10/08/2026
📢ပြည်ပနိုင်ငံများသို့ ခရီးသွားမည့် ဧည့်သည်တော်များအတွက် Pre-Arrival Digital Card လျောက် ထားခြင်းဆိုင်ရာ လမ်းညွှန်ခြင်း
HAPPY HOLIDAYS TRAVEL AND TOUR ၏ မိတ်ဟောင်းမိတ်သစ် ခရီးသွားဧည့်သည်တော်များရှင့်
လက်ရှိအချိန် တွင် ပြည်ပနိုင်ငံ အများစုသည် လေဆိပ်၌ စောင့် ဆိုင်းရသည့် အချိန်များကို လျှော့ချရန်နှင့် ပြည်ဝင်ခွင့် (Immigration Process) ကို ပိုမိုမြန်ဆန်စေရန်အတွက် Arrival Card များအစား Online Pre-Arrival Digital Card (E-Pass) စနစ်များကို ပြောင်းလဲကျင့်သုံးနေပြီဖြစ်ပါတယ်ရှင် ။
ခရီးသွားဧည့်သည်တော်များ ခရီးမထွက်ခွာ မီ ကြိုတင်ဖြည့်သွင်းရန် အတွက့် လိုအပ်သည့် နိုင်ငံများ၏ စနစ် များကိုအောက်တွင် ဖော်ပြပေးလိုက်ပါတယ်ရှင် ။
🌏 နိုင်ငံအလိုက် Pre-Arrival Digital Entry System
👉 မလေးရှား: MDAC imigresen-online.imi.gov.my (မထွက်ခွာ မီ ၃ ရက်အတွင်း) ဖြည့်ရန်
👉 စင်ကာပူ: SG Arrival Card eservices.ica.gov.sg/sgarrivalcard (မထွက်ခွာမီ ၃ ရက်အတွင်း) ဖြည့်ရန်
👉 ထိုင်း: Thailand Digital Arrival Card (TM6)https://tdac.immigration.go.th/arrival-card/ #/home(မထွက်ခွာမီ ၂၄နာရီ -၇၂ နာရီ)ဖြည့်ရန်
👉 ဗီယက်နမ် (Hanoi/Ho Chi Minh/Da Nang): E-Pass prearrival.immigration.gov.vn
(မထွက်ခွာမီ ၃ ရက်အတွင်း) ဖြည့်ရန်
👉အင်ဒိုနီးရှား: e-CD ecd.beacukai.go.id (မထွက်ခွာမီ ၃ ရက်အတွင်း)ဖြည့်ရန်
👉ကမ္ဘောဒီးယား: Cambodia e-Arrival arrival.gov.kh (မထွက်ခွာမီ ၇ ရက်အတွင်း)ဖြည့်ရန်
👉 Lao Digital Form immigration.gov.la (မရောက်မီ ကြိုတင်၍)ဖြည့်ရန်
👉ဂျပန်: Visit apan Web vjw-lp.digital.go.jp (မထွက်ခွာမီ၂ ရက်အလို) ဖြည့်ရန်
👉 တောင်ကိုရီးယား: K-ETA / Q-Code k-eta.go.kr (မထွက်ခွာမီ ၇၂ နာရီ) ဖြည့်ရန်
👉ထိုင်ဝမ်: Online Arrival Card niaspeedy.immigration.gov.tw (မထွက်ခွာမီ ကြိုတင်၍)ဖြည့်ရန်
👉 မော်လဒိုက်: IMUGA imuga.immigration.gov.mv (မထွက်ခွာမီ ၉၆ နာရီအတွင်း)ဖြည့်ရန်
👉 ဖိလစ်ပိုင်: eTravel Pass etravel.gov.ph (မထွက်ခွာမီ ၇၂ နာရီအတွင်း)ဖြည့်ရန်
📌Online Pre-Arrival Digital Card လျောက်ထားရန် အတွက် လိုအပ်သော အချက်အလက်များ
✅ပတ်စပို့ (Passport) အချက်အလက် (သက်တမ်း အနည်းဆုံး ၆ လ ကျန်ရှိရပါမည်)
✅မိမိ၏ ခရီးစဉ်အချက်အလက် များ(လေယာဉ်လိုင်း၊ လေယာဉ်နံပါတ်၊ သွား/ပြန် ရက်စွဲ)
✅မိမိ၏ တည်းခိုမည့် ဟိုတယ်လိပ်စာ (Address in Destination Country)
✅ဗီဇာ (လိုအပ်သော နိုင်ငံများအတွက်)
✅မိမိအသုံးပြုနေသော Email နှင့် ဖုန်းနံပါတ် များလိုအပ်ပါတယ်ရှင်။
🛑ခရီးသွားဧည့်သည်တော်များ သတိပြုရန်များ 🛑
✔️လေဆိပ်သို့ မရောက်မီ အိမ်တွင် (သို့မဟုတ်) လေဆိပ်တွင် မထွက်ခွာမှီတည်းက ကြိုတင်ဖြည့်သွင်းထားရပါမည်။
✔️Digital Arrival Card မဖြည့်ထားပါက CHECKIN ပြုလုပ်ရာတွင် (သို့မဟုတ်) ဆိုက်ေရာက် လေဆိပ်၌ အခက်အခဲများ ကြုံတွေ့နိုင်ပါသည်။
Digital Arrival Card အများစုသည် အစိုးရမှ အခမဲ့ (Free) ဝန်ဆောင်မှုပေးထားခြင်းဖြစ်ပါသည်။
မိမိတို့ ဖောင်ဖြည့်ပြီးပါက ရရှိလာသော QR Code / Confirmation PDF များကို ဖုန်းထဲတွင် Screenshot ရိုက်ထားပါ (သို့မဟုတ်)Print ထုတ်ယူ၍ လေဆိပ်တွင် ပြသရပါမည် ။
📌လေယာဉ်လက်မှတ်များဝယ်ယူရန်နှင့် အသေးစိတ်စုံစမ်းရန်–
Department:☎09778787838 , 09778365010, 09975175450 သို့ ဆက်သွယ်နိုင်ပါတယ်ရှင်
🏡Address: 1/B2, Moe Kaung Road, 16 Quarter, Yankin Township, Yangon 11081, Myanmar
Email: [email protected]
⏰Office Hour (9:00 AM to 5 PM )(Monday - Friday )
(9:00AM to 1.00PM) (Saturday)
“ အားလပ်ရက်တိုင်း ပျော်ရွှင်ဖို့ Happy Holidays နှင့် ခရီးသွားစို့ “