21/01/2019
အကောက်ခွန်တန်ဖိုးသတ်မှတ်ချင်းဆိုင်ရာ မှတ်စုများ
- အကောက်ခွန်တန်ဖိုး
- အကောက်ခွန်နှုန်းတန်ဖိုး (Tariff Value)
- ပလက အက်ဥပဒေ ၃၀(က)အရ အမှန်တန်ဖိုး
- ပလက အက်ဥပဒေ ၃၀(ခ)အရ အမှန်တန်ဖိုး
- ဆိပ်ကမ်းအရောက်တန်ဖိုးရှာဖွေနည်း
- တန်ဖိုးသတ်မှတ်ရာတွင် မပါဝင်သည့်အချက်များ
- အကောက်ခွန်တန်ဖိုးသတ်မှတ်ရန်ကျင့်သုံးသော ပလက ဥပဒေများ
- အကောက်ခွန်တန်ဖိုးသတ်မှတ်ခြင်းနှင့် သက်ဆိုင်သည့် အခြားပုဒ်မများ
- WTOVA တန်ဖိုးသတ်မှတ်မှုနည်းလမ်း (၆)ချက်
- အမှန်တန်ဖိုးရရှိရေးတွက်ဆောင်ရွက်မှုနည်းလမ်း(၈)ချက်
- အထွေထွေပစ္စည်းများအား တန်ဖိုးသတ်မှတ်ခြင်းနည်းလမ်း(၆)ချက်
- သွင်းကုန်လိုင်စင်ပါ CIF တန်ဖိုးနှင့် အကောက်ခွန် CIF တန်ဖိုးကွာခြားမှု
- အနာဂတ်ဆောင်ရွက်မည့်အစီအစဉ်
- အမှန်တန်ဖိုးရရှိရန် အကြံပြုသုံးသပ်တင်ပြချက်
(လုပ်ငန်းရှင်များ လုပ်ဆောင်ရမည့်အပိုင်း)
***အကောက်ခွန်တန်ဖိုး***
အကောက်ခွန်တန်ဖိုးဆိုသည်မှာ ပြည်ပဆိပ်ကမ်းတစ်ခုမှ ပြည်တွင်းဆိပ်ကမ်းတစ်ခုသို့ ပြည်တွင်းစားသုံးရန်အလို့ငှာတင်သွင်းလာသော(သို့) ပြည်တွင်းဆိပ်ကမ်းတစ်ခုမှ ပြည်ပဆိပ်ကမ်းတစ်ခုသို့ တင်ပို့မည်ဖြစ်သော ကုန်ပစ္စည်းတစ်ရပ်အပေါ်တွင် အကောက်ခွန်စည်းကြပ်ရန်အလို့ငှာ တည်ဆဲဥပဒေစည်းမျဉ်းများနှင့်အညီ သတ်မှတ်ထားရှိသော တန်ဖိုးပင်ဖြစ်ပေသည်။
*** အကောက်ခွန်နှုန်းတန်ဖိုး (Tariff Value) ***
အကောက်ခွန်နှုန်းတန်ဖိုးဆိုသည်မှာ ၁၈၇၈ ခုနှစ်၊ ပင်လယ်အကောက်ခွန်ဥပဒေပုဒ်မ (၂၂)အရ နိုင်ငံတော်သမ္မတက ဖြစ်စေ၊ ၁၉၉၂ ခုနှစ် အကောက်ခွန်နှုန်း ဥပဒေအမှတ် ၂/၉၂ အရ ဘဏ္ဏာရေးနှင် အခွန်ဝန်ကြီးဌာန၊ ၀န်ကြီးကဖြစ်စေ၊ အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ပြဌာန်းထားသော အကောက်ခွန်နှုန်းတန်ဖိုးကို ဆိုလိုပါသည်။
***ပလက အက်ဥပဒေ ၃၀(က)အရ အမှန်တန်ဖိုး ***
(Real Value under SCA 30A)
ကုန်ပစ္စည်းတင်သွင်းခြင်း(သို့) တင်ပို့ခြင်း ပြုလုပ်သည့် ထိုအချိန်အခါတွင် ၎င်းဒေသရှိ အလားတူပစ္စည်းများကို အရောင်းအ၀ယ်ဖြစ်သည့် (သို့) ဖြစ်နိုင်သည့် လက်ငင်းလက်ကားပေါက်ဈေး (whole sale cash price)ပေါ်တွင် အခြား မည်သည်ကိုမျှ မနှုတ်ဘဲ၊ သာမန်ကုန်သွယ်မှု ကိစ္စများတွင် ခွင့်ပြုလေ့ရှိသည့် လျှော့နှုန်းကို နှုတ်ထားသည့် တန်ဖိုးဖြစ်သည်။ သွင်းကုန်ပစ္စည်းပေါ် မူတည်တင်သွင်းလျှင် ပေးဆောင်ရမည့် အကောက်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို နှုတ်ပယ်ရမည်။
***ပလက အက်ဥပဒေ ၃၀(ခ)အရ အမှန်တန်ဖိုး***
အမျိုးတူ၊ အရည်အသွေးတူ ကုန်ပစ္စ္စည်းတစ်ရပ်ကို တင်သွင်း၊ တင်ပို့ရာ နေရာတွင် ရနိုင်သော တန်ဖိုးဖြစ်ပြီး၊ ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းတွင် အကျုံးမ၀င်သော ဈေးလျှော့ပေးမှုနှင့် သက်သာခွင့်ပြုမှုများ မသက်ရောက်စေရပါ။ သို့ဖြစ်ရာ ပို့ကုန်များအတွက်သင်္ဘောပေါ်ရောက်တန်ဖိုး (FOB)ကို အခြေခံပြီး၊ သွင်းကုန်ပစ္စ္စည်းများအတွက်မူ ဆိပ်ကမ်းရောက်တန်ဖိုး (CIF)ကို အခြေခံပါသည်။
***ဆိပ်ကမ်းအရောက်တန်ဖိုးရှာဖွေနည်း***
၃။ အကောက်ခွန်တန်ဖိုးရှာဖွေရန် အခြေခံဖြစ်သည့် ဆိပ်ကမ်းရောက်တန်ဖိုး (CIF) ရှာဖွေရန်နည်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) Cost + Actual Freight + Actual Insurance=CIF
(ခ) C & F + Insurance (1.1%of C &F)= CIF
(ဂ) FOB + 20% of FOB = CIF (Sea Cargo)
(ဃ) FOB + 5% of FOB = CIF (Air, FOB > 500 kyats)
(c) FOB + 10% of FOB = CIF (Air, FOB< 500 kyats)
Whole sale cash price=W
W - Trade Discount= W'
W' - [W' x Dc/100 + Dc]=W"
W" - [W" x Dt/100 + Dt]= Real Value
Dc= Rate of Customs Duty
Dt= Rate of Commercial Tax
***တန်ဖိုးသတ်မှတ်ရာတွင် မပါဝင်သည့်အချက်များ***
ထုတ်ကုန်အတွက် သင်္ဘောပေါ်တင်ပြီး နောက်ပိုင်း ကျသင့်သည့် သယ်ယူခ၊ အာမခံကြေး စသည့် စားရိတ်များ
သွင်းကုန်အတွက် သွင်းကုန်ခွန်များနှင့် ကုန်သွယ်မှုလျှော့နှုန်းများ
***အကောက်ခွန်တန်ဖိုးသတ်မှတ်ရန်ကျင့်သုံးသော ပလက ဥပဒေများ***
(က) ပလကပုဒ်မ၃၀(က)။ တင်သွင်းလာသည့်ပစ္စ္စည်း၏ လက်လီလက်ကား ပေါက်ဈေး (Retail/Whole Sale Cash Price) ပေါ်တွင် သာမန်ကုန်သွယ်မှု ကိစ္စ္စများတွင် ခွင့်ပြုလေ့ရှိသော လျှော့နှုန်းကိုနှုတ်ထားသည့် တန်ဖိုးဖြစ်သည်။
(ခ) ပလကပုဒ်မ ၃၀ (ခ)။ အထက်ပါတန်ဖိုးကို မရရှိနိုင်သည့်အခါ အလားတူ ပစ္စ္စည်းအမျိုးအစား၏ တန်ဖိုးပေါ်တွင် အကျုံးဝင်သော လျှော့နှုန်းများအား ပေးထားသည့် တန်ဖိုးဖြစ်ပါသည်။
***အကောက်ခွန်တန်ဖိုးသတ်မှတ်ခြင်းနှင့် သက်ဆိုင်သည့် အခြားပုဒ်မများ***
(က) ပလကပုဒ်မ(၂၉)။ ပစ္စ္စည်းပိုင်ရှင်က ကုန်ပစ္စ္စည်း၏ အမျိုးအမည်၊ အမှန်တန်ဖိုးအရေအတွက်တို့ကို ဖော်ပြလက်မှတ်ရေးထိုးရခြင်း။
(ခ) ပလက ပုဒ်မ ၁၉၄(က)။ စာရွက်စာတမ်းအားလုံးကို အကောက်ခွန်မှ တောင်းဆိုနိုင်ပြီး ပိုင်ရှင်မှ တင်ပြရခြင်း။
(ဂ) ပလကပုဒ်မ(၃၂)။ တန်ဖိုးလျော့နည်းဖေါ်ပြသော ပစ္စ္စည်းများအား အစိုးရသုံးအဖြစ် သိမ်းယူ၍ ထိုတန်ဖိုးအတိုင်း ပိုင်ရှင်သို့ ပေးချေကာလေလံတင်ရောင်းချခြင်း။
(ဃ) ပလကပုဒ် ၁၆၇ (၃၇)(ဂ)။ ကုန်ပစ္စည်းနှင့်ပတ်သက်၍ မမှန်မကန်ဖေါ်ပြပါက ပြည်သူ့ ဘဏ္ဏာအဖြစ်သိမ်းယူခြင်း၊ပစ္စည်းတန်ဖိုး (၃)ဆကို ဒဏ်ငွေတပ်ရိုက်၍ ပြန်ပေးခြင်း။
(င) ပလကပုဒ်မ ၁၆၇ (၇၂)။ အကောက်ခွန်ကိစ္စရပ်များတွင်အသုံးပြုသော စာရွက်စာတမ်းများကို မမှန်မကန်ပြုလုပ်ပါက (၃)နှစ်ထက်မပိုသော ထောင်ဒဏ် (သို့)ငွေဒဏ် (သို့)ပြစ်ဒဏ်နှစ်ရပ်လုံးကျခံစေရမည်။
(စ) ပလကပုဒ်မ (၁၈၃)။ ပြည်သူ့ဘဏ္ဏာအဖြစ် သိမ်းဆည်းမည့်အစား ဒဏ်ငွေပေးဆောင်၍ ရွေးယူခွင့်ပြုခြင်း။
***WTOVA တန်ဖိုးသတ်မှတ်မှုနည်းလမ်း (၆)ချက်***
(၁) ရောင်းဝယ်မှုအမှန်တန်ဖိုးအပေါ် အခြေံသည့်နည်းလမ်း (Transaction Value Method)
(၂) ထပ်တူညီပစ္စည်းများ၏ ရောင်းဝယ်မှုတန်ဖိုးအပေါ် နှိုင်းယှဉ်တန်ဖိုးသတ်မှတ်ခြင်း (Identical Goods Method)
(၃) အလားတူပစ္စည်းများ၏ရောင်းဝယ်မှုတန်ဖိုးအပေါ် နှိုင်းယှဉ်တန်ဖိုးသတ်မှတ်ခြင်း (Similar Goods Method)
(၄) နှုတ်ယူနည်းလမ်း (Deductive Method)
(၅) ပေါင်းထည့်ခြင်းနည်းလမ်း (Computed Method)
(၆) နောက်ကြောင်းပြန်နည်းလမ်း (Fall-back Method)
***အမှန်တန်ဖိုးရရှိရေးတွက်ဆောင်ရွက်မှုနည်းလမ်း(၈)ချက်***
(က) Recorded Price ရှိသည့် ထပ်တူညီသည့် ကုန်ပစ္စည်းများနှင့် နှိုင်းယှဉ်၍တန်ဖိုးသတ်မှတ်ခြင်း။
(ခ) Recorded Price ရှိသည့် အနီးစပ်ဆုံးတူညီသည့် ကုန်ပစ္စည်းများနှင့် နှိုင်းယှဉ်၍ တန်ဖိုးသတ်မှတ်ခြင်း။
(ဂ) အရောင်းအ၀ယ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများ (ဥပမာ- လိုင်စင် CIF တန်ဖိုး၊ Sale Contract, Insurance Certificate, Purchase Order, Quotation, Proforma Invoice) အားစစ်ဆေး၍ တင်ပြတန်ဖိုးအား တန်ဖိုးသတ်မှတ်ခြင်း။
(ဃ) ပြင်ပပေါက်ဈေးအပေါ် Burma Customs Appraiser's Maual (BAM) 183/245 အရ Deductive Method ဖြင့် Real Value ရှာ၍ တန်ဖိုးသတ်မှတ်ခြင်း။
(င) Catalogue Price အား အခြေခံ၍ လျှော့နှုန်းပေးကာ တန်ဖိုးသတ်မှတ်ခြင်း။
(စ) Internet ဈေးနှုန်းအား ကိုးကား၍ တန်ဖိုးသတ်မှတ်ခြင်း။
(ဆ) တင်ပို့နိုင်ငံ၏ အစိုးရဌာနတစ်ခုခုမှထုတ်ပေးသော Tax Invoice, Duty Refund Certificate နှင့် C/O Form (ဥပမာ-Form E, Form D)များအရ ကိုးကား၍ တန်ဖိုးသတ်မှတ်ခြင်း။
(ဇ) တစ်ဘက်နိုင်ငံရှိ ရောင်းသူနှင့် Internet မှတိုက်ရိုက်ဆက်သွယ်မေးမြင်း၍ တန်ဖိုးသတ်မှတ်ခြင်း။
***အထွေထွေပစ္စည်းများအား တန်ဖိုးသတ်မှတ်ခြင်းနည်းလမ်း(၆)ချက်***
(က)မကြာသေးမီက ဆုံးဖြတ်ခဲ့သော ဈေးနှုန်း (Previous Recorded Price) ရှိ/မရှိစိစစ်၍ တန်ဖိုးသတ်မှတ်ခြင်း။
(ခ) အချို့သော စက်ပစ္စည်းများအား စက်၏အချက်အလက်များနှင့် နှိုင်းယှဉ်တန်ဖိုးသတ်မှတ်ခြင်း။ (ဥပမာ-အင်ဂျင်ပါဝါ။ အလေးချိန်၊ capacity)
(ဂ) တင်ပြသော လိုင်စင် CIF တန်ဖိုး၊ Invoice Price နှင့် အခြား Documents များအား ဆီလျော်မှု ရှိ/မရှိ စိစစ်၍တန်ဖိုးသတ်မှတ်ခြင်း (Sale contract, Proforma Invoice, Commercial Invoice, Insurance Certificate, Tax Invoice,, စသည်)
(ဃ) Internet Website ဈေးနှုန်းများကို အခြေခံစိစစ်၍ တန်ဖိုးသတ်မှတ်ခြင်း။
(င) ပြင်ပပေါက်ဈေးများစုံစမ်း၍ (BAM)Para 183/245 အရ Deductive Method ဖြင့် တွက်ချက်စိစစ်၍ တန်ဖိုးသတ်မှတ်ခြင်း
(စ) ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်များကို အခြေခံ၍ စိစစ်တန်ဖိုးသတ်မှတ်ခြင်း။ (Form D, Form E)
***သွင်းကုန်လိုင်စင်ပါ CIF တန်ဖိုးနှင့် အကောက်ခွန် CIF တန်ဖိုးကွာခြားမှု***
ကွာခြားရခြင်းအကြောင်းရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) လိုင်စင်တန်ဖိုးသည် Importer ၏ တင်ပြချက်အပေါ်ယေဘူယျ လက်ခံအတည်ပြုခြင်းဖြစ်ပြီး အကောက်ခွန် CIF တန်ဖိုးသည် အမှန်တင်ပြစာရွက်စာတမ်းများအပေါ်စိစစ်၍ အမှန်တန်ဖိုးရအောင်တွက်ချက်ယူခြင်း။
(ခ) Importer များသည် Licence ရရှိရေးအတွက် တင်သွင်းပစ္စည်း၏ တိကျခိုင်မာသော အထောက်အထားများမပါဘဲ ခန့်မှန်းတန်ဖိုးဖြင့် လိုင်စင်လျှောက်ထားပြီး အကောက်ခွန်တန်ဖိုးမှာ အမှန်တကယ်တင်သွင်းသည့် ပစ္စည်းနှင့် တင်ပြသည့်စာရွက်စာတမ်းများ အပေါ်စစ်ဆေး၍ အမှန်တန်ဖိုးရရှိအောင်ဆောင်ရွက်ခြင်း။
(ဂ) အချို့ Importer များသည် မိမိတို့ ကိုယ်ကျိုးစီးပွားအတွက် ကုန် ပစ္စည်း၏ အမှန်တန်ဖိုးအောက်လျှော့၍ လိုင်စင်လျှောက်ထားပြီး အကောက်ခွန်အနေဖြင့် ပြည်သူ့ ဘဏ္ဏာတိုးပွားစေရန်အတွက် အမှန်တန်ဖိုးရအောင်ဆောင်ရွက်နေခြင်း။
***အနာဂတ်ဆောင်ရွက်မည့်အစီအစဉ်***
(က) WTOVA တန်ဖိုးသတ်မှတ်ခြင်းစနစ်အား ကူးပြောင်းကျင့်သုံးသွားမည်ဖြစ်ပါသည်။
(ခ) အမှန်တကယ်အရောင်းအ၀ယ်ပြုလုပ်ခဲ့သောတန်ဖိုး (Transaction Value) ကိုသာ အကောက်ခွန်တန်ဖိုးအဖြစ် သတ်မှတ်သွားပါမည်။
(ဂ) နှောင်းစာရင်းစစ်ဆေးခြင်းစနစ် Post Clearance Audit (PCA) အရ တင်သွင်းပစ္စည်းစည်းကြပ် ထုတ်ယူပြီးနောက် အမှန်တန်ဖိုး မဟုတ်သည့် CIF များနှင့် ပတ်သက်၍ နှောင်းစာရင်းစစ်ဆေးခြင်းစနစ် Post Clearance Audit (PCA) ဖြင့် ဖော်ထုတ်ဆောင်ရွက်သွားပါမည်။
(ဃ) WTOVA စနစ်ကျင့်သုံးပါက PCA စနစ်အားတပြိုင်နက် အကောင်အထည်ဖေါ် ကျင့်သုံးရမည်ဖြစ်ပါသည်။
(င) ICT ကိုအခြေခံသော ပိုမိုကောင်းမွန်သည့် Valuation Database စနစ်ကိုတည်ထောင်ရပါမည်။
(စ) Authorized Economic Operator အခွင့်အာဏာအရ စီးပွားရေးလုပ်ဆောင်ရေးမှူးများဆောင်ရွက်သည့်စနစ်ကို ကျင့်သုံးအကောင်အထည်ဖေါ်ဆောင်ရွက်ရပါမည်။
(ဆ) Importer များမှ အမှန်တကယ်ပေးချေရသည့် ဈေးနှုန်းများကို Internet website များမှ Data Source များတွင် ၀င်ရောက်ဆောင်ရွက်ရပါမည်။
(ဇ) အကယ်၍ Non-Licensing စနစ်ကျင့်သုံးမည်ဆိုပါက တင်သွင်းလာသည့်ပစ္စည်းများကို ဆိပ်ကမ်းရောက်ရှိပါက မျက်မြင်စစ်ဆေးပြီး အကောက်ခွန်တန်ဖိုးသတ်မှတ်ခြင်းအပိုင်း ဆောင်ရွက်ရပါမည်။ ထိုသို့ဆောင်ရွက်ပါက အကောက်ခွန်တန်ဖိုးနှင့်ပတ်သက်၍ အငြင်းပွားဖွာယ်မဖြစ်နိုင်ခြင်း၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး (Trade Facilitation) အပိုင်းတွင် နိုင်ငံတကာများနည်းတူ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
***အမှန်တန်ဖိုးရရှိရန် အကြံပြုသုံးသပ်တင်ပြချက်***
(လုပ်ငန်းရှင်များ လုပ်ဆောင်ရမည့်အပိုင်း)
(၁) လိုင်စင်လျှောက်ထားရာတွင် တင်သွင်းပစ္စည်းများ၏ အမှန်တန်ဖိုး၊ အရွယ်အစား၊ အမျိုးအမည်၊ အလေးချိန်၊ အတိုင်းအတာများကို မှန်ကန်စွာဖေါ်ပြသင့်။
(၂) စာရွက်စာတမ်းအထောက်အထားအတုများ တင်ပြခြင်းမပြုလုပ်ဘဲ စစ်မှန်သည့် အရောင်းအ၀ယ်စာချုပ် စာတန်းများအား တင်ပြသင့်။
(၃) အကောက်ခွန်ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများအား သေချာစွာ သဘောပေါက်နားလည်ဆောင်ရွက်သင့်။
(၄) မိမိ၏ထိခိုက်နစ်နာမှုအား မှန်ကန်သောနည်းလမ်းဖြင့် တင်ပြနိုင်သော်လည်း အကြောင်းအရာအမှန်ကို ထိန်ချန်၍ မမှန်မကန်ဖေါ်ပြပြောဆိုခြင်းများ မပြုလုပ်သင့်။
(၅) အချက်အလက်များအား မှန်ကန်စွာဖေါ်ပြခြင်းဖြင့် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်များ မြန်ဆန်လွယ်ကူချောမွေ့စေခြင်းကို အထောက်အကူပြုရန် ဆောင်ရွက်သင့်။
(၆) မမှန်ဖော်ပြပါက တည်ဆဲဉပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူခံရမည်ကို သိရှိနားလည်သဘောပေါက်ရန်ဆောင်ရွက်သင့်။
( သင်တန်းမတက်ရသေးတဲ့ သူတွေအတွက် သင်တန်းမှာ သင်ခဲ့ရတာလေးတွေ ထပ်ပြီး Share လုပ်ပေးလိုက်ပါတယ်..ဆရာကြီးတော့ မဟုတ်ဘူးနော်.. သင်ခဲ့ရတဲ့သင်ခန်းစာတွေပြန်ပြီးကူးယူဖေါ်ပြပေးတာပါ.. )
ရေးသားဝေမျှသူ ( ဟိန်းမင်းစိုး )
https://www.facebook.com/hein.minsoe.7?viewer_id=100000200113085
မူရင်းဝေမျှသောလင့်
https://www.facebook.com/groups/mmcustomclerance/permalink/691630120858525/