

👉PJ အမျိုးအစား Passport (Job)

- PV မှာလိုတဲ့ဟာတွေ အပြင်
-အလုပ်သမားဝန်ကြီးဌာန က လေဘာကဒ် လိုပါတယ်

👉 သက်တမ်းတိုး Renew

Passportအဟောင်းမူရင်း နှင့်မိတ္တူ ၂စုံ
-မှတ်ပုံတင်မူရင်း နှင့်မိတ္တူ ၂စုံ
-အိမ်ထောင်စုမူရင်း နှင့်မိတ္တူ ၂စုံ
-PJ အသစ်လျောက်ဆိုရင် အခွန်ဆောင်စရာမလို
-PJ TO PV Type ချိန်းမည်ဆိုလျှင် အခွန်ဆောင်ရန်မလို
-PJသက်တမ်းတိုးမည် ဆိုလျှင် အခွန်ဆောင်ရပါမည်
-(PJ လုပ်ရင်တော့လေဘာကတ်လိုပါတယ်)

👉PS Passport အမျိူးအစား (Seaman)
-PVမှာလိုတဲ့ ဟာတွေ အပြင်
-သဘော်ရုံးမှ 4Ticket/CDC လိုပါတယ်

👉သက်တမ်းတိုး Renew

-Passportအဟောင်းမူရင်း နှင့်မိတ္တူ ၂စုံ
-မှတ်ပုံတင်မူရင်း နှင့်မိတ္တူ ၂စုံ
-အိမ်ထောင်စုမူရင်း နှင့်မိတ္တူ ၂စုံ
-PS အသစ်လျောက်ဆိုရင် အခွန်ဆောင်စရာမလို
-PS TO PV Type ချိန်းမည်ဆိုလျှင် အခွန်ဆောင်ရန်မလို
-PSသက်တမ်းတိုးမည် ဆိုလျှင် အခွန်ဆောင်ရပါမည်
-(PS လုပ်ရင်တော့ 4ticket/CDCလိုပါတယ်)

👉ကလေး ပတ်စပို့တ်

သန်းခေါင်စာရင်း
မွေးစာရင်း
ဖခင်နှင့်မိခင်ရဲ့ မှတ်ပုံတင်မူရင်း နှင့် မိတ္တူ ၂စုံ
(ကလေးအသက်၁၀နှစ်အထက်ဖြစ်လျှင် (၃က မှတ်ပုံပါရှိမှသာ လျှောက်လို့ရပါမည်)

👉အပျောက်လျောက်မည်ဆိုလျင် သတင်းစာကြေညာအရင်ထည့်ရပါမည်
(ကြေညာချက်ထည့်ပြီး ၁လပြည့်မှသာလျှင် Booking dateယူရပါမည်)

အားလုံးအပြင် မြန်ချင်ရင် ဘောပင် မမေ့ပါနဲ့ လို့

ဘောပင်မေ့ခဲ့လျှင် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှု့လေးကို သတိယပေးပါလို့နော်😁

Visa လျှောက်မယ်ဆိုရင်လဲ


ဝန်ဆောင်မူပေးပါတယ်နော်
☎️
-09442726210(Call,Viber)
- 09425022495(Viber)
-09422265597(Call)
-09962378563
-09966786341
( Customerများခင်မျ ဖုန်းလိုင်းမအားခြင်းနှင့်ကြုံခဲ့လျှင် ကျွန်တော်တို့၏Viberသို့ဆက်သွယ်ပေးကြပါ
သိရှိလိုသည်များကို အကြောင်းပြန်ပေးပါ့မယ်ခင်မျ)

ပဲခူး,နေပြည်တော်,မန္တလေး,ပုသိမ် ရုံးများတွင် တုံကင်းစနစ် မှ Online Booking စနစ်သို့ ပြောင်းလဲ🛑အထက်ဖော်ပြပါ ရုံးအသီးသီးတွ...
24/02/2024

ပဲခူး,နေပြည်တော်,မန္တလေး,ပုသိမ် ရုံးများတွင် တုံကင်းစနစ် မှ Online Booking စနစ်သို့ ပြောင်းလဲ

🛑အထက်ဖော်ပြပါ ရုံးအသီးသီးတွင် တုံကင်ယူထားသူများလည်း Onlineမှ ရက်ချိန်းပြန်လည်ရယူရမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

Passport,Visa လျှောက်မယ်ဆိုရင်




ဝန်ဆောင်မူပေးပါတယ်နော်
☎️
-09442726210(Call,Viber)
- 09425022495(Viber)
-09422265597(Call)
-09962378563
-09966786341
( Customerများခင်မျ ဖုန်းလိုင်းမအားခြင်းနှင့်ကြုံခဲ့လျှင် ကျွန်တော်တို့၏Viberသို့ဆက်သွယ်ပေးကြပါ
သိရှိလိုသည်များကို အကြောင်းပြန်ပေးပါ့မယ်ခင်မျ)

နိုင်ငံခြား သွားချင်တယ်ဆိုရင် သိထားသင့် ပြင်ဆင်ထားသင့်တဲ့ အခြေခံ အချက်လေးတွေ....- passport နဲ့ visa ကို ကွဲကွဲပြားပြား သ...
12/02/2024

နိုင်ငံခြား သွားချင်တယ်ဆိုရင် သိထားသင့် ပြင်ဆင်ထားသင့်တဲ့ အခြေခံ အချက်လေးတွေ....

- passport နဲ့ visa ကို ကွဲကွဲပြားပြား သိအောင်လုပ်ထားပါ။ အဲ့လောက်မှမသိရင် ဘယ်နိုင်ငံခြားမှ သွားဖို့ စိတ်မကူးပါနဲ့။ passport ကလည်း အမျိုးမျိုးရှိသလို visa တွေကလည်း အမျိုးမျိုးရှိပါတယ်။ ကိုယ့် ရည်ရွယ်ချက်နဲ့သင့်တော်မယ့် passport အမျိုးအစား visa အမျိုးအစားကို သိအောင်လုပ်ထားပါ။

- နေရာတကာသူများပဲ အားကိုးလိုက်မယ်၊ လုပ်ခိုင်းလိုက်မယ်ဆိုတဲ့ အကျင့်ကိုဖျောက်ပါ။ ပိုက်ဆံပေးလုပ်ခိုင်းလို့ရမယ့် ကိစ္စဖြစ်နေဦးတော့ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေ၊ လိုအပ်ချက်တွေ၊ ဆောင်ရန်ရှောင်ရန်တွေကို သိအောင်လုပ်ပါ။

- သူများ ပြောသမျှနားထောင်ပါ၊ ဒါပေမယ့်သူများပြောသမျှ အရမ်းကာရော မယုံပါနဲ့။ ကိုယ့်ဟာကိုယ် ချင့်ချိန်ပါ၊ သုံးသပ်ပါ၊ လက်လှမ်းမီသမျှလေ့လာပါ။

- ရုံးပြင်ကန္နားသွားရမှာမကြောက်ပါနဲ့။ နိုင်ငံခြားရောက်ရင် ကိုယ်တိုင်သွားရမှာပါ။

- အင်္ဂလိပ်စာ သေစာရှင်စာ ဖတ်တတ်အောင်၊ ပြောတတ်အောင်၊ နားလည်အောင် မဖြစ်မနေ လုပ်ထားပါ။ အရမ်းအရေးကြီးပါတယ်။

- အင်တာနက်ကို Facebook မှာ ပုံတင်ရုံလောက် comment ရေးတတ်ရုံလောက် မသုံးပါနဲ့။ ကိုယ့်အတွက် လိုအပ်မယ့် သတင်းအချက်အလက်ရှာဖွေတာ အကျိုးရှိမယ့် သတင်းတွေဖတ်တာ ကြည့်တာ တွေအတွက် သုံးတတ်အောင် သုံးပါ။

- ကိုယ်စားနေကျ ကိုယ်ကြိုက်တဲ့ ဟင်းလေးတွေ မဖြစ်မနေချက်တတ်အောင်သင်သွားပါ။ ဟိုရောက်ရင် အရင်ဆုံးဒုက္ခရောက်တာ ထမင်းဟင်းပါ၊ ပေါ့သေးသေးသဘောမထားပါနဲ့။ အိမ်နီးချင်းနိုင်ငံတွေလောက်သွားမယ်ဆို သိပ်ပြသနာမရှိပေမယ့် ကိုယ်နဲ့ အစားအသောက် ကွာလွန်းတဲ့နိုင်ငံတွေရောက်ရင် အပြင်ကဝယ်စားဖို့တောင် ဒုက္ခရောက်ပါတယ်။

- ကိုယ်ရည်ရွယ်တဲ့ လမ်းကြောင်းက ဘာလဲဆိုတာ သေချာ အစီအစဉ်ချသွားပါ။ ဟိုရောက်သွားပြီးရောဆိုတာမျိုးမလုပ်ပါနဲ့၊ မပြီးပါဘူး။ ကိုယ်အစီအစဉ်ချထားတဲ့လမ်းကြောင်းကို တတ်နိုင်သမျှ စိုက်လိုက်မတ်တပ်လုပ်ပါ။ ဟိုဟာကောင်းနိုးနိုးပြောင်းလိုက်၊ ဒါကောင်းနိုးနိုးပြောင်းလိုက်မလုပ်ပါနဲ့။ အချိန်ကုန်၊ ငွေကုန်၊ လူပမ်း ဖြစ်ပြီး ဘယ်မှမရောက်ပဲဖြစ်တတ်ပါတယ်။

- ကိုယ့်စိတ်ကိုခိုင်မာအောင်ပြင်ဆင်ထားပါ။ ဘာဖြစ်ဖြစ် ငါရင်ဆိုင်မယ် ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်မျိုးထားပါ။ ကိုယ့်နေရာမဟုတ်တဲ့ တခြားနိုင်ငံတစ်ခုခုမှာ အခြေတကျရပ်တည်ဖို့ဟာမလွယ်ပါဘူးနော်။ ကြိုးစားရပါတယ်။ ၁၀ နှစ်လောက်ကြိုးစားလာပြီးမှ ရလာတဲ့ ရလဒ်လေးကိုပဲ မြင်ပြီး အဆင်ပြေတာ၊ လွယ်တာ လို့မထင်စေချင်ပါဘူး။

- ဟိုနိုင်ငံမှာ အခြေတကျဖြစ်ပြီး အချိန်မရွေးပြန်သွားလို့ မရမချင်း အလည်ကလွဲပြီး ငါ မြန်မာပြည် မပြန်ဘူး၊ နောက်ပြန်မလှည့်ဘူးလို့ဆုံးဖြတ်ထားပါ။

credit Lu Min Han

1.1.2024 မှစ၍7ရက်သားသမီးများအားလုံး အသက်ရှူတိုင်း ငွေဝင်ကြပါစေ..  💞 ၂၀၂၄ နှစ်၁နှစ်လုံးလူသားအပေါင်းကျန်းမာပျော်ရွှင်ဘေးရန...
31/12/2023

1.1.2024 မှစ၍
7ရက်သားသမီးများအားလုံး
အသက်ရှူတိုင်း ငွေဝင်ကြပါစေ.. 💞
၂၀၂၄ နှစ်၁နှစ်လုံးလူသားအပေါင်းကျန်းမာပျော်ရွှင်ဘေးရန်ကင်းရှင်းလိုရာပြည့်စုံနိုင်ကြပါစေ​ကြောင်း
ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🤗

Address

No (269), 39 Street (Upper Block)
Yangon
11182

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959442726210

Website

Alerts

Be the first to know and let us send you an email when Lwin Family Travel and Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lwin Family Travel and Tours:

Share

Category